by JOBLESS
Tags: 2020 The most important skills 10 facts Work.
လုပ်ငန်းခွင်ဆိုင်ရာ ဗဟုသုတဖြစ်စေမည့် အကြောင်းအရာများကို စဉ်ဆက်မပြတ်ဖော်ပြနေသည့် Top 10 Online Colleges.org ၏ လေ့လာမှုကို www.jobless.com.mm မှ မြန်မာမှုပြု၍ ပြည်တွင်းရှိ လုပ်ငန်းခွင်ဝင်နေသူများ သိရှိစေရန် ပြန်လည်မျှဝေခြင်းဖြစ်သည်။
လာမည့် ၂၀၂၀ ခုနှစ် အရောက်တွင် လုပ်ငန်ခွင်ဝင်ရောက်နေသူများ မဖြစ်မနေ ပိုင်ဆိုင်ထားရမည့် အရည်အချင်း ၁၀ ချက်မှာ-
(၁) နားလည် သဘောပေါက်နိုင်စွမ်းရည် (Sense making)
လေးနက်သော အဓိပ္ပါယ် ဖွင့်ဆိုချက်များ (သို့မဟုတ်) ထင်ရှားသော စာသားများကို သဘောပေါက်နားလည်၍ ပိုင်နိုင်စွာ ဆုံးဖြတ်နိုင်ခြင်း။
(၂) လူမှုဆက်ဆံရေး ထူးချွန်မှု (Social Intelligence)
တစ်ပါးသူငှာနှင့် ဆက်ဆံရာတွင် လေးလေးနက်နက်နှင့် ထိရောက်စွာ ဆက်သွယ်နိုင်သည့်အပြင် နှစ်ဦးနှစ်ဘက် လိုအပ်ချက်ကို နားလည်မှုရှိစွာ ဖြည့်ဆည်းနိုင်စွမ်းရှိခြင်း။
(၃) စာပေ ဗဟုသုတကြွယ်၍ ဆင့်ကဲ တွေးခေါ် သုံးသပ်နိုင်ခြင်း (Novel and Adaptive Thinking)
အမှား၊ အမှန်ဝေဖန်ပိုင်းခြားသုံးသပ်၍ စဉ်းစားတွေးတော အဖြေထုတ်ရာတွင် ကျွမ်းကျင်မှုရှိခြင်း။
(၄) မတူညီသော ယဉ်ကျေးမှုများကို ပေါင်းစည်းနိုင်စွမ်းရည် (Cross Cultural Competency)
မတူကွဲပြားသော အခြေအနေ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုများကို ပေါင်းစည်း ထိန်းကျောင်း နိုင်စွမ်းရည်
(၅) နည်းစနစ်တကျ တွေးခေါ်တွက်ချက်နိုင်ခြင်း (Computational Thinking)
များပြားလှတဲ့ သတင်းအချက်အလက်တွေကို ကျိုးကြောင်းဆက်စပ်ကာ တွက်ချက်နားလည်နိုင်သလို အများသိရှိနိုင်စေရန် ပြန်လည်ဝေမျှနိုင်ခြင်း
(၆) လူထုဆက်ဆံရေးပုံစံအသစ်ကို ပုံဖော်နိုင်ခြင်း (New Media Literacy)
ပြင်ပဆက်ဆံရေးအတွက် လူထုဆက်ဆံရေးလမ်းကြောင်းပုံစံအသစ်ကို အသုံးချကာ အကြောင်းအရာများ ဖွံ့ဖြိုးတိုးတက်အောင်ဖန်တီးနိုင်ခြင်းနှင့် အကဲဖြတ်သုံးသပ်နိုင်ခြင်း
(၇) စည်းကမ်းနည်းလမ်းများကို ပေါင်းစပ်အသုံပြုနိုင်စွမ်းရည် (Transdisciplinary)
များပြားလှသော စည်းမျဉ်းစည်းကမ်း နည်းလမ်း ဥပဒေများကို နားလည်လက်ခံ၍ အကဲဖြတ် သုံးသပ်နိုင်ခြင်း။
(၈) လိုသလို ပုံဖော်နိုင်ခြင်း (Design Mindset)
လုပ်ငန်းအဆင့်ဆင့်နှင့် တာဝန်များကို လိုအပ်သော ရလာဒ်ထွက်ပေါ်လာအောင် ပြန်လည်ပြင်ဆင်တင်ပြနိုင်ခြင်း။
(၉) သဘောတရားကို ခွဲခြားနားလည် စီမံတတ်ခြင်း (Congnitive Load Management)
အရေးကြီးသည့် သတင်းအချက်အလက်များ၏ အတိမ်အနက်ကို နားလည်သဘောပေါက်ကာ မည်သို့ ပြုလုပ်ရမည်ကို သိရှိလုပ်ကိုင်နိုင်ခြင်း
(၁၀) ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခြင်း (virtual Collaboration)
ထိရောက်တဲ့ အဖွဲ့အစည်းတစ်ခုအတွင်း တက်ကြွစွာ ပါဝင်လုပ်ဆောင်ခြင်းဖြင့် လိုအပ်ချက်များ ပြည့်မီအောင် လုပ်ကိုင်နိုင်စွမ်းရှိသူ။
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.