by Admin
Tags: LinkedIn job search
အခုကျွန်တော်တို့ နေတိုင်နေတဲ့ ကွန်ပျူတာခေတ်၊ လွယ်လွယ်ပြောရရင်တော့ အီးခေတ်ကြီးမှာ အရာရာဟာ စာရွက်ပေါ်ကနေ ကွန်ပျူတာထဲကို လျှင်မြန်စွာကူးပြောင်းနေပါပြီ။ တွင်ကျယ်လှနေပြီဖြစ်တဲ့ social media တွေရဲ့ မြန်ဆန်လှတဲ့ သတင်းအချက်အလက် ကူးပြောင်းမှုတွေကိုလည်း ကျွန်တော်တို့ မြင်တွေ့ခံစားနေရမှာပါ။ အဲ့ဒီလို နည်းပညာတွေကို ကောင်းမွန်စွာအသုံးချနိုင်ရင်တော့ ကျွန်တော်တို့အတွက် အထောက်အကူများစွာဖြစ်တယ် ဆိုတာ အမှန်ပါပဲ။ ဒါဆို ကျွန်တော်တို့ LinkedIn ကို ဘယ်လိုထိရောက်စွာအသုံးပြုရင်းနဲ့ အလုပ်အကိုင်ရှာဖွေမှုကို ကောင်းမွန်အောင်ပြုလုပ်မလဲဆိုတာ အောက်ပါ အချက် ၅ ချက်ကို ဖတ်ကြည့်ရအောင်။
၁။ ရည်ရွယ်ချက်ရှိရှိ headline ကို ရေးပါ။
LinkedIn စတင်အသုံးပြုပြီဆိုရင် ကျွန်တော်တို့ရဲ့ profile မှာ ဦးစွာရေးရမှာကတော့ headline ပါပဲ။ ကျောင်းသားဆိုရင် ကျောင်းသား၊ လက်ရှိအလုပ်လုပ်ကိုင်နေသူဆိုရင် လက်ရှိရာထူး အစရှိသဖြင့် အများအားဖြင့် ရေးသားလေ့ရှိကြပါတယ်။ အဲ့ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့ အလွယ်တကူပဲ ရေးသားလိုက်တာမျိုးထက် ရည်ရွယ်ချက်ရှိရှိနဲ့ သေချာစဉ်းစားပြီး ရေးသားတာမျိုးဖြစ်သင့်ပါတယ်။ အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းများမှာ ကျွမ်းကျင်ပညာရှင်များရဲ့ အကြံပေးမှုအရလည်း အဲ့ဒီနေရာမှာ ကျွန်တော်တို့ရဲ့ လက်ရှိအလုပ်အကိုင်နေရာကို ရေးတာထက်၊ ကျွန်တော်တို့ နောင်တစ်ချိန်ဖြစ်ချင်တဲ့ ရာထူးနေရာမျိုးကို ရေးသားသင့်ပါတယ်ဆိုပြီး အကြံပြုကြပါတယ်။ ပြည့်စုံတဲ့၊ အလုပ်ရှင်တွေ စိတ်ဝင်စားစေမယ့် အရာမျိုးရေးသားသင့်ပါတယ်။ ဥပမာအားဖြင့် Operation Manager ဆိုပြီး သာမန်ပဲရေးတာမျိုးထက် Data Center Operations Manager, Finance/Banking Industry, Experienced with SysTrust, OTC Support, and Cyber Security အစရှိသဖြင့် ပြည့်ပြည့်စုံစုံ ဖော်ပြခြင်းမျိုး ပြုလုပ်သင့်ပါတယ်။
၂။ အဆင်းရူပကာကိုလည်း ဂရုစိုက်တတ်ပါစေ။
အဆင်းထက်အချင်းလှဖို့အရေးကြီးတယ်ဆိုတဲ့ မြန်မာစကားပုံလိုပဲ အပြင်ပန်းထက် အတွင်းက ပညာက ပိုအရေးကြီးပါတယ်တဲ့။ ဒါပေမယ့် အလုပ်အကိုင်ရှာဖွေရေး social networking လုပ်ငန်းဖြစ်တဲ့ LinkedIn လိုနေရာမျိုးမှာတော့ သင့်ရဲ့ profile အတွက် ဓာတ်ပုံဟာ အရေးကြီးပါတယ်။ လတ်တလောပြုလုပ်ထားတဲ့ စစ်တမ်းများအရလည်း Profile ဓာတ်ပုံကို ပညာရှင်ပီသစွာ သပ်သပ်ရပ်ရပ် တင်ထားတဲ့ လူအများစုဟာ အလုပ်အကိုင် ရှာဖွေရလွယ်ကူလေ့ရှိပါတယ်ဆိုပြီး တွေ့ရှိထားပါတယ်။ အဲ့ဒီဓာတ်ပုံဟာ သင့်ရဲ့ profile ကိုဝင်ရောက်ကြည့်ရှုမယ့် အလုပ်ရှင်ရဲ့ first impression လည်း ဖြစ်သွားနိုင်လို့ပါ။
၃။ သင့်အကြောင်းကို စိတ်ဝင်စားဖွယ် အနှစ်ချုပ်ရေးသားပါ။
LinkedIn ရဲ့ summary အပိုင်းမှာ သင့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များနဲ့ သင့်ရဲ့ နောက်ခံပညာရေး လုပ်ငန်းအတွေ့အကြုံ အစရှိသဖြင့် အချက်အလက်များကို အနှစ်ချုပ်ရေးသားနိုင် ပါတယ်။ စာလုံးရေ ၁ဝဝ မှ ၃ဝဝ အတွင်း ဟာ ကောင်းမွန်တဲ့ စာပိုဒ်မျိုးဖြစ်ပါတယ်။ ဝင်ရောက်ဖတ်ရှုမယ့် ကုမ္ပဏီများအတွက် သင့်ကိုယ်သင် ကြော်ငြာပြုလုပ်ခြင်းမျိုးဖြစ်ပြီး၊ ထိထိရောက်ရောက်ဖြစ်စေမယ့် စကားလုံးမျိုးများအသုံးပြုရေးသားသင့်ပါတယ်။ ဒီနေရာမှာ သတိထားသင့်တဲ့အချက်ကတော့ LinkedIn ဟာ search engine ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ လူသုံးများတဲ့ keywords များကို အသုံးပြုပြီး ရေးသားနိုင်မယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်မှာပါ။
၎။ Skills တွေကို ထည့်သွင်းပါ။
LinkedIn ရဲ့ ၂၀၁၁ မှာ မိတ်ဆက်လိုက်တဲ့ Skills & Expertise ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သင့်အနေနဲ့ သက်ဆိုင်ရာကျွမ်းကျင်တတ်မြောက်မှုရှိတဲ့ အရည်အချင်းများကို ထည့်သွင်းဖော်ပြနိုင်ပါတယ်။ ဒီအပိုင်းဟာလည်း အရေးကြီးတဲ့အပိုင်းဖြစ်သလို အနာဂတ်အလုပ်ရှင် အနေဖြင့် ဒီအပိုင်းကို အဓိကကြည့်လေ့ရှိပြီး သင်ဘယ်အရာကို ကျွမ်းကျင်သလဲဆိုတာ အမြန်ဆုံး ပြောပြပေးနိုင်လို့ပါပဲ။ သင့်ရဲ့ အကျွမ်းကျင်ဆုံးလို့ထင်တဲ့အရာကို list ရဲ့ ထိပ်ဆုံးမှာထားသင့်ပါတယ်။ ဒါ့အပြင် endorse လို့ခေါ်တဲ့ အရာကိုလည်း အဲ့ဒီ skill list နဲ့ အတူ ပြုလုပ်နိုင်ဦးမှာပါ။ သင့်ရဲ့ မိတ်ဆွေ၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သင့်မှာ ဒီ skill ကို ကျွမ်းကျင်ကြောင်း ထောက်ခံချက်ပေးတဲ့ feature တစ်ခုပဲဖြစ်ပါတယ်။
၅။ Network တည်ဆောက်ပါ၊ Recommendation ကောင်းကောင်းရယူပါ။
Social Networking ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ profile ကို ကျယ်ပြန့်အောင် network တည်ဆောက်သင့်တာကတော့ သေချာတဲ့အချက်တစ်ခုပါပဲ။ အောင်မြင်တဲ့ profile တစ်ခုမှာ အနည်းဆုံး connections ၅ဝ ရှိသင့်ပါတယ်ဆိုပြီး ပညာရှင်တစ်ချို့ရဲ့ သုံးသပ်ထားမှုကလည်း စိတ်ဝင်စားဖွယ်အချက်တစ်ချက်ပါပဲ။ သင့်ရဲ့ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်၊ မိသားစု၊ အစရှိသဖြင့် သင့်နဲ့ဆိုင်ရာ နယ်ပယ်တူအသိုင်းအဝိုင်းမှာ အသိပညာရှင်များစွာကိုလည်း အဆက်အသွယ်ပြုလုပ်ထားနိုင်ပါတယ်။ ဒါ့အပြင် အရေးကြီးတဲ့အချက်ကတော့ ထောက်ခံချက် recommendation ပါပဲ။ သင့်ရဲ့စာမျက်နှာမှာ သင့်ကို ဘယ်သူတွေက ထောက်ခံချက်ပေးထားလဲဆိုတာဟာ ပေါ်သလို၊ သင့်ရဲ့ အနာဂတ်အလုပ်ရှင်တွေကလည်း အဲ့ဒီ အခန်းကဏ္ဏကို အဓိကထားကာ ကြည့်လေ့ရှိပါတယ်။ ဒါ့ကြောင့်လည်း သင့်ကို အကောင်းဆုံး ထောက်ခံချက်ပေးနိုင်မယ့် သင့်ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်း၊ အထက်အရာရှိဟောင်း အစရှိသဖြင့် သူများဆီမှာ ထောက်ခံချက်များကိုရယူထားသင့်ပါတယ်။
ဒါဆို ကျွန်တော်တို့အနေနဲ့ အခုလိုအိုင်တီခေတ်ကြီးမှာ အသုံးပြုသူ သန်း ၃ဝဝ ကျော်ရှိတဲ့ LinkedIn ရဲ့ အကူအညီကိုရယူခြင်းဖြင့် အလုပ်အကိုင်သစ်တစ်ခု၊ အလုပ်အကိုင်ကောင်း တစ်ခုကိုရှာဖွေရာမှာ ပိုမိုအထောက်အကူရစေနိုင်မှာ မလွဲအမှန်ပါပဲ။
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.