Jobs In Myanmar
Load...

5 most common interview questions — and how to ace them

by www.jobsinyangon.com


Tags: job interview interview questions job searching challenges jobs in myanmar



အင်တာဗျူးမှာ အမေးအများဆုံး မေးခွန်း (၅) ခု အကြောင်း

Glassdoor ဆိုတဲ့ နာမည်ကျော်အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီရဲ့ထောင်ပေါင်းများစွာသော အင်တာဗျူးမေးခွန်းတွေကို စီစစ်ပြီး စစ်တမ်းပြုလုပ်ချက်အရ လူတွေ့အင်တာဗျူးတိုင်းမှာ အမေးအများဆုံး၊ တစ်နည်းအားဖြင့် မေးလေ့မေးထအရှိဆုံး မေးခွန်းတွေရှိတာကို ထုတ်ဖော်နိုင်ခဲ့ပါတယ်။ အောက်ပါ မေးခွန်း (၅) ခုကတော့ အင်တာဗျူးတိုင်းမှာ အမေးအများဆုံး မေးခွန်းတွေပဲဖြစ်ပြီးတော့ အဲ့ဒီမေးခွန်းတွေကို ဘယ်လိုအကောင်းဆုံးဖြေဆိုမလဲဆိုတဲ့ အကြံပြုချက်အချို့ကိုလည်း ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်..

အလုပ်တစ်ခုမှာ ဝင်ရောက်လုပ်ကိုင်လိုပြီဆိုရင် သင်မလွဲမသွေကြုံတွေ့ရမှာကတော့ လူတွေ့စစ်ဆေးခြင်းဖြစ်တဲ့ အင်တာဗျူးအဆင့်ပဲဖြစ်ပါတယ်။ သင့်ရဲ့ တတ်ကျွမ်းထားမှုတွေကို လူချင်းတွေ့ဆုံကာ ပြောပြရမယ့်အချိန်အခါဖြစ်သလို၊ သင့်ရဲ့ အရည်အသွေးကိုအလည်း အမွှန်းတင် ထုတ်ပြရမယ့် အချိန်ဆိုရင်လည်း မမှားပါဘူး။ အင်တာဗျူးတိုင်းဟာ မလွယ်ကူနိုင်သလို၊ ကုမ္ပဏီရဲ့ သဘောသဘာဝ၊ အလုပ်အကိုင်အနေအထားပေါ်မူတည်ပြီးလည်း မေးခွန်းတွေဟာ ပြောင်းလဲနေနိုင်ပါတယ်။ သို့သော်လည်း Glassdoor ဆိုတဲ့ နာမည်ကျော်အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီရဲ့ထောင်ပေါင်းများစွာသော အင်တာဗျူးမေးခွန်းတွေကို စီစစ်ပြီး စစ်တမ်းပြုလုပ်ချက်အရ လူတွေ့အင်တာဗျူးတိုင်းမှာ အမေးအများဆုံး၊ တစ်နည်းအားဖြင့် မေးလေ့မေးထအရှိဆုံး မေးခွန်းတွေရှိတာကို ထုတ်ဖော်နိုင်ခဲ့ပါတယ်။ အောက်ပါ မေးခွန်း (၅) ခုကတော့ အင်တာဗျူးတိုင်းမှာ အမေးအများဆုံး မေးခွန်းတွေပဲဖြစ်ပြီးတော့ အဲ့ဒီမေးခွန်းတွေကို ဘယ်လိုအကောင်းဆုံးဖြေဆိုမလဲဆိုတဲ့ အကြံပြုချက်အချို့ကိုလည်း ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်.. 

အင်တာဗျူးမဖြေခင်ညမှာ ပြင်ဆင်သင့်တဲ့အချက်တွေနဲ့ပါတ်သတ်တဲ့ဆောင်းပါးကိုတော့ ယခုလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

(၁) သင့်ရဲ့အားသာချက်က ဘာလဲ

          အင်တာဗျူးတွေမှာ မေးလေ့ရှိတဲ့မေးခွန်းတစ်ခုဖြစ်ပြီးတော့ ရိုးရှင်းတယ်ထင်ရပေမယ့်လည်း အဖြေမတတ်ရင် လွဲမှားသွားစေနိုင်တဲ့ မေးခွန်း ၁ ခုလည်းဖြစ်ပါတယ်။ အားသာချက်ကို ပြောပြရာမှာလည်း သင်တတ်ကျွမ်းထားတဲ့ အရာတွေကို ပြောပြနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုသလိုပဲ လုပ်ငန်းသဘာဝ၊ ကုမ္ပဏီရဲ့သဘာဝနဲ့ ကိုက်ညီတဲ့အရာတွေကိုလည်း highlight လုပ်ပြီး အသားပေးပိုမိုပြောကြားသင့်ပါတယ်။ ဥပမာအားဖြင့် သင်ဟာ telecom ဖုန်းအော်ပရေတာ ကုမ္ပဏီ တစ်ခုမှာ customer service နေရာအတွက် အလုပ်လျှောက်တယ်ဆိုရင် သင့်ရဲ့ လျှောက်ထားတဲ့ရာထူးနဲ့ ကိုက်ညီမှုရှိမယ့် လူတွေနဲ့ ဘယ်လိုပြေပြစ်စွာ ဆက်ဆံတတ်လေ့ရှိတယ်ဆိုတဲ့ သင့်ရဲ့ သဘာဝကို ပေါ်လွင်အောင် ပြောပြသင့်ပါတယ်။ ဒါ့အပြင် ဖုန်းအော်ပရေတာလုပ်ငန်းသဘာဝဖြစ်တဲ့ ဖုန်းနဲ့ပါတ်သတ်တဲ့ ဗဟုသုတအချို့ကိုလည်း မလွတ်စေပဲ ပြင်ဆင်မှုပြုလုပ်ထားသင့်ပါတယ်။ သင့်ရဲ့ customer အပေါ် ဘယ်လိုကျေနပ်မှုဖြစ်စေအောင်၊ customer ရဲ့ မကျေနပ်ချက် complaint တွေကို ပြေလည်အောင်ဖြေရှင်းနိုင်မယ့် စကားပြောပြေပြစ်မှုစွမ်းရည် အစရှိသည်တို့မှာ သင်ဟာထူးချွန်ကြောင်း ပြောကြားကာ ဖြေဆိုသင့်ပါတယ်။

အထက်ပါအချက်တွေအပြင် အင်တာဗျူးတစ်ခုမှာ အကောင်းဆုံးဖြေဆိုနိုင်သူ၊ တစ်နည်းအားဖြင့် အခြားသူတွေထက်သာလွန်သူဖြစ်အောင် ဘယ်လိုဖြေဆိုမလဲဆိုတာအတွက်လည်း ယခုလင်ခ့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

(၂) သင့်ရဲ့ အားနည်းချက်က ဘာလဲ

          အားသာချက်ကို မေးမြန်းပြီးရာမှာလည်း ဆန့်ကျင်ဘက်ဖြစ်တဲ့ အားနည်းချက်ကို ဆက်လက်မေးမြန်းလေ့ရှိပါတယ်။ အားနည်းချက်တွေကို ဖြေဆိုရာမှာလည်း အကင်းပါးဖို့လိုသလို၊ လိုအပ်တာထက်လည်း ပိုမိုရိုးသားပြီးတော့ အရာတိုင်းကို ပွင့်လင်းစွာပြောဆိုနေဖို့မလိုအပ်လှပါဘူး။ အားနည်းချက်တွေကဘာလဲလို့မေးမြန်းပေမယ့်လည်း လုပ်ငန်းနဲ့ သက်ဆိုင်ခြင်းမရှိတဲ့အရာတွေကိုလည်း ချဲ့ကားကာပြောဆိုနေဖို့မသင့်ပါဘူး။ ဥပမာအားဖြင့် သင်ဟာကော်ဖီအရမ်းကြိုက်တာကြောင့် ညဘက်တွေအိပ်မပျော်ဖြစ်ရပါတယ်တို့၊ သင့်ဟာ သင့်ရဲ့အိမ်မွေးခွေးကို လိမ္မာလာအောင် မသင်ကြားတတ်ပါဘူးတို့ အစရှိတဲ့ မဆိုင်တဲ့ကိစ္စတွေကို ထည့်သွင်းပြောဆိုဖို့မသင့်ပါဘူး။ လုပ်ငန်းနဲ့ သက်ဆိုင်မယ့်၊ တစ်နည်းအားဖြင့် သင့်ရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ သက်ဆိုင်မယ့်အရာတစ်ခုလောက်ကိုသာ အသေးစိတ်ရှင်းပြ ပြောပြတာမျိုးပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် အဲ့ဒီအားနည်းချက်ကို သင့်အနေနဲ့ ဘယ်လို ကျော်လွှားဖို့ ကြိုးစားမယ်ဆိုတဲ့ အကြောင်းရယ်၊ အဲ့ဒီအားနည်းချက်ကို ကျော်လွှားပြီးတော့ ဘယ်လိုအားသာချက်အနေနဲ့ ပြန်လည်အသုံးချမလဲဆိုတာတွေရယ်ကို ထည့်သွင်းဖြေဆိုနိုင်အောင် ပြင်ဆင်ထားနိုင်ပြီဆိုရင်တော့ သင်ဟာ ဂုဏ်ထူးမှတ်နီးနေပြီလို့ဆိုနိုင်ပါပြီ။

(၃) ဒီကုမ္ပဏီမှာ ဘာလို့ အလုပ်လုပ်ချင်တာပါလဲ

          ဘယ်ကုမ္ပဏီမှာပဲ အလုပ်လျှောက်လျှောက်၊ အလုပ်မလျှောက်ခင်ထဲက၊ သို့မဟုတ်၊ အင်တာဗျူးမဖြေခင်ထဲက သင့်အနေနဲ့ ကြိုတင်ပြုလုပ်သင့်တဲ့အရာကတော့ အဲ့ဒီကုမ္ပဏီအကြောင်း၊ ကုမ္ပဏီရဲ့ သဘောသဘာဝ၊ လုပ်ငန်းအနေအထား၊ အစရှိသည်တို့ကို ကြိုတင်ဖတ်ရှုကာ လေ့လာမှုပြုလုပ်ထားသင့်ပါတယ်။ အခုခေတ်မှာ ကုမ္ပဏီအများစုဟာ ဝက်ဘ်ဆိုက်၊ သို့မဟုတ်၊ social media ဖေ့ဘုတ်စာမျက်နှာတစ်ခုလောက်တော့ အနည်းဆုံးရှိနေကြပါပြီ။ ဒါ့ကြောင့် သင့်အနေနဲ့ အဲ့ဒီ ကုမ္ပဏီနဲ့ အင်တာဗျူးမဖြေခင်မှာ အဲ့ဒီကုမ္ပဏီရဲ့ အကြောင်းကို ဖတ်ရှုထားသင့်ပြီး ဘယ်လိုလုပ်ငန်းမျိုးလုပ်ကိုင်တယ်၊ ဘယ်လို trend မျိုးကို သွားနေတယ်၊ ဒါ့ကြောင့် သင့်ရဲ့ စိတ်ပါဝင်စားမှုကလည်း ကုမ္ပဏီရဲ့ လုပ်ငန်းအနေအထားနဲ့ ကိုက်ညီမှုကြောင့် ဒီကုမ္ပဏီမှာ အလုပ်လုပ်ဖို့ စိတ်ပါဝင်စားပါတယ်ဆိုပြီး ဖြေကြားမှု ပြုသင့်ပါတယ်။ သင့်ရဲ့ စိတ်ပါဝင်စားမှုကြောင့်လည်း ကုမ္ပဏီအပေါ်မှာ စိတ်အားထက်သန်စွာနဲ့ ကြိုးစားလုပ်ကိုင်လိုစိတ်ဖြစ်တာကြောင့် ကုမ္ပဏီအပေါ်မှာလည်း ကောင်းစွာ အကျိုးပြုနိုင်မယ်လို့ ယုံကြည်ကြောင်း အစရှိသဖြင့် ဖြေဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သင့်အကြောင်းကို သိအောင် လေ့လာမှုပြုလုပ်ထားမယ့် ကုမ္ပဏီအပေါ်မှာလည်း သင့်ရဲ့ စိတ်ပါဝင်စားမှုကို ပြန်လည်ပြသသင့်လို့ပါပဲ။ 

တစ်နည်းအားဖြင့် အင်တာဗျူးမတိုင်ခင် အလုပ်ရှင်တွေဟာ သင့်ရဲ့အလုပ်လျှောက်လွှာကို ဘယ်လိုဆန်းစစ်လေ့ရှိလဲဆိုတဲ့ ဆောင်းပါးကိုတော့ ယခုလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

(၄) နောက် ၅ နှစ်အတွင်း သင်ဘာဖြစ်မယ်ထင်ပါသလဲ။

          သေချာတာကတော့ နောက် ၅ နှစ်ကြာရင် အသက်ကြီးလာမှာပါပဲ။ ဒါပေမယ့် ဒီမေးခွန်းကိုတော့ အင်တာဗျူးမှာ အဲ့လိုသွားမဖြေပါနဲ့။ အဲ့ဒီမေးခွန်းကြားလို့လည်း သင့်အနေနဲ့ စိတ်လှုပ်ရှားလွန်သွားဖို့လည်း မလိုအပ်ပါဘူး။ စိတ်အေးအေးထားပါ။ အနာဂတ်အစီအစဉ်နဲ့ ပါတ်သတ်တဲ့မေးခွန်းတိုင်းဟာ ဖြေဖို့ခက်ခဲနိုင်သလို၊ အဖြေအတိအကျ၊ ကောင်းမွန်လှတဲ့ အဖြေတစ်ခုထွက်လာဖို့ကလည်း မလွယ်ကူလှပါဘူး။ အဓိကအရေးကြီးတာကတော့ နောက် ၅ နှစ်မှာ သင်ဘာဖြစ်လာမလဲဆိုတာကို အလေးပေးပြောကြားဖို့ထက်၊ သင့်ရဲ့ ဝါသနာ၊ သင့်ရဲ့ မြတ်နိုးမှု၊ သင့်ရဲ့ စိတ်အားထက်သန်မှု စတဲ့အရာတွေနဲ့ ယခု အလုပ်အကိုင်နေရာဟာ ထပ်တူကျကြောင်း ပြောကြားသင့်ပြီးတော့ အဲ့လို ထပ်တူကျမှုတွေကြောင့်လည်း သင်ဟာ တစ်ချိန်မှာ အောင်မြင်နိုင်မယ်လို့ ယုံကြည်ကြောင်း ဖြေဆိုနိုင်ပါတယ်။ ဒါ့အပြင် သင့်အနေနဲ့လည်း ကုမ္ပဏီအတွင်းက သင့်ရဲ့ မျှော်မှန်းနေရာတစ်ခုကို ပြောဆိုဖြေကြားနိုင်ပါသေးတယ်။ ဥပမာ သင်ဟာ အငယ်တန်းအရောင်းစာရေးရာထူးကို လျှောက်ထားတယ်ဆိုရင်၊ သင့်ရဲ့ စိတ်အားထက်သန်မှုတွေနဲ့ ပေါင်းစပ်အလုပ်လုပ်ကိုင်မှုကြောင့် နောင်နှစ်အနည်းငယ်အတွင်းမှာ သင့်အနေနဲ့ အရောင်းမန်နေဂျာအဆင့်ကို ရောက်ရှိနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုနိုင်ပါတယ်။

သင့်ရဲ့ အဖြစ်ချင်ဆုံးအရာ၊ တစ်နည်းအားဖြင့် လုပ်ချင်ဆုံးအလုပ်တစ်ခုဟာဘာလဲဆိုတဲ့ မေးခွန်းမျိုးကို ဆက်စပ်မေးလာခဲ့ရင်လည်း ဘယ်လိုဖြေဆိုမလဲဆိုတာ အောက်ပါဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။

(၅) သင့်လက်ရှိအလုပ်က ဘာလို့ထွက်ချင်တာပါလဲ။

          လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့နက်တဲ့ နောက်ထပ်မေးခွန်းတစ်ခုပါပဲ။ အပေါ်က ပြောထားသလိုပါပဲ အလွန်အမင်းရိုးသားမှုကိုတော့ မပြပါနဲ့။ ဥပမာသင်ဟာ လက်ရှိအလုပ်မှာ သင့်အထက်လူကြီးကို သဘောမကျလို့ အလုပ်ထွက်ချင်ပေမယ့်လည်း၊ အင်တာဗျူးထဲမှာတော့ အဲ့ဒီလူကြီးကို သဘောမကျကြောင်း၊ သူ့ရဲ့ အပြုအမူတွေကြောင့် သင်ဟာဘယ်လိုစိတ်ထိခိုက်ကြောင်း၊ ဘယ်လိုအမြင်ကတ်စိတ်တွေဖြစ်မိကြောင်း အစရှိသဖြင့် ဖြေကြားမှုတွေကိုတော့ မပြုလုပ်သင့်ပါဘူး။ ရိုးရှင်းတဲ့ အဖြေလေးပဲ ဖြေပေးလိုက်ပါ။ သင်ဟာ စိန်ခေါ်မှုအသစ်တွေကို နှစ်သက်သူပါ။ ဒါပါပဲ။ လူတိုင်းကြားဖူးနေကျ စကားတစ်ခွန်းဖြစ်ပေမယ့်လည်း သင့်ရဲ့ ဖြေဆိုမှုအပေါ်မူတည်ပြီး ဘယ်တော့မှ ရိုးမသွားစေမယ့် အဖြေတစ်ခုလည်းဖြစ်ပါတယ်။ သင့်အနေနဲ့တော့ နောက်ဆက်တွဲအနေနဲ့ စိန်ခေါ်မှုအသစ်တွေကို ဘယ်လိုမျှော်လင့်ကြောင်း၊ သင့်ရဲ့ အရင်အလုပ်က အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီးတော့ ယခုအလုပ်မှာ ကြုံတွေ့လာရမယ့် အခက်အခဲစိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်သွားမယ်ဆိုတဲ့အကြောင်း၊ အစရှိသဖြင့် ပြောဆိုဖြေကြားသင့်ပါတယ်။ အထူးသဖြင့် သင့်အနေနဲ့ ဒီကုမ္ပဏီနဲ့ လက်တွဲရမယ့်အပေါ်ဘယ်လို စိတ်လှုပ်ရှားမှုဖြစ်မိကြောင်း၊ ဒီကုမ္ပဏီရဲ့ လုပ်ငန်းသဘာဝကို စိတ်ဝင်စားမိကြောင်း၊ အစရှိသဖြင့် ဖြေကြားခြင်းဟာ အရင်အလုပ်မကောင်းကြောင်းပြောတာထက် အများကြီး ကောင်းမွန်တဲ့အဖြေဖြစ်မှာပါ။ 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (8)
Definity Group of Co.,Ltd

Definity Group of Co.,Ltd

Anawmar Art Group Co., Ltd.

Anawmar Art Group Co., Ltd.

Ayer Shwe Wah Co.,Ltd. [H.O]

Ayer Shwe Wah Co.,Ltd. [H.O]

Ayer Shwe Wah is a group of companies doing a variety of businesses and managing each unit underneath the breath of a strategic sustainability.Ayer Shwe Wah is one of the largest conglomerates in Myan...
Show the postings (27)
VPower Group Holdings Limited

VPower Group Holdings Limited

We provide career development and attractive remuneration package and fringe benefits to the right candidates.VPower Group are one of the world's leading large gen-set system integration providers and...
Show the postings (2)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS