Jobs In Myanmar
Load...

အလုပ်မှ နှုတ်ထွက်သင့်သည့် လက္ခဏာများ

by JOBLESS


ချိတ်ဆွဲရန်စာတန်း: Resign Sign Work Jobless.



ရန်ကုန်၊ မေလ၊ ၂၇ ရက်။         ။  ယခု ရေးသားဖော်ပြမယ့် အကြောင်းအရာကတော့ လုပ်ငန်းခွင်မှ နှုတ်ထွက်သင့်တဲ့ ဝိသေသများပဲ ဖြစ်ပါတယ်။ အလွယ်ပြောရရင်တော့ အလုပ်ထွက်ခြင်းပါပဲ။ ဝန်ထမ်းတစ်ဦး အနေနဲ့ ဘယ်လို အခြေအနေတွေကို ကြုံတွေ့ခံစားနေရရင် အလုပ်မှ နှုတ်ထွက်သင့်သလဲ ဆိုတာကို www.jobless.com.mm မှ လက်လှမ်းမီသမျှ စုစည်းကာ ရေးသား တင်ပြထားခြင်းလည်း ဖြစ်ပါတယ်။

          အကယ်၍ သင့်ကို လုပ်ငန်းခွင်အတွင်း နှိမ့်ချဆက်ဆံခံရခြင်း၊ ချောင်ထိုးခံရခြင်း စတဲ့ အခြေအနေတွေ ကြုံတွေ့လာပြီဆိုရင်တော့ အသစ်ကနေ ပြန်စတာက လွယ်ကူတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။ တစ်နည်းဆိုရရင် ပြောင်းလဲဖို့အချိန်တန်ပြီလို့ပဲ အကြုံပြုပါရစေ။ ဘာကြောင့်လဲဆိုရင် ဒီလိုကြုံတွေ့ရတဲ့အခြေအနေတွေကြောင့် ကိုယ့်လုပ်ငန်းခွင်ကို စိတ်ကုန်မှန်းမသိ စိတ်ကုန်လာနိုင် လို့ပါ။ ဒါကြောင့် လုပ်ငန်းခွင်ဝင်နေသူများ ဆုံးဖြတ်ရလွယ်ကူစေမယ့် လက္ခဏာများကို www.jobless.com.mm မှ ရေးသားတင်ပြလိုက်ပါတယ်။

သင် ပျင်းနေပြီလား။

      တစ်ခါတစ်လေ လက်ရှိ အလုပ်အပေါ်ချစ်ခင်တွယ်တာစိတ်တွေ ကုန်လာတတ်ပါတယ်။ ပြီးတော့ ရုံးပြန်တက်ရမယ့် တနင်္လာနေ့တွေကို ကြောက်လာပါလိမ့်မယ်။ ဒါက ပြသနာ တစ်ခု မဟုတ်ပေမယ့် အခက်အခဲတွေ စိန်ခေါ်မှုတွေကနေ ရှောင်ထွက်နေပြီလား။ ဒါမှမဟုတ် အရေးမပါတဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နေရပြီလို့ ထင်နေပြီလား။ ဒါဆိုရင်တော့ တစ်ခုခု လွဲချော်နေပြီလို့ မှတ်ယူရပါမယ်။ ဒါဆိုရင်တော့ သင့်ကို စိတ်ဝင်စားမှုတွေ ပေးစွမ်းမယ့် နယ်ပယ် အသစ်ကို ရှာတာ အကောင်းဆုံးပါပဲ။

အတိုင်အတော ထူနေပြီလား။

          လုပ်ဖော်ကိုင်ဘက်တွေ၊ သူငယ်ချင်းတွေ၊ ယုတ်စွအဆုံး လမ်းမှာ ခရီးသွားဟန်လွဲ တွေ့တဲ့သူတွေအပေါ်မှာတောင် စိတ်မရှည်တော့ပဲ စကားစဖြတ်ခြင်း၊ အပြစ်မြင်ခြင်း စတာတွေ ဖြစ်နေပြီဆိုရင်တော့ တစ်ခုခုကို ပြောင်းလဲဖို့ လိုလာပါပြီ။ ဒီအကျိုးဆက်က လုပ်ငန်းခွင်အတွင်း သည်းခံလိုစိတ်တွေ ပျောက်ဆုံးလာတတ်ပြီး အတိုင်အတောထူတဲ့ လူတစ်ယောက် ဖြစ်လာတော့မှာ မလွဲပါဘူး။

          လူတိုင်း တစ်ကြိမ်တစ်ခါတော့ ဒေါသအိုး ပေါက်ကွဲတတ်စမြဲပါ။ အလွန်အကျွံဖြစ်လာရင်တော့ ကိုယ့်ကို လူအများ ရှောင်ဖယ်သွားကြပါလိမ့်မယ်။ ဒါကလည်းကောင်းတဲ့ လက္ခဏာ မဟုတ်တဲ့အတွက် သူတို့ မရှောင်ဖယ်ခင် ကိုယ်ကအရင် ပတ်ဝန်းကျင် အသစ်ကို ရှာတာကောင်းပါတယ်။

လုပ်ငန်းခွင် ပြင်ပကို စိတ်ဝင်စားမှု များနေပြီလား။

          သင်က ကိုယ့်ကိုယ်ကို ရှေ့ဆက်သင့်တယ်လို့ ထင်နေရင် တစ်ခါတစ်လေမှာ နောက်ထပ်အသစ်တစ်ခုကို စတင်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒီလိုဖြစ်ရတာကလဲ လက်ရှိရထားတဲ့ အခြေအနေတွေအပေါ်မှာ ရောင့်ရဲတင်းတိမ်မှု လျော့နည်းလာလို့ပါ။ နောက်တစ်နည်းက ကိုယ့်ကိုယ်ကို ဘယ်လောက်တန်ကြေးရှိသလဲဆိုတာ သိချင်တာလဲ ဖြစ်နိုင်ပါတယ်။ ဒီလို စိတ်ခံစားမှုမျိုး ကြုံလာရင်လည်း တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းမနေပဲ အသစ်တစ်ခုကို အမြန်ဆုံး ရှာဖွေလိုက်ပါ။ ဒါမှ ကိုယ့်အခြအနေ ကိုယ်သိလာမှာပါ။

အလုပ်က ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်းကို အနှောက်အယှက်ဖြစ်နေပြီလား။

          အလုပ်နှင့် ကျန်းမာရေး ကြိုက်ရာရွေး ဆိုသလိုပါပဲ။ ကိုယ်ဘာကြောင့် အလုပ်လုပ်နေတာလဲ ဆိုတာကို အရင်ဆုံး သိဖို့လိုပါတယ်။ ကိုယ့်ဘဝတိုးတက်ဖို့၊ ကိုယ့်မိသားစု ကောင်းစားဖို့၊ ကိုယ့်ပတ်ဝန်းကျင် တိုးတက်ဖို့နဲ့ နောက်ဆုံး ကိုယ့်တိုင်းပြည်တိုးတက်ဖို အထိအောင်ပါပဲ။ တစ်ခါတစ်လေမှာ မူလ ရည်ရွယ်ချက်ကို ထိခိုက်စေနိုင်တဲ့ ရွေးချယ်မှုတွေကို လုပ်ငန်းခွင်မှာ ကြုံလာတတ်ပါတယ်။ ဒီလိုကြုံလာရင်တော့ ပွင့်လင်းစွာ ဆွေးနွေးခြင်းက ကနဦး ထိရောက်တဲ့ ဖြေရှင်းနည်းပါ။ နားလည်မှု မရခဲ့ရင်တော့ အလုပ်ထွက်ပြီး သင့်တော်တဲ့ နောက်တစ်ခုရှာတာ အကောင်းဆုံး နည်းလမ်းပါ။

အလုပ်ကြောင့် အနေ ဆင်းရဲ၊ အစား ဆင်းရဲ ဖြစ်နေပြီလား။

" စိတ်အလိုမကျ ဖြစ်နေသူတွေအတွက် အကောင်းဆုံး ဖြေရှင်းနည်းက စိတ်အလိုကျ စားသောက်ခြင်းပါ " ဆိုတဲ့ ဆိုရိုး တစ်ခု ရှိပါတယ်။ လုပ်ငန်းခွင် အလုပ်များ ပြီးမြောက်သလို၊ အောင်မြင်မှုတွေ ရနေပေမယ့် အလုပ်ချိန် ပို လုပ်နေရခြင်း၊ အစာ စားချိန်မမှန်ခြင်း၊ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အဆက်အသွယ်ပြတ်ကာ ဝေးကွာနေခြင်း၊ အနားယူချိန် နည်းပါးနေခြင်း စတာတွေကို ခံစားနေရပြီဆိုရင် စိတ်အလိုမကျမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါဆိုရင်တော့ အလုပ်နဲ့ ဘဝ ချိန်ခွင်လျှာ ညှိဖို့ လိုလာပါပြီ။ ဒီတစ်ခုမှာ ညှိမရရင်တော့ ညှိလို့ရတဲ့ နောက်တစ်ခုကို ရှာတာပိုကောင်းပါမယ်။ ဒါမှ ကိုယ့် ဘဝကို တည်ဆောက်နိုင်တဲ့ သူဖြစ်လာမှာပါ။

 

ချောင်ထိုးခံနေရပြီလား။

      လုပ်ငန်းခွင် အစည်းအဝေးတွေ၊ လူမှုရေးကိစ္စတွေ စတဲ့ အလားတူ ကိစ္စရပ်တွေမှာ ကိုယ်မသိပဲ ကျင်းပလိုက်တာမျိုး ရှိနေပြီလား။ ဒါမျိုးကြုံလာရင် သင့်အတွက် အလှပဆုံး အကြောင်းပြချက်တစ်ခုက စောင့်ကြိုနေပါလိမ့်မယ်။ ဒါကတော့ "မအားဘူး ထင်လို့ပါ။" "မကြိုက်ဘူး ထင်လို့ပါ။" စတဲ့ အကြောင်းပြချက်ပါပဲ။ သင်ကိုယ်တိုင်ကလည်း မအားတာမျိုး၊ မကြိုက်တာမျိုး ရှိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အသိအမှတ်ပြုချင်ရင်တော့ အနည်းဆုံးတော့ မလုပ်ခင်က အသိပေး ပါလိမ်မယ့်။ ဒီလို မဟုတ်ရင်တော့ ကိုယ့်ကိုယ်အသိအမှတ်ပြုမယ့် အသိုင်းအဝန်းတစ်ခုကို ရှာတာ အကောင်းဆုံးပါ။

          နောက်ဆုံးအနေနဲ့ ပြောရရင် လုပ်ငန်းလုပ်ပြီး လုပ်ငန်းရှင် မပီသတဲ့ သူဌေးဆိုသူတွေက လုပ်ငန်းလိုအပ်ချက်ထက် သူတို့ရဲ့ လိုအပ်ချက်ကိုသာ ဦးစားပေးတတ်ကြပါတယ်။ သင် လုပ်ငန်းအတွက် ဘာတွေကို စွမ်းဆောင်ခဲ့ပြီးပြီလဲ။ အောင်မြင်မှုတွေကို ဘယ်လောက်အတိုင်အတာအထိ ယူဆောင်ခဲ့ဘူးပြီလဲ ဆိုတာတွေက သူတို့ စိတ်သဘောနဲ့ မတိုက်ဆိုင်တဲ့ အခါမှာ လစ်လျူရှုတတ်ကြပါတယ်။ သူဌေး လဲ လူပါ။ လူဆိုတာ မှား တတ်ပါတယ်။ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချတတ်ပါတယ်။ သူတို့ အမှားကို ဝန်ထမ်းက တာဝန်ယူ ခံစားရတာမျိုးတွေကနေ ကင်းဝေးပါစေလို့ www.jobless.com.mm က ဆန္ဒပြု ရေးသားတင်ပြ လိုက်ရပါတယ်။ www.jobless.com.mm


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Titan Pest Management Co. Ltd.

Titan Pest Management Co. Ltd.

...Titan Pest is a full-services pest management company operating in Yangon since 2016 and specializing in urban pest management solutions. It is a subsidiary of the highly successful Killem Pest Pte...
Show the postings (1)
Creative Fox Co.,Ltd

Creative Fox Co.,Ltd

Myanmar Unilink Co., Ltd

Myanmar Unilink Co., Ltd

Our Company aspires to achieve the largest broadband access network and integrated content services provider. Promoting physical, mental, and spiritual satisfaction of all employees, while promoting a...
Show the postings (4)
Magnate Group Logistics Co., Ltd.

Magnate Group Logistics Co., Ltd.

Our youthful and vigorous staffs have the passion and team spirit which has driven us into being able to expand to now 16 cities and further expanding to more with many outlets station and service poi...
Show the postings (14)
Definity Group of Co.,Ltd

Definity Group of Co.,Ltd


Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS