Tags: Knowledge-HRM-Leaders-Leadership-JobsInYangon
သင့်ရဲ့ခေါင်းဆောင်မှုစွမ်းရည် ပိုမိုကောင်းမွန်မှုရှိလာစေရန် သင်မေးခွန်းထုတ်သင့်သော မေးခွန်း (၁၀) မျိုး (အပိုင်း - ၁)
ဒီကနေ့မှာတော့ Leader များအနေနဲ့ သူတို့ရဲ့ခေါင်းဆောင်မှုစွမ်းရည်များ ပိုမိုကောင်းမွန်မှုရှိလာစေရန်အတွက် မေးခွန်းထုတ်ကာ လုပ်ဆောင်သင့်သော မေးခွန်း (၁၀) မျိုးအကြောင်းကို ကျွန်တော်တို့ www.jobsinyangon.com အဖွဲ့သားများက အပိုင်း (၂) ပိုင်းခွဲကာ ဆွေးနွေးတင်ဆက်ပေးသွားလိုပါတယ်။ အပိုင်း (၂) ကို မနက်ဖြန်တွင် ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုပေးကြပါဦးခင်ဗျာ။
၁။ ၁ ပတ်တာ ကာလအတွင်း သင်နဲ့ သင့်အဖွဲ့သားတွေအတွက် ဘယ်လိုကောင်းမွန်တဲ့အရာတွေ ဖြစ်ပွားခဲ့သလဲ? အကျိုးရှိခဲ့တာတွေရှိခဲ့သလား (ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ)?
ဒီမေးခွန်းဟာ စတင်ဖို့ကောင်းမွန်တဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ conversation တစ်ခုတွင် အပေါင်းလက္ခဏာဆောင်သောအမြင်ကိုရရှိစေပြီး ဝန်ထမ်းများအနေနဲ့ သူတို့ရရှိခဲ့တဲ့ အကျိုးအမြတ်များ၊ အောင်မြင်မှုများကို အောင်ပွဲခံနိုင်စေမှာဖြစ်လို့ပါပဲ။ မမြင်ပဲကျော်သွားနိုင်မည့် သေးငယ်သော်လည်း အရေးပါတဲ့အရာများကို မီးမောင်းထိုးပြပေးဖို့ကိုလည်းမမေ့ပါနဲ့။ နောက်ပြီး သင်နားထောင်နေစဉ်တွင် သင့်ရဲ့ဝန်ထမ်းများက organization ရဲ့ goal တွေနဲ့ သက်ဆိုင်မှုရှိတယ်လို့ခံယူထားကြတဲ့ ဘယ်အရာတွေမှာတော့ ကောင်းမွန်အောင်မြင်စွာဆောင်ရွက်နိုင်ကြတယ်လို့ ယူဆထားကြသလဲဆိုတာကိုလည်း ဂရုစိုက်လေ့လာကြည့်ပါ။
၂။ သင့်နဲ့ အောင်မြင်မှုအကြားတွင် ဘယ်လိုအခက်အခဲတွေရှိနေသလဲ? သင်ဘယ်နေရာတွင် ရှေ့မတိုးနိုင်ဖြစ်နေသလဲ?
အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် ပထမဆုံးအဆင့်မှာ သင့်ရဲ့လမ်းကြောင်းပေါ်တွင်ရှိနေသည့်အခက်အခဲများကို ရှာဖွေဖော်ထုတ်ရခြင်းပဲဖြစ်ပါတယ်။ လူတိုင်းက မကြာခဏဒီနေရာတွင်အခက်အခဲရှိနေတယ်လို့ ခံစားရသလားဆိုတာကို ယျေဘူယျကျကျသိရှိနိုင်စေဖို့နဲ့ သူတို့အနေနဲ့ အကူအညီလိုအပ်ခဲ့ပါက အကူအညီကိုရရှိနိုင်တယ်ဆိုတာကို အသိပေးထားဖို့ဟာလည်း အရေးကြီးပါတယ်။ အခက်အခဲများ၊ အတားအဆီးများအကြောင်းကို ပြောဆိုရာတွင်လည်း လမ်းပြကူညီပေးသောပုံစံဖြင့် သင့်ရဲ့ဝန်ထမ်းများအနေနဲ့ သူတို့ကို အထောက်အပံ့ပေးမှုရှိတယ်ဆိုတာကို ခံစားရနိုင်စေမည့် နည်းလမ်းမျိုးဖြင့် ပြောဆိုပေးရပါမယ်။ ဆောင်ရွက်နိုင်ခြေရှိသော ဖြေရှင်းနည်းများကို အတူတကွစဉ်းစားကြပြီးနောက် အဆိုပါစကားဝိုင်းများအတွင်းရှိ လက္ခဏာရပ်များကိုလည်းနားထောင်ကြည့်ရပါမယ်။
၃။ သင်တို့ (ဝန်ထမ်းများ) ကိုပိုမို၍အောင်မြင်မှုရှိလာစေရန်အတွက် ဘာတွေကူညီပေးနိုင်မလဲ?
ဝန်ထမ်းများရဲ့အောင်မြင်မှုများဟာ အမြဲတမ်းပြောင်းလဲ၍ ဆင့်ကဲတိုးတက်လျှက်ရှိနေတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး Organization ဆိုင်ရာ KPI များနဲ့ တစ်ကိုယ်ရည်ခံယူချက်များကလည်း အကျိုးသက်ရောက်မှုရှိစေနိုင်ပါတယ်။ သို့သော် ပိုမို၍ engage ဖြစ်စေသော team များကိုတည်ဆောက်နိုင်စေဖို့နဲ့ လုပ်ငန်းများလုပ်ကိုင်ရာတွင် ရှေ့သို့ဆက်လက်ချီတက်နိုင်စေရန်အတွက် လိုအပ်မယ်ထင်တဲ့အရာများကို တောင်းဆိုခွင့်အား သင့်ဝန်ထမ်းများကိုပေးအပ်ထားလိုက်ခြင်းအားဖြင့် သင့်ဝန်ထမ်းများရဲ့ အောင်မြင်မှုကို အထောက်အကူပြုပေးနိုင်ပါတယ်။ မည်သို့သော ထောက်ပံ့ကူညီမှုမျိုးကို လိုအပ်နေသည်ဖြစ်စေ သင်ကူညီနိုင်တဲ့ ဖြေရှင်းနည်းတွေကိုပေးအပ်ပြီး လိုက်ပါကူညီပေးနိုင်စေဖို့အတွက် အမြဲတမ်းအဆင်သင့်ရှိနေပေးလိုက်ပါ။
၎။ လက်ရှိအချိန်တွင် အလုပ်လုပ်ရာ၌သင်မည်သို့ခံစားနေရပါသလဲ? သင့်အနီးနားကသူတွေရဲ့ စိတ်အားတက်ကြွမှုအခြေအနေကရော ဘယ်လိုရှိနေသလဲ?
ဒီမေးခွန်းကို ရိုးရိုးသားသားနည်းလမ်းဖြင့် မေးမြန်းကြည့်ခြင်းဟာ အလုပ်ခွင်ဆိုင်ရာစိတ်ကျေနပ်မှုများကိုတိုးပွားစေပြီး တွန်းအားဖြစ်စေပါတယ်။ ဘာလို့လဲဆိုတော့ သင့်ဝန်ထမ်းများအနေနဲ့ သူတို့ကိုထောက်ပံ့ကူညီမှုရှိပြီး သူတို့ရဲ့ပြောကြားချက်များကိုနားထောင်ပေးတယ်ဟူ၍ ခံစားရစေနိုင်တဲ့အတွက်ပဲဖြစ်ပါတယ်။ သင့်အနေနဲ့ သင့်ဝန်ထမ်းများရဲ့အခြေအနေ ဘယ်လိုရှိနေလဲဆိုတာကိုသိရှိနိုင်ပါက အချို့သောစတင်လုပ်ဆောင်ချက်များနဲ့ အပြောင်းအလဲများကို ကုမ္ပဏီအတွင်း ချိန်ကိုက်ဆောင်ရွက်နိုင်ပြီး သူတို့ကိုအောင်မြင်မှုလမ်းကြောင်းပေါ်သို့ တင်ပေးလိုက်နိုင်မှာပဲဖြစ်ပါတယ်။ ဒီမေးခွန်းတွေကိုမေးမြန်းပေးခြင်းအားဖြင့် သင့်ကိုတန်ဖိုးရှိသော အတွေးအမြင်များနဲ့ ဝေဖန်အကြံပြုချက်များကိုပေးအပ်နိုင်သည်သာမက၊ အဖွဲ့တစ်ခုလုံး၏ မိမိကိုယ်ကိုသိရှိနားလည်မှုကိုပိုမိုကောင်းမွန်လာစေပြီး အပြန်အလှန်ပြောဆိုဆက်ဆံရာတွင်လည်း ပိုမိုကောင်းမွန်မှုရှိလာစေရန်အတွက် ပြုလုပ်ပေးနိုင်မှာပဲဖြစ်ပါတယ်။
၅။ ၁ မှ ၁၀ အတွင်း သတ်မှတ်ပေးရမည်ဆိုပါက သင်မည်မျှစိတ်ကျေနပ်မှုရရှိပါသလဲ? ဘာကြောင့်လဲ?
Positive Psychology အကြောင်းလေ့လာမှုများဟာ ရှင်းလင်းပါတယ်။ အကောင်းမြင်စိတ်ရှိခြင်းဟာ အောင်မြင်မှုများကိုရရှိနိုင်ရန်အတွက် ကနဦးရှေ့ပြေးတစ်ခုဖြစ်ပါတယ်။ အခြားနည်းလမ်းမရှိပါဘူး။ အကယ်၍ သင့်ရဲ့ team ဟာ ပျော်ရွှင်မှုရှိနေပါက ပိုမိုကောင်းမွန်တဲ့ဖြေရှင်းချက်များကို ထုတ်ပေးနိုင်ရုံသာမက၊ သူတို့ရဲ့ စိတ်ကျေနပ်မှုရှိနေခြင်းကြောင့် မြင့်မားသောစွမ်းဆောင်ရည်နဲ့ အလုပ်ထွက်နှုန်းနည်းပါးတဲ့ work culture တစ်ခုကိုလည်းတည်ဆောက်ပေးနိုင်ရာတွင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ဒီလောက်နဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်။ မနက်ဖြန်တွင် အပိုင်း (၂) ကို ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ဖတ်ရှုပေးကြပါဦးခင်ဗျာ။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.