Jobs In Myanmar
Load...

3 Ways Employers Can Incorporate Remote Work For Their Employees

by www.jobsinyangon.com


Tags: Knowledge-Remote-Work-Incorporate-JobsInYangon



လုပ်ငန်းရှင်များအနေနဲ့ ဝန်ထမ်းများအတွက် Remote Working လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ပေးနိုင်မည့် နည်းလမ်း (၃) သွယ် 

 

ယခုအချိန်မှာ မှန်ကန်တဲ့ work-life balance ကိုရှာဖွေနေတဲ့သူများ များစွာရှိလာပါပြီ။ ယနေ့ခေတ်တွင် အရွယ်ရောက်ပြီးသူတို့အနေနဲ့ သူတို့ရဲ့ ရင်သွေးငယ်များ၊ မိဘများနဲ့ သူတို့ကိုယ်သူတို့ စောင့်ရှောက်ဖို့ရန်နှင့် အခြားသောတာဝန်ဝတ္တရားများအကြား ကူးလူးနေရတဲ့အပြင် အလုပ်လုပ်ရာတွင်လည်း လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝစွာ စွမ်းဆောင်နိုင်ဖို့လိုအပ်လာပါတယ်။ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်အတွင်းတွင် COVID-19 ကပ်ရောဂါပြန့်ပွားလာမှုကြောင့် ဝန်ထမ်းအတော်များများဟာ အိမ်မှအလုပ်လုပ်ရတဲ့ (Remote Work) ပုံစံများသို့ ကူးပြောင်းလာကြရပါတယ်။ ဒီကဲ့သို့ ကူးပြောင်းလိုက်ရခြင်းဟာ လုပ်ငန်းများဆက်လက်လည်ပတ်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ လိုအပ်ချက်တစ်ခုဖြစ်လာခဲ့ပြီး ယခုအချိန်အထိကို ကုမ္ပဏီအတော်များများဟာ ထိုသို့ဆက်လက်ကျင့်သုံးနေဆဲပဲဖြစ်ပါတယ်။ 

သို့ပေမယ့် . . . ဒီ remote working ပုံစံကိုကူးပြောင်းဖို့ တွန့်ဆုတ်နေတဲ့ ကုမ္ပဏီများလည်း ရှိနေသေးပြီး များသောအားဖြင့် ၎င်းတို့ထံတွင် - remote work ပုံစံဟာ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် ခက်ခဲခြင်း၊ ဝန်ထမ်းများအနေနဲ့ နေ့စဉ်တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ပြောဆိုမှုများမရှိတော့တဲ့အတွက် workplace culture များ ကျဆင်းလာနိုင်ခြင်း အစရှိတဲ့အကြောင်းပြချက်အမျိုးမျိုးရှိနေနိုင်ပါတယ်။ ဒီအကြောင်းပြချက်များဟာ ခိုင်လုံမှုရှိကြသော်လည်း လုပ်ငန်းရှင်များအနေနဲ့ remote working ပုံစံဟာ များစွာသော လုပ်ငန်းနယ်ပယ်အသီးသီးတွင် အောင်မြင်မှုများရရှိနေတာကိုလည်း ငြင်းပယ်၍မရနိုင်ပါဘူး။ 

Owl Labs မှ ပြုလုပ်ခဲ့တဲ့ လေ့လာတွေ့ရှိချက်တစ်ခုအရ လုပ်ငန်းရှင်များမှ remote work ပုံစံကိုခွင့်ပြုပေးဖို့ တွန့်ဆုတ်နေရခြင်းရဲ့ အဓိကအကြောင်းအရင်းဟာ - ဝန်ထမ်းများအထီးကျန်နေမှာစိုးရိမ်သောကြောင့်၊ ဝန်ထမ်းများရဲ့ career တက်လမ်းတွင် ရှုပ်ထွေးမှုများဖြစ်လာမည်ကို စိုးရိမ်သောကြောင့် (သို့) ၎င်းတို့ရဲ့ ဝန်ထမ်းများကို စီမံခန့်ခွဲရခက်မှာစိုးရိမ်သောကြောင့် အစရှိတာတွေကြောင့်မဟုတ်ပဲ အဓိက ကတော့ ဝန်ထမ်းများရဲ့ productivity, engagement နဲ့ job satisfaction များလျော့ကျလာမှာကို စိုးရိမ်ကြတာဖြစ်ပြီး ဝန်ထမ်းများအနေနဲ့ ပေးအပ်လာတဲ့အလုပ်များကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခြင်းမရှိကြမှာကို စိုးရိမ်ကြတာဖြစ်ပါတယ်။ 

အခြားတစ်ဖက်တွင် . . . အပြန်အလှန်အနေနဲ့ Owl Labs မှ ဝန်ထမ်းများအပေါ်ပြုလုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုအရတော့ ဝန်ထမ်းများဟာ remote work ပုံစံများကို လွန်စွာကြိုဆိုကြပြီး ထိုအရာကြောင့် productivity, engagement နဲ့ job satisfaction များတိုးတက်လာတာကို တွေ့ရှိရမှာဖြစ်ကာ ပေးအပ်လာတဲ့အလုပ်တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်ကြတာကို တွေ့ရှိရပါတယ်။ ကပ်ရောဂါအလွန်ကာလများတွင် ဝန်ထမ်းများအနေနဲ့ remote work ပုံစံကို ခွင့်ပြုပေးတဲ့ကုမ္ပဏီများသို့ပင် ကူးပြောင်း၍ အလုပ်လုပ်ကိုင်လိုစိတ်ရှိလာကြနိုင်ပါတယ်။ 

ဒီတော့ လုပ်ငန်းရှင်များအနေနဲ့ remote working ပုံစံကို မိမိတို့ရဲ့လုပ်ငန်းအတွင်း ခွင့်ပြုပေးဖို့အတွက် ပူပင်ရတဲ့အချက်များ ရှိနေသေးတယ်ဆိုရင်တောင်မှ remote work ပုံစံများကို မိမိတို့ဝန်ထမ်းများအတွက် မည်ကဲ့သို့အကောင်အထည်ဖော်ဆောင်ရွက်ပေး၍ ရနိုင်မလဲဆိုတာကို လေ့လာထားကြဖို့လိုအပ်လာပြီဖြစ်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းဟာ ဝန်ထမ်းများကို ပျော်ရွှင်မှုပေးနိုင်ရုံသာမက ၎င်းတို့အနေနဲ့ burnout ဖြစ်လာပြီး အလုပ်မှထွက်ခွာသွားခြင်းများလည်း မရှိလာရန် ကာကွယ်ပေးနိုင်တဲ့အပြင် လုပ်ငန်းရှင်များအနေနဲ့လည်း ထိုသို့လုပ်ဆောင်ပေးခြင်းမှ ပြန်လည်ရရှိလာနိုင်တဲ့ အားသာချက်လေးတွေလည်း ရှိနေပါသေးတယ်။ 


လုပ်ငန်းရှင်များအနေနဲ့ ဝန်ထမ်းများအတွက် Remote Working လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ပေးနိုင်မည့် နည်းလမ်း (၃) သွယ် ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ် - 

 

၁။ ပူးပေါင်းဆောင်ရွက်မှုအပေါ်အခြေခံတဲ့ Remote Work Schedule တစ်ခုကို ဖန်တီးတည်ဆောက်ပေးခြင်း

ကုမ္ပဏီများတွင် မကြာခဏဆိုသလို မတူညီတဲ့ ဌာနခွဲ (၂) ခုပူးပေါင်း၍ လုပ်ငန်းပရောဂျက်များနဲ့ တာဝန်များကို ဆောင်ရွက်ရတဲ့အချိန်များရှိတတ်ကြပါတယ်။ ဥပမာအားဖြင့် Microsoft မှ ထုတ်ကုန်အသစ်တစ်ခုကို ထုတ်လုပ်ရောင်းချဖို့စီစဉ်တဲ့အခါတွင် Product development team နဲ့ Marketing tearm များအနေနဲ့ အကောင်းဆုံး user experience နဲ့ ဈေးကွက်ချဲ့ထွင်ရေးနည်းဗျူဟာများကို ထုတ်ယူအသုံးချနိုင်ရန်အတွက် အတူတကွပူးပေါင်းလုပ်ဆောင်ကြဖို့ လိုအပ်လာနိုင်ပါတယ်။ 

ဒီကဲ့သို့သောအခြေအနေမျိုးရှိလာနိုင်တဲ့ ကုမ္ပဏီများတွင် ပူးပေါင်းဆောင်ရွက်မှုများအပေါ် အခြေခံ၍ ထည့်သွင်းစဉ်းစားမှုများကိုပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ အတူတကွပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တဲ့ ဌာနများကို တူညီတဲ့ရုံးတက်ရက်များနဲ့ တူညီတဲ့အိမ်မှအလုပ်လုပ်ရမည့်ရက်များ သတ်မှတ်ပေးလိုက်ပါ။ ဒါ့အပြင် အပတ်စဉ် (သို့) ၂ ပတ်ပြည့်တိုင်း ရုံးတက်စေပြီး ပူးပေါင်းဆောင်ရွက်မှုများဟာ အဆင်ပြေချောမွေ့မှုရှိစေရန်အတွက် ရုံးသို့ပြန်လည်၍ report ပြုလုပ်ရန် မှာကြားထားလိုက်ပါ။ 


၂။ ဝန်ထမ်းများအား (အပြည့်အဝ) အိမ်မှအလုပ်လုပ်ရန် ခွင့်ပြုခြင်း 

ဒါဟာ ဥပဒေရေးရာ (သို့မဟုတ်) ပညာရေးနယ်ပယ်များအတွက် အကောင်းဆုံးရွေးချယ်မှုမဟုတ်သော်လည်း အခြားသောလုပ်ငန်းနယ်ပယ်များဖြစ်တဲ့ - IT (Information Technology), Accounting and Finance, Customer Service, Administrative Healthcare, Marketing အစရှိတဲ့ လုပ်ငန်းနယ်ပယ်များအတွင်းရှိ ဝန်ထမ်းများအဖို့တော့ အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။ 

ဒီ လုပ်ငန်းနယ်ပယ်များတွင် လုပ်ကိုင်နေသူများအနေနဲ့လည်း သူတို့ရဲ့အလုပ်များကို အိမ်မှာနေရင်း လုပ်ကိုင်ပေးလို့ ရနိုင်တယ်ဆိုတာကို သိရှိထားကြပြီးသားဖြစ်သော်လည်း လုပ်ငန်းရှင်များဖက်ကကြည့်ရင်တော့ ၎င်းတို့ရဲ့ဝန်ထမ်းများကို မမြင်တွေ့ရပဲနဲ့ သူတို့ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကို တိုင်းတာပြီး စီမံခန့်ခွဲနိုင်မှုများပြုလုပ်နိုင်မယ့် နည်းလမ်းများကို မသိရှိကြသေးပါဘူး။ 

များသောအားဖြင့် အပြည့်အဝ အိမ်မှအလုပ်လုပ်နိုင်တဲ့ဝန်ထမ်းများကို Zoom မှ video call များပြုလုပ်ခြင်းနှင့် Productivity software များရဲ့အကူအညီဖြင့် စီမံခန့်ခွဲမှုများပြုလုပ်ပေးနိုင်သလို တစ်လလျှင်တစ်ကြိမ် (သို့) နှစ်ကြိမ်ခေါ်ယူတွေ့ဆုံမှုများ/ One on one meeting များ ပြုလုပ်ပေး၍ ဝေဖန်အကြံပြုချက်များနဲ့ လိုအပ်ချက်များကို ပြင်ဆင်သင်ကြားခြင်းတို့ ပြုလုပ်ပေးနိုင်ပါတယ်။ 


၃။ ဝန်ထမ်းတစ်ဦးချင်းစီကို သူတို့ကိုယ်ပိုင် Hybrid Schedule များရေးဆွဲဖန်တီးစေခြင်း 

ဒီ option ဟာ ဝန်ထမ်းများအနှစ်သက်ဆုံး option တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အနေနဲ့ မိမိတို့ကိုယ်ပိုင် schedule များရေးဆွဲပိုင်ခွင့်ရှိလာမှာဖြစ်တဲ့အတွက် ရုံးတက်၍အလုပ်လုပ်လိုတဲ့အချိန်နဲ့ အိမ်မှာနေ၍အလုပ်လုပ်လိုတဲ့အချိန်များကို ကိုယ်တိုင်သတ်မှတ်နိုင်ကြမှာဖြစ်လို့ပါပဲ။ 

ဒီကဲ့သို့ ဝန်ထမ်းများကို ကိုယ်ပိုင် hybrid schedule များ ရေးဆွဲစေခြင်းတွင် ချဉ်းကပ်ပုံအမျိုးမျိုးရှိနေပါတယ်။ ပထမတစ်နည်းကတော့ လုပ်ငန်းရှင်ဖက်မှ တစ်လလျှင် ၁၅ ရက် (သို့) မည်မျှရုံးလာတက်ဖို့လိုအပ်မလဲဆိုတဲ့ စည်းမျဉ်းတစ်ခုကို ဖန်တီးပေးဖို့လိုအပ်ပြီး ဝန်ထမ်းများမှ မည်သည့်ရက်များတွင် ရုံးလာတက်လိုသလဲဆိုသည့်အပေါ်မူတည်၍ Schedule ကို ရေးဆွဲရမှာဖြစ်ပါတယ်။ 

နောက်ထပ်နည်းလမ်းတစ်မျိုးကတော့ ဝန်ထမ်းများမှ မိမိတို့ကိုသတ်မှတ်ပေးထားတဲ့ အလုပ်တာဝန်များအပေါ်မူတည်၍ “မည်သည့်အလုပ်များကိုတော့ အိမ်မှပြုလုပ်၍ရနိုင်တယ်၊” မည်သည့်အလုပ်များကတော့ ရုံးသို့လာရောက်၍ လုပ်ကိုင်ပေးဖို့ လိုအပ်နိုင်တယ်” ဆိုသည်အားဆုံးဖြတ်စေ၍ ကိုယ်ပိုင် Schedule များရေးဆွဲစေပြီးမှ လုပ်ငန်းရှင်ဖက်မှ ပြန်လည်စစ်ဆေးကြည့်ရှုမှုများပြုလုပ်၍ ခွင့်ပြုပေးခြင်းဖြစ်ပါတယ်။ 


နိဂုံးချုပ် 

သင်ဟာ လစာကောင်းတဲ့အလုပ်တစ်ခု၊ အတော်အသင့်အလုပ်တစ်ခု၊ သို့မဟုတ် လစာနည်းတဲ့အလုပ်တစ်ခု အစရှိတဲ့ မည်သို့သောအလုပ်မျိုးကိုလုပ်ကိုင်နေရသည်ဖြစ်စေ ယနေ့ခေတ်လုပ်ငန်းခွင်များရဲ့ Workplace trend များဟာ အမြဲတမ်းပြောင်းလဲနေမှာဖြစ်ပြီး ယခုအခါ ပုံမှန် မနက် ၉ နာရီ - ညနေ ၅ နာရီအလုပ်ချိန်ပုံစံဟာ တဖြည်းဖြည်းမှေးမှိန်လာပြီဖြစ်ပါတယ်။ ဝန်ထမ်းများအနေနဲ့လည်း ယနေ့ခေတ်ရဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ ကျန်းမာရေးအခြေအနေများကြောင့် remote work ပုံစံကို ပိုမို၍ မှီခိုအားထားလာကြရတာကို တွေ့မြင်နေရပါတယ်။ လုပ်ငန်းရှင်များအဖို့လည်း Remote Working ပုံစံဟာ ဝန်ထမ်းများကို motivate ဖြစ်စေခြင်း၊ Productivity တိုးတက်စေခြင်း၊ အချို့သောကုန်ကျစားရိတ်များကို လျှော့ချပေးနိုင်ခြင်း အစရှိတဲ့အားသာချက်များရှိနေတာကို တွေ့မြင်လာရမှာဖြစ်တဲ့အတွက် အချိန်ကြာလာသည်နဲ့အမျှ လုပ်ငန်းခွင်များအတွင်းသို့ Remote work ပုံစံများဟာ တဖြည်းဖြည်းနဲ့ ထိုးဖောက်ဝင်ရောက်လာမှာဖြစ်ပါတယ်လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေ။ 


ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ် 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Synergy Plus Co., Ltd

Synergy Plus Co., Ltd

Vision - To be one the Leading Construction Companies Mission - To provide our High Quality Services First after SAFETY Values - Integrity, Discipline, Professionalism, Enthusiasm & Innovation .- ...
Show the postings (4)
Magnate Group Logistics Co., Ltd.

Magnate Group Logistics Co., Ltd.

Our youthful and vigorous staffs have the passion and team spirit which has driven us into being able to expand to now 16 cities and further expanding to more with many outlets station and service poi...
Show the postings (14)
Design Communications International Co, Ltd.

Design Communications International Co, Ltd.

..Design Communications International Co, Ltd.....
Show the postings (2)
The Experts English Language Center

The Experts English Language Center

-Offering low-price, high quality language education -Ensuring the international standard Teaching Methods -Unlocking the students' potentials and opportunities - Promising the difference We off...
Show the postings (2)
Honour Friend Co.ltd

Honour Friend Co.ltd

..Honour Friend Co.ltd....
Show the postings (2)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS