by www.jobsinyangon.com
ချိတ်ဆွဲရန်စာတန်း: Knowledge-Recruitment-Women-HR-JobsinYangon
ကုမ္ပဏီများတွင် အမျိုးသမီးများကိုငှားရမ်းသင့်သော အကြောင်းအရင်း ၅ ချက်။
အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း၏ လေ့လာမှုများအရ ကုမ္ပဏီများတွင်ပိုမို၍ အမျိုးသမီးများကို အလုပ် ခန့်အပ်ခြင်းအားဖြင့် သူတို့၏အခွင့်အရေးများကို အကာအကွယ်ပေးနိုင်သည်သာမက တစ်ချိန်တည်းမှာပင် လုပ်ငန်း အတွက်လည်း ရလာဒ်ကောင်းများ ရရှိစေပါသည်။ ကမ္ဘာတစ်လွှားမှနယ်ပယ်အသီးသီးရှိ ကုမ္ပဏီများအပေါ်လေ့လာ ချက်များအရ အမျိုးသမီးများကိုဌားရမ်းခြင်းအားဖြင့် ရရှိနိုင်သော အကျိုးကျေးဇူး များကို အဆိုပါကော်ပိုရေးရှင်းမှ အောက်ပါအတိုင်း တင်ပြခဲ့ပါသည်။
• အကောင်းဆုံးပင်ကိုယ် ကိုယ်ရေကိုယ်သွေးရှိသူများအား ရယူနိုင်ခြင်း - အနိမ့်ပိုင်းနေရာများမှ အလုပ်အမှုဆောင် နေရာများအထိ အလုပ်နေရာလစ်လပ်မှုများကိုဖြည့်ဆည်းနိုင်မည့် အလားအလာရှိသည့် ကျွမ်းကျင်အတတ်ပညာ ရှင်များအရေအတွက်ပိုများလာစေခြင်း။
• လုပ်ငန်းစွမ်းဆောင်ရည်နှင့် တီထွင်ဆန်းသစ်မှုများတွင်တိုးတက်မှု - ပတ်ဝန်းကျင်တစ်ခုအတွင်းတွင်အမျိုးသမီး များနှင့် အမျိုးသားများ ယှဉ်တွဲကာတည်ရှိနေခြင်းဟာ ပိုမို၍တီထွင်ဆန်းသစ်မှုရှိသောအဖွဲ့များ ဖြစ်လာစေ ကြောင်းသက်သေပြချက်များ တစ်နေ့တစ်ခြားပိုမို၍များပြားလာလျှက်ရှိနေပါသည်။ မတူကွဲပြားမှုရှိစေခြင်းဟာ အနာဂါတ်အဖွဲ့အစည်းများအတွက် အဓိကသော့ချက်တစ်ခုဖြစ်ပါသည်။
• အသင်းအဖွဲ့များ၏ စွမ်းဆောင်ရည်အား ပိုမိုခိုင်မာစေခြင်း - အမျိုးသမီးများသည် လူတို့ကိုပိုမိုစည်းလုံးစေပြီး အတွေးအမြင်များနှင့် အကြံပေးချက်များကို ပိုမို၍ပေါင်းစည်းခိုင်မာစေသော စွမ်းဆောင်ရည်ရှိတတ်ကြပါသည်။ ထိုအချက်သည် အသင်းအဖွဲ့များတည်ထောင်ရာတွင်အားသာချက်ရရှိစေသည့်အပြင် ပူးပေါင်းပါဝင်ဆောင်ရွက် မှုရှိစေခြင်းနှင့် ဆုံးဖြတ်ချက်များချမှတ်သည့်လုပ်ငန်းစဉ်ကိုလည်း ပိုမို၍ကောင်းမွန်စွာဆောင်ရွက်နိုင်မည်ဖြစ်ပါ သည်။
• အလုပ်သမားများထွက်ခွာခြင်းများမှလျှော့ချနိုင်ခြင်းနှင့် ရေရှည်ဆက်ဆံရေးများ - အမျိုးသားများနှင့်စာလျှင် အမျိုးသမီးအများစုသည် ကိစ္စရပ်များစွာကိုတစ်ပြိုင်တည်းအာရုံစူးစိုက်ကာလုပ်ဆောင်နိုင်ပါသည်။ ထို့ကြောင့် ကုမ္ပဏီများအနေဖြင့် လစ်ဟာနေသော အလုပ်တာဝန်များနှင့်ရာထူးများအတွက် ဝန်ထမ်းအသစ်များဌားရမ်း မည့်အစား အမျိုးသမီးများကိုသင်တန်းပေးရန်အတွက်ပံ့ပိုးကူညီဖို့ရာ ဆုံးဖြတ်ချက်ချမှတ်သင့်ပါသည်။
• ပိုမို၍ကောင်းမွန်သော အလုပ်ပတ်ဝန်းကျင် - အမျိုးသမီးများဟာ တစ်ဦးတစ်ယောက်ခြင်းအပေါ်နှင့် ထိုသူတို့၏လိုအပ်ချက်များကို များသောအားဖြင့်အာရုံစူးစိုက်မှုထားတတ်ကြပြီး အခြားသူများအပေါ်စာနာနား လည်မှုရှိခြင်းနှင့်ကျေးဇူးသိတတ်မှုရှိခြင်းတို့ကြောင့် သဘောပေါက်နားလည်ပေးနိုင်ကြပါသည်။ သူတို့တွင်ဆက် သွယ်ပြောဆိုဆက်ဆံရန်နှင့် ဝေဖန်ချက်များကိုလက်ခံနိုင်လိုစိတ်များ ပိုမိုမြင့်မားသည့်အချက်က ပြဿနာများ ကိုဖြေရှင်းမှုပြုရာတွင် အကူအညီပေးနေပါသည်။
ကမ္ဘာတစ်လွှားရှိ ၄၀% သော လုပ်သားအင်အားသည် အလုပ်လုပ်နေသောအမျိုးသမီးများကို ကိုယ်စားပြုနေလျှက်ရှိပြီး များစွာသော အဆိုပါအမျိုးသမီးတို့သည် သူတို့၏ကိုယ်ပိုင်လုပ်ငန်းများကို တည်ထောင်လာနိုင်ခဲ့ကြသည်ဖြစ်သော် လည်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း၏ခန့်မှန်းချက်များအရ သူတို့၏လုပ်ငန်းစွမ်းဆောင်ရည်အလား အလာ တစ်ဝက်ခန့် (48%) သည် ၂၂% သော အမျိုးသားများနှင့်နှိုင်းစာလျှင် အသုံးချမှုပြုနိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိရပါသည်။
အလုပ်ခွင်တွင် အမျိုးသမီးများအားဖေးမကူညီမှုပေးသည့် အစပျိုးလုပ်ဆောင်မှုများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်း သည် အလုပ်သမားတို့သာမက အလုပ်ရှင်များတွင်လည်း အမှန်တကယ်ကောင်းကျိုးရလာဒ်များရရှိစေသည့်အတွက် ကြောင့်နှစ်ဦးနှစ်ဖက်အကျိုးရှိသည့်အရာတစ်ခုဖြစ်ပါသည်။ ပေါ်ထွန်းနေဆဲဖြစ်သော ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အဆိုပါအစီ အစဉ်များတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့သည့် ကုမ္ပဏီ အနည်းဆုံး၃ပုံ ၁ပုံခန့်သည် သူတို့၏ အကျိုးရလာဒ်များကို တိုးတက်မှုရှိစေခဲ့ပြီး ၃၈% ခန့်မှန်းအမြတ်ငွေများတိုးတက်ရရှိခဲ့သည်ဟု McKinsey ၏ လေ့လာချက်အရသိရှိရပါသည်။
အလုပ်သမားများထွက်ခွာမှုနှုန်းနှင့် အလုပ်ပျက်မှုနှုန်းအားလျှော့ချနိုင်ခြင်းတို့သည် ကာလတိုအကျိုးကျေးဇူးများဖြစ် သော်လည်း လုပ်ငန်းအဖွဲ့အစည်း၏ပြယုဂ်၊ အမြတ်ငွေရရှိမှုများ၊ ကိုယ်ရေကိုယ်သွေးရှိသူများကို ဆွဲဆောင်နိုင်ခြင်းနှင့် မြင့်မားသောတီထွင်ဆန်းသစ်မှုအဆင့်အတန်းတို့ ကဲ့သို့သောရေရှည်အကျိုးရလာဒ်များကိုလည်းရရှိနိုင်မည်ဖြစ်ပါသည်။
အမျိုးသမီးများကို ပိုမိုဌားရမ်းခြင်းအားဖြင့် ကုမ္ပဏီ၏ လုပ်သားအင်အားသည် စားသုံးသူတို့အား ကိုယ်စားပြုစေနိုင်ရန် သေချာစေပြီး စားသုံးသူတို့၏အကြိုက်ကို ပိုမိုသိရှိနားလည်စေနိုင်ရန်ထောက်ပံ့ကူညီပေးနိုင်ပါသည် - ကမ္ဘာတစ်လွှားရှိ အမျိုးသမီးများသည် ၈၀% သော ဝယ်ယူရန်ဆုံးဖြတ်ချက်ချမှတ်မှုများအပေါ်အကျိုးသက်ရောက်မှုရှိစေပါသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အလုပ် ၁၀ခုတွင် ၉ခုခန့်ကို ကိုယ်စားပြုလျှက်ရှိသော ပုဂ္ဂလိကအခန်းကဏ္ဍသည် အဓိကကျသော နေရာမှပါဝင်နေလျှက်ရှိပါသည်။ လိင်ခွဲခြားမှုမရှိပဲ တန်းတူရည်တူအခွင့်အရေးရရှိရေးတွင် တိုးတက်မှုများရှိနေသော် လည်း အမျိုးသမီးအရေအတွက် အမျိုးသားများထက်ပိုမိုများပြားသော ကုမ္ပဏီများမှာရှားပါးနေဆဲပင်ဖြစ်ပါသည်။ မိုင်း တွင်းများ၊ ဆောက်လုပ်ရေးနှင့် စွမ်းအင်ကဲ့သို့သော လုပ်ငန်းများတွင် အမျိုးသမီးများပါဝင်မှုမှာ သေးငယ်သောပမာဏ သာရှိနေပြီး အခြားသောအခန်းကဏ္ဍများ အားလုံးနီးပါးတွင်လည်း စီမံခန့်ခွဲမှုဆိုင်ရာ ရာထူးနေရာများတွင် အမျိုးသမီး များပါဝင်မှုအချိုးအစားသည် အမျိုးသားများထက်နည်းပါးလျှက်ရှိနေပါသေးသည်။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Amazing One Trading Co., Ltd.
.Elegant in style. Unique in designs. Serviced by professionals.
Your most satisfying experience to decorate your home. All at Amazing One....
Show the postings (8)
KT Group
Our Group Vision
“To be a world class organisation nurturing and encouraging the talents of our people who enable us to grow a thriving business committed to building a modern and transparent Mya...
Show the postings (1)
Cadian Myanmar
.with enjoy at Team Work. We Cadian Myanmar Co., Ltd have mainly draw the scaffolding Design by Auto CAD 2D and 3D.
. To prevent accident and safety management guidance to the customer,we supply all ...
Show the postings (3)