by www.jobsinyangon.com
ချိတ်ဆွဲရန်စာတန်း: Knowledge-Effective-Recruitment-Steps-JobsInYangon
ထိရောက်စွာ ဝန်ထမ်းခေါ်ယူမှု ပြုလုပ်နိုင်ရန်အတွက် အဆင့် (၇) ဆင့်
အဆင့် (၁) - အလုပ်နေရာတစ်ခုအတွက် အဓိပ္ပါယ်ဖွင့်ဆိုချက်
အလုပ်နေရာအတွက် အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ပြင်ဆင်ပါ -
- အလုပ်နှင့်သက်ဆိုင်သော ရှင်းလင်းဖော်ပြချက် (Description)
- Organization ရဲ့ ဖွဲ့စည်းပုံ
- ခေါ်ယူသောအလုပ်နေရာတွင် ထိရောက်မှုရှိစွာ ဆောင်ရွက်နိုင်စေဖို့ လိုအပ်သော ကျွမ်းကျင်မှုများနဲ့ ကိုယ်ကျင့်တရားများ။
ဒီ အချက်များဟာ Job Description နဲ့ Person Specification တို့အတွက် အခြေခံဖြစ်ပါတယ်။
အဆင့် (၂) - အလုပ်နဲ့ Personal Profile တစ်ခုကို ပြင်ဆင်ပါ။
အလုပ်နဲ့ Personal Profile တို့ကို သတ်မှတ်ဖော်ပြပေးခြင်းဟာ ဝန်ထမ်းရွေးချယ်မှုပြုလုပ်ရာတွင် မရှိမဖြစ်လိုအပ်သောအချက်တစ်ခုဖြစ်ပါတယ်။
ခေါ်ယူနေသောအလုပ်အတွက် လိုအပ်သည်ဟု သတ်မှတ်ထားသော ကျွမ်းကျင်မှုများတွင် အောက်ပါအရာများ ပါဝင်နေသင့်ပါတယ် -
- ကျွမ်းကျင်မှုများ၊ အလုပ်အကြောင်း သိရှိထားသော အသိပညာနဲ့ အလုပ်အတွေ့အကြုံ
- အရည်အချင်းများနဲ့ ပညာရေး
- အလုပ်နှင့်လျှော်ညီသော ကိုယ်ကျင့်စာရိတ္တများ
အဆင့် (၃) – Candidate (အလုပ်လျှောက်ထားသူ) များကို ရှာဖွေခြင်း
ရုံးတွင်း (Internal) တွင် ရှာဖွေခြင်း
- ရုံးဝန်ထမ်းများမှ ထောက်ခံပေးသောသူများ
- ရာထူးအစဉ်အလိုက် စီမံထားမှုများ
- ရာထူးတိုးမြှင့်ပေးခြင်း
- အလုပ်နေရာတစ်ခုအကြောင်း သတင်းပါးခြင်း (မျှဝေခြင်း)
Recruitment ပြုလုပ်ရာမှာ Internal Talent Pool ကိုလည်း မေ့လျော့မထားဖို့ဟာ အရေးကြီးလှပါတယ်။ တိုးတက်ဖို့အခွင့်အလမ်းများကိုပေးအပ်ပြီး သက်မွေးမှုလမ်းကြောင်းတိုးတက်မှုများကို ပေးအပ်နိုင်ဖို့ဟာ ဝန်ထမ်းများကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့နဲ့ Motivation ပေးရာတွင် အရေးကြီးသော အချက်တစ်ခုပဲဖြစ်ပါတယ်။
ပြင်ပမှ ရှာဖွေခြင်း
- Online ပေါ်မှ အလုပ်ခေါ်ခြင်း (Internet နည်းပညာများ တိုးတက်မှုရှိလာသည်နှင့်အမျှ Online Recruitment ဟာ အနိမ့်ပိုင်းအလုပ်နေရာများမှ အလယ်အလတ်တန်း အလုပ်နေရာများအထိ အရေးပါတဲ့ tool တစ်ခုဖြစ်လာနိုင်ပါတယ်။)
- သတင်းစာများတွင် ကြော်ငြထည့်ခြင်း
- Social Media (လူမှုကွန်ယက်) များမှတဆင့် ကြော်ငြာခြင်း
- Job Fairs (အလုပ်ခေါ်ဆိုပွဲ) များ
ကြော်ငြာများမှတဆင့် ဝန်ထမ်းခေါ်ယူခြင်းဟာ ဝန်ထမ်းများကို ဆွဲဆောင်ရန်နဲ့ ဌားရမ်းခေါ်ယူမှုပြုလုပ်နိုင်ရန်အတွက်တွင် အတွေ့ရအများဆုံးအရာတစ်ခုဖြစ်ပါတယ်။ အလုပ်ကြော်ငြာစာများဟာ ရှင်းလင်းမှုရှိသင့်ပြီး အောက်ပါအချက်များကိုဖော်ပြထားသင့်ပါတယ် -
- အလုပ်အတွက် လိုအပ်ချက်များ
- အလုပ်လျှောက်ထားသူများဖက်မှ ရှိသင့်သော၊ ရှိထားရမည့်အချက်များ
- Organization (လုပ်ငန်း) ရဲ့ လက်တလောလုပ်ကိုင်နေသောအရာများအကြောင်း ဖော်ပြခြင်း
- တည်နေရာ
- လစာငွေနဲ့ အကျိုးခံစားခွင့်များ (optional)
- ဆက်သွယ်ရမည့် လိပ်စာ၊ ဖုန်းနံပါတ်၊ e-mail အသေးစိတ်
အဆင့် (၄) - အလုပ်လျှောက်လွှာတင်ခြင်း လုပ်ငန်းစဉ်အား စီမံခန့်ခွဲခြင်း
Application များကို လက်ခံမှုပြုရာတွင် စည်းမျဉ်းစည်းကမ်းများအရ အဓိက format ၂ ခုရှိနေပါတယ် - Curriculum Vitae (CV) (သို့) Application Form အားဖြင့် ရရှိနိုင်ပါတယ်။ ဒီအရာများကို စာရွက်ဖြင့် သော်၎င်း၊ electronic နည်းလမ်းများအရ e-application များဖြစ်တဲ့ (Internet, Intranet နဲ့ e-mail) တို့ကို အသုံးပြု၍လည်း ပေးပို့လာနိုင်ပါတယ်။
Online ပေါ်မှ recruitment ပြုလုပ်ခြင်းဟာ အချိန်ကုန်သက်သာပြီး Recruitment လုပ်ငန်းစဉ်များကို စီမံခန့်ခွဲရာတွင်လည်း လွယ်ကူစေနိုင်ပါတယ်။ နောက်ပြီး အရေးအကြီးဆုံးတစ်ချက်ကတော့ www.jobsinyangon.com ကဲ့သို့သော Online Job Portal များတွင် database အတွင်းရှိ သင့်တော်မှုရှိတဲ့ Candidate များကို ကြိုတင်သတ်မှတ်ထားသောအချက်များအပေါ် အခြေခံ၍ တိုက်ရိုက်ရွေးချယ်မှုပြုလုပ်နိုင်တာပဲဖြစ်ပါတယ်။
Application Form များ
Application Form (အလုပ်လျှောက်လွှာ Form) များဟာ အချက်အလက်များကို တသမတ်တည်းရှိသော Format တစ်ခုဖြင့် ရရှိနိုင်တဲ့အတွက် အချက်အလက်များကို Job Applicant များထံမှ စနစ်ကျသောနည်းလမ်းဖြင့် ရယူစုဆောင်းရလွယ်ကူစေပြီး အချက်အလက်များအပေါ်မူတည်၍ လျှောက်ထားလာသူ candidate ရဲ့ အလုပ်နှင့်ကိုက်ညီမှုရှိမှုကိုလည်း အကဲဖြတ်နိုင်စေမှာဖြစ်ပါတယ်။
CV များ
CV များရဲ့ အားသာချက်ကတော့ Candidate များကို ကိုယ်ပိုင်ပုံစံနဲ့ မိမိတို့ရဲ့အကြောင်း တင်ပြနိုင်စေရန် အခွင့်အရေးပေးနိုင်ခြင်းပဲဖြစ်ပြီး Application Form တွင်ကဲ့သို့ အချက်အလက်များကို Box များအတွင်း ဝင်အောင်ရေးရသည့် ကန့်သတ်ချက်များလည်း ရှိမနေတော့ပါဘူး။ သို့သော်လည်း CV များဟာ Candidate များကို များစွာသော မလိုအပ်သောအပိုအချက်အလက်များထည့်သွင်းရေးသားပေးပို့ဖို့ကိုလည်း ဖြစ်လာနိုင်စေတဲ့အတွက် CV များကို ညီညီညွှတ်ညွှတ်အကဲဖြတ်နိုင်ဖို့ဟာ ခက်ခဲမှာဖြစ်ပါတယ်။
Online CV များ
Online CV များဟာတော့ Hardcopy CV နဲ့ Application Form များရဲ့ ပေါင်းစည်းမှုရလာဒ်တစ်ခုဖြစ်ပါတယ်။ CV ရဲ့ Format ကို ကြိုတင်သတ်မှတ်ထားပြီး CV အများစုဟာ Online CV Builder ကို အသုံးပြု၍ တည်ဆောက်ထားကြတာဖြစ်ပါတယ်။ သို့သော်လည်း Online CV များတွင် မိမိတို့ရဲ့ အကြောင်းကို ရေးသားဖော်ပြနိုင်စေဖို့အတွက် နေရာလည်းရှိနေမှာဖြစ်ပါတယ်။
အဆင့် (၅) – Candidate ရွေးချယ်ခြင်း
အတွေ့များသောလုပ်ဆောင်ချက်တစ်ခုကတော့ နောက်လာမည့်အဆင့်များအတွက် လိုအပ်သော အလုပ်လျှောက်ထားလာသူများကို shortlisting ပြုလုပ်ခြင်းနဲ့ အကဲဖြတ်ခြင်းတို့ပဲဖြစ်ပါတယ်။
Shortlisting
Shortlisting ပြုလုပ်ခြင်းဆိုသည်မှာ လျှောက်ထားလာသည့် Application များ အားလုံးအနက်မှ Selection Process တွင် သင့်အနေနဲ့ ဆက်လက်၍ အသေးစိတ်လေ့လာအကဲဖြတ်လိုသော Candidate များကို စာရင်းတိုတစ်ခုအနေဖြင့် ရွေးထုတ်ခြင်းဖြစ်ပါတယ်။
Shortlisting ကို ဖန်တီးမှုမပြုလုပ်မှီတွင် အဆင့် ၁ နှင့် အဆင့် ၂ တို့အပေါ်မူတည်၍ Candidate များကို သင့်လျှော်စွာ အကဲဖြတ်မှုပြုနိုင်ဖို့အတွက် အမှတ်ပေးမှုစနစ်တစ်ခုကို ရှင်းလင်းစွာ သတ်မှတ်ထားဖို့ဟာ အရေးကြီးပါတယ်။
Assessment (အကဲဖြတ်ခြင်း)
အလုပ်နေရာတစ်ခုရဲ့ ရာထူးကြီးမြင့်မှုနဲ့ ရှုပ်ထွေးမှုတို့အပေါ်မူတည်၍ အကဲဖြတ်မှုပြုလုပ်ခြင်းနည်းလမ်းများဟာ ကွဲပြားမှုများ ရှိလာနိုင်ပါတယ်။
အသုံးများသော နည်းလမ်းများကတော့ -
- အထွေထွေမေးမြန်းမှု Interview
- ကျွမ်းကျင်မှုအပေါ် အခြေခံသော Interview
- အလုပ်တာဝန်တစ်ခုကို နမူနာထမ်းဆောင်စေခြင်း
- သရုပ်ဖော်ပြသခြင်း တို့ဖြစ်ကြပါတယ်။
အဆင့် (၆) – Proposal (ကမ်းလှမ်းချက်) ပြုလုပ်ခြင်း
ဝန်ထမ်းခေါ်ယူမှုတစ်ခုအတွက် ကမ်းလှမ်းချက်မပေးမှီတွင် အလုပ်ရှင်များအနေနဲ့ တရားဝင်နဲ့ လူမှုရေးဆိုင်ရာ စည်းမျဉ်းများဖြစ်တဲ့ ဥပမာ - အလုပ်လုပ်ကိုင်ခွင့် (Working Permit), ပေးအပ်လာတဲ့ စာရွက်စာတမ်းများဖြစ်တဲ့ အောင်လက်မှတ်များ၊ ပညာရေး၊ ယခင်လုပ်ခဲ့ဖူးသော ကုမ္ပဏီများမှ ထောက်ခံစာများ အစရှိသည်တို့ကို စစ်ဆေးဖို့ တာဝန်ရှိပါတယ်။
Contract (စာချုပ်)
အလုပ်ကမ်းလှမ်းချက်တစ်ခုကို အမြဲတမ်း စာဖြင့်ရေးသား၍ ပေးပို့သင့်ပါတယ်။
ရည်ညွှန်းချက်များ၊ အညွှန်းများ
ဝန်ထမ်းခေါ်ယူမှုဆိုင်ရာ ပေါ်လစီစည်းမျဉ်းများတွင် ရည်ညွှန်းချက်များကို မည်သို့အသုံးပြုသွားမည်ဖြစ်ကြောင်းကို ရှင်းလင်းစွာဖော်ပြပေးရပါမယ်။ Recruitment လုပ်ငန်းစဉ်တစ်ခုဖြစ်ပေါ်နေစဉ်အတွင်း မည်သည့်အချိန်တွင် ဒီအရာများကို ထုတ်ယူသုံးစွဲမည်ဆိုသည်နှင့် မည်သို့သော ရည်ညွှန်းချက်အမျိုးအစားများဟာ လိုအပ်လာမည်ဖြစ်ကြောင်း (ဥပမာ - ယခင်အလုပ်ရှင်များမှ ရည်ညွှန်းစာများ) ကို ရှင်းလင်းစွာဖော်ပြပေးရပါမယ်။ ဒီစည်းမျဉ်းများကို အမြဲတမ်းထည့်သွင်းထားသင့်ပါတယ်။
ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ
အလုပ်နေရာတစ်ခုအတွက် ကျန်းမာရေးကောင်းမွန်မှုရှိနေဖို့ဟာ လိုအပ်သောအရာတစ်ခုဖြစ်ပါက ကျန်းမာရေးနှင့် ပတ်သက်သော မေးခွန်းများကိုဖြေကြားပေးဖို့လိုအပ်မှာဖြစ်ပါတယ်။ ကိုယ်ကာယဆိုင်ရာနဲ့ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို အလုပ်ကြော်ငြာစာအတွင်းတွင် (သို့) အခြားသော အလုပ်ခေါ်စာများတွင် ရှင်းလင်းစွာထည့်သွင်းပေးဖို့အတွက် လိုအပ်မှာဖြစ်ပါတယ်။
အဆင့် (၇) - မိတ်ဆက်မှုများ၊ ကနဦးအသိပေးချက်များ (Introduction)
Introduction ပြုလုပ်ပေးခြင်းဟာ recruitment process တွင် လုပ်ငန်းရှင်အတွက်ရော ဝန်ထမ်းအသစ်အတွက်ပါ အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Introduction plan တစ်ခုတွင် အောက်ပါအချက်များ ပါဝင်နေသင့်ပါတယ် -
- တည်နေရာ/ နေရာချထားမှု (အရာဝတ္ထုများ) - မည်သည့်နေရာများတွင် ဌာနများ၊ အသုံးပြုရမည့် အရာများရှိသည်ကို ဖော်ပြခြင်း
- တည်နေရာ/ နေရာချထားမှု (အဖွဲ့အစည်းဆိုင်ရာ) - ဝန်ထမ်းတစ်ဦးဟာ Team အတွင်းတွင် မည်သည့်နေရာမှ ပါဝင်နေသည်ကို ပြသပြီး သူတို့ရဲ့ အလုပ်နေရာဟာ Organization ရဲ့ မဟာဗျူဟာနဲ့ ရည်မှန်းချက်များနှင့် မည်သို့ ကိုက်ညီမှုရှိနေသလဲဆိုသည်ကို ပြသပေးခြင်း။
- ကျန်းမာရေးနဲ့ လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်များ
- စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခြင်း
- Organization ၏ သမိုင်းကြောင်း အသေးစိတ်နှင့် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ အစဉ်အလာများနဲ့ တန်ဖိုးများအကြောင်းကို ပြောဆိုရှင်းလင်းခြင်း။ အလုပ်/ တာဝန်အတွက် လိုအပ်ချက်များကို ရှင်းလင်းစွာ ဖော်ပြပေးခြင်း။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Ideal Future Co., Ltd.
..Web Design and Development, Digital Marketing, Merchandising.Ideal Technology was founded by a group of young innovators in 2006. The company has been a successful company for many years in the fiel...
Show the postings (4)
PRO 1 Myanmar Co., Ltd.
The tagline of our company is "One place, Get All" because we have established a reputation as the leading warehouse style DIY store in Yangon and Mandalay. The products we sell are building hardware,...
Show the postings (12)
Definity Group of Co.,Ltd