Jobs In Myanmar
Load...

7 Signs Human Resources Could Be the Perfect Career for You

by www.jobsinyangon.com


Tags: Knowledge-Career-HR-Job-JobsInYangon



HR လုပ်ငန်းဟာ သင့်အတွက်အသင့်တော်ဆုံး သက်မွေးဝမ်းကျောင်းမှုဖြစ်ရဲ့လားဆိုတာကို ပြသနေတဲ့ အချက် (၇) ချက် 

 

သင့်အနေနဲ့ HR လုပ်ငန်းနဲ့ပတ်သက်ပြီး career တစ်ခုတည်ဆောက်ဖို့ စိတ်ဝင်စားနေပါသလား? HR ဟာ ဘာကိုပြောတာလဲဆိုတာကို မသေချာမရေရာဖြစ်နေပါသလား? လူအတော်များများက HR ကို အဓိပ္ပါယ်ကောက်လွဲနေတတ်ပြီး HR နယ်ပယ်မှာ အလုပ်လုပ်နေရသူတစ်ဦးအနေနဲ့ ဘာတွေကိုလုပ်ကိုင်နေကြလဲဆိုတာကို နားမလည်ကြတဲ့အတွက် HR ကို career လမ်းကြောင်းတစ်ခုအဖြစ် ရွေးချယ်ဖို့ အချို့ကနောက်တွန့်နေတတ်ပါတယ်။ 

သို့သော် HR သည် ကုမ္ပဏီ၏ အစဉ်အလာများကို ပုံဖော်ခြင်းနှင့် အခြားပြိုင်ဖက်ကုမ္ပဏီများမှ ကွဲထွက်နေအောင် ပြုလုပ်ပေးခြင်းအားဖြင့် ကုမ္ပဏီအပေါ်တွင် နက်ရှိုင်းသော အကျိုးသက်ရောက်မှုများကိုဖြစ်ပေါ်စေနိုင်ပါတယ်။ HR team ဟာ ကုမ္ပဏီရဲ့ခေါင်းဆောင်ပိုင်းမှသူများနဲ့ နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်ကြပြီး အရည်အချင်းအရှိဆုံးသောသူများကို ဆွဲဆောင်နိုင်ရန်၊ ပျိုးထောင်ပေးနိုင်ရန်၊ စီမံခန့်ခွဲနိုင်ရန်နှင့် တည်မြဲနေစေရန် စီမံကြရသူများပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုသော Human Resources Professional တစ်ဦးဆိုသည်မှာ administrative အခန်းကဏ္ဍ မဟုတ်သော်လည်း အဖွဲ့အစည်းအပေါ်တွင် များစွာသောအကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်သော အခန်းကဏ္ဍတစ်ခုပဲဖြစ်ပါတယ်။ လုပ်ငန်းအဖွဲ့အစည်းတစ်ခု အောင်မြင်မှုရရှိလာရခြင်းရဲ့ အခြေခံအုတ်မြစ်ဟာ ဝန်ထမ်းများဖြစ်တယ်လို့ သင်ယုံကြည်ထားပြီး ထိုသူများကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့နဲ့ စိတ်အားတက်ကြွမှုများရှိလာစေဖို့အတွက် အားထုတ်ကြိုးပမ်းပေးလိုစိတ်ရှိနေပါက HR ဟာ သင့်အတွက် သင့်တော်တဲ့ career လမ်းကြောင်းတစ်ခုဖြစ်နေနိုင်ပါတယ်။ 

 

၁။ လူများကို တွန်းအားဖြစ်စေသောအရာများအား သင်စိတ်ဝင်စားနေလျှင် 

သင့်အနေနဲ့ တက္ကသိုလ်တက်ရောက်စဉ်က စိတ်ပညာအကြောင်းသင်ခန်းစာအချို့ သင်ကြားခဲ့ဖူးပြီး လူတွေရဲ့ ပြုမူနေထိုင်ပုံများနဲ့ ဘာကြောင့် ထိုသို့ပြုလုပ်ကြခြင်းဖြစ်တယ်ဆိုတာကို လေ့လာဖို့ စိတ်ဝင်စားသူတစ်ဦးဖြစ်ပါသလား? ရုပ်ရှင်များကြည့်ရှုရာတွင် ဇာတ်ကောင်များက ဘာကြောင့်ထိုသို့ ပြုမူကြသလဲဆိုတာနဲ့ ဘာတွေကို ဆက်လုပ်ကြနိုင်လဲ အမြဲခန့်မှန်းနေတတ်သူတစ်ဦးဖြစ်ပါသလား? 

အကျဉ်းချုံးပြောရမည်ဆိုလျှင် သင်ဟာ leadership, motivation နဲ့ လုပ်ငန်းခွင်မှ လူများအကြောင်း စိတ်ဝင်စားသူတစ်ဦး ဖြစ်ပါသလား? 

 

၂။ လူများရဲ့ အကောင်းဆုံးအချက်များကိုစုစည်း၍ ကောင်းစွာနည်းဗျူဟာ ဆွဲတတ်သူတစ်ဦး ဖြစ်ပါသလား? 

အပြင်မှလူများအဖို့ မသိသာပေမယ့် HR ဟာ တစ်ကယ်တမ်းတွင် လွန်စွာဗျူဟာကျသော အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ HR တွင် သင့်အနေနဲ့ ယှဉ်တွဲနေသော အကျိုးအမြတ်များနဲ့ ဦးစားပေးအရာများကို အမြဲလိုလို ချိန်ညှိစဉ်းစားနေရပြီး သင့်အနေနဲ့ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာမယ့်အကျိုးဆက်များကို ထည့်သွင်းစဉ်းစားနေတတ်ဖို့လိုအပ်မှာဖြစ်ပြီး ဖြစ်လာနိုင်တဲ့အခြေအနေတိုင်းအတွက် ဖြေရှင်းချက်များလည်းရှိနေရမှာဖြစ်ပါတယ်။ ဥပမာ - ကုမ္ပဏီမှလိုအပ်နေတဲ့ ကျွမ်းကျင်မှုတစ်ခုကိုတတ်မြောက်ထားသူများရဲ့ ဈေးကွက်ပေါ်မှ လစာနှုန်းထားများဟာ ရှိထားတဲ့ budget နှင့်နှိုင်းယှဉ်လိုက်ပါက အဆမတန်များပြားနေတယ်ဆိုပါက သင့်အနေနဲ့ ဘယ်လိုလုပ်သင့်တယ်လို့ အကြံပြုမလဲ? 

အကောင်းဆုံး HR professional များဟာ လုပ်ငန်းစီးပွားအရေးအရ ပြုလုပ်ရတဲ့ဆုံးဖြတ်ချက်များအတွက် အထောက်အကူဖြစ်စေတဲ့အချက်များကို နားလည်သဘောပေါက်ပြီး အထူးသဖြင့် လူသားအရင်းအမြစ်နှင့်ပတ်သက်၍ အဆိုပါအစိတ်အပိုင်းများအားလုံးကိုထည့်သွင်းစဉ်းထားထားသော အစီအစဉ်များကို ထုတ်ပေးနိုင်လေ့ရှိကြပါတယ်။

 

၃။ ခက်ခဲသောအခြေအနေများကို မကြောက်တတ်သူတစ်ဦးဖြစ်ခြင်း 

သင့်သူငယ်ချင်းများက လူအများနှင့်ပေါင်းသင်းဆက်ဆံရေးမှာ ရှုပ်ထွေးသောအခက်အခဲများနဲ့တွေ့ကြုံရတိုင်း သင့်ကိုအကူအညီတောင်းတတ်ပါသလား? သင်ဟာ သက်တောင့်သက်သာမရှိတဲ့အခြေအနေများကို လိမ်မာပါးနပ်စွာဖြင့် ငြင်သာစွာကိုင်တွယ်နိုင်စွမ်းရှိပါသလား? 

လူ့စိတ်သဘာဝဟာ ရှုပ်ထွေးပြီး HR professional တစ်ဦးအနေနဲ့ တစ်ခါတစ်ရံမှာ အထိမခံနိုင်သောအကြောင်းအရာများနဲ့ တစ်ကိုယ်ရေကိစ္စရပ်များကိုပါ ဖြေရှင်းပေးရနိုင်ပါတယ်။ ဒီအတွက် သင်ဟာ မိမိကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ ဆက်သွယ်ပြောဆိုမှုများကို ပြုလုပ်နိုင်ဖို့လိုအပ်ပြီး နေ့တိုင်း နှုတ်လုံဖို့လည်း လိုအပ်ပါတယ်။ ဝန်ထမ်းများထံမှ လေးစားမှုကိုရရှိနိုင်ရန်နှင့် သင်တည်ဆောက်ထားတဲ့ ဆက်ဆံရေးများဟာ သင့်အနေနဲ့ HR professional တစ်ဦးအနေနဲ့ မည်မျှ ထိထိရောက်ရောက်စွမ်းဆောင်နိုင်သလဲဆိုတာကို ဖော်ပြနေလို့ပဲဖြစ်ပါတယ်။ 

 

၎။ သင့်ကို ချဉ်းကပ်ပြောဆိုရတာ လွယ်ကူခြင်း 

သင့်ကို စကားပြောလို့ကောင်းတဲ့သူတစ်ဦး၊ အလျှင်စလိုမှတ်ချက်ချခြင်းတွေမလုပ်ပဲ နားထောင်ပေးနိုင်သူတစ်ဦး၊ သင်ကြားလိုက်ရတဲ့အရာတွေကို အလွယ်တကူထုတ်ဖော်ပြောကြားလေ့ မရှိသူတစ်ဦး၊ လူများကို ဘာဆက်လုပ်ရမလဲဆိုတာအား လမ်းညွှန်ပေးနိုင်သူတစ်ဦး အစရှိသည်ဖြင့် အများက အသိအမှတ်ပြုထားပြီဆိုရင်တော့ သင်ဟာ HR professional တစ်ဦးဖြစ်လာဖို့အတွက် အရေးအကြီးဆုံးသော လက္ခဏာရပ်တစ်ခုကို ပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။ 

 

၅။ လူများအား မည်သို့လွှမ်းမိုး၍ ဦးဆောင်ရမည်ကို သိခြင်း 

တစ်ခါတစ်ရံမှာ ခေါင်းဆောင်သူများအနေနဲ့ လုပ်ငန်းသဘောအရ ဆုံးဖြတ်ချက်များကိုချမှတ်ကြရပြီး ထိုအရာများက သူတို့ရဲ့ဝန်ထမ်းများအပေါ် သက်ရောက်စေနိုင်မယ့်အကျိုးရလာဒ်ကို ထည့်သွင်းမစဉ်းစားတတ်ကြပါဘူး။ ဒီနေရာမှာ ဝန်ထမ်းများအနေနဲ့ ဘာကြောင့်ဒီလိုလုပ်ဆောင်သင့်လဲဆိုတာကို နားလည်အောင်ရှင်းပြပေးရမှာက သင့်တာဝန်ပဲဖြစ်ပါတယ်။ 

ဝန်ထမ်းများနဲ့ ခေါင်းဆောင်ပိုင်းမှသူများကို သင့်ရဲ့အကြံပြုချက်များအား နားထောင်လာစေဖို့ လမ်းညွှန်ပေးရခြင်းဟာ လွယ်ကူတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ ခေါင်းဆောင်သူများအနေဖြင့် လမ်းကြောင်းပြောင်းလာနိုင်ဖို့ အချိန်၊ အချက်အလက်များနဲ့ နားဝင်အောင်ပြောဆိုမှုတို့ကိုလိုအပ်မှာဖြစ်ပြီး သင့်ရဲ့ဆုံးဖြတ်ချက်များကို မှန်ကန်တဲ့သက်သေများဖြင့် အထောက်အပံ့ပြုပေးထားဖို့ လိုအပ်မှာဖြစ်ပါတယ်။


၆။ သင်ဟာ လိမ္မာပါးနပ်သူ၊ ပရိယာယ်ကြွယ်ဝသူတစ်ဦးဖြစ်ခြင်း 

အခြားသူများရဲ့ ခံစားချက်များကို အမြဲတမ်းအလွယ်တကူသိရှိနိုင်ပြီး သင်ပေးလိုတဲ့ message ကို အသေးစိတ်၊ စနစ်တကျပေးနိုင်တဲ့စွမ်းရည်ရှိသူတစ်ဦးဖြစ်တယ်လို့ ခံယူထားပါက အဆိုပါကျွမ်းကျင်မှုစွမ်းရည်ဟာ HR အဖြစ် တာဝန်ထမ်းဆောင်ရာတွင် လိုအပ်လာမယ့် စွမ်းရည်တစ်ခုပဲဖြစ်ပါတယ်။ 

တစ်ခါတစ်ရံမှာ HR များအနေနဲ့ ဝန်ထမ်းများနှစ်သက်မှုမရှိသောဆုံးဖြတ်ချက်များကို ပြုလုပ်ရခြင်း (သို့) ခေါင်းဆောင်များမှ ချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်များကို ဝန်ထမ်းများအားအသိပေးရခြင်းတို့ကို ပြုလုပ်ရလေ့ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လိမ္မာပါးနပ်မှုနှင့် ချိုသာစွာပြောဆိုတတ်မှုဟာ သင့်ရဲ့ဝန်ထမ်းများအပေါ် ကြီးစွာသော အကျိုးသက်ရောက်မှုရှိလာစေမှာပဲဖြစ်ပါတယ်။ 


၇။ လုပ်ငန်းများ ဘာကြောင့်အောင်မြင်ရသလဲ/ ဘာကြောင့်ကျရှုံးရသလဲဆိုတာများကို စိတ်ဝင်စားခြင်း 

သင့်အနေနဲ့ သူငယ်ချင်းများနဲ့ မိသားစုဝင်များမှ သူတို့ရဲ့အလုပ်အကြောင်း ပြောလာတဲ့အခါမှာ စိတ်ဝင်စားဖို့ကောင်းတယ်လို့ ခံစားမိပါသလား? သူတို့ရဲ့ business model များဟာ ဘယ်လိုလည်ပတ်နေသလဲဆိုတာနဲ့ ကုမ္ပဏီများမည်သို့ လည်ပတ်နေသလဲဆိုတာကို သိရှိလိုပါသလား? ကုမ္ပဏီတစ်ခု ကျဉ်းထဲကြပ်ထဲရောက်နေတယ်လို့ ကြားလိုက်ရတဲ့ အခါမျိုးမှာ ဘာအမှားအယွင်းတွေကြောင့် ယခုလိုဖြစ်ရပြီး ဘယ်ဟာတွေကိုလုပ်ထားရင်တော့ ဒီလိုပြဿနာမျိုးကိုတားဆီးနိုင်မလဲ? အစရှိသည်များကို စိတ်ဝင်စားမှုရှိပါသလား? 

 

HR နယ်ပယ်အတွင်းတွင် အောင်မြင်မှုရရှိဖို့အတွက် Business mindset တစ်ခုရှိနေဖို့ဟာ အရေးကြီးလှပါတယ်။ ဘာလို့လဲဆိုတော့ သင့်အနေနဲ့ HR solution များကို တင်ပြတဲ့အခါတွင် (သို့) ဝန်ထမ်းများကို ကိုယ်စားပြု၍ တစ်စုံတစ်ခုအကြောင်း ပြောဆိုရတဲ့အခါများတွင် သင်အကြံပြုလိုက်တဲ့အရာများဟာ လုပ်ငန်းရဲ့လည်ပတ်ပုံနဲ့ ကိုက်ညီမှုရှိစေပြီး လုပ်ငန်းလည်ပတ်ပုံကို အကျိုးဖြစ်ထွန်းစေသောအရာများလည်း ဖြစ်နေရမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ သင့်အနေနဲ့ တာဝန်ရှိသူခေါင်းဆောင်များရဲ့ စိတ်ဝင်စားမှုကို ရရှိနိုင်မှာမဟုတ်လို့ပါပဲ။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Trust Venture Partners Co., Ltd

Trust Venture Partners Co., Ltd

To contribute to the development of the Myanmar economy by helping Myanmar companies access the capital markets to achieve their growth objectives To provide one-stop service to international compani...
Show the postings (46)
Smilax Global Company

Smilax Global Company

The goal on Information Technology and Services of Smilax Global is to deliver the best in IT service managementto ensure that our customers and, ultimately, the citizens of Myanmar realise the most f...
Show the postings (1)
Honour Friend Co.ltd

Honour Friend Co.ltd

..Honour Friend Co.ltd....
Show the postings (2)
Amazing One Trading Co., Ltd.

Amazing One Trading Co., Ltd.

.Elegant in style. Unique in designs. Serviced by professionals. Your most satisfying experience to decorate your home. All at Amazing One....
Show the postings (8)
Frontier Technology Partners Pte. Ltd. (FTP)

Frontier Technology Partners Pte. Ltd. (FTP)

Frontier Technology Partners Pte. Ltd (FTP) is a Singapore- and Myanmar registered software development and distribution company. Our Expertise: Financial transactions, Mobile Money, Mobile Banking, I...
Show the postings (1)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS