Jobs In Myanmar
Load...

10 Tips for Hiring and Retaining Gen Z Employees

by www.jobsinyangon.com


Tags: Knowledge-Gen-Z-Employees-JobsInYangon



မျိုးဆက်သစ်ဝန်ထမ်းများကို ခေါ်ယူဌားရမ်းခြင်းနှင့် အလုပ်ခွင်အတွင်းတည်မြဲမှုရှိစေရေးအတွက် အကြံပြုချက် (၁၀) ချက် 

 

လူသားများကို သက်ဆိုင်ရာလုပ်ငန်းခွင်များတွင် ဆက်လက်၍အလုပ်လုပ်ကိုင်ချင်စိတ်ရှိလာစေဖို့ တွန်းအားပေးနိုင်ဖို့ရာတွင် အခြားအရာများထက် လုပ်ငန်းခွင်အစဉ်အလာများက အရေးပါလှပါတယ်။  

“သင်တို့အနေနဲ့ သင်တို့ကိုကြည့်ရှုစောင့်ရှောက်ပေးပြီး၊ သင့်ရဲ့ကြီးပွားတိုးတက်မှုကိုလိုလားတဲ့ကုမ္ပဏီမျိုး၊ လုပ်ငန်းခွင်မျိုးမှာပဲ အလုပ်လုပ်ကိုင်ပေးလိုစိတ်ရှိကြမှာဖြစ်ပါတယ်။” ဟူ၍ Auburn University မှ public relations ဘာသာရပ်ဖြင့်ဘွဲ့ရပြီးနောက် Arby’s တွင် ပြီးခဲ့တဲ့နှစ်က field marketing coordinator အဖြစ်နဲ့ ၃ လခန့် အလုပ်သင်ဆင်းခဲ့သော ၂၃ နှစ်အရွယ် လူငယ်တစ်ဦးမှ ပြောကြားသွားခဲ့ပါတယ်။ 

ကုမ္ပဏီရဲ့ အစဉ်အလာယဉ်ကျေးမှုများဆိုသည်မှာ ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်များနဲ့ သူတို့ကိုယ်သူတို့ မည်သို့သတ်မှတ်ပြောဆိုကြသလဲ ဆိုတာတွေထက်ကိုပိုပါတယ်။ Bartle က သူမရဲ့အလုပ်အင်တာဗျူးကို ဖြေဆိုခဲ့ရာတွင် Arby’s ၌ များစွာသော team member များက အသေးစိတ်ကျတဲ့ မေးခွန်းများကို ပါဝင်မေးမြန်းခဲ့သလို၊ သူမအနေနဲ့အရေးကြီးတယ်လို့ထင်တဲ့ အကြောင်းအရာများကိုလည်း ကြိုက်နှစ်သက်သလိုမေးမြန်းနိုင်စေဖို့ အချိန်ပေးပြီးနားထောင်ပေးခဲ့တဲ့အတွက် သူမအနေနဲ့ Arby ရဲ့ corporate culture ကို လျှင်မြန်စွာသိရှိနိုင်ခဲ့ပါတယ်လို့ ဆိုထားခဲ့ပါတယ်။ 

များစွာသော HR professional များ၊ Recruiter များနဲ့ Generation Z မျိုးဆက်သစ်များရဲ့ ပြောဆိုချက်များအရ သူတို့ဟာ စစ်မှန်တဲ့ ကြီးပွားတိုးတက်မှုအခွင့်အလမ်းများအပေါ် အထူးတလည် အာရုံစိုက်လေ့ရှိပြီး တီထွင်ဆန်းသစ်မှုကိုအားပေးတဲ့ တက်ကြွသောအလုပ်ခွင်ပတ်ဝန်းကျင်အခြေအနေများကို လိုလားမှုရှိကြတာကို သိရှိခဲ့ရပါတယ်။ Gen Z မျိုးဆက်သစ်ဝန်ထမ်းများအဖို့ ကုမ္ပဏီရဲ့ မူပိုင် brand တစ်ခုရဲ့ အတွေးအခေါ်များကို တည်ဆောက်ထားနိုင်ခြင်းဟာ အရေးပါလှပါတယ်။ 

ဒီအတွက်ကြောင့် ဒီမျိုးဆက်သစ်ဝန်ထမ်းများကို ဆွဲဆောင်နိုင်ပြီး အလုပ်ခွင်အတွင်းတည်မြဲမှုရှိစေရေးအတွက် အကောင်းဆုံးနည်းလမ်းများဟာ ဘာတွေဖြစ်မလဲ? COVID-19 ရဲ့ ကန့်သတ်ချက်တွေဟာ ကုမ္ပဏီရဲ့ corporate environment တစ်ခုကို ကဗြောင်းကပြန် ဖြစ်သွားစေပြီး အလားအလာကောင်းမွန်တဲ့ဝန်ထမ်းများကို ကုမ္ပဏီတစ်ခုရဲ့ အမှန်တကယ်မည်သို့လည်ပတ်နေသလဲဆိုတာအား တစွန်းတစထုတ်ပြနိုင်ဖို့အတွက် ဘာတွေကို လိုအပ်ပါမလဲ? 
အောက်ပါအချက်များကတော့ လုပ်ငန်းရှင်များအနေနဲ့ Gen Z မျိုးဆက်သစ်ဝန်ထမ်းများကို ဆွဲဆောင်နိုင်ဖို့နဲ့ ထိန်းသိမ်းထားနိုင်စေဖို့အတွက် အကောင်းဆုံးအချက် (၁၀) ချက်ပဲဖြစ်ပါတယ်။ 

 

၁။ Felxibility – Flexible ဖြစ်တဲ့ အလုပ်ခွင်ရွေးချယ်မှုများရှိစေဖို့ကို မျှော်လင့်ထားကြပါတယ် ဟူ၍ Stamford, Conn ရှိ Gartner Inc. တွင် vice president of talent acquisition research အဖြစ် တာဝန်ထမ်းဆောင်နေသူ Lauren Smith က ပြောကြားခဲ့ဖူးပါတယ်။ သူတို့ဟာ digital tool များကို အသုံးပြုရာတွင် ပိုမိုကျွမ်းကျင်မှုရှိကြတဲ့အတွက် Generation Z ဝန်ထမ်းများဟာ Work from home ပြုလုပ်ခြင်း (သို့) သူတို့သက်တောင့်သက်သာရှိနိုင်မည့်နေရာများမှ အလုပ်လုပ်နိုင်ခြင်းကို လိုလားကြပါတယ်။ “သူတို့ဟာ သူတို့ရဲ့ နေ့စဉ်နေထိုင်မှုဘဝနဲ့ ကိုက်ညီမှုရှိတဲ့ မည်သည့်နေရာကမှမဆို အလုပ်လုပ်ကိုင်လိုကြပါတယ်” ဟူ၍လည်း Smith က ပြောကြားခဲ့ပါသေးတယ်။ ဒါက သူတို့ရဲ့အိပ်ခန်း၊ အလုပ်ခွင်၊ ကော်ဖီဆိုင်ရှိစားပွဲတစ်လုံးပေါ် (သို့) ကမ်းခြေပေါ်ရှိ လှဲလျောင်းနားနေရန် ခုံတစ်ခုံ အစရှိသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်။ 

 

၂။ Peer coaching - ယခင်လုပ်ဖော်ကိုင်ဖက်များဟာ နှစ်အတန်ကြာ ထိုအလုပ်တွင် နေသားကျနေပြီးဖြစ်တဲ့အတွက် လုပ်ဖော်ကိုင်ဖက်တစ်ဦးမှတစ်ဦးသို့ အားပေးကူညီဖေးမပေးခြင်းအားဖြင့် supervisor မှ အသေးစိတ်စီမံခန့်ခွဲနေစရာမလိုပဲ သင်ကြားပို့ချပေးနိုင်ခြင်းဟာ Generation Z ဝန်ထမ်းများအတွက် ပိုမို၍ထိရောက်မှုရှိစေပြီး အားထုတ်မှုအနည်းငယ်သာ လိုအပ်မှာဖြစ်ပါတယ်။ 

 

၃။ Teamwork – “အသင်းအဖွဲ့ (team) တစ်ခုနဲ့ တစ်သားတည်းရှိနေတယ်လို့ ခံစားရစေခြင်းဟာ Generation Z မှာ ဖြစ်ကိုဖြစ်နေသင့်တဲ့အရာတစ်ခုပါပဲ။ အထူးသဖြင့် ကပ်ရောဂါကာလအတွင်းမှာပေါ့” ဟူ၍ Atlanta မြို့တစ်နေရာမှ work from home ပြုလုပ်လျှက်ရှိသော Bartle မှ ပြောကြားခဲ့ပါတယ်။ သူမဟာ “အပတ်တိုင်းလိုလို သူမရဲ့ team, အထက်လူကြီးတို့နဲ့တွေ့ဆုံရတဲ့အတွက် အသင်းအဖွဲ့နဲ့ ပိုမို၍နီးစပ်မှုရှိလာတယ်လို့ ခံစားရစေပါတယ်။” ဟူ၍လည်း ထပ်မံပြောကြားခဲ့ပါသေးတယ်။ 

 

၎။ Diversity – Generation Z ဟာ ယခင်က အလုပ်လုပ်ကိုင်ခဲ့ဖူးသောဝန်ထမ်းများထက် ပိုမို၍ diverse အဖြစ်ဆုံးသော မျိုးဆက်သစ်ပဲဖြစ်ပါတယ်။ ဘက်စုံထူးချွန်မှုလည်း ရှိကြတဲ့အတွက် သူတို့ဟာ ယခင်ကမျိုးဆက်များထက်ပိုမို၍ အောင်မြင်ဖို့အလားအလာ ပိုရှိကြပါတယ်။ ဒါကြောင့်မို့ ကျွန်ုပ်တို့အနေနဲ့လည်း ဒီလိုထူးချွန်မှုမျိုးကို အားပေးကူညီပေးကြရပါမယ်။ 

 

၅။ Work/ life balance - ကျန်းမာတဲ့ work/life balance ကို တန်ဖိုးထားတဲ့ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ပေးရခြင်းဟာ တန်ဖိုးရှိလှပါတယ်။ အချို့သောအခြေအနေများတွင် အလုပ်ရှင်ဖက်မှ ဆရာဝန်နှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်နိုင်ရန်အတွက် ခွင့်ပေးခြင်းနဲ့ အခြားသော အရေးပေါ်အခြေအနေများအတွက် ခွင့်ပေးခြင်းဟာ လွန်စွာကောင်းမွန်တဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ အပတ်စဉ် group meeting များတွင်လည်း အလုပ်ရှင်များအနေနဲ့ အဖွဲ့ဝင်များအား လုပ်ငန်းခွင်ဘဝနဲ့ လက်တွေ့ဘဝတို့တွင် မျှတစွာနေထိုင်ကြဖို့ကိုလည်း အားပေးကြဖို့လိုအပ်ပါတယ်။ ကုမ္ပဏီများအနေနဲ့ ကျွန်ုပ်တို့အားလုံးဟာ လူသားများဖြစ်ကြတယ်ဆိုတာကို နားလည်ထားဖို့ လိုအပ်ပါလိမ့်မယ်။ 

 

၆။ Development – Generation Z ရဲ့ မျိုးဆက်သစ်အများစုဟာ ရှင်းလင်းတိကျမှုရှိတဲ့ တိုးတက်ကြီးပွားဖို့အခွင့်အလမ်းများကို တန်ဖိုးထားတတ်ကြပြီး သူတို့ဟာ ထိုအရာများနဲ့လည်း ထိုက်တန်လှပါတယ်။ ဒီအခါမှာ သူတို့လုပ်ကိုင်နေကြတဲ့ အခန်းကဏ္ဍများတွင် တိုးတက်မှုရှိလာမည်သာမက အခြားသောကျွမ်းကျင်မှုအသစ်များကိုလည်း ရရှိလာကြမှာဖြစ်ပါတယ်။ လုပ်ငန်းရှင်များအနေနဲ့လည်း internal talent marketplace တစ်ခုကို တည်ထောင်ပေး၍ ဝန်ထမ်းများအနေနဲ့ သူတို့စိတ်ဝင်စားမည့် အခွင့်အလမ်းများကို ရှာဖွေနိုင်ပြီး လက်ရှိလုပ်ကိုင်နေတဲ့ ရာထူးနေရာပြင်ပမှ အခြားတာဝန်များကို စမ်းသပ်လုပ်ကိုင်ကြည့်စေနိုင်ဖို့အတွက် လမ်းဖွင့်ပေးထားသင့်ပါတယ်။ 

 

၇။ Growth – Generation Z ဟာ အမှန်တကယ်ရရှိနိုင်မယ့် အခွင့်အလမ်းများနဲ့ တိုးတက်ဖို့အခွင့်အရေးများရှိလာခဲ့ပါက လုံးဝပွင့်လင်းမြင်သာမှုရှိနေဖို့ကို အစကတည်းက လိုလားကြပါတယ်။ ရာထူးများကို သိပ်ပြီးအလေးမထားတတ်ကြပေမယ့် သူတို့ကိုပေးအပ်လာတဲ့ အလုပ်အကိုင်အခွင့်အလမ်းဟာ တိုးတက်မှုလမ်းကြောင်းရှိရဲ့လားဆိုတာကို စိတ်ဝင်စားကြပါတယ်။ သူတို့ရဲ့ငယ်ဘဝတစ်လျှောက်လုံးတွင် များစွာသောကိစ္စရပ်များဟာလည်း ဖြစ်ပျက်ခဲ့ဖူးကြတဲ့အတွက် သူတို့ရဲ့ career growth လုံခြုံစိတ်ချရမှုရှိစေဖို့ကို ဦးစားပေးရှာဖွေတတ်လာပါတယ်။ 

 

၈။ Social awareness – Generation Z မျိုးဆက်များအတွက် အချို့သောအခြေအနေများတွင် လူမှုပတ်ဝန်းကျင်ဆိုင်ရာ တာဝန်များနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများဟာ ကုမ္ပဏီရဲ့ corporate commitment များထက်ပိုမို၍ အလေးထားရမယ့်အရာများဖြစ်နေတတ်ပါတယ်။ ကုမ္ပဏီများဟာ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး ဖြစ်နေ၍ မရနိုင်ပါဘူး။ 

 

၉။ Mentorships - အခြားသော မျိုးဆက်များနဲ့ ရောနှော၍ အဖွဲ့တစ်ခုအတွင်း တွဲဖက်ပေးခြင်းဟာ Generation Z ဝန်ထမ်းများကို ဆွဲဆောင်နိုင်ပြီး အလုပ်တွင်တည်မြဲမှုရှိစေရေးအတွက် အရေးပါတဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်။ အချို့သော team များတွင် မျိုးဆက် ၄ ဆက်စလုံးမှ ဝန်ထမ်းများပါဝင်နေပြီး သူတို့ရဲ့အတွေ့အကြုံများနဲ့ သက်မွေးမှုလမ်းကြောင်းဆိုင်ရာ ရည်မှန်းချက်များကို မျှဝေပေးလေ့ရှိကြပါတယ်။ 

 

၁၀။ Job rotation - ငယ်ရွယ်တဲ့ ဝန်ထမ်းများဟာ ကုမ္ပဏီတွင်စတင်အလုပ်လုပ်ရတဲ့ အစပိုင်းနှစ်များတွင် များစွာသောအခန်းကဏ္ဍများတွင်ပြောင်းရွှေ့လုပ်ကိုင်ကြည့်ရခြင်းအား သဘောကျကြပါတယ်။ ဥပမာအားဖြင့် Inspire Brands တွင် တာဝန်ထမ်းဆောင်လျှက်ရှိတဲ့ Accountant တစ်ဦးအနေနဲ့ ပထမ ၆ လကို franchise accounting, နောက် ၆ လကို brand advertising accounting နဲ့ နောက်ထပ် ၆ လကို corporate accounting အစရှိသဖြင့် ပြောင်းလဲလုပ်ဆောင်လိုကြပြီး ထိုကဲ့သို့လုပ်ကိုင်ကြည့်ခြင်းအားဖြင့် သူတို့ဘယ်အရာကိုအနှစ်သက်ဆုံးလဲဆိုတာကို ရွေးချယ်၍ လျှောက်လှမ်းရန်ဆန္ဒအရှိဆုံးလမ်းကို လျှောက်လှမ်းနိုင်စေဖို့အတွက် ကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com      


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Imedia International (Myanmar) Co., Ltd.

Imedia International (Myanmar) Co., Ltd.

Myanmar First Asia Group

Myanmar First Asia Group

The Myanmar First Asia is Group of companies focused in Marketing and Distribution of Gems & Jewellery, Lubricant, Coach and bus , Food and Beverages founded in 2008. Myanmar First Asia is striving to...
Show the postings (8)
Myanmar Unilink Co., Ltd

Myanmar Unilink Co., Ltd

Our Company aspires to achieve the largest broadband access network and integrated content services provider. Promoting physical, mental, and spiritual satisfaction of all employees, while promoting a...
Show the postings (4)
SOE MYINT & SONS Stainless Steel Trading Co., Ltd.

SOE MYINT & SONS Stainless Steel Trading Co., Ltd.


Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS