Jobs In Myanmar
Load...

13 Human Resources Trends Expected In Second Half of 2020 (Part – 2)

by www.jobsinyangon.com


Tags: Knowledge-HRM-Trends-2020-JobsInYangon



၂၀၂၀ ခုနှစ်၏ ဒုတိယနှစ်ဝက်တွင် ဖြစ်ပေါ်လာမည်ဟုမျှော်လင့်ရသော HR Trend ၁၃ ခု (အပိုင်း - ၂)

 

ဒီကနေ့မှာတော့ မနေ့ကဖော်ပြပေးခဲ့သော ၂၀၂၀ ခုနှစ်၏ ဒုတိယနှစ်ဝက်တွင် ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ရသော HR Trend ၁၃ ခု အကြောင်း (အပိုင်း - ၂) ကို ဆက်လက်၍ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ HR Trend များဟာ ဘာတွေဖြစ်မလဲဆိုတာကိုတော့ ကျွန်တော်တို့အတူတူ လေ့လာကြည့်လိုက်ရ အောင်လားခင်ဗျာ။ 

 

၇။ ဝန်ထမ်းခေါ်ယူဌားရမ်းမှုပြုရာတွင် သတိထားခြင်းများ 
ဝန်ထမ်းခေါ်ယူဌားရမ်းမှုများ ပြုလုပ်ရာတွင် ဆက်လက်၍ သတိထားကြရဦးမှာဖြစ်ပါတယ်။ လက်ရှိတွင်ဖြစ်ပွားနေသော ကပ်ရောဂါအခြေအနေကြောင့် လုပ်ငန်းစီးပွားရေးပုံစံများဟာ သိသာထင်ရှားစွာ ပြောင်းလဲလာခဲ့ပြီး အချို့သော Organization များကို လုံးဝလည်ပတ်၍မရနိုင်စေတော့ပဲ ဖြစ်စေခဲ့သလို အချို့ဟာလည်း သိသာထင်ရှားစွာ ပြောင်းလဲချိန်ညှိမှုများကိုပြုလုပ်ဖို့ လိုအပ်လာခဲ့ပါတယ်။ ဒီသို့ပြုလုပ်လိုက်ခြင်းက သင့်ရဲ့ အမြတ်ငွေနဲ့ အရင်းအမြစ်များ ညတွင်းချင်းကုန်ဆုံးသွားမည်ကို တားဆီးလိုက်နိုင်ခဲ့ပါတယ်။ လုပ်ငန်းရှင်များအနေနဲ့လည်း ဝန်ထမ်းခေါ်ယူဌားရမ်းပြီးနောက်တွင်မှ ပြန်လည် လျှော့ချရခြင်းကို လုပ်လိုကြမှာမဟုတ်ကြတဲ့အတွက် Organization များဟာ ဝန်ထမ်းခေါ်ယူမှုပြုရာတွင် လအနည်းငယ်အကြာခန့်အထိ သေခြာစွာစဉ်းစားဆုံးဖြတ်ပြီးမှသာ သတိထား၍လုပ်ဆောင်ကြလာနိုင်ပါတယ်။ 

၈။ Work-From-Home ပြုလုပ်ခြင်း၏ ပိုမို၍ အရေးကြီးလာနိုင်မှု 
ကုမ္ပဏီများအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပြန်လည်ခေါင်းထောင်လာနိုင်ခြေနဲ့ ပတ်သက်၍၊ ကာကွယ်ဆေးရရှိနိုင်မှု အခြေအနေများနဲ့ ပတ်သက်၍ မသေချာမရေရာမှုများ ရှိနေတဲ့အတွက် 2021 ခုနှစ်အထိ ဆက်လက်၍ ဝန်ထမ်းများကို Work-From-Home ပြုလုပ်ခိုင်းနိုင်ဖွယ်ရာရှိနေပါတယ်။ ထို့အပြင် Work-From-Home ပြုလုပ်စေခြင်းအားဖြင့် ကပ်ရောဂါကာလအတွင်းတွင် productivity နဲ့ engagement တို့လည်း ကျဆင်းသွားခြင်း မရှိကြောင်းကို ကုမ္ပဏီများအနေနဲ့ သတိထားရိပ်မိလာကြမှာဖြစ်တဲ့အပြင် ရုံးခန်းကုန်ကျစားရိတ်များကို ယခင်ကထက်ပိုမို၍ ချွေတာနိုင်စေမှာလည်းဖြစ်တဲ့အတွက် Work-From-Home ဆက်လက်၍ လုပ်ဆောင်စေခြင်းများလည်း ရှိလာနိုင်မှာဖြစ်ပါတယ်။ 

၉။ စိတ်ကျန်းမာရေးအခြေအနေများနဲ့ လူမှုဘဝကောင်းမွန်မှုရှိခြင်းအပေါ် ပိုမို၍ အာရုံစိုက်လာနိုင်ခြင်း
HR ရဲ့ လုပ်ဆောင်ရမည့်အရာများတွင် စိတ်ကျန်းမာရေးနှင့် လူမှုဘဝကောင်းမွန်မှုရှိစေရန်လုပ်ဆောင်ချက်များဟာ အဓိကလုပ်ဆောင်ရမည့်အချက်များဖြစ်လာနိုင်ပါတယ်။ ငွေကြေးဆိုင်ရာ အကျိုးခံစားခွင့်များသာမကပဲ စိတ်ပျော်ရွှင်ကျန်းမာမှုရှိစေခြင်းဟာလည်း သက်ဆိုင်ရာ candidate များအနေနဲ့ လုပ်ငန်းရှင်မှ ပေးအပ်လာတဲ့ value proposition တွင် ရှာဖွေလာကြမည့် အဓိကအချက်တစ်ခုဖြစ်လာနိုင်ပါတယ်။ စိတ်ပျော်ရွှင်ကျန်းမာမှုရှိခြင်းဟာ ချက်ခြင်းသိသာနိုင်မည့် အရာတစ်ခု မဟုတ်သော်လည်း ဒီအရာက အလုပ်လုပ်ရန်ကောင်းမွန်တဲ့နေရာတစ်ခုဖြစ်ကြောင်းကို သတ်မှတ်ဖော်ပြပေးနိုင်မည့် အရာတစ်ခုဖြစ်ပါတယ်။ 

၁၀။ Employee Experience တွင် တိုးတက်မှုများရှိလာစေခြင်း
ဝန်ထမ်းများရဲ့ ခံစားချက်အတွေ့အကြုံများ (employee experience) တွင် ထင်ရှားစွာ တိုးတက်မှုများရှိလာနိုင်ပါတယ်။ ယနေ့ကမ္ဘာရဲ့ စီးပွားရေးအခြေအနေများအရတွင် ဝန်ထမ်းများဟာ ချွင်းချက်မရှိ အဓိကထားရမည့်အရာတစ်ခုဖြစ်၍လာပါပြီ။ ဒီအရာအား productivity များကို တိုးတက်မှုရှိလာစေရန် ဘယ်အရာတွေက တွန်းအားပေးနေသလဲဆိုတာကို သိရှိရန် လေ့လာခြင်း၊ ကွဲပြားသောပုံစံအမျိုးမျိုးဖြင့် အလုပ်/ ဘဝ မျှခြေများကို ခွင့်ပြုပေးခြင်း၊ သာမာန် အလုပ်လုပ်ခြင်းလုပ်ငန်းစဉ် အစဉ်အလာများကို ပြန်လည်သုံးသပ်ခြင်း (ဥပမာ - On-demand pay စနစ်ကို ခွင့်ပြုပေးခြင်းအားဖြင့် ဝန်ထမ်းများအနေနဲ့ သူတို့ရဲ့ လုပ်အားခများကို သူတို့လိုအပ်သည့်အချိန်တွင် ရရှိနိုင်ခြင်း) အစရှိသည်တို့ဖြင့် ဖော်ဆောင်ပေးနိုင်ပါတယ်။ 

၁၁။ Remote Work Experience ပေါ်တွင် ပိုမို၍ အာရုံစိုက်မှုရှိလာခြင်း 
လာမည့် လအနည်းငယ်ခန့်အတွင်းတွင် remote work experience အပေါ် ပိုမို၍အာရုံစူးစိုက်မှုရှိလာနိုင်ပြီး COVID-19 ရဲ့ နောက်ထပ်အဆင့်များကို ဖြတ်ကျော်၊ ကျော်လွှားနိုင်စေရန်အတွက် work-from-home ပြုလုပ်ခြင်းကို သာမာန်လုပ်ရိုးလုပ်စဉ်အရာတစ်ခုအနေနဲ့ ဖြစ်လာစေရန်အတွက် အာရုံစိုက်မှုများရှိလာနိုင်ပါတယ်။ ကုမ္ပဏီများအနေနဲ့လည်း အမြတ်ငွေများနဲ့ Commercial forecast များကို အများပြည်သူသွားလာရေးယာဉ်များ၊ အစည်းအဝေးပွဲများနဲ့ ရုံးခန်းအတွင်း ပြန်ထိုင်ရခြင်းတို့ဖြင့် အသားမကျ သေးသော ဝန်ထမ်းများနဲ့ ကိုက်ညီမှုရှိစေရန်အတွက် ချိန်ညှိမှုများကိုပြုလုပ်သွားဖို့ လိုအပ်တော့မှာဖြစ်ပါတယ်။

၁၂။ သင်ယူလေ့လာမှု၊ တိုးတက်မှုရှိရှိရန် ပိုမို၍ အရေးကြီးလာခြင်း
Learning & development ဟာ HR organization များတွင် ပိုမို၍အရေးပါမှုရှိလာတော့မှာ ဖြစ်ပါတယ်။ Remote working နဲ့ flexible work schedule များရှိဖို့ဟာ ယခင်ကနှင့် နှိုင်းစာလျှင် competitive ဖြစ်ဖို့ ကြိုးစားရာတွက် အဆုံးအဖြတ်ပေးနိုင်မယ့်အရာများအဖြစ် ဆက်လက်၍တည်ရှိနေနိုင်မှာ မဟုတ်တော့ပါဘူး။ HR team များအနေနဲ့ သူတို့ရဲ့ ဝန်ထမ်းများ ကြီးပွားတိုးတက်မှုများရှိလာစေရန် လုပ်ဆောင်နိုင်မှုစွမ်းရည်ကိုမြှင့်တင်လာကြဖို့ဟာ အဖွဲ့အစည်း တစ်ခုလုံးအတွက် အရေးပါတဲ့ အချက်တစ်ခုဖြစ်လာတော့မှာဖြစ်ပါတယ်။ ဒါမှသာ လုပ်ငန်းရှင်များအနေနဲ့ ထိပ်တန်း အရည်အချင်းရှိသူများကို ဆွဲဆောင်နိုင်ပြီး ဆက်လက်၍လည်း ထိမ်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။  

၁၃။ လူသားများအပေါ် ပိုမို၍ အာရုံစိုက်လာခြင်း 
အလုပ်တွင် လူသားများ (ဝန်ထမ်းများ) ကို ဗဟိုပြု၍ ပိုမိုမြင့်မားသော အာရုံစိုက်မှုများရှိလာဖို့ကိုလည်း တွေ့မြင်ရဖို့အတွက် မျှော်လင့်ရပါတယ်။ ကပ်ရောဂါအခြေအနေများနဲ့ လူမှုပတ်ဝန်းကျင်တွင် မညီမျှမှုများ ဖြစ်ပေါ်လာနေကြတဲ့အတွက် ယခင်ကထက် ပိုမို၍များပြားသော ခေါင်းဆောင်သူ (leader) ကောင်းများနဲ့ အစဉ်အလာများဟာ လူသားများကို ဦးစားပေးသော brand stand တစ်ခုကို ဖော်ဆောင်၍ ဆောင်ကြဉ်းလာကြတော့မှာပဲဖြစ်ပါတယ်။ သူတို့ရဲ့ brand stand နဲ့အညီ အမှန်တကယ်လုပ်ကိုင်နိုင်စွမ်းရှိသူ leader များဟာ ပိုမို၍ကောင်းမွန်သော လုပ်ငန်းစီးပွားရေး ရလာဒ်များကို ရရှိနိုင်မှာဖြစ်သလို တစ်ချိန်တည်းတွင် အများကောင်းကျိုးကိုလည်း သယ်ပိုးနိုင်စေမှာဖြစ်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Facilitation Limited

Facilitation Limited

A challenging work space associated with learning opportunityConsulting services for company registration, secretarial services, investment permit and financial services...
Show the postings (3)
Myint Dachan Co.,LTD.

Myint Dachan Co.,LTD.

.Mission Our mission is to create positive impact on the livestock industry, as well as benefiting the farmers and to the end consumers. Our company aims to produce animal feed for the whole country...
Show the postings (1)
Mo Asia Co.,Ltd

Mo Asia Co.,Ltd

..Mo Asia Co. Ltd is a distributor for Dumex Milk Powder in Myanmar. Dumex is an infants' and children's nutrition company. Its products span the infant, follow on and growing-up milk categories, and ...
Show the postings (1)
Cadian Myanmar

Cadian Myanmar

.with enjoy at Team Work. We Cadian Myanmar Co., Ltd have mainly draw the scaffolding Design by Auto CAD 2D and 3D. . To prevent accident and safety management guidance to the customer,we supply all ...
Show the postings (3)
EPCM Myanmar Co., Ltd.

EPCM Myanmar Co., Ltd.

.We seek to be the leading customer oriented Construction , Mechanical and Electrical Equipment & services for our Professionalism, Quality, Cost Efficiency and Timely Delivery. .To provide the highe...
Show the postings (11)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS