Jobs In Myanmar
Load...

CV တစ်စောင်ဘယ်လို ရေးမလဲ...


Tags: CV



CV တစ်စောင် ဘယ်လို ရေးမလဲ။

CV တစ်စောင် စွဲဆောင်မှုရှိဖို့က အလုပ်ရှာတဲ့နေရာမှာ အင်မတန်မှ အရေးကြီးလှပါတယ်။ ဒါမှသာ အလုပ်လျှောက်တဲ့သူများစွာထဲမှာ ကိုယ့် CV က ထင်သာမြင်သာရှိနေမှာပါ။ ဒါဆို CV တစ်စောင် စွဲဆောင်မှုရှိဖို့ ဘာတွေ ထည့်သွင်း ဖော်ပြသင့်ပါသလဲ။

          ဒီ့အတွက် ပုံစံသတ်မှတ်ချက်တွေ အတိအကျမရှိပါဘူး။ အဓိက ဖော်ပြရမယ့် ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံနှင့် အထွေထွေအချက်အလက်တွေကို ဖော်ပြရမှာ မိမိ၏ CV ကို ဖတ်ရှုသူ အမြင်ရှင်းအောင်၊ စိတ်ဝင်စားမှုရှိအောင်၊ နားလည်သဘောပေါက်လွယ်အောင် ဖော်ပြရပါမယ်။

          ဒီအတွက် CV တစ်စောင်ကို ဘယ်လို စတင်ရမလဲဆိုတာ သိရအောင် အခြေခံအချက်တစ်ချို့ကို အောက်တွင် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

 

CV တစ်စောင်မှာ ဘယ်လို အချက်အလက်တွေပါဝင်ရပါမလဲ။

ကိုယ်ရေးအချက်အလက် - CV တစ်စောင်၏ ထိပ်ဆုံးမှာပါဝင် ရမှာပါ။ အလွန်လွယ်ကူတဲ့ အချက်တစ်ချက်ပါ။ တစ်ချို့တွေက ဒီအပိုင်းမှာ ဆက်သွယ်ရမယ့် အမည်၊ လိပ်စာ၊ ဖုံးနံပါတ်၊ e-mail စတာတွေ မေ့ကျန်နေတတ် ပါတယ်။

ခံဝန်ကတိပြုချက် - အလုပ်လျှောက်သူ တော်တော်များများက သူတို့ရဲ့ ကိုယ်တိုင်ခံဝန်ကတိပြုချက်တွေကို CV ထဲမှာ ထည့်သွင်းဖော်ပြလေ့ရှိကြပါတယ်။ တိုတိုတုတ်တုတ်နဲ့ ပြေပြေပြစ်ပြစ်ဖြစ်ဖို့က အရေးကြီးပါတယ်။ ဒီအထဲမှာ အလုပ်အပေါ် သင့်စိတ်ဆန္ဒ ဘယ်လောက်ပြင်းပြလဲဆိုတာနဲ့ ဘယ်လို သဘောထားပါမယ်ဆိုတဲ့ အချက်တွေက မဖြစ်မနေထည့်သွင်းရပါမယ်။

လုပ်ငန်းအတွေ့အကြုံ - ဒီအပိုင်းမှာတော့ သင်ရရှိခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံတွေ၊ သင်လျှောက်ထားမယ့် လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အတွေ့အကြုံတွေကို ဦးစားပေးဖော်ပြရပါမယ်။ ဖော်ပြရာမှာ ရာထူး၊ တာဝန်၊ လုပ်သက်နဲ့ ကုမ္ပဏ္ဍီ ဒါမှမဟုတ် အဖွဲ့အစည်း အမည်တွေ ပါရှိရပါမယ်။ ဖော်ပြရာမှာလည်း နောက်ဆုံးလုပ်ခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံက စပြီး အစဉ်လိုက် ဖော်ပြရပါမယ်။

အောင်မြင်မှုများ - လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ သင်ကျွမ်းကျင်ရာ အရည်အချင်းတွေအပြင် ယခင်လုပ်ငန်းတွေမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြရပါမယ်။

ပညာအရည်အချင်း - သင်ယူတတ်မြောက်ထားတဲ့ ပုံမှန်ကျောင်းပညာရေးအပြင် ယခင်လုပ်ငန်းခွင်များ အတွင်းနှင့် ပြင်ပတွေမှာ သင်ယူတတ်မြောက်ခဲ့တဲ့ အသိပညာ၊ အတတ်ပညာတွေကိုပါ ထည့်သွင်းဖော်ပြ ရပါမယ်။

ဝါသနာနှင့် စိတ်ဝင်စားမှုများ - ကိုယ်လျှောက်ထားမယ့် အလုပ်အကိုင်နဲ့ သက်ဆိုင်တဲ့ အကြောင်း အရာတွေကိုသာ ဦးစားပေးဖော်ပြသင့်ပါတယ်။ အလုပ်နဲ့ မသက်ဆိုင်တဲ့ အပေါင်းအသင်း ခုံမင်ကြောင်း၊ ရုပ်ရှင်ကြည့်ရတာ ပျော်ကြောင်း စတာတွေကို မထည့်သင့်ပါဘူး

အခြားထည့်သွင်းရမည့်အချက်များ - အသက်မွေးဝမ်းကြောင်း ပြောင်းလဲလုပ်ကိုင်ရသည့် အကြောင်း အရင်းများနှင့် လုပ်ငန်းတွေ့အကြုံ အဆက်မပြတ်စေရေး စသည်တို့ကို ထည့်သွင်းဖော်ပြသင့်ပေသည်။

 

သင်အမှတ်ရသင့်သည့် အချက်ကတော့ သင်၏ CV သည် သင်၏ ပုံရိပ်ဆိုတာပါပဲ၊

စာလုံးပေါင်းသတ်ပုံ လုံးဝ မမှားသင့်သလို ကိုယ်လျှေုာက်ထားမယ့် အလုပ်နဲ့ ကိုက်ညီတဲ့အချက် တွေကို မဖြစ်မနေထည့်သွင်းဖော်ပြရမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် သင့်မှာ အလုပ်လျှောက်ဖို့ ပြီးပြည့်စုံတဲ့ CV တစ်စောင် မရှိသေးရင် ယခုဖော်ပြပါလင့် free jobless CV builder ကို ဝင်ရောက်ပြီး သင့်အတွက် အကောင်းဆုံး CV တစ်စောင်ကို ဖန်တီးလိုက်ပါ။

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Camusat Myanmar Co., Ltd

Camusat Myanmar Co., Ltd

OUR MISSION: In an extremely dynamic technological environment, we help telecom actors to efficiently build and optimize their networks development by integrating traditional telecom technologies with...
Show the postings (4)
International Travel Asia Co., Ltd.

International Travel Asia Co., Ltd.

.International Travel Asia Co.,Ltd....
Show the postings (3)
United Paints Group (UPG) Co., Ltd.

United Paints Group (UPG) Co., Ltd.

United Paints Group Co.,Ltd. သည် ဝန်ထမ်းများအပေါ် - > ရသင့်ရထိုက်သော ခံစားခွင့်များ၊ ရပိုင်ခ...
Show the postings (12)
Amazing One Trading Co., Ltd.

Amazing One Trading Co., Ltd.

.Elegant in style. Unique in designs. Serviced by professionals. Your most satisfying experience to decorate your home. All at Amazing One....
Show the postings (8)
Fourteen Star Network Co., Ltd.

Fourteen Star Network Co., Ltd.

“To Be The Best Service Leader for Medical Devices” .Fourteen Star Network Company (FSN) has founded in 2004 in Myanmar. FSN distributes medical devices and equipment. FSN has mostly provided ima...
Show the postings (22)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS