ချိတ်ဆွဲရန်စာတန်း: jobless jobs in myanmar job my job good job career work CV search
CV ဖြည့်ရာမှာ အလွယ်နည်းမသုံးပဲ ကိုယ့် CV ကိုသေသေသပ်သပ်နဲြ့ဖစ်နေစေဖို့အတွက် ထည့်သွင်းမဲ့ ဓာတ်ပုံနဲ့ပတ်သတ်ပြီး တင်ပြပေးပါမယ်။
ရေရှည်ငြင်းခုံမှုများ
လူ့စွမ်းအားအရင်းအမြစ် (HR) မှ ကျွမ်းကျင်ပညာရှင်များဟာ CVမှာ ပါဝင်တဲ့ဓာတ်ပုံနဲ့ပတ်သတ်ပြီး အငြင်းအခုံတွေရှိနေတတ်ကြပါတယ်။ ကျွန်တော့အမြင်မှာတော့ သင်လျှောက်ထားလိုတဲ့ ရာထူးအနေအထားပေါ်လိုက်ပြီး ဓာတ်ပုံဟာ သေသပ်မှုရှိနေရပါမယ်။ တက်သစ်စလူငယ်လေးများနဲ့ ဘွဲ့ရကာစများတွေဟာ မှားယွင်းတဲ့ဓါတ်ပုံ၊ အနေအထားနဲ့အကျီတွေကို ရွေးချယ်အသုံးပြုတတ်ကြပါတယ်။ ဒီလိုလျှောက်ထားရာမှာ ဓာတ်ပုံများကြောင့် လျှောက်ထားသူတော်တော်များများဟာ ငြင်းပယ်ခံလိုက်ရတာတွေ အပယ်ခံလိုက်ရတာတွေရှိတတ်ကြပါတယ်။
Passport ပုံတွေသာလျှင်အကောင်းဆုံး
ဓာတ်ပုံတွေဟာ ကိုယ့်မျက်နှာအနေအထားကို ထင်ထင်ရှားရှား တွေ့ရှိနေရဖို့လိုအပ်ပြီး သင့်တင့်သပ်ရပ်တဲ့အဝတ်အစား ဝတ်ဆင်ထားသင့်ပါတယ်။ အဖြစ်အများဆုံး ကိစ္စရပ်ကတော့ Facebook ပေါ်မှာတင်ထားတဲ့ ဓာတ်ပုံတွေကို ဖြတ်၊ညှပ်၊ကပ် လုပ်ထားတာတွေပါပဲ။ အခုလက်ရှိ မဟာဘွဲ့ရထားသော်လည်း အထက်တန်းတုန်းက ဓာတ်ပုံတွေကို သုံးနေအုံးမယ်ဆိုရင်လည်း အဆင်မပြေပါဘူး။ အချို့မိန်းကလေးတွေဟာ CV အတွက်ဓာတ်ပုံရိုက်ရမှာ မှားယွင်းတဲ့အဝတ်အစား တွေနဲ့ဓာတ်ပုံရိုက်လေ့ရှိကြပါတယ်။
ရွေးချယ်ရမည့် Size
ပုံမှန် Passport ဓာတ်ပုံSize ဖြစ်တဲ့ 3x4cm ဟာအသင့်တော်ဆုံးဖြစ်ပါတယ်။ Selfie ရိုက်ပြီးပေးပို့ခြင်းဟာလည်း အဆင်မပြေပါဘူး။ အခုရေပန်းစားနေတဲ့ Selfie ရိုက်ခြင်းတွေဟာ CV ပေးပို့ခြင်းမှာထည့်ဖို့အတွက် မသင့်တော်ပါဘူး။ လေးစားမှုမရှိရာလဲ ရောက်ပါတယ်။ CV အတွက်ဓာတ်ပုံရိုက်ရာမှာ များသောအားဖြင့်နောက်ခံအရောင်ကို အဖြူ သုံးပြီး တီရှပ်ဒါမှမဟုတ် Blouse အကျီကိုဝတ်ဆင်ပြီး ရိုက်ကူးသင့်ပါတယ်။
ဓာတ်ပုံထားရမည့်နေရာ
ကိုယ်ရေးရာဇဝင် အချက်အလက်များရဲ့ ညာဘက် ဒါမှမဟုတ် ဘယ်ဘက်အပေါ်နားဟာ ဓာတ်ပုံထားဖို့အကောင်းဆုံး နေရာပဲဖြစ်ပါတယ်။ အချို့တွေဟာ ဓာတ်ပုံကိုအနောက်ဆုံးမှာ ထားတတ်ကြပါတယ်။ ဒါအပြင် ဓာတ်ပုံ File သပ်သပ်အနေနဲ့လည်း ပေးတတ်ကြပါတယ်။ CV ရဲ့ နောက်ခံ Background အနေနဲ့လည်း ဓာတ်ပုံကိုမသုံးကြဖို့ အကြံပေးချင်ပါတယ်။
တကယ်တော့ ကိုယ့် CV ရဲ့ သေသပ်မှုဟာ ကိုယ့်ရဲ့သေသပ်မှုကို ထင်ဟပ်စေပါတယ်။
Your Jobless team
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။