Tags: Knowledge-Anger-Management-Workplace-JobsInYangon
လုပ်ငန်းခွင်အတွင်း မိမိတို့ရဲ့ဒေါသထွက်ခြင်းကို ထိန်းချုပ်နိုင်ရန် နည်းလမ်း (၈) ချက်
စာဖတ်သူတို့အနေနဲ့ အလုပ်လုပ်နေရင်း ဒေါသထွက်လာဖူးပါသလား? ဒေါသထွက်ခြင်းဆိုတာဟာ ပုံမှန်ဖြစ်နေကျ ကျန်းမာတဲ့လူ့စိတ်အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် အလုပ်ခွင်အတွင်း (ရုံးခန်းအတွင်း) မှာ ဒီလိုပေါက်ကွဲဖို့ကိစ္စများဖြစ်လာရင် သင်ဘယ်လိုတုန့်ပြန်တတ်ပါသလဲ?
သင်မြင်ယောင်ကြည့်လိုက်ပါ။ သင့်အနေနဲ့ အရေးကြီးတဲ့ meeting တစ်ခုအတွက် နေ့ပေါင်းများစွာပြင်ဆင်ပြီးနောက်တွင်မှ Client တစ်ဦးက သင်ပြောလာသမျှအရာတိုင်းကို ဒေါသတကြီးနဲ့ ပယ်ချလိုက်တယ်ဆိုပါစို့၊ ဒါမှမဟုတ် သင့်အနေနဲ့ မန်နေဂျာရုံးခန်းအတွင်းသို့ အခေါ်ခံရပြီး သင့်အပြစ်မဟုတ်တဲ့ တစ်စုံတစ်ခုအတွက် ဆူပူကြိမ်းမောင်းခြင်းကို ခံလိုက်ရတယ်ဆိုပါစို့၊ ဒါမှမဟုတ် သင်က သူတို့ရဲ့ဝန်ဆောင်မှုကောင်းမွန်ခြင်းမရှိတာကို လက်မခံတဲ့ supplier တစ်ဦးနဲ့ ညှိနှိုင်းဆွေးနွေးဖို့ကြိုးစားနေတယ်ဆိုပါစို့၊ ဒါမှမဟုတ် သင်လုပ်ကိုင်နေတဲ့ project တစ်ခုဟာ ၁၁ နာရီခန့် သင်ကြိုးစားလုပ်ကိုင်ပြီးနောက်တွင်မှ အမှားအယွင်းများဖြစ်ပေါ်လာပြီး သင့်ကိုအပြစ်တင်ခြင်းကို ခံခဲ့ရတယ်ဆိုပါစို့၊ ဒီလိုမျိုးအဖြစ်အပျက်တွေများစွာရှိနေနိုင်ပါတယ် . . .
ဒီအခါမျိုးမှာ သင့်ရဲ့သွေးခုန်နှုန်းတွေမြင့်တက်လာပြီး တစ်စုံတစ်ယောက်ကိုအော်ဟစ်ပြောဆိုပစ်လိုက်ဖို့ကို သင့်အနေနဲ့ ထိန်းချုပ်ရခက်ခဲလာမှာပဲဖြစ်ပါတယ်။ အလုပ်ခွင်အတွင်းမှာ ဒီလိုမျိုးပေါ်ပေါက်လာတဲ့ စိတ်ခံစားမှုများကို သင့်အတွက် အလုပ်လုပ်ပေးနေသူများ (ဒါမှမဟုတ်) သင်နဲ့အတူအလုပ်လုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်များအတွက် ဘယ်လိုထိန်းချုပ်ကြမလဲ?
အောက်ပါအချက်များကတော့ Brighton and Hove Psychotherapy နဲ့အတူလက်တွဲလုပ်ကိုင်နေတဲ့ စာရေးဆရာတစ်ဦးဖြစ်သူ Mike James မှ ရေးသားပေးပို့လာတဲ့ ကောင်းမွန်သောအကြံပေးချက် (၈) ချက်ပဲ ဖြစ်ပါတယ် -
၁။ အသက်ကိုပြင်းပြင်းရှုပြီး ၁ မှ ၁၀ အထိ ရေတွက်ပါ။
ဒီလေ့ကျင့်ခန်းရဲ့ ရည်ရွယ်ချက်ကတော့ သင့်ကိုဒေါသထွက်စေနိုင်မယ့်အရာများကို ခုခံနိုင်စွမ်းရှိလာဖို့ပဲဖြစ်ပါတယ်။ ဒေါသပေါက်ကွဲထွက်လာပြီး အားလုံးကိုပြစ်တင်ဝေဖန်ပြောဆိုမှုများ ပြုလုပ်နေမယ့်အစား သင့်ကိုယ်သင် ဒီလိုအရာမျိုးတွေကို မပြုလုပ်မိစေဖို့ အားထုတ်၍ရှောင်ရှားလိုက်ပါ။
၁ မှ ၁၀ အထိ ရေတွက်ပေးခြင်းနဲ့ သင့်ရဲ့အသက်ရှုနှုန်းအပေါ်သာ အာရုံစိုက်ခြင်းတို့ဟာ လက်တွေ့ကျင့်သုံးနေကြပြီး စမ်းသပ်အတည်ပြုပြီးသော စိတ်တည်ငြိမ်မှုရရှိစေတဲ့ နည်းလမ်းတစ်ခုဖြစ်ကာ နှလုံးခုန်နှုန်းကို ပြန်လည်နှေးကွေးသွားစေပြီး သင့်ကိုယ်သင်အခြေအနေတွေအပေါ် ပြန်လည်သုံးသပ်နိုင်ဖို့နဲ့ သင့်ရဲ့တုန့်ပြန်ပုံကို စိတ်တည်ငြိမ်မှုရှိစွာရွေးချယ်နိုင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။
၂။ သင်ယုံကြည်ရတဲ့ တစ်စုံတစ်ယောက်နဲ့ စကားပြောပါ။
ပြဿနာများပေါ်ပေါက်လာတိုင်း ရုံးခန်းအတွင်းရှိအဖြစ်အပျက်များကို နားလည်သဘောပေါက်ပြီး လျှို့ဝှက်ချက်များအတွက် ယုံကြည်ရသူ၊ သင်တန်ဖိုးထားရတဲ့အကြံပြုချက်များကိုပေးနိုင်သူ တစ်ဦးဦးနဲ့ ဆွေးနွေးတိုင်ပင်ကြည့်ပါ။ ဖြစ်နိုင်ပါက ရုံးခန်းအတွင်းမှ ခေတ္တအနားယူ၍ ဘေးလူများမကြားနိုင်တဲ့ နေရာတစ်ခုတွင် သင့်ရဲ့ခံစားချက်များကို ဖွင့်ထုတ်လိုက်ပါ။
ခံစားချက်များကို ဖွင့်ထုတ်လိုက်ခြင်းဟာ ရှင်းလင်းထုတ်လိုက်ခြင်းတစ်မျိုးလည်းဖြစ်ပါတယ် ဒီလိုတစ်စုံတစ်ယောက်ကို သင်ခံစားနေရတဲ့အရာများ၊ ဖြစ်ပျက်ခဲ့တဲ့အရာများကို ဖွင့်ဟပြောဆိုလိုက်ခြင်းအားဖြင့် သင့်အနေနဲ့ ကိစ္စရပ်များကိုပိုမိုကောင်းမွန်စွာတွေ့မြင်လာနိုင်မှုဖြစ်ပါတယ်။ သင့်ရဲ့သူငယ်ချင်းမှလည်း သင့်ကိုစာနာနားလည်ကြောင်းပြသလာမှာဖြစ်သလို သင်မစဉ်းစားမိတဲ့ ဖြေရှင်းပုံနည်းလမ်းများကိုလည်း အကြံပြုပေးနိုင်မှာဖြစ်ပါတယ်။
၃။ မကျေနပ်တဲ့အရာများကို ချရေးပါ၊ သွားတော့မပေးလိုက်ပါနဲ့။
အကယ်၍ သင့်ရဲ့ Negative feeling များကိုဖွင့်ထုတ်ဖို့ဆန္ဒကို မထိန်းချုပ်နိုင်တော့ဘူးဆိုပါက ဒါကို စာရေးပြီး လုပ်ဆောင်နိုင်ပါတယ်။ သင်ခံစားနေရတဲ့ အရာများကို စာဖြင့်ရေးသားခြင်းသော်၎င်း၊ e-mail တစ်စောင်တွင် ရေးသားခြင်းသော်၎င်း ပြုလုပ်ပေးလိုက်ခြင်းအားဖြင့် ပေါ့ပါးသွားတယ်လို့ ခံစားရစေနိုင်မှာဖြစ်ပါတယ်။ သို့သော် ဘယ်လိုအခြေအနေမျိုးအောက်မှာပဲဖြစ်နေနေ သင်ရေးထားတဲ့အရာများကို ပေးပို့ခြင်းမပြုလုပ်သင့်ပါဘူး။ အချိန်တချို့ကြာမြင့်တဲ့အထိ သိမ်းဆည်းထားပြီးနောက် သင်တည်ငြိမ်သွားတဲ့အခါမှာ ပြန်လည်ဖတ်ရှုကြည့်လိုက်ပါ၊ ဒါမှမဟုတ် ဖျက်ပစ်လိုက်ပါ။
၎။ အဆောက်အဦးထဲမှ ထွက်သွားလိုက်ပါ။
တစ်ခါတစ်ရံတွင် ပေါ်ပေါက်နေသောအခြေအနေများမှ ဝေးရာသို့ ခဏထွက်ခွာပြီး သင့်အနေနဲ့ စိတ်ပြန်လည်တည်ငြိမ်မှုရရှိစေရန် ပြုလုပ်ဖို့လိုအပ်နေနိုင်ပါတယ်။ ဒါကြောင့် အပြင်ထွက်လမ်းလျှောက်ပြီး နေ့လည်စာထွက်စားခြင်း (သို့) တိတ်ဆိတ်တဲ့ တစ်နေရာရာတွင် ခဏထိုင်ပြီး မိမိကိုယ်ကိုပြန်လည်တည်ငြိမ်မှု ရရှိစေရန်နဲ့ စိတ်ကြည်လင်မှုရရှိစေရန် ပြုလုပ်ပေးသင့်ပါတယ်။ သင့်အနေနဲ့အလုပ်စားပွဲသို့ ပြန်ရောက်လာတဲ့ အခါမှာ အရာတိုင်းဟာထင်သလောက်ပြင်းထန်မှုမရှိတော့တာကို တွေ့လာရမှာဖြစ်ပါတယ်။
၅။ မိမိရဲ့စိတ်ကိုအနားပေးဖို့ နေရာအချို့ယူထားပါ။
စိတ်ဖိစီးမှုဖြစ်စေတဲ့အခြေအနေများမှ မိမိရဲ့စိတ်ကိုအနားပေးနိုင်ရန်အတွက် သင့်ရဲ့ twitter feed ကို ဖတ်ရှုခြင်း၊ သင်နှစ်သက်တဲ့ website တစ်ခုကို မိနစ်အနည်းငယ်မျှကြာ ဝင်ရောက်ဖတ်ရှုခြင်း၊ ဂိမ်းတစ်ပွဲလောက်ဆော့ကစားခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။ သင့်ကိုယ်သင် ပျော်ရွှင်စေမယ့်အရာများကို ပြုလုပ်ပေးခြင်းအားဖြင့် ချည်နှောင်လိုက်ပါ။ ဒါကသင့်ရဲ့စိတ်ကို တည်ငြိမ်မှုရှိလာစေမှာဖြစ်ပြီး ပိုမို၍ စိတ်အာရုံစူးစိုက်မှု ရရှိစေမှာဖြစ်တဲ့အပြင် ရုံးခန်းအတွင်းရှိ အခြေအနေများကို Productive ဖြစ်ပြီး လက်ခံ၍ရနိုင်သောနည်းလမ်းမျိုးနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်စေမှာလည်း ဖြစ်ပါတယ်။
၆။ အားပေးနှစ်သိမ့်မှုအချို့ကို ရယူပါ။
သင့်အနေနဲ့ မမျှမတစွာ ခွဲခြားဆက်ဆံခြင်းခံရတယ်လို့ ခံစားလာရပါက သင့်အသိုင်းအဝိုင်းအတွင်းရှိ ယုံကြည်ရ သူများကို ဖုန်းခေါ်ဆိုလိုက်ပါ။ သင့်ရဲ့ချစ်သူကိုစာတိုပေးပို့လိုက်ပါ၊ နီးစပ်တဲ့ဆွေမျိုးသားချင်းတစ်ဦးကို ဖုန်းခေါ်ဆိုပါ၊ ဒါမှမဟုတ် သူငယ်ချင်းကောင်းတစ်ဦးနဲ့ ကော်ဖီဆိုင်ထိုင်ပြီး သင့်ရဲ့စိတ်ကို ပြန်လည်တက်ကြွမှုရှိလာစေရန် ပြုလုပ်လိုက်ပါ။
အထူးသဖြင့် ရုံးခန်းအတွင်းတွင် ပြဿနာများတက်နေတဲ့အခါတွင် သင့်ရဲ့မိသားစုဝင်များနဲ့ သူငယ်ချင်းများအကြားတွင် သင့်ကို တန်ဖိုးထားအလေးထားခံရတယ်လို့ ခံစားရစေဖို့ဟာ အရေးကြီးလှပါတယ်။
၇။ သင့်ကိုဒေါသထွက်စေတဲ့အရာများကို သတိထားပါ၊ မှတ်သားထားပါ။
ကျွန်ုပ်တို့အားလုံးမှ ကိုယ့်ကိုဒေါသထွက်စေခြင်း၊ ကြမ်းတမ်းတဲ့အမူအယာများကို ဖြစ်ပေါ်စေခြင်း အစရှိတဲ့အရာများကို ဖြစ်ပေါ်စေတဲ့ “သည်းညည်းမခံနိုင်သောအရာများ” ရှိနေတတ်ပါတယ်။ သင့်အနေနဲ့ မိမိတို့ကို ဒေါသထွက်စေတဲ့အရာများကို ပေါက်ကွဲထွက်မလာခင် အချိန်မှီမှတ်သား၍ ထိန်းချုပ်ပေးပါ။ သင့်အနေနဲ့ မိမိတို့ရဲ့သည်းမခံနိုင်သောအရာများကို ထိပါးလာတဲ့အခါမှာ အသက်ပြင်းပြင်းရှုပြီး ခေတ္တမျှ ရပ်တန့်၍စဉ်းစားတွေးခေါ်မှုများပြုနိုင်ခဲ့ပါက သင့်ရဲ့ဒေါသကိုထိန်းချုပ်ရာမှာ ကြီးမားသောအောင်မြင်မှုကို
၈။ သင့်ကိုယ်သင် ဆုချပေးလိုက်ပါ။
သင့်ရဲ့ဒေါသကိုထိန်းချုပ်နိုင်ခြင်းဟာ တစ်ကယ့် personal achievement တစ်ခုဖြစ်ပြီး သင့်အနေနဲ့ ဒီလို ဒေါသကိုထိန်းချုပ်လိုက်နိုင်တဲ့အခါတိုင်း မိမိကိုယ်ကို ဂုဏ်ယူသင့်ပါတယ်။ သင့်ရဲ့ negative feeling များကို ကိုင်တွယ်ထိန်းချုပ်နိုင်လိုက်တဲ့အခါတိုင်းမှာ မိမိကိုယ်ကိုချစ်ခင် အသိအမှတ်ပြုတဲ့အနေနဲ့ စားသောက်ဖွယ် တစ်ခုခုကို ဝယ်စားလိုက်ပါ။
ဒီ article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.