Jobs In Myanmar
Load...

Jobless ၏ customer များအတွက် ကြော်ညာ အစီအစဉ် အသစ်

by JOBLESS


Tags: Jobless Customer Clients TV advertisement MRTV Job Opportunity MCN Organised



ကျွန်တော်များ www.Jobless.com.mm သည် ဖောက်သည်များ၏ အကျိုးကို ရှေးရှုလျက် အစဉ်တစ်စိုက် လုပ်ဆောင်နေသည့် Online အလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီ တစ်ခုဖြစ်သည်။

ဖောက်သည်များ၏ အကျိုးဟုဆိုရာတွင် ကျွန်ုပ်တို့သည် သင့်ကို -

- အလုပ်သမား ဈေးကွက်ကို နားလည်နိုင်စေရန် အကူအညီများပေးခြင်း

- လုပ်သားအရင်းအမြစ် နည်းဗျူဟာများ ချမှတ်ရာတွင် ဖွံ့ဖြိုးတိုးတက်စေရန် အကူအညီပေးခြင်း

- အလုပ်ရှင် (ဖောက်သည်များ)၏ ရွေးချယ်မှုများ အဆင်ပြေ မှန်ကန်မှုရှိစေရန် အကူအညီပေးခြင်း

- အလုပ်ရှင်များ လိုအပ်သည့် အရည်အချင်းရှိလုပ်သားများကို စိတ်ကြိုက်ရွေးချယ် ခန့်အပ်နိုင်ရန်  အကူအညီပေးခြင်း

- မတူညီသည့် ပတ်ဝန်းကျင်များမှ ကွဲပြားသည့် ဖောက်သည်များ၏ လိုအပ်ချက်များ ပြည့်မီအောင် အကူအညီပေးခြင်း

စသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးလျက်ရှိသည့် အလုပ်အကိုင်ရှာဖွေရေးနှင့် လုပ်သားစုစောင်းရေး အေဂျင်စီ တစ်ခုဖြစ်သည်။

          ထို့အပြင် မြန်မာနိုင်ငံတွင် အကြီးဆုံး မီဒီယာ မိတ်ဖက်အဖွဲ့အစည်း တစ်ခုဖြစ်သည့်အလျောက် ပြည်တွင်း အခြေစိုက် မီဒီယာ (၁၄) ခုနှင့် အလုပ်အကိုင် အခွင့်အလမ်း အသိပညာများ ဖြန့်ဝေခြင်း၊ အလုပ်ခေါ်စာများထည့်သွင်း စသည်တို့ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိပါသည်။ ထို့အပြင် ရန်ကုန်မြို့၏ အထင်ကရ Radio Station ဖြစ်သည့် City FM နှင့်လည်း Career Knowledge အစီအစဉ်ကို အပတ်စဉ် ထုတ်လွှင့်လျက်ရှိပြီး အလုပ်အကိုင်ခေါ်စာများကိုလည်း ထည့်သွင်းပေးလျက်ရှိပါသည်။ များမကြာခင်ကာလအတွင်း www.jobless.com.mm ၏ FB page တစ်ခုဖြစ်သည့် www.facebook.com/jobsinyangon သည်လည်း Fan ပေါင်း ၄ သိန်းနှင့် အထက်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုသို့ ထိရောက်သော သတင်းဖြန့်ဝေမှု၊ အလုပ်ခေါ်ယူမှုများကို အောင်မြင်စွာ လုပ်ဆောင် နိုင်သည်ကို ယခု Jobless ၏ အောင်မြင်မှု အနေအထားများက သက်သေပြနေပါသည်။

          ထိုမျှနှင့် ရပ်တန့်မနေပဲ ကျွန်တော်တို့အောင်မြင်မှုများကို ကျွန်တော်တို့၏ ဖောက်သည်များ မျှဝေစံစားနိုင်စေရန် ယခုထပ်မံ၍ မီဒီယာ အစီအစဉ် အသစ်တစ်ခုကို တိုးချဲ့လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ထိုအစီအစဉ်မှာ JOB OPPORTUNITY ဟု အမည်ရပြီး အပတ်စဉ် MRTV Channel မှ ပြီးခဲ့သည့် ဇန်နဝါရီလ ဒုတိယပတ်ကတည်းက စတင်ထုတ်လွှင့်နေပြီ ဖြစ်သည်။ ယခုလို ထုတ်လွှင့်ပြသမှုအတွက် ပူးပေါင်းပါ ဝင်ခွင့်ပေးသည့် မီဒီယာ ပါတနာမှာ Myanmar Cable Network(MCN) http://www.mcntv.biz/ ဖြစ်ပါသည်။ အဆိုပါ အစီအစဉ်တွင် ကျွန်တော်တို့၏ ဖောက်သည် ကုမ္ပဏီများမှ ခေါ်ယူသည့် အလုပ်ခေါ်စာများ၊ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ သတင်းများ၊ ဗဟုသုတ ဖြစ်ဖွယ် ဆောင်းပါများနှင့် စုံစုံလင်လင် တင်ဆက်ပြသနေသည့် အစီအစဉ်ဖြစ်ပါသည်။ ထိုအစီအစဉ်ကို တစ်ပတ်လျှင် ၂ ကြိမ် (ကြာသပတေးနေ့ နံနက် ၁၀း၃၅ နှင့် စနေနေ့ ညနေ ၆း၃၅) အချိန်တို့တွင် ပုံမှန်ထုတ်လွှင့် ပြသနေပြီ ဖြစ်ပါသည်။ ပြသပြီးသွားသည့် အစီအစဉ်များကို ပြန်လည်ကြည့်ရှုနိုင်ရန်အတွက် www.jobsinyangon.com  ၏ Face book page ဖြစ်သည့် www.facebook.com/jobsinyangon တွင် ဝင်ရောက်ကြည့်ရှုနိုင်သလို့  You tube Link ဖြစ်သည့် http://bit.ly/1R1cUcF တွင်လည်း တင်ပေးထားပြီးဖြစ်ပါသည်။ 

ထို့အတွက်ကြောင့် ဖောက်သည်များအနေဖြင့် အဆိုပါ အခွင့်အရေးကို လက်လွတ်မခံပဲ ပါဝင်နိုင်ရန် ဖိတ်ခေါ်ပါကြောင်း www.jobless.com.mm မှ သတင်းစကားပါးလိုက်သည်။

www.jobless.com.mm


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


One Cloud Co., Ltd.

One Cloud Co., Ltd.

Make us your reliable vendor and have a greatest contribution from us. With our expertise and track record, you can be assured of receiving quality infrastructure and services. Network Infrastructure...
Show the postings (1)
EPCM Myanmar Co., Ltd.

EPCM Myanmar Co., Ltd.

.We seek to be the leading customer oriented Construction , Mechanical and Electrical Equipment & services for our Professionalism, Quality, Cost Efficiency and Timely Delivery. .To provide the highe...
Show the postings (11)
Toyota Aye and Sons Co., Ltd.

Toyota Aye and Sons Co., Ltd.

Our Vision To become the most reliable and respected automotive-dealer group in Myanmar. Our Mission '' To attract and attain customers with high-valued products and services and the most satis...
Show the postings (25)
Min Zar Ni Group of Companies

Min Zar Ni Group of Companies

The group engaed in Sourcing, Processing and Marketing all varieties of fresh Frozen Seafood to the international markets. The first pioneer plant was established in 1995 in Yangon and at the present ...
Show the postings (2)
GIORDANO MYANMAR

GIORDANO MYANMAR

..Creation Myanmar Co., Ltd (Giordano)....
Show the postings (15)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS