Jobs In Myanmar
Load...

7 Tips to Prevent Employee Burnout

by www.jobsinyangon.com


Tags: Knowledge-Employee-Burnout-Prevention-JobsInYangon



ဝန်ထမ်းများရဲ့ လုပ်ငန်းခွင်ပင်ပန်းမှု (Burnout) ဖြစ်ခြင်းကို ကာကွယ်တားဆီးနိုင်မည့် အကြံပြုချက် (၇) ချက် 

 

UK နိုင်ငံတွင် ဝန်ထမ်းများရုံးတက်ပျက်ကွက်မှုကြောင့် ခန့်မှန်းခြေအရ နှစ်စဉ် ပေါင်ငွေ ၇၃ ဘီလျံခန့်ကုန်ကျလျှက်ရှိနေပြီး ယနေ့ခေတ်တွင် ဝန်ထမ်းများရဲ့ တစ်ကိုယ်ရေဘဝနေထိုင်မှုကောင်းမွန်ရေးကို အားစိုက်လုပ်ဆောင်ပေးဖို့ဟာ လုပ်ငန်းများအတွက် မရှိမဖြစ်အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်လာပြီဖြစ်တဲ့အတွက် HRreview မှ စာရေးဆရာမ Samantha Caine မှ ဝေမျှပေးခဲ့တဲ့ အကြံပြုချက်အချို့ကို www.jobsinyangon.com ကနေ ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်။ 

Employee Engagement (တစ်နည်းအားဖြင့်) ဝန်ထမ်းများ အလုပ်လုပ်ကိုင်ရသည်ကိုပျော်မွေ့မှုရှိနေဖို့ဟာ လုပ်ငန်းများရဲ့ ရေရှည်ရပ်တည်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့အချက်တစ်ခုဖြစ်သော်လည်း လေ့လာတွေ့ရှိချက်များအရ ဝန်ထမ်းများ burnout ဖြစ်လာတာနဲ့အမျှ employee engagement ဟာလည်း ကျဆင်းလာတာကိုတွေ့ရှိရပါတယ်။ ဒါကြောင့် ဒီ ၂ ခုဟာ အပြန်အလှန်ဆက်စပ်မှုရှိနေနိုင်တာကို သိရှိနိုင်ဖြစ်ပြီး ဝန်ထမ်းများရဲ့ စိတ်ဖိစီးမှုအခြေအနေများ၊ bunout ဖြစ်လာမှုများနဲ့ မကျေမနပ်ဖြစ်နေမှုများကို လျစ်လျှူရှုထားတတ်တဲ့ လုပ်ငန်းရှင်များရဲ့လုပ်ငန်းများတွင် ကုန်ထုတ်လုပ်မှုစွမ်းရည် (productivity) ကျဆင်းလာခြင်းနဲ့အတူ ဝန်ထမ်းများအလုပ်မှထွက်ခွာနှုန်း (turnover) ဟာလည်း မြင့်တက်လာတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ 

ဝန်ထမ်းများရဲ့ လုပ်ငန်းခွင်ပင်ပန်းမှုဖြစ်လာခြင်းကို တုန့်ပြန်၍စီမံခန့်ခွဲပေးနိုင်ခြင်းအားဖြင့် လက်ရှိ ရှိနေတဲ့ဝန်ထမ်းများကို လုပ်ငန်းအတွင်း တည်မြဲမှုရှိစေရန်ထိန်းသိမ်းထားနိုင်မည်သာမက လုပ်ငန်းရဲ့ ဂုဏ်သတင်းကျော်ကြားမှုရှိလာစေမှာဖြစ်ပြီး အရည်အချင်းရှိတဲ့ဝန်ထမ်းအသစ်များကိုလည်း ဆွဲဆောင်နိုင်လာကြမှာဖြစ်ပါတယ်။ လုပ်ငန်းခွင်ပင်ပန်းမှုဖြစ်ခြင်း (burnout) ဖြစ်ခြင်းကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ခေါင်းဆောင်သူများနှင့် မန်နေဂျာများဟာ သူတို့ကိုယ်သူတို့နှင့် ဝန်ထမ်းများတွင် burnout ဖြစ်လာခြင်းရဲ့ လက္ခဏာရပ်များကို သိရှိနိုင်စွမ်းရှိနေစေရန်အတွက် လုပ်ငန်းတစ်ခုရဲ့ ထိပ်ပိုင်းနေရာများမှ စတင်ကာဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ 


၁။ ပိုမိုကောင်းမွန်တဲ့ Job Description များကို ရေးသားပါ။ 

Job Description များဟာ ဝန်ထမ်းတစ်ဦးရဲ့ အဓိကတာဝန်ယူရမည့် တာဝန်များနှင့် ဆောင်ရွက်ချက်များကို ဖော်ပြပေးတဲ့အရာတစ်ခုဖြစ်ပါတယ်။ ကောင်းမွန်တဲ့ Job Description တစ်ခုဟာ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ လုပ်ဆောင်ချက်များက သူတို့ပါဝင်လှုပ်ရှားနေတဲ့ team များနဲ့ ကိုက်ညီမှုရှိနေစေရန် သေချာစွာ ဖန်တီးထားလေ့ရှိပြီး  organization ရဲ့လုပ်ဆောင်ချက်များနဲ့လည်း ကိုက်ညီမှုရှိနေစေမှာဖြစ်တဲ့အတွက် အမြင့်မားဆုံး လုပ်ငန်းဆောင်ရွက်ချက်ထိရောက်မှုကို ရရှိစေမှာဖြစ်ပါတယ်။ ကောင်းမွန်မှုမရှိတဲ့ Job Design တစ်ခုတွင်တော့ အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှ ပိုမိုထိရောက်မှုရှိစေနိုင်မည့်အလုပ်များကို ဝန်ထမ်းတစ်ဦးတည်းထံသို့သာ တာဝန်ယူစေခိုင်းခြင်းတို့ဖြစ်လာနိုင်ပါတယ်။ ဒီအခါ အဆိုပါဝန်ထမ်းအတွက် မလိုလားအပ်တဲ့ စိတ်ဖိစီးမှုများကို ဖြစ်ပေါ်လာစေနိုင်ပြီး ဒီစိတ်ဖိစီးမှုများက burnout ဖြစ်လာခြင်းသို့ ဦးတည်သွားစေနိုင်ပါတယ်။ ဒီအခါ အဆိုပါဝန်ထမ်းကြောင့် ကျန်ဝန်ထမ်းများကလည်း သူတို့နဲ့ရင်းနှီးမှုမရှိတဲ့ အပိုတာဝန်များကိုထမ်းဆောင်လာရနိုင်တဲ့အတွက် ကျန်ဝန်ထမ်းများတွင်ပါ စိတ်ဖိစီးမှုများကို တိုးပွားလာစေနိုင်ပြီး burnout ဖြစ်လာကြတဲ့အခါ ထိုသူပါဝင်နေတဲ့ team နှင့် organization တစ်ခုလုံးအတွက် လုပ်ငန်းဆောင်ရွက်ချက်ထိရောက်မှုဟာ လျော့နည်းလာပါလိမ့်မယ်။ 


၂။ ရည်မှန်းချက်များကို ရှင်းလင်းစွာချမှတ်ထားပါ။ 

ရှင်းလင်းတိကျတဲ့ ရည်မှန်းချက်ပန်းတိုင်တစ်ခုမရှိတဲ့အခါ ရည်ရွယ်ရာလမ်းကြောင်းနဲ့ လမ်းညွှန်ချက်များဟာလည်း တိကျမှုရှိမှာမဟုတ်တဲ့အတွက် ဝန်ထမ်းများရဲ့လုပ်ဆောင်ချက်များ ထိရောက်မှုရှိဖို့ မျှော်လင့်နိုင်မှာမဟုတ်ပါဘူး။ ဝန်ထမ်းအသစ်တစ်ဦးကိုဌားရမ်းမှုပြုလုပ်စဉ်တွင် ပွင့်လင်းမြင်သာတဲ့ လမ်းညွှန်မှုများရှိမနေတဲ့အခါ ကုမ္ပဏီရဲ့ ရည်မှန်းချက်များနဲ့ လုပ်ဆောင်သင့်တဲ့အလုပ်များကို အဆိုပါဝန်ထမ်းအနေနဲ့ ရှင်းလင်းစွာသိရှိနိုင်ခြင်းမရှိတော့တဲ့အတွက် မှားယွင်းတဲ့နေရာများတွင် အားသွန်ခွန်စိုက်လုပ်ကိုင်မိနေပြီး သူတို့ရဲ့ကြိုးစားအားထုတ်မှုများ အချည်းနှီးဖြစ်သွားနိုင်ပါတယ်။ ဒီအချက်ကြောင့်ပဲ သူတို့ရဲ့လုပ်ဆောင်ချက်များကို အသိအမှတ်ပြုခြင်းမခံရတဲ့အခါ burnout ဖြစ်လာနိုင်စေပါတယ်။ 


၃။ သင့်တော်ကောင်းမွန်တဲ့ လေ့ကျင့်သင်ကြားပေးမှုများကိုပြုလုပ်ပေးပါ။ 

ဝန်ထမ်းများအနေနဲ့ သူတို့ရဲ့သက်ဆိုင်ရာအလုပ်များတွင် ကောင်းမွန်မှုရှိလာစေရန်အတွက် မှန်ကန်သင့်တော်တဲ့ ကျွမ်းကျင်မှုများ၊ အသိပညာနှင့် အမူအကျင့်များရှိနေဖို့လိုအပ်မှာဖြစ်ပါတယ်။ သင့်ရဲ့ လုပ်ငန်းအတွင်းသို့ စတင်ဝင်ရောက်လာတဲ့ဝန်ထမ်းအများစုဟာ သက်ဆိုင်ရာတာဝန်များအတွက် အရည်အချင်းပြည့်မှီတဲ့သူများဖြစ်နေနိုင်သော်လည်း အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ဝန်ထမ်းတစ်ဦးရဲ့ ကျွမ်းကျင်မှုများ၊ အသိပညာနှင့် အမူအကျင့်များဟာ လုပ်ငန်းတစ်ခုနှင့် ၎င်းတို့မှချမှတ်ထားတဲ့ ရည်မှန်းချက်တို့နှင့် အစဉ်အမြဲကိုက်ညီမှုရှိနေစေရန်အတွက် ဆက်လက်၍ မွမ်းမံမှုများပြုလုပ်ပေးသွားဖို့ လိုအပ်နိုင်ပါတယ်။ ဥပမာအားဖြင့် - တစ်ခါတစ်ရံတွင် လုပ်ငန်းများရဲ့ ရည်မှန်းချက်များနှင့် လိုအပ်ချက်များဟာ အပြောင်းအလဲများရှိလာနိုင်တဲ့အတွက် ဝန်ထမ်းများအနေနဲ့ အဆိုပါပြောင်းလဲမှုများနှင့် အစဉ်အမြဲ ကိုက်ညီမှုရှိနေစေရန် လုပ်ငန်းရှင်များဖက်မှ သင့်တော်တဲ့ လေ့ကျင့်သင်ကြားပေးမှုများကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် အပြောင်းအလဲကြောင့် ပေါ်ပေါက်လာနိုင်တဲ့ စိတ်ဖိစီးမှုများနဲ့ လုပ်ငန်းရည်မှန်းချက်များပြည့်မှီအောင်ဆောင်ရွက်နိုင်ဖို့ သင့်တော်ကောင်းမွန်တဲ့ကျွမ်းကျင်မှုများမရှိနေခြင်းတို့ ဖြစ်မလာစေရန် ကာကွယ်ပေးနိုင်ပါတယ်။ 


၎။ သင့်တော်တဲ့ထောက်ပံ့ကူညီမှုများကို ပြုလုပ်ပါ။ 

ကောင်းမွန်သင့်တော်တဲ့ ထောက်ပံ့ကူညီမှုများ မရှိတဲ့အခါ ဝန်ထမ်းများရဲ့ စိတ်ဖိစီးမှုများဟာ မြင့်မားလာနိုင်ပြီး လုပ်ငန်းဆောင်ရွက်ချက်များထိရောက်မှုနည်းပါးလာပြီး burnout ဖြစ်ပွားနိုင်ချေပိုများလာမှာဖြစ်ပါတယ်။ ဒါကြောင့် ဝန်ထမ်းများအနေနဲ့ သူတို့စိတ်ဖိစီးရတဲ့အကြောင်းအရာများနဲ့ စိုးရိမ်ရတဲ့ကိစ္စများကို သူတို့ကိုအုပ်ချုပ်နေတဲ့ မန်နေဂျာများ၊ လုပ်ဖော်ကိုင်ဖက်များ၊ HR များနဲ့ လွတ်လပ်စွာပြောဆိုခွင့် ရနေဖို့လိုအပ်ပြီး ထိုသူများမှ လိုအပ်တဲ့ကူညီမှုများကိုပြုလုပ်ပေးသွားရမှာဖြစ်ပါတယ်။ 


၅။ ပွင့်လင်းစွာဆက်သွယ်မှုပြုလုပ်နိုင်ရန် လမ်းဖွင့်ထားပါ။ 

ဝေဖန်အကြံပြုချက်များပြုလုပ်ပေးခြင်းဟာ ဝန်ထမ်းများကိုထိန်းကျောင်းတည့်မတ်ပေးဖို့အတွက် မရှိမဖြစ်အရေးပါတဲ့အချက်တစ်ခုဖြစ်ပြီး သူတို့အနေနဲ့ ဘယ်လိုရည်မှန်းချက်များထားရှိ၍ ဘယ်အရာများကို ရရှိအောင်ဆောင်ရွက်သင့်သလဲ၊ ဘယ်နေရာများတွင်တော့ တိုးတက်အောင်ပြုလုပ်သင့်သလဲ ဆိုသည်တို့အား အသိပေးနိုင်ဖို့အတွက်လည်း အရေးပါလှပါတယ်။ မန်နေဂျာများအနေနဲ့ သူတို့ရဲ့ဝန်ထမ်းများကို ပုံမှန်စစ်ဆေးမှုများပြုလုပ်သင့်ပြီး ဝန်ထမ်းတစ်ဦးချင်းစီတိုင်းကို နောက်တစ်ကြိမ် စစ်ဆေးမှုပြုလုပ်မည့် အချိန်မတိုင်မှီ ပြီးမြောက်အောင်ပြုလုပ်ထားသင့်တဲ့ ရည်မှန်းချက်များကို ချမှတ်ပေးထားလိုက်ပါ။ ဝေဖန်အကြံပြုချက်များနှင့် ရည်မှန်းချက်များကို ဖြည်းဖြည်းချင်းပြုလုပ်ပေးသွားတဲ့အခါ ဝန်ထမ်းများအနေနဲ့ သူတို့ရဲ့ဦးတည်ချက်များပျောက်ဆုံးသွားတော့မှာမဟုတ်ပဲ မိမိတို့ရဲ့တိုးတက်လာမှုများကို ကိုယ်တိုင်တွေ့မြင်လာကြရမှာဖြစ်တဲ့အတွက် အလုပ်အပေါ်စိတ်ကျေနပ်မှုနှုန်းကို မြင့်မားလာစေနိုင်ပါတယ်။ 


၆။ ပိုမိုကောင်းမွန်တဲ့ အလုပ်-ဘဝမျှခြေ (work-life balance) ရှိနေဖို့ ဆောင်ရွက်ပါ။ 

ဝန်ထမ်းတစ်ဦးအနေနဲ့ ကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့အတွက် ကောင်းမွန်စွာအနားယူပေးဖို့လည်း လိုအပ်မှာဖြစ်တာကို သတိပြုရပါမယ်။ သင့်ရဲ့လုပ်ငန်းအတွင်း သင့်တင့်မျှတတဲ့ အလုပ်လုပ်ချိန်နှင့် အနားယူချိန်များရှိနေဖို့ သေချာစွာ သတ်မှတ်ထားပါ။ Work-life balance အပေါ် လူတစ်ဦးနှင့်တစ်ဦး ခံယူချက်များလည်း ကွဲလွဲနေနိုင်ပါတယ်။ အချို့သောသူများက အလုပ်ကြိုးစားလုပ်ပြီးနောက် ကောင်းမွန်စွာအနားယူရတာကို ကြိုက်နှစ်သက်ကြသော်လည်း အချို့ကတော့ ပုံမှန်လေးအလုပ်လုပ်ကိုင်ပြီး ပုံမှန်လေးအတိုင်းအနားယူသွားရတာကို နှစ်ခြိုက်တတ်ကြပါတယ်။ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ မတူညီတဲ့အမြင်များနှင့် တန်ဖိုးထားမှုများကို လေးစားတန်ဖိုးထားပြီး သူတို့အနေနဲ့ ကောင်းမွန်တဲ့စွမ်းဆောင်ရည်များကို ထုတ်ဖော်ပြသနိုင်စေမည့် လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဖန်တီးတည်ဆောက်ပေးသင့်ပါတယ်။ 


၇။ သက်မွေးမှုလမ်းကြောင်းတွင် တိုးတက်ဖို့အခွင့်အလမ်းများကို ပွင့်လင်းမြင်သာစွာချပြထားပါ။ 

ဝန်ထမ်းများအနေနဲ့ အကောင်းဆုံးစွမ်းဆောင်မှုများရှိလာစေရန် သူတို့ရဲ့ Career progression (သက်မွေးမှုလမ်းကြောင်း တိုးတက်မှု) အတွက် အခွင့်အလမ်းများကို ပွင့်လင်းမြင်သာစွာ ပြောပြထားလိုက်ပါ။ ဒါက ဝန်ထမ်းများရဲ့ motivation ကိုတိုးပွားလာစေနိုင်ပြီး စိတ်ဖိစီးမှုများနှင့်တွေ့ကြုံရတဲ့အခါ စိတ်ဓါတ်ကျခြင်းကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ မန်နေဂျာများနှင့် ခေါင်းဆောင်များအနေနဲ့ ပုံမှန် review ပြုလုပ်ချိန်များတွင် ဝန်ထမ်းများရဲ့ Career progression အတွက် အကြံပြုချက်များပေးခြင်းကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။  

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Tharaphu Soe Myint Company Limited

Tharaphu Soe Myint Company Limited

Under the leadership of the proprietor U Soe Myint and the assistance of the expertise knowledge of the technicians, the company works for the welfare of the local farmers and peasants.The aim of the ...
Show the postings (5)
PRO 1 Myanmar Co., Ltd.

PRO 1 Myanmar Co., Ltd.

The tagline of our company is "One place, Get All" because we have established a reputation as the leading warehouse style DIY store in Yangon and Mandalay. The products we sell are building hardware,...
Show the postings (14)
LOTTE MGS Beverage Co.,Ltd

LOTTE MGS Beverage Co.,Ltd

Lotte Group’s mission : “ We enrich people’s lives by providing superior products and services that our customers love and trust.”LOTTE MGS Beverage (Myanmar) Co., Ltd was incorporated in the ...
Show the postings (5)
Sweety Home

Sweety Home

...Sweety Home Industry Co.Ltd established in Mandalay since 1995 is the professional manufacturing and distributing company of spring mattress, polyurethane foam, bedding accessories and modern pr...
Show the postings (31)
KM Terminal and Logistics Limited

KM Terminal and Logistics Limited

VISION To be the leading Asia based logistics service provider. MISSION With our home base in Asia and a strong focus on China, we deliver the best logistics solutions to make our customers succe...
Show the postings (10)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS