Jobs In Myanmar
Load...

8 Steps to Continuous Self Motivation Even During the Difficult Times

by www.jobsinyangon.com


Tags: Knowledge-Motivation-SelfMotivation-Challanges-JobsinYangon



အခက်အခဲများရှိနေတဲ့အချိန်များတွင်ပင် မိမိကိုယ်ကိုစိတ်အားထက်သန်စေရန် အစဉ်အမြဲအားပေးနိုင်ဖို့အတွက် လုပ်ဆောင်သင့်သည့်အဆင့် (၈) ဆင့် 

ကျွန်ုပ်တို့ဟာ မိမိတို့ကိုယ်တိုင်ရုန်းထွက်ဖို့ကြိုးလုပ်ဆောင်ရမယ့် လုပ်ချင်ကိုင်ချင်စိတ်များကို အနှောင့်အယှက် ဖြစ်စေတဲ့ အခက်အခဲများကိုကြုံဖူးကြပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့ဟာ အချိန်အတိုင်းအတာတစ်ခုအထိ စိတ်အားထက်သန်မှုရှိကြပြီးနောက် တစ်ဖြည်းဖြည်း စိတ်အားထက်သန်မှုတွေလျော့နည်းလာခြင်းနဲ့ အသစ်က တဖန်ပြန်လည်တည်ဆောက်ရခြင်းသံသရာထဲမှာ အဆက်မပြတ် တဝဲလည်လည်ဖြစ်နေတတ်ပါတယ်။ 

မှန်ကန်တဲ့အမူအကျင့်တွေလောက် Self-motivation (မိမိကိုယ်ကိုယ် စိတ်အားထက်သန်မှုရှိစေရန်ပြုလုပ်ခြင်း) တိုးစေရန်အတွက်အစွမ်းထက်တဲ့အရာမရှိပါဘူး။ သင့်ထံတွင်ဖြစ်ပျက်လာမယ့်အခြေအနေတွေကို ရွေးချယ်ခြင်း၊ ထိန်းချုပ်ခြင်းများကိုပြုလုပ်၍မရနိုင်ပါဘူး၊ ဒါပေမယ့် ထိုအခြေအနေတွေ့အပေါ် သင်ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့ သင့်ရဲ့အမူအကျင့်တွေ၊ သဘောထားတွေကိုတော့ ရွေးချယ်လို့ရနိုင်ပါတယ်။ 

သင်ဟာ ဒီစိတ်ပိုင်းဆိုင်ရာပြင်ဆင်မှု၊ အဆင့်များကိုမွေးမြူကျင့်ကြံပြီး ထိုအရာများကိုပုံမှန်အသုံးချနေမယ်ဆိုပါလျှင် Self-motivation များကို သင်လိုအပ်သည့်အချိန်တွင်ရရှိနိုင်မှာဖြစ်ပါတယ်။ 

ကျွန်ုပ်အတွက် အရေးကြီးတဲ့အချက်ကတော့ အခြားသူများကို မျှဝေကူညီဖို့ဆိုတဲ့ နောက်ဆုံးအချက်ပါပဲ။ အခြား သော အခက်အခဲတွေ့နေတဲ့သူများကိုကူညီခြင်းဟာ တစ်မျိုးတစ်ဖုံအားဖြင့် စွဲလန်းမှုရှိစေပြီး Self-motivation ဖြစ်စေပါတယ်။ 

Self-motivation အစဉ်အမြဲရှိနေဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ Ian McKenzie ရေးသားဖော်ပြ ထားတဲ့ ဒီအဆင့် (၈)ဆင့်ကို လက်တွေ့အကောင်အထည်ဖော်အသုံးချမှုရှိနေဖို့ပဲဖြစ်ပါတယ်။ Ian ရဲ့ ဆောင်းပါးကို ဖတ်ပြီးနောက် အစဉ်မပြတ် motivation ရှိနေစေဖို့အတွက်ကြိုးစားမှုပြုရာတွင်ရှင်းလင်းဖော်ပြချက်အချို့ပါဝင် နေပါကပိုမိုကောင်းမွန်လိမ့်မယ်လို့ထင်မြင်ယူဆမိတဲ့အတွက် အောက်ပါ အချက်များဟာတော့ မိမိကိုယ်ကို self- motivate ဖြစ်စေရန် ဘယ်လိုပြုလုပ်ရမလဲဆိုတဲ့အချက်များကို ပုံစံအသစ်နဲ့ နားလည်ရလွယ်ကူအောင် ပြန်လည် ရေးသားပေးထားတာပဲဖြစ်ပါတယ်။ 

၁။ ရိုးရှင်းစွာစတင်ပါ

သင်အလုပ်လုပ်တဲ့နေရာရဲ့အနီးတစ်ဝိုက်တွင် မိမိကိုစိတ်အားတက်ကြွမှုရှိစေမယ့်အရာများကို ထားရှိထားပါ။ ဒီ အရာများဟာ သင့်ကိုဆက်လက်လုပ်ဆောင်နိုင်စေဖို့အတွက် အားပေးနိုင်တဲ့အရာများဖြစ်လာနိုင်ပါတယ်။ 

၂။ အဖော်ကောင်းတွေနဲ့ ပေါင်းသင်းပါ 

အကောင်းမြင်စိတ်ရှိပြီး စိတ်အားထက်သန်မှုရှိတဲ့သူတွေနဲ့ ပိုမိုပြီးမကြာခဏတွေ့ဆုံပေးပါ။ ဒီအရာက လုပ်ဖော် ကိုင်ဖက်များနဲ့ အင်တာနက်ပေါ်မှတစ်ဆင့်စကားစမြည်ပြောဆိုခြင်း (သို့) အတွေးအမြင်များကိုမျှဝေဖို့လိုလားတဲ့ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ အနည်းငယ်မျှဆွေးနွေးမှုပြုလုပ်ခြင်းတို့ကဲ့သို့ ရိုးရှင်းတဲ့အရာများဖြစ်ပါတယ်။ 

အကောင်းမြင်စိတ်ရှိပြီး စိတ်အားထက်သန်မှုရှိတဲ့သူတွေဟာ အနုတ်သဘောဆောင်နေတဲ့သူတွေနဲ့ အလွန်သိသိ သာသာကို ကွဲပြားမှုရှိပါတယ်။ သူတို့ဟာ သင့်ရဲ့အခက်အခဲများတွေ့ကြုံနေရတဲ့အချိန်အတွင်း သင့်ကိုကြီးပွားတိုး တက်စေဖို့နဲ့ အခွင့်အလမ်းတွေကိုမြင်တတ်လာအောင် ကူညီပေးနိုင်ပါတယ်။ 

၃။ သင်ယူလေ့လာမှုများကို ဆက်လက်လုပ်ဆောင်ပါ 

စာအုပ်တွေများများဖတ်ပြီး သင်ယူနိုင်သမျှကို မှတ်သားထားပါ။ သင့်အနေနဲ့များများသင်ယူနိုင်လေ၊ လုပ်ငန်း ပရောဂျက်များကိုစတင်လုပ်ဆောင်ရာတွင် မိမိကိုယ်ကိုယုံကြည်မှုရှိလေလေပါပဲ။ 

၎။ အဆိုးထဲကအကောင်းကိုရှာဖွေတတ်ပါစေ 

အခက်အခဲအတားအဆီးများ၊ စိန်ခေါ်မှုရှိတဲ့ (ခက်ခဲတဲ့) ပန်းတိုင်များနဲ့တွေ့ကြုံတဲ့အခါမှာ ထိုအရာတွေကိုကျော် လွှားနိုင်ရန်အတွက် ဘယ်အရာတွေကတော့အလုပ်ဖြစ်နိုင်သလဲဆိုတာကို ရှာဖွေတတ်တဲ့ အကျင့်ကောင်းလေး တစ်ခုသင့်ထံတွင်ရှိနေသင့်ပါတယ်။ 

၅။ စဉ်းစားတွေးတောပြီး အချိန်ကုန်မခံပါနဲ့

သင့်အနေနဲ့ လုပ်ငန်းပရောဂျက်တစ်ခုကိုစတင်နိုင်ဖို့ လိုအပ်တဲ့ motivation တစ်ခုကိုရှာဖွေတွေ့ရှိပြီဆိုပါက လုပ် သာလုပ်ချလိုက်ပါ။ သိပ်ပြီးအရေးမကြီးတဲ့အရာတစ်ခုခုပဲဖြစ်ဖြစ် တစ်ခုခုကိုစမ်းသပ်လုပ်ဆောင်ကြည့်ပါ။ ဒီမှ တစ်ဆင့် ပိုပြီးအရေးကြီးတဲ့ကိစ္စများကိုဆောင်ရွက်ဖို့အတွက် တဖြည်းဖြည်းအရှိန်ရလာပါလိမ့်မယ်။ 

၆။ သင့်ကိုယ်သင်သိနားလည်မှုရှိရပါမယ်

သင့်ရဲ့စိတ်အားထက်သန်မှုဟာ ဘယ်လိုနေရာတွေမှာမရှိဘူးလဲ၊ ဘယ်နေရာတွေမှာတော့ အလွန်စိတ်အားထက် သန်မှုရှိတတ်လဲဆိုတာကို မှတ်သားထားပါ။ ဒီအရာမှာဖြစ်နေကျပုံစံတစ်ခုရှိပါတယ်။ ထိုအရာကိုနားလည်သွားပြီ ဆိုရင်တော့ သင်ဟာထိုအရာအပေါ်အခြေခံပြီး တိုးတက်ဖို့အတွက်အစီအစဉ်တွေရေးဆွဲနိုင်ပြီဖြစ်ပါတယ်။ 

၇။ သင့်ရဲ့တိုးတက်မှုပမာဏကို စောင့်ကြည့်လေ့လာမှုပြုပါ 

လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းပရောဂျက်များအတွက် တိုးတက်မှုကိုစောင့်ကြည့်လေ့လာဖို့ ဇယားတစ်ခုကို ထားရှိထားသင့်ပါတယ်။ တစ်စုံတစ်ခုဟာ တိုးတက်မှုရှိနေတယ်ဆိုတာကိုသင့်အနေနဲ့ သိရှိနေပါက ထိုအရာကို ပိုပြီးတန်ဖိုးထားဂရုစိုက်ကာပျိုးထောင်လိုလာစေနိုင်မှာပဲဖြစ်ပါတယ်။  

၈။ အခြားသူများကိုကူညီပေးပါ 

သင့်ရဲ့အတွေးအမြင်များကိုမျှဝေပြီး အသိမိတ်ဆွေ၊ သူငယ်ချင်းများကိုလည်း စိတ်အားထက်သန်မှုရှိလာစေဖို့ အတွက်ကူညီပေးပါ။ အခြားသောသူများက ကောင်းမွန်စွာလုပ်ဆောင်နိုင်လာတာကိုတွေ့မြင်ရတဲ့အခါ သင့်ကိုလဲ ထို့နည်းတူစွာလုပ်ဆောင်စေဖို့ စိတ်အားထက်သန်မှုရှိလာစေမှာပဲဖြစ်ပါတယ်။ သင့်ရဲ့အောင်မြင်မှုအကြောင်းကို ရေးသားပြီး ဖတ်ရှုသူပရိသတ်များထံမှ အကြံအဉာဏ်များကိုတောင်းခံသင့်ပါတယ်။ 

ဒီဆောင်းပါးလေးကိုဖတ်ရှုပြီးနောက် စာဖတ်သူများအနေနဲ့ မိမိကိုယ်ကို motivate ဖြစ်စေမယ့် အကျင့်ကောင်း လေးများကိုမွေးမြူနိုင်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 

အင်တာနက် website blog တစ်ခုပေါ်မှတစ်ဆင့် အခြားသူများကို (သို့) သင်နဲ့လုပ်ဖော်ကိုင်ဖက်များကို motivate ဖြစ်လာအောင် သင်ဟာ ပုံမှန်ပြုလုပ်နိုင်တဲ့အဆင့်ကိုရောက်ရှိသွားပြီဆိုပါက မိမိကိုယ်ကို အစဉ်အမြဲ motivate ဖြစ်နေအောင်လုပ်ဆောင်ရခြင်းဟာလည်း ပိုမိုတိုးတက်မှုရှိပြီးချောမွေ့လာတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Ideal Future Co., Ltd.

Ideal Future Co., Ltd.

..Web Design and Development, Digital Marketing, Merchandising.Ideal Technology was founded by a group of young innovators in 2006. The company has been a successful company for many years in the fiel...
Show the postings (4)
Creative Fox Co.,Ltd

Creative Fox Co.,Ltd

FORUM8 YANGON Co.,Ltd.

FORUM8 YANGON Co.,Ltd.

Sales/Office work, Engineering workFORUM8 exerts its force primarily on the development/marketing of software that support civil engineering design, analysis, architectural design, etc. and lately the...
Show the postings (1)
Tokyo Metropolitan Institute of Technology

Tokyo Metropolitan Institute of Technology

To recruit and develop of our country’s most promising students and most outstanding staff and be a truly global institute. To Focus on highest international standards and teaching methods. Prod...
Show the postings (5)
Recyglo Co., Ltd.

Recyglo Co., Ltd.

Vision To become a leading waste management solution platform in Southeast Asia that produces zero waste and zero carbon footprint. Mission To process material in a safe, non-hazardous manner wi...
Show the postings (3)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS