Jobs In Myanmar
Load...

8 Tips To Improve Your Listening Skills For Better Communication

by www.jobsinyangon.com


Tags: Knowledge-ListeningSkills-Improvement-Career-JobsinYangon



ပိုမိုကောင်းမွန်စွာ ဆက်သွယ်ပြောဆိုခြင်း (Communicate) ပြုလုပ်နိုင်ရန်အတွက် မိမိတို့ရဲ့ နားထောင်မှုစွမ်း ရည်ကို မြှင့်တင်နိုင်ရန်အတွက် သိမှတ်ဖွယ် (၈) ချက်

ကျွန်ုပ်တို့ဟာ အကောင်းဆုံးနားစိုက်ထောင်ဖို့ဆန္ဒရှိနေရင်တောင်မှ တစ်ခြားသူများရဲ့စကားကိုနားထောင်ခြင်းပြုရ တဲ့အခါမှာ စိတ်အာရုံပျံ့လွင့်မှုများဖြစ်ဖို့လွယ်ကူလှပါတယ်။ စိတ်အာရုံစုစည်းဖို့ကိုသာမကပဲ ကျွန်ုပ်တို့ရဲ့ နားလည် သဘောပေါက်မှုစွမ်းရည်ကိုပါလေ့ကျင့်ပေးနိုင်မယ့် တက်ကြွစွာနားထောင်ခြင်းစွမ်းရည် (active listening) ကို ဘယ်လိုလေ့ကျင့်ရမလဲဆိုတာကို သင်ယူပြီးပါက ထက်ထက်မြက်မြက်ရှိစေပြီး၊ စိတ်ကျေနပ်မှုကိုရရှိကာ ကျွန်ုပ် တို့ရဲ့ အိမ်မှာ/ ရုံးမှာ အခြားသူများနဲ့ဆက်ဆံရေးများကိုလည်းပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။ 

ဒီတော့ သင်တို့လိုချင်တပ်မက်တဲ့အလုပ်တစ်ခုကိုရရှိအောင်ကြိုးစားနေတာပဲဖြစ်ဖြစ်၊ သင်နဲ့သင့်တော်တဲ့ သင့်ရဲ့ Crush ကို ရရှိအောင်ကြိုးစားနေတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သင်အမြဲတမ်းလိုချင်တဲ့ တက်ကြွတဲ့လူမှုဘဝပုံစံ တစ်ခုကို ရရှိနိုင်ဖို့ပဲဖြစ်ဖြစ် သင့်ကို ကောင်းမွန်တဲ့နားထောင်မှုစွမ်းရည်ရှိသူတစ်ဦးဖြစ်လာအောင်ကူညီပေးနိုင်တဲ့ ဒီ အစွမ်းထက်လှတဲ့ အကြံပေးဖော်ပြချက် (၈) ခု ကိုလိုက်နာကျင့်သုံးလိုက်ပါ။ 

၁။ သင့်ရဲ့နားထောင်မှုစွမ်းရည်ကို ရိုးရှင်းတဲ့စကားလုံးများနဲ့ ပြန်လည်ရှင်းလင်းမေးမြန်းခြင်းနဲ့ဖော်ထုတ်ပြသပါ

ရိုးရှင်းတဲ့စကားလုံးများကိုအသုံးချကာရှင်းလင်းမေးမြန်းမှုပြုခြင်းနှင့် အဓိကအချက်များကို အကျဉ်းချုံးလေ့လာ ခြင်းတို့ (၂) မျိုးစလုံးဟာ သင့်နဲ့ပြောဆိုနေသူက အဓိကပြောလိုတဲ့အချက်များကို နားလည်နိုင်အောင်ကူညီပေးနိုင် ပြီး သင်ဟာလေးလေးနက်နက်နားထောင်မှုရှိတယ်ဆိုတာကို ပြသနိုင်တဲ့ အလွန်ကောင်းမွန်တဲ့ communication စွမ်းရည်/ ကျွမ်းကျင်မှုများဖြစ်ကြပါတယ်။ 

ဥပမာအားဖြင့် - သင့်လုပ်ဖော်ကိုင်ဖက်တစ်ဦးဟာ သင်နဲ့အတူပြုလုပ်နေတဲ့ project တစ်ခုအပေါ် သူမအနေနဲ့ လက်ရှိမှာကြုံတွေ့နေရတဲ့အခက်အခဲများကို ၅မိနစ်ခန့်ပြောကြားခဲ့ပါက၊ “ဒါဆိုရင် မင်းရဲ့ဝေဖန်အကြံပြုမှုကို ထည့်သွင်းမစဉ်းစားပေးကြတဲ့အတွက် မင်းကစိတ်တိုနေပြီး ငါတို့ရဲ့ Team ကို ပိုမိုပြီးပွင့်လင်းမှုရှိတဲ့ဆွေးနွေးမှု တွေကို အထောက်အကူပြုပေးနိုင်မယ့်ပုံစံနဲ့ ပြန်လည်ဖွဲ့စည်းမှုပြုလုပ်လိုနေတာမဟုတ်လား” ဟူ၍ သင့်ဖက်က မေးမြန်းပြောဆိုကြည့်သင့်ပါတယ်။ 

ဒီအရာက ရိုးရှင်းတဲ့နားထောင်မှုနည်းစနစ်တစ်ခုလို့ထင်ရသော်လည်း ၎င်းက အခြားသူတစ်ယောက်မှပြောဆိုနေ တာတွေကို သင်နားလည်သဘောပေါက်တယ်ဆိုတာကိုပြသနိုင်ပြီး နားလည်မှုလွဲမှုများနှင့် ကောက်နှုတ်ချက်ကွဲ လွဲမှုများကိုလည်း ရေရှည်တွင် ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ 

၂။ အစဉ်မပြတ် မျက်လုံးခြင်းဆုံကာပြောဆိုမှုပြုလုပ်ပါ

ဘယ်လိုနားထောင်ရမလဲဆိုတာကိုလေ့လာခြင်းဟာ သင်ကတစ်ခြားသူများကို ဘာပြောရမလဲဆိုတာကိုလေ့လာ ဖို့ချည်းပဲတော့မဟုတ်ပါဘူး။ ခန္ဓာကိုယ်အမူအယာများဟာလည်း အဓိကကျတဲ့အခန်းကဏ္ဍမှ ပါဝင်လျှက်ရှိနေပါ တယ်။ 

သင်နဲ့ပြောဆိုနေတဲ့သူတစ်ဦးက စကားပြောဆိုမှုကိုမရပ်မခြင်းစိုက်ကြည့်နေခြင်းဟာ နှစ်သက်ဖွယ်ကောင်းတဲ့ အမူအယာမဟုတ်သော်လည်း များသောအားဖြင် သူတို့နဲ့အကြည့်ချင်းဆုံပြီးပြောဆိုဖို့က အရေးကြီးပါတယ်။ ၎င်း အရာက စိတ်ဝင်စားမှုရှိမှု၊ နားလည်မှုရှိခြင်းနဲ့ အာရုံစူးစိုက်မှုရှိခြင်းတို့ကို ပြသနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ 

မျက်လုံးအကြည့်ခြင်းဆုံမှုရှိဖို့ကို အခြားသူများရဲ့လိုအပ်ချက်များနဲ့ကိုက်ညီမှုရှိအောင်ချိန်ညှိပေးဖို့ကိုလည်းလုပ် ဆောင်ပေးဖို့မမေ့ပါနဲ့ဦး။ အကယ်၍ သင်ဟာစိတ်လှုပ်ရှားမှုရှိနေတဲ့သူတစ်ဦးနဲ့ပြောဆိုရတဲ့အခါမျိုးမှာ တိုက်ရိုက် စိုက်ကြည့်ခြင်းမျိုးကိုရှောင်ရှားသင့်ပြီး ရှက်ရွံ့တတ်တဲ့သူများကိုတိုက်ရိုက်သက်ရောက်မှုမရှိစေမယ့် အခြားသော active listening skill များကို အသုံးပြုဖို့အာရုံစိုက်သင့်ပါတယ်။ 

၃။ ပွင့်လင်းတဲ့ ကိုယ်မူဟန်ရှိနေပါစေ 

သင်တို့ရဲ့ ဂရုစိုက်နားထောင်မှုစွမ်းရည်များတွင် ပါဝင်တဲ့နောက်ထပ်အထောက်အကူပေးနိုင်တဲ့အချက်တစ်ခုက တော့ သင်မတ်တပ်ရပ်နေတဲ့ပုံစံ (သို့) ထိုင်နေတဲ့ပုံစံကိုလည်း သတိထားသင့်ပါတယ်။ 

ဥပမာအားဖြင့် - သင့်ရဲ့လက်ကိုပိုက်ထားခြင်း၊ ခြေထောက်ကိုဆော့နေခြင်း၊ ဒါမှမဟုတ် သင့်နှုတ်ခမ်းများကို တင်း တင်းစေ့ထားခြင်းတို့ဟာ နှစ်သက်မှုမရှိခြင်း၊ စိတ်မရှည်ခြင်းနဲ့ စိတ်ဝင်စားမှုမရှိခြင်းတို့ကိုပြသနေတဲ့ပုံစံများဖြစ် တဲ့အတွက် ရှောင်ရှားသင့်ပါတယ်။ 

ဒီအရာများနဲ့ဆန့်ကျင်ပြီး ထိရောက်သောနားထောင်မှုရှိခြင်းကို ပျော့ပြောင်းပြီး ပွင့်လင်းတဲ့ ကိုယ်မူဟန်များဖြစ် တဲ့ ခန္ဓာကိုယ်ကိုလျှော့ထားပြီး ရှေ့သို့အနည်းငယ်ကိုင်းကာ သင်ဟာ အခြားသူများဖက်ကပြောဆိုနေတဲ့ အချက် အလက်များကို စိတ်ဝင်တစားနဲ့နားထောင်မှုရှိနေတယ်ဆိုတာကို ဖော်ပြလိုက်ပါ။ 

၎။ ပွင့်လင်းတဲ့မေးခွန်း (Open Question) များကိုသာမေးမြန်းပါ 

Closed question များဆိုတာဟာ “ဟုတ်ကဲ့” (သို့) “မဟုတ်ဘူး” ဆိုတာကိုသာဖြေကြားနိုင်တဲ့မေးခွန်းများဖြစ်ပြီး Open question များဆိုတာကတော့ ပိုမိုရှည်လျားပြီး အတွေးအမြင်များပါဝင်တဲ့တုန့်ပြန်မှုများပဲဖြစ်ပါတယ်။ 

သင်ဟာ Close question များကိုသာမေးမြန်းတဲ့အခါမှာ အခြားသူတစ်ဦးထံမှ အချက်အလက်တစ်စုံတစ်ခုကို သာ ရယူလိုတဲ့ပုံစံကိုပေါက်စေပါတယ်။ ဒါမှမဟုတ် သင့်ထံတွင် သူတို့အတွက် အချိန်မရှိဘူးဆိုတာကိုပြသနေပါ တယ်။ ဆန့်ကျင်ဖက်တွင်မူ Open question များဟာ ကောင်းမွန်တဲ့ ဆွေးနွေးမှုများကို သင့်ဖက်ကပြုလုပ်ရန် လိုလားမှုရှိတာကိုပြသနေပြီး ပြောဆိုနေသူဖက်က ဘယ်လိုမျိုးတွေးနေတယ်ဆိုတာကိုသိရှိနိုင်ဖို့အတွက်လိုလား တဲ့ပုံစံကိုလည်းပြသပေးနေပါတယ်။ 

၅။ ပြီးခဲ့တဲ့ အသေးစိတ်အချက်အလက်များကို မှတ်မှိရန်လုပ်ဆောင်ပါ

အခွင့်ကြုံက ပြီးခဲ့တဲ့ စကားဝိုင်းထဲမှ အကြောင်းအရာတစ်ခုခုကို ကောက်နုတ်ကာ ထည့်သွင်းပြောဆိုမှုပြုလုပ်ပြီး သင်ဟာ ၎င်းစကားဝိုင်းကအကြောင်းအရာများကို နားထောင်ခဲ့ပြီး မှတ်မှိတယ်ဆိုတာကို ပြသလိုက်ပါ။ ဒီအရာက လူတို့ကို သူတို့အပေါ်တန်ဖိုးထားမှုရှိတယ်လို့ခံစားရစေပြီး သင်ဟာအမှန်တစ်ကယ်ပဲ နားထောင်မှုရှိတယ်ဆိုတာ ကိုသက်သေပြနိုင်တဲ့အချက်ပဲဖြစ်ပါတယ်။ 

ဥပမာအားဖြင့် - တစ်စုံတစ်ယောက်ဟာ ကော်ဖီတစ်မျိုးမျိုးကိုမကြိုက်ဘူးဆိုတာကို မှတ်မိခြင်း၊ ဒါမှမဟုတ် တစ် ချိန်က နိုင်ငံတစ်နိုင်ငံသို့သွားရောက်ခဲ့ဖူးတယ်ဆိုတာကိုမှတ်မိခြင်း အစရှိတဲ့ ကိစ္စရပ်သေးသေးလေးတွေဟာ တစ်ခါတစ်ရံတွင် အပြန်အလှန်ခင်မင်မှုရှိလာနိုင်ရန်အတွက်ကို ခိုင်မာလာစေရန်ပြုလုပ်ပေးနိုင်တဲ့အရာများဖြစ် လာနိုင်ပါတယ်။ 

၆။ မျက်လုံးခြင်းဆုံမှုကဲ့သို့ပင် သင့်ရဲခေါင်းကိုဆတ်ပြပြီး ပြုံးပြခြင်းဟာလည်း သင့်ရဲ့နားထောင်မှုစွမ်းရည်များကို တိုးတက်အောင်ကြံဆနေတဲ့အခါမှာ လျစ်လျူရှုလို့မရတဲ့အချက်များပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ဒီလိုမျိုးကို သင် စကားပြောတဲ့အခါတိုင်းမှာ အမြဲလုပ်ဆောင်တယ်လို့ထင်ကောင်းထင်ပါလိမ့်မယ်။ 

သို့သော်လည်း သင့်ရဲ့ခန္ဓာကိုယ်အမူအယာကိုလေ့လာလိုက်တဲ့အခါမှာ သင်ထင်ထားတာထက်ပိုပြီး အကြိမ်ရေ နည်းပါးစွာသာထိုသို့လုပ်ဆောင်တာကို တွေ့ရပါလိမ့်မယ်။ ဒီအရာက သင်ဟာ တစ်စုံတစ်ယောက်ကပြောဆိုနေ တဲ့အကြောင်းအရာကို သဘောတူတယ်ဆိုတာနဲ့ ပိုပြီးနားထောင်လိုတယ်ဆိုတာကို အကောင်းဆုံးပြသနိုင်တဲ့နည်း လမ်းတစ်ခုဖြစ်ပါတယ်။ 

၇။ Active listening (တက်ကြွစွာနားထောင်မှုရှိခြင်း) ကို အခြားသူရဲ့အမူအယာပုံစံကို အတုယူလုပ်ဆာင်ခြင်းနဲ့ လည်းပြသနိုင်ပါတယ်။ 

အထက်ပါ ကိုယ်အမူအယာများနဲ့သက်ဆိုင်တဲ့ အကြံပေးချက်များအပြင် သင်နဲ့ပြောဆိုနေသူရဲ့ ပုံသဏ္ဍန်အတိုင်း လိုက်လံအတုယူလုပ်ဆောင်ခြင်းကလည်း အသုံးဝင်နိုင်ပါတယ်။ 

အလွန်အကြူးလုပ်ပါက သိသာနိုင်သော်လည်း ဒီအရာက သင်နဲ့ပြောဆိုနေတဲ့သူတစ်ဦးရဲ့မသိစိတ်မှာ သင်ဟာ သူတို့နဲ့ နားလည်ဆက်စပ်မှုရှိနေတယ်ဆိုတာကိုဖော်ပြနိုင်တဲ့ အလွန်ကောင်းမွန်တဲ့ လူအများနဲ့ပြောဆိုဆက်ဆံမှု စွမ်းရည်တစ်ခုဖြစ်ပါတယ်။ 
အခြားသူတစ်ဦး ခြေထောက်ချိတ်ထားတဲ့အတိုင်းလိုက်ထိုင်တာ၊ သင့်ရဲ့လက်များကို ပုံစံတူအတိုင်းပိုက်ထားတာ အစရှိတဲ့ သိပ်ပြီးမသိသာတဲ့ အတုခိုးမှုမျိုးတွေကို စမ်းသပ်လုပ်ဆောင်ကြည့်လိုက်ပါ။ 

၈။ နားလည်မှုရှိဖို့အတွက် နားထောင်ပေးပါ

အဆုံးသတ်အနေနဲ့ပြောလိုတာကတော့ အခြားသောသူတစ်ဦးကပြောဆိုနေခြင်းကို သင်ဟာနားထောင်နေတဲ့ပုံစံ သာပြုမူရမှာမဟုတ်ပဲ သင့်အနေနဲ့ စကားဝိုင်းများတွင် စစ်မှန်စွာနားထောင်လိုတဲ့ စိတ်ဆန္ဒရှိနေဖို့လည်းလိုအပ်ပါ တယ်။ များစွာသောသူတို့ဟာ ဖြတ်ပြောဖို့၊ အကြောင်းအရာ/ ခေါင်းစဉ်ကိုပြောင်းလဲဖို့၊ ဒါမှမဟုတ် သူတို့ရဲ့ထင် မြင်ချက်များကိုထုတ်ဖော်ပြောဆိုဖို့ကိုသာစောင့်ဆိုင်းနေပြီး ဒီအရာက ပြောဆိုနေသူဖက်မှ ထိုသို့မထင်ဘူးဆိုရင် တောင်မှ ဘေးလူများအမြင်နဲ့ကြည့်ရင် အလွန်ပင်သိသာလွန်းပါတယ်။ 

ပြောဆိုဆက်ဆံမှုတိုင်းကို စူးစမ်းလေ့လာလိုမှုနှင့် အခြားသူများပြောဆိုနေတဲ့အကြောင်းအရာများကို စစ်မှန်စွာ စိတ်ဝင်စားမှုရှိပြီးပြုမူပြောဆိုခဲ့ပါက ထိုသူတစ်ဦးတစ်ယောက်မှ သင့်အပေါ်မြင်တဲ့အမြင်ကိုလည်း သွယ်ဝိုက် သောနည်းနဲ့ သက်ရောက်မှုရှိနိုင်မှာဖြစ်ပါတယ်လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Fourteen Star Network Co., Ltd.

Fourteen Star Network Co., Ltd.

“To Be The Best Service Leader for Medical Devices” .Fourteen Star Network Company (FSN) has founded in 2004 in Myanmar. FSN distributes medical devices and equipment. FSN has mostly provided ima...
Show the postings (22)
Min Zar Ni Group of Companies

Min Zar Ni Group of Companies

The group engaed in Sourcing, Processing and Marketing all varieties of fresh Frozen Seafood to the international markets. The first pioneer plant was established in 1995 in Yangon and at the present ...
Show the postings (2)
Sweety Home

Sweety Home

...Sweety Home Industry Co.Ltd established in Mandalay since 1995 is the professional manufacturing and distributing company of spring mattress, polyurethane foam, bedding accessories and modern pr...
Show the postings (31)
Victory Myanmar Group  Co., Ltd.

Victory Myanmar Group Co., Ltd.

..The Victory Myanmar Group (VMG) was created in 2009 based on organic growth and the acquisition of Mandalay Rum which was established in 1886 which now sells over 1.8 million cartons per year. Our p...
Show the postings (1)
Digital Laboratory Co., Ltd.

Digital Laboratory Co., Ltd.

..1. MOBILE APP DEVELOPMENT State of the art iOS and Android mobile app development and UI / UX design 2. WEB DEVELOPMENT Beautiful and responsive websites built with popular CMS and eCommerce plat...
Show the postings (2)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS