Jobs In Myanmar
Load...

13 Human Resources Trends Expected In Second Half of 2020 (Part – 1)

by www.jobsinyangon.com


Tags: Knowledge-HRM-Trends-2020-JobsInYangon



၂၀၂၀ ခုနှစ်၏ ဒုတိယနှစ်ဝက်တွင် ဖြစ်ပေါ်လာမည်ဟုမျှော်လင့်ရသော HR Trend ၁၃ ခု (အပိုင်း - ၁)


၂၀၂၀ ခုနှစ်အတွင်း HR လုပ်ငန်းစဉ်များဟာ လွန်စွာမှာပင်ပြောင်းလဲမှုများဖြစ်ပေါ်ခဲ့ပါတယ်။ HR ဟာ ယနေ့ခေတ် လုပ်သားအင်အားလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ပိုမို၍ကောင်းမွန်ထိရောက်သော စနစ်တစ်ခုအဖြစ်သို့ လွန်စွာလျှင်မြန်စွာ ပြောင်းလဲလာခဲ့ပြီပဲဖြစ်ပါတယ်။ 

သို့သော်လည်း လုပ်ငန်းကဏ္ဍနယ်ပယ်များအားလုံးနည်းတူ ပိုမို၍များပြားသောအရာများတွင် ပြောင်းလဲမှုများဖြစ်လာသည်နှင့်အမျှ၊ အချို့သောအရာများကတော့ ပုံမှန်အတိုင်းဆက်လက်တည်ရှိနေဦးမှာပဲဖြစ်ပါတယ်။ Trend များဟာ HR ဌာနများအတွက် အရေးအပါဆုံး tool တစ်ခုအဖြစ် ဆက်လက်ရှိနေဦးမှာဖြစ်ပြီး မည်သို့သော trend များဟာ ပေါ်ပြူလာဖြစ်လာနိုင်သလဲဆိုတာကို ကြိုတင်၍သိရှိနိုင်ပါက ဒီအရာဟာ HR ဌာနများအတွက် အတွေးအမြင်အသစ်များကို ရရှိစေနိုင်သောအရာတစ်ခုဖြစ်လာနိုင်ပါတယ်။ အောက်ပါ အချက်များကတော့ Forbes မဂ္ဂဇင်းရဲ့ Human Resources Council ရှိ ကျွမ်းကျင်သူ ၁၃ ဦးမှ ၂၀၂၀ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်အတွင်း ဖြစ်လာနိုင်ခြေရှိတယ်လို့ ကြိုတင်ခန့်မှန်းခဲ့သော Trend များဖြစ်ကြပါတယ်။ 

 

၁။ ပိုမို၍ မတူကွဲပြားမှုများ၊ သာတူညီမျှမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့တွင် အာရုံစိုက်လာနိုင်ခြင်း 

Diversity (မတူကွဲပြားမှုများ)၊ Equity (သာတူညီမျှမှု) နှင့် Inclusion (ပူးပေါင်းပါဝင်ဆောင်ရွက်မှု) တို့ဟာ နောင်လာမည့် လများအတွက် ပိုမိုကြီးမားတဲ့ trend တစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ အချိန်နဲ့ အမျှ ပြောင်းလဲနေပြီဖြစ်ပြီး HR ဘာသာရပ်ကို လေ့လာလိုက်စားသူများအနေနဲ့လည်း ဖြစ်ပေါ်နေတဲ့ အပေါင်းလက္ခဏာဆောင်သော အပြောင်းအလဲများနဲ့ အပေါင်းလက္ခဏာမဆောင်သော အပြောင်းအလဲများ နှစ်မျိုးလုံးကို လက်ခံလာကြဖို့ လိုအပ်နေပြီပဲဖြစ်ပါတယ်။ DEI ဟာ HR သမားများနဲ့ မရင်းနှီးသေးတဲ့ အကြောင်းအရာအသစ်တစ်ခုတော့မဟုတ်ပါဘူး။ သို့သော်လည်း HR သမားများအနေနဲ့ ဒီအကြောင်းအရာနှင့် ပတ်သက်၍ စီမံခန့်ခွဲရသည့်အခါတွင် idea အသစ်များနဲ့ နည်းဗျူဟာအသစ်များကိုအသုံးပြုပြီး လက်ရှိအခြေအနေများနဲ့ လိုက်လျောညီထွေစွာ စီမံခန့်ခွဲသွားရမှာဖြစ်ပါတယ်။ 

၂။ ပိုမိုများပြားသော Organization များမှ လူမှုဘဝပြဿနာများအပေါ်ထုတ်ဖော်၍ ဆွေးနွေးလာနိုင်ခြင်း

ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကပ်ရောဂါဖြစ်ပွားနေစဉ်တွင် လူမျိုးရေးခွဲခြားဆက်ဆံခြင်းများနဲ့ သာတူညီမျှမှု မရှိခြင်းများဟာ ကျွန်ုပ်တို့ရဲ့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေလျှက်ရှိနေပါတယ်။ ထို့ကြောင့် Organization များအနေနဲ့ မိမိတို့ရဲ့အတွင်းပိုင်းဖွဲ့စည်းပုံများကို ပြန်လည်ကြည့်ရှုပြီး လူမှုဘဝပြဿနာများနှင့်ပတ်သက်၍ ရှင်းလင်းပြီး ထင်သာမြင်သာရှိသော public stance တစ်ခုကို ဖော်ထုတ်ရတော့မှာပဲဖြစ်ပါတယ်။ ရလာဒ်အနေနဲ့ Diversity နဲ့ Inclusion များဖြစ်ပေါ်လာစေရန် စတင်လုပ်ဆောင်ခြင်းများဟာ ယခုအခါတွင် ယခင်ကထက်ပိုမို၍ အရေးပါလာမှာဖြစ်ပြီး ဝန်ထမ်းများကလည်း သူတို့ရဲ့ကုမ္ပဏီများကို ထိုကဲ့သို့သော စတင်လုပ်ဆောင်ချက်များကို လုပ်ဆောင်ဖို့အပေါ် တာဝန်ရှိသည်ဟူ၍ မှတ်ယူလာကြတော့မှာဖြစ်ပါတယ်။ 

၃။ Workplace Culture (လုပ်ငန်းခွင်အစဉ်အလာယဉ်ကျေးမှုများ) အပေါ်  ပိုမိုမြင့်မားသော စိတ်ဝင်စားမှု ရှိလာခြင်း 

ကျွန်ုပ်တို့အားလုံးတွင်ရှိသော လူသားဆန်မှုရဲ့ အခြေခံအကျဆုံးအချက်တစ်ခုဖြစ်သော အချက်တစ်ခုကို ပြောဆိုရမည်ဆိုပါလျှင် ဒီအရာက လူသားများအတွက်ကို အလေးထား၍ ဦးစားပေးခြင်းပဲဖြစ်ပါတယ်။ စာရေးသူအနေနဲ့ Workplace Culture များ၊ ရာသီဥတုအခြေအနေ စစ်တမ်းကောက်ယူမှုများ၊ ဝန်ထမ်းများရဲ့ အသံကို နားထောင်နိုင်မည့် session များဟာ ပိုမို၍ စိတ်ဝင်စားမှုရရှိလာမယ်လို့ ထင်မြင်မိပါတယ်။ ထို့အပြင် Diversity, Equity နဲ့ Inclusion အတွက် HR ရဲ့လုပ်ဆောင်ချက်များဟာလည်း လူမျိုးရေးခွဲခြားမှုများကင်းစင်တဲ့ အလုပ်ပတ်ဝန်းကျင်များသို့ ကျွန်ုပ်တို့ရွေ့လျားလာသည်နှင့်အမျှ ပိုမို၍ အရေးပါမှုရှိလာမှာဖြစ်ပါတယ်။ 

၎။ လုပ်ငန်းခွင်အတွင်းရှိ နည်းပညာစနစ်များတွင် တိုးတက်မှုများရှိလာခြင်း 

လုပ်ငန်းခွင်အတွင်းရှိ နည်းပညာစနစ်များတွင် တိုးတက်မှုများလည်းရှိလာနိုင်သည်ဟူ၍ ကျွန်ုပ်တို့ကတော့ ခန့်မှန်းမိပါတယ်။ လတ်တလောကာလများအတွင်း Organization များတွင် အပြောင်းအလဲများ လျှင်မြန်စွာ ဖြစ်ပေါ်လာခဲ့တဲ့အတွက် ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အကူပစ္စည်းများ၊ အဝေးမှ ချိတ်ဆက်နိုင်မည့် platform များ (ဥပမာ - VPN များ) နဲ့ ပိုမိုခိုင်မာမှုရှိသော IT infrastructure များဟာ အဓိက သော့ချက်များဖြစ်လာမှာပဲဖြစ်ပါတယ်။ ထို့အပြင် ဝန်ထမ်းများကိုလေ့ကျင့်ပေးရာတွင် ပိုမို၍ တိုးတက်မှုရှိလာဖို့ဟာလည်း မရှိမဖြစ်လိုအပ်သောအရာတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါမှသာ ဝန်ထမ်းများအနေနဲ့ ရုံးတက်ရခြင်း၊ ရုံးခန်းပြင်ပမှ အလုပ်လုပ်ရခြင်းတို့ကို အနှောင့်အယှက်ကြီးကြီးမားမား တစ်စုံတစ်ရာမရှိပဲ ချောမွေ့စွာလုပ်ဆောင်နိုင်စေဖို့အတွက် အဆင်သင့်ဖြစ်နေစေမှာဖြစ်ပါတယ်။ 

၅။ HR Leader များကို လုပ်ငန်းခွင်အစဉ်အလာများကို ထောက်ပံ့၊ ပံ့ပိုးမှုပြုစေခြင်း

HR Leader များရဲ့ အခန်းကဏ္ဍဟာ လုပ်ငန်းခွင်အစဉ်အလာများကို ထောက်ပံ့၊ ပံ့ပိုးပေးနိုင်သော အခန်းကဏ္ဍဆီသို့ ပိုမို၍တွင်ကျယ်စွာ မြင့်တက်လာမှုများရှိလာမှာဖြစ်ပါတယ်။ HR ကို အဖွဲ့အစည်းတစ်ခုရဲ့ Organizational culture များနဲ့ ကိုက်ညီမှုမရှိသော သူများကို ခေါ်ယူမိခြင်းမှ ကာကွယ်ရန် ပထမဦးဆုံးသော တံတိုင်းတစ်ခုအနေနဲ့ ရှုမြင်တတ်ကြသော်လည်း HR ဟာ Organizational culture တစ်ခုအတွက် ပံ့ပိုးကာလုပ်ဆောင်ပေးနိုင်စွမ်း မရှိဘူးဟူ၍ ယူဆထားသော executive leader များဟာလည်း အံ့အားသင့်ဖွယ်ရာပင် များပြားလျှက်ရှိနေပါတယ်။ တစ်ကယ်တန်းတွင်တော့ Company culture ဆိုသည်မှာ Employee relations နဲ့ Retention ကို အထောက်အကူဖြစ်စေနိုင်သော အကူကိရိယာတစ်ခုဖြစ်ပါတယ်။ 

၆။ လုပ်ငန်းရှင်များမှ မတည်ပေးထားသော ကျန်းမာရေးအစီအစဉ်များတွင် ပြောင်းလဲမှုများဖြစ်ပေါ်ခြင်း

COVID-19 ဟာ employer-sponsored health plan များတွင် လွန်စွာလိုအပ်နေသော အပြောင်းအလဲများကို ဖြစ်တဲ့ ဝန်ထမ်းများနဲ့ လုပ်ငန်းရှင်များအကြား မည်သို့ cost and benefits’ value များကို ခွဲဝေပေးနေသလဲဆိုတဲ့အပေါ်တွင် အခြေခံကျသော အပြောင်းအလဲများကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ပြောင်းလဲမှုများကြောင့် ရရှိလာနိုင်မယ့် အကျိုးရလာဒ်များဟာလည်း များပြားလှပြီး ထိုအရာကိုဖြစ်ပေါ်လာစေဖို့အတွက် လိုအပ်သော အချက်လက်များနဲ့ နည်းပညာဟာလည်း ရှိနှင့်ပြီးသားဖြစ်နေပါပြီ။ ရလာဒ်အနေနဲ့ ပိုမို၍များပြားသော လုပ်ငန်းရှင်များဟာ မိမိတို့ လုပ်ငန်းနဲ့ ကိုက်ညီမှုရှိစေရန် ချိန်ညှိခြင်း၊ ရွေးချယ်မှုများ၊ လွယ်ကူစွာပြောင်းလဲနိုင်မှုနဲ့ ကုန်ကျစားရိတ်တိကျမှုတို့အပေါ် အခြေခံ၍ အဆိုပါအပြောင်းအလဲများကို ပိုမိုကောင်းမွန်သော အစီအစဉ်ရေးဆွဲမှုများနှင့်အတူ လက်ခံလာကြမှာ ဖြစ်ပါတယ်။ 

 

ဒီကနေ့မှာတော့ ဒီလောက်နဲ့ပဲ ရပ်နားလိုက်ပါတယ်။ မနက်ဖြန်တွင် ဆက်လက်၍ ၂၀၂၀ ခုနှစ်၏ ဒုတိယနှစ်ဝက်တွင် ဖြစ်ပေါ်လာမည်ဟုမျှော်လင့်ရသော HR Trend ၁၃ ခု ၏အကြောင်းကို (အပိုင်း - ၂) တွင် ဆက်လက်၍ တင်ဆက်ဖော်ပြပေးသွားဦးမှာဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုပေးကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။  

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Tharaphu Soe Myint Company Limited

Tharaphu Soe Myint Company Limited

Under the leadership of the proprietor U Soe Myint and the assistance of the expertise knowledge of the technicians, the company works for the welfare of the local farmers and peasants.The aim of the ...
Show the postings (5)
PROQC INTERNATIONAL PVT. LTD.

PROQC INTERNATIONAL PVT. LTD.

To nurture the trust of our customers and our team through dynamic interactions, creative supply chain solutions, and integrated partnership The global quality solution, engineering, and consulting s...
Show the postings (3)
The Experts English Language Center

The Experts English Language Center

-Offering low-price, high quality language education -Ensuring the international standard Teaching Methods -Unlocking the students' potentials and opportunities - Promising the difference We off...
Show the postings (2)
International Travel Asia Co., Ltd.

International Travel Asia Co., Ltd.

.International Travel Asia Co.,Ltd....
Show the postings (3)
One Two Three Express

One Two Three Express

..Door to door express delivery service last-mile delivery service.....
Show the postings (8)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS