Jobs In Myanmar
Load...

HR နဲ့ IT ကဏ္ဍတို့ အတူတကွပူးပေါင်းလုပ်ဆောင်ပြီး ကောင်းမွန်သော Employee Experience ကို ဖန်တီးနိုင်စေမည့် နည်းလမ်း (၅) သွယ်

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-HRM-IT-Employee Experience-JobsInYangon



HR နဲ့ IT ကဏ္ဍတို့ အတူတကွပူးပေါင်းလုပ်ဆောင်ပြီး ကောင်းမွန်သော Employee Experience ကို ဖန်တီးနိုင်စေမည့် နည်းလမ်း (၅) သွယ် 

 

HR ကဏ္ဍဟာ လွန်ခဲ့သောနှစ်များအတွင်း ကြားခံကဏ္ဍတစ်ခုအနေမှ တဖြည်းဖြည်းတိုးတက် ပြောင်းလဲလာခဲ့ပါတယ်။ ယခုအခါတွင် ယခင်ကထက်ပိုမိုပြီး လက်တွေ့ပါဝင်အသုံးချ၍ရလာ နေပြီဖြစ်ကာ ထိုအရာများထဲက တစ်စိတ်တစ်ပိုင်းကတော့ သူတို့သက်ဆိုင်ရာကုမ္ပဏီများရှိ အခြားသော department များနဲ့ အပြန်အလှန် ဆက်ဆံပြောဆိုနိုင်စွမ်းပင်ဖြစ်ပြီး HR နဲ့ IT အကြားက ပူးပေါင်းလုပ်ဆောင်ခြင်းများထက် ပို၍အသေးစိတ်ကျပြီး လက်ဝင်တဲ့အရာမရှိ သေးပါဘူး။ 

Havard Business Review မှ ဇွန်လ ၂၄ရက်နေ့တွင် ထုတ်ဝေခဲ့တဲ့ သတင်းဆောင်းပါးတစ်ခုတွင် HR နဲ့ IT ဌာနနှစ်ခုမှ ပူးပေါင်းလုပ်ဆောင်ပြီး ဝန်ထမ်းများကို အကျိုးဖြစ်ထွန်းစေနိုင်မယ့် (အထူးသဖြင့် employee experience ကို ပိုမိုကောင်းမွန်စေမယ့်)  နည်းလမ်း (၅) သွယ်ကို တင်ဆက်ပေးခဲ့ပါတယ်။ အချို့သော နည်းစနစ်များတွင် work team အသစ်များကို တည်ဆောက်ခြင်း၊ ပုံဖော်ခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာရင်းနှီးမြှုပ်နှံမှုများကို အတူတကွလုပ်ဆောင်ခြင်းတို့ ပါဝင်နေပါတယ်။ 

HR executive များအနေနဲ့ လွန်စွာကောင်းမွန်သော employee experience များကို လေဟာနယ်ပေါ် တွင် တည်ဆောက်၍မရနိုင်ဘူးဆိုတာကို ဦးစွာသိရှိနားလည်ထားပါတယ် - ဒီအရာက ကုမ္ပဏီတစ်ခုလုံးရဲ့ ပူးပေါင်းပါဝင်လုပ်ဆောင်ပြီး အတူတကွအားထုတ်မှုကို လိုအပ်ပါတယ်။ Helen Keller တစ်ခါကပြောခဲ့သလိုပါပဲ “တစ်ဦးတစ်ယောက်ခြင်းဆိုရင် အနည်းငယ်သာလုပ်ဆောင်နိုင်ပေမယ့်၊ အတူတကွပူးပေါင်းလုပ်ဆောင်ပါက များစွာသောကိစ္စရပ်များကိုဆောင်ရွက်နိုင်ပါတယ်။” IT ကဏ္ဍရဲ့ အားပေးကူညီမှုနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ မရှိပါက HR အနေနဲ့ digitally driven, next-generation HR အနေနဲ့ ကတိများ၊ သံဓိဌာန်များကို အောင်မြင်စွာဆောင်ရွက်နိုင်မှာမဟုတ်ပါဘူး။ ထိုအတွက်ကျွန်ုပ်တို့က ဝန်ထမ်းတိုင်းရဲ့ လုပ်ငန်းခွင်ဘဝပိုမိုကောင်းမွန်မှုရှိလာစေရေးအတွက် HR နဲ့ IT တို့ အတူတကွပူးပေါင်း လုပ်ဆောင်နိုင်မယ့် နည်းလမ်း (၅) သွယ်ကို ဖော်ထုတ်ပေးလိုက်ပါတယ်။  

 

အောက်ပါအချက်များကတော့ သင့်ရဲ့ HR နဲ့ IT တို့ အတူတကွ ဦးဆောင်ကြမယ့် employee experience အသွင်ပြောင်းလဲမှုကို အစပျိုးပေးနိုင်စေဖို့ ယနေ့ပင် သင်လုပ်ဆောင်သင့်တဲ့အရာများပဲ ဖြစ်ပါတယ်။ 

 

၁။ Work Team အသစ်များကို တည်ဆောက်ခြင်း၊ ပုံဖော်ခြင်း

အောင်မြင်တဲ့ လုပ်ငန်းခွင်နည်းဗျူဟာများကိုအကောင်အထည်ဖော်ရေးဆွဲနိုင်ဖို့မှာ HR နဲ့ IT အကြားရှိ လုပ်ငန်းခွင်အစဉ်အလာများကို ပြောင်းလဲပစ်နိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ထို့အပြင် ဒီပြောင်းလဲမှုတွင် ကျွမ်းကျင်မှုအသစ်များ၊ စွမ်းဆောင်ရည်အသစ်များကိုလည်း လိုအပ်မှာဖြစ်သလို အဖွဲ့များအကြား အလုပ်နဲ့သက်ဆိုင်တဲ့ အတွေးအမြင်များ လွတ်လပ်စွာစီးဆင်းနိုင်စေမည့်ပုံစံဖြင့် ပုံဖော်တည်ဆောက် ထားဖို့လည်း လိုအပ်ပါလိမ့်မယ်။ ရလာဒ်အနေနဲ့ လုပ်ငန်းခွင်အပေါ် ဝန်ထမ်းများရဲ့အမြင်များကို အပေါင်းလက္ခဏာဆောင်သော အကျိုးသက်ရောက်မှုများရှိစေမယ့် အတွေ့အကြုံများကို ဖန်တီးတည်ဆောက်ပေးနိုင်စွမ်းရှိတဲ့ ပိုမို၍ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်တဲ့ group တစ်ခုကို သင်ရရှိမှာဖြစ်ပါတယ်။ 

ဒီအတွက်ကြောင့် Organization များဟာ global experience function အောက်တွင်ရှိနေသော ရှိပြီးသား decentralized service delivery model များဖြစ်ကြတဲ့ HR, IT, payroll နဲ့ other people service များကို ပြန်လည်၍ ဒီဇိုင်းရေးဆွဲတည်ဆောက်နေကြတာပဲဖြစ်ပါတယ်။ HR ဟာလည်း အလားတူပင် သူတို့ရဲ့ တည်ဆောက်ပုံများကို “experience” team အသစ်များ (သို့) လုပ်ဆောင်ချက်များကို ပြန်လည်ခေါင်းစဉ်ပြောင်းလဲသတ်မှတ်ခြင်း၊ “people operations” များနဲ့ “HR service delivery” များအပါအဝင်ကိုပါ အသစ်ပြန်လည်ဖန်တီးတည်ဆောက်လျှက်ရှိနေပါတယ်။ 

 

၂။ နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို အတူတကွလုပ်ဆောင်ခြင်း 

Gartner ရဲ့အဆိုအရ “၂၀၂၂ ခုနှစ်တွင် organization များရဲ့ ၇၅% ဟာ HR နဲ့ IT group များရဲ့ performance objective အနေနဲ့ employee experience ကိုတိုးတက်စေမှုကိုပါ ထည့်သွင်းလာတော့မှာဖြစ်ပါတယ်။” ထို့ကြောင့် HR နဲ့ IT ဟာ ယခုအခါတွင် နည်းပညာအသစ်များဟာ ရှုပ်ထွေးတဲ့လုပ်ငန်းပိုင်းဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်ဖို့သာမက ထိုအရာများကိုအသုံးပြုလျှက်ရှိ နေတဲ့သူများရဲ့ expectation (မျှော်မှန်းချက်) များကိုပါပြည့်မှီစေရန်လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် အတူတကွပူးပေါင်းလုပ်ဆောင်မှုရှိနေဖို့ဟာ ပိုမို၍အရေးကြီးလာပြီဖြစ်တဲ့ဦးစားပေးအရာတစ်ခုဖြစ်၍ လာနေပြီပဲဖြစ်ပါတယ်။ 

နောက်ကျမကျန်ခဲ့စေရန်အတွက် Organization များဟာ IT ကဏ္ဍရှိ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့ ပုံမှန်ဆက်သွယ်မှုပြုနိုင်သော ကမ္ဘာလုံးဆိုင်ရာ HR နည်းပညာအဖွဲ့များကို အသစ်ထပ်မံထည့်သွင်း နေကြပါတယ်။ ဒါမှသာ သူတို့အနေနဲ့ အတူတကွပူးပေါင်းလုပ်ဆောင်ပြီး HR software, application များနဲ့ system များကို အသုံးပြုမှုနဲ့ ရွေ့လျားမှုတို့အပေါ် တည်ဆောက်ပြောင်းလဲနိုင်ဖို့ကို အဓိကထား၍ လုပ်ဆောင်နိုင်ကြမှာပဲဖြစ်ပါတယ်။ 

 

၃။ Platform တစ်ခုတည်းပေါ်တွင် Employee Experience ကို ပိုမိုကောင်းမွန်မှုရှိစေရန်ပြုလုပ်ခြင်း 

ဝန်ထမ်းများကို ဗဟိုပြုထားတဲ့ organization များဟာ website များနဲ့ email များကိုဖယ်ရှားပြီး self-service ပြုလုပ်ထားသော digital employee service center တစ်ခုတည်းဖြင့် အစားထိုးနေကြပြီ ဖြစ်ပါတယ်။ ဒီတစ်နေရာတည်းတွင် အလုံးစုံရရှိနိုင်တဲ့ ဝန်ထမ်းများစွာရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်တဲ့ one-stop shops များကို ဖန်တီးတည်ဆောက်ပေးခြင်းအားဖြင့် HR နဲ့ IT ကဏ္ဍများ အနေနဲ့ employee experience ကို ပိုမိုရိုးရှင်းမှုရှိစေရန်ပြုလုပ်ပေးနိုင်ပြီး များစွာသောလုပ်ငန်းစဉ်များ စနစ်များနဲ့လုပ်ကိုင်ရတဲ့အခါတွင်ပေါ်ပေါက်လာမယ့်ရှုပ်ထွေးမှုများကို ဖယ်ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ 

ဒီ Digital experience platform ဟာ လုပ်သားထုတစ်ခုလုံးအတွက် အဓိကထိတွေ့ဆက်ဆံရာနေရာ တစ်ခုဖြစ်လာပြီး HR နဲ့ IT ကဲ့သို့သော department များအနေနဲ့တသမတ်တည်းရှိသော service experience ကိုပေးစွမ်းနိုင်စေပြီး သူတို့ရဲ့မတူညီတဲ့ ဌာနဆိုင်ရာလိုအပ်ချက်များနဲ့ အလုပ်စီးဆင်းပုံများ ကိုလည်း ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။ 

 

၎။ ချိတ်ဆက်မှုနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို ဖြစ်ထွန်းစေမယ့် digital experience ကို တည်ဆောက်ရေးဆွဲပါ။ 

Employee experience ကို ပြောင်းလဲပေးဖို့ဆိုသည်မှာ လုပ်ငန်းဆောင်တာများကို အလိုအလျှောက် လုပ်ဆောင်စေခြင်း (သို့) တစ်ဦးတစ်ယောက်ခြင်းစီက မေးမြန်းလာမှုများကို ဖြေကြားရခြင်းမျှသာ မဟုတ်ပါဘူး။ ဝန်ထမ်းရဲ့ ဘဝခရီးလမ်းတစ်လျှောက်တွင် end user ဘက်သို့ လွန်စွာအကောင်းဘက်ကိုဆောင်သော (သို့) အဆိုးဘက်ဆောင်သော အကျိုးသက်ရောက်မှုများကို ဖြစ်စေနိုင်တဲ့ အခြေအနေများကို ရှာဖွေဖော်ထုတ်ရခြင်းနဲ့ ပြန်လည်တွေးခေါ်ရခြင်းလည်းဖြစ်ပါတယ်။ 

ဝန်ထမ်းများရဲ့ ခရီးစဉ်တစ်လျှောက်တွင် အထက်ပါပြောကြားခဲ့သော peak moment အချို့ရှိနေတတ် ပါတယ်။ ဥပမာ - လုပ်ငန်းခွင်မဝင်မှီအကြိုကာလနဲ့ လုပ်ငန်းခွင်စတင်ဝင်ရောက်စဉ်ကာလ၊ အသားကျ သည့်ကာလနှင့် ဝန်ထမ်းများရဲ့ career တစ်လျှောက် လေ့လာခြင်းနဲ့ ဝေဖန်အကြံပြုချက်များကို ဆက်လက်၍ရရှိနိုင်စေမည့်အခွင့်အလမ်းများ အစရှိသည်တို့ဖြစ်ကြပါတယ်။ ထိုအခါမှာ HR နဲ့ IT ကဏ္ဍတို့ အတူတကွပူးပေါင်းလုပ်ဆောင်ပြီး ဒီလုပ်ငန်းခွင်ဟာ မိမိတို့နဲ့ကိုက်ညီမှုရှိတယ်လို့ ခံစားရစေနိုင်ဖို့ (sense of belonging) ကိုဖြစ်ပေါ်စေဖို့အတွက်ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ 

 

၅။ နားထောင်ပါ၊ ဒီဇိုင်းရေးဆွဲပုံဖော်ပါ၊ စမ်းသပ်ပါ၊ ထို့နောက် ပြန်လည်ပြုလုပ်ပါ။ 

အကောင်းဆုံးသော စွမ်းဆောင်ရည်ရှိသူများကို ဆွဲဆောင်၊ ထိန်းသိမ်းနိုင်ပြီး engage ဖြစ်နေစေရန် အတွက် HR က ဝန်ထမ်းများအနေနဲ့ လိုအပ်တယ်လို့ ထင်နေတဲ့အရာတွေနဲ့ အမှန်တကယ်လိုအပ်နေ တဲ့အရာတွေက ကွဲလွဲမှုရှိနေပါတယ်။ လူများ (ဝန်ထမ်းများ) ကို ဗဟိုပြုလိုတဲ့ ကုမ္ပဏီများဟာ ယုံကြည်မှုကိုတည်ဆောက်နိုင်ရန်နဲ့ customer တို့ရဲ့ ပြောဆိုသံများကို ကြားသိနိုင်စေရန်အတွက် feedback channel များကိုပြုလုပ်ပေးနေလျှက်ရှိပါတယ်။ Employee pulse survey များ၊ suggestion box များ၊ open forum discussion များနဲ့ employee design thinking workshop များကို အသုံးပြုခြင်းအားဖြင့် HR နဲ့ IT ဌာနများဟာ ဝန်ထမ်းများရဲ့ ခရီးစဉ်တစ်လျှောက်တွင် သူတို့ရဲ့ employee experience ကိုအသွင်ပြောင်းလဲပေးစေနိုင်ရန် ကနဦးအဆင့်တစ်ရပ်အနေနဲ့ အဓိကထား ပြုလုပ်ပေးလျှက်ရှိနေပါတယ်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


International Travel Asia Co., Ltd.

International Travel Asia Co., Ltd.

.International Travel Asia Co.,Ltd....
Show the postings (3)
Mo Asia Co.,Ltd

Mo Asia Co.,Ltd

..Mo Asia Co. Ltd is a distributor for Dumex Milk Powder in Myanmar. Dumex is an infants' and children's nutrition company. Its products span the infant, follow on and growing-up milk categories, and ...
Show the postings (1)
World Trading Co.,Ltd

World Trading Co.,Ltd

..Exporters Importers and Distributors We Import Laboratory Chemicals, Perfume Body Spray,European & Turkish Premium Food Products Yonca Sunflower Oil, Rio Santo Sauce Sole Distributor in Myanmar. ...
Show the postings (3)
Titan Pest Management Co. Ltd.

Titan Pest Management Co. Ltd.

...Titan Pest is a full-services pest management company operating in Yangon since 2016 and specializing in urban pest management solutions. It is a subsidiary of the highly successful Killem Pest Pte...
Show the postings (1)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS