by www.jobsinyangon.com
ချိတ်ဆွဲရန်စာတန်း: Knowledge-Employee-Mindset-2021-JobsInYangon
၂၀၂၁ ခုနှစ်အတွင်း ဝန်ထမ်းများရဲ့ mindset များကို အသစ်ပြန်လည်တည်ဆောက်ပေးစေနိုင်မည့် နည်း (၈) နည်း (အပိုင်း - ၁)
၂၀၂၀ ခုနှစ်ရဲ့အဆုံးသတ်မှာ ကျွန်ုပ်တို့အားလုံးခန့်မှန်းခဲ့ကြဖူးသလိုပဲ ကမ္ဘာပေါ်ရှိအလုပ်သမား၊ ဝန်ထမ်းများ အများစုဟာ အလွန်အမင်းကို စိတ်ပင်ပန်းမောပန်းနေခဲ့ပြီပဲဖြစ်ပါတယ်။ တစ်နှစ်တာလုံး စိတ်ဖိစီးမှုတွေနဲ့ပဲ ပြည့်နှက်နေခဲ့တဲ့အတွက်လည်း ဒါဟာသာမန်ဖြစ်လေ့ရှိတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ယခုအခါမှာ ၂၀၂၁ ခုနှစ်အတွင်းသို့ဝင်ရောက်ရန်အတွက် အားသွန်ခွန်စိုက်ကြိုးစားလိုကြမှာဖြစ်သော်လည်း သင့်ရဲ့ရည်ရွယ်ချက်၊ ရည်မှန်းချက်များနဲ့ စိတ်ပိုင်းဖြတ်မှုများကို ပြန်လည်အကဲဖြတ်လေ့လာကြည့်ဖို့တော့ လိုအပ်ပါလိမ့်မယ်။
များစွာသောအလုပ်ခွင်ပတ်ဝန်းကျင်များတွင် လုပ်စရာကိစ္စရပ်များနဲ့ လုပ်ငန်းပရောဂျက်များဟာ တောင်ပုံယာပုံဖြစ်နေလောက်ပြီဖြစ်ပြီး ရှင်းလင်းတိကျတဲ့ဦးစားပေးလုပ်ဆောင်ရန် အစီအစဉ်များ (သို့) ထိုအလုပ်များကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်စေရန်အတွက် လုံလောက်တဲ့အချိန်ပမာဏလည်း ရှိမနေပြန်ပါဘူး။ ဒီအချိန်ဟာ ဝန်ထမ်းများရဲ့ စိတ်နေစိတ်ထားများ၊ mindset များကို လစဉ်ပြန်လည်စစ်ဆေးမှုများပြုလုပ်ပြီး ထိန်းကျောင်းပြုပြင်ပေးသင့်တဲ့ အချိန်တစ်ခုဖြစ်လာနိုင်ပါတယ်။ ကျွမ်းကျင်သူများရဲ့အဆိုအရ ဒီအချိန်ဟာ သင့်ရဲ့အလုပ်အပေါ်ထားရှိတဲ့ စိတ်အားထက်သန်မှုတွေ၊ စိတ်ပိုင်းဖြတ်ဆုံးဖြတ်မှုတွေကို ပြန်လည်မေးခွန်းထုတ်ရမယ့် အချိန်လည်း ဖြစ်နေပြန်ပါတယ်။ အကယ်၍ သင်ဟာ သင့်ရဲ့ goal setting strategy ကို ပြန်လည်အကဲဖြတ်လေ့လာနေသူတစ်ဦးဖြစ်တယ်ဆိုရင်တော့ Google နဲ့ Netflix ကဲ့သို့သောကုမ္ပဏီကြီးများမှ တူညီစွာဆောင်ရွက်နေကြတဲ့ လူကြိုက်အများဆုံးပုံစံတစ်ခုကို ကျွန်တော်တို့က အကြံပြုပေးလိုပါတယ်။ ဒါကတော့ Objective and Key Results (OKRs) model ပဲ ဖြစ်ပါတယ်။ အလားတူပဲ ၂၀၂၁ ခုနှစ်အတွင်းတွင် သင့်ရဲ့အစီအစဉ်ချမှတ်မှုများကို နောက်နှစ်အတွက်အမြန်ဆုံးနဲ့ အထိရောက်ဆုံး ကြိုတင်ပြင်ဆင်ထားနိုင်စေရန်အတွက် ဝန်ထမ်းများရဲ့ mindset ကို အသစ်ပြန်လည်တည်ဆောက်ပေးစေနိုင်မည့် အောက်ပါ နည်း (၈) နည်းအားလည်း အကြံပြုလိုပါတယ်။
၁။ ယခုနှစ်အတွက် ရည်မှန်းချက်ပန်းတိုင်အသစ်များသတ်မှတ်ပါ။
နှစ်သစ်မှာ သင့်ဝန်ထမ်းများအား ခိုင်မာတဲ့ဆုံးဖြတ်ချက်များချမှတ်နိုင်စေရန်ကူညီပေးခြင်းဟာ သူတို့ကို စိတ်အားထက်သန်မှုများဖြစ်ပေါ်လာစေရန်အတွက် သိသာထင်ရှားပြီး၊ အားကောင်းတဲ့နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ နှစ်သစ်တစ်နှစ်ဟာ ကျွန်ုပ်တို့ရဲ့ယခင်ကအမူအကျင့်တွေနဲ့ ကျွန်ုပ်တို့အနာဂါတ်တွင်လိုချင်တဲ့ အမူအကျင့်များကို ပြန်လည်စဉ်းစားနိုင်မယ့် Point တစ်ခု၊ နေရာတစ်ခုပဲဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်တွင် သူတို့အနေနဲ့ ဘယ်လိုဝန်ထမ်းမျိုးဖြစ်ချင်လဲဆိုတာကို မေးကြည့်လိုက်ပါ။ ယခင်နှစ်ကထက်စာလျှင်မည်သို့ပြောင်းလဲတိုးတက်မှုများကို လိုချင်သလဲ? သူတို့ဟာ ဘာအတွက် ကြိုးစားနေကြတာလဲ? အစရှိသည့်မေးခွန်းများကိုလည်း မေးမြန်းကြည့်ပြီး ယခုနှစ်သစ်မှာ သူတို့အနေနဲ့ အောင်မြင်ရရှိရန်ဆောင်ရွက်အလိုဆုံးအရာ (၅) ခုကို ချရေးခိုင်းကြည့်လိုက်ပါ။
သင့်ရဲ့ Management team နဲ့ သင်ကိုယ်တိုင်အတွက်ကိုတော့ ယခုနှစ်သစ်မှာ သင်တို့အနေနဲ့ ဘယ်လို ခေါင်းဆောင်မျိုးဖြစ်လိုသလဲ? သင့်အနေနဲ့ ဦးဆောင်ဦးရွက်ပြုမှုပုံစံများကို မည်သို့ပြောင်းလဲပြီး သင့်အဖွဲ့ဝင်များ၊ ဝန်ထမ်းများရဲ့အရည်အချင်းများကို မည်ကဲ့သို့အကျိုးရှိရှိအသုံးချနိုင်မလဲ? ဥပမာအားဖြင့် ဦးဆောင်ဦးရွက်မှုပြုရာတွင် မည်သည့်အရာများကိုတော့ဖြင့် အရင်ကနဲ့မတူပဲ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မလဲ? အစရှိသည်တို့ကို မေးမြန်းကြည့်ပြီး သင့်ဝန်ထမ်းများထံကအကြံပြုချက်များကိုလည်း တောင်းခံကြည့်ကာ သူတို့အနေနဲ့ သင့်ထံက ဘာတွေကိုလိုချင်လဲ၊ လိုအပ်နေသလဲဆိုတာကို သိရှိအောင်ပြုလုပ်ပါ။
သင့်အတွက်နှင့်၊ သင့်ဝန်ထမ်းများအတွက် Professional goal များအကြောင်းကိုစဉ်းစားရာတွင် ကုမ္ပဏီရဲ့ value များကို လမ်းညွှန်တစ်ရပ်အနေနဲ့အမြဲတမ်းအသုံးပြုပါ။ သင်လုပ်လိုက်တဲ့ ကောင်းမွန်သောအရာတွေနဲ့ သင့်ရဲ့ product (သို့) ဝန်ဆောင်မှုများက သင့် client နဲ့ customer များရဲ့ နေ့စဉ်ဘဝများတွင် မည်ကဲ့သို့သောတန်ဖိုးများကို ပြန်လည်ပေးအပ်နိုင်မလဲဆိုတာကို သတိရမှတ်မိနေခြင်းဟာ motivation များကို တည်ဆောက်နိုင်စေဖို့အတွက် အကောင်းဆုံးသောနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။
သင်ကိုယ်တိုင်နဲ့ သင့်ဝန်ထမ်းများရဲ့ ရည်မှန်းချက်များကို ချရေးကြည့်ခြင်းဟာ ဟောင်းသော်လည်း ကောင်းနေဆဲဖြစ်တဲ့ အကြံပြုချက်တစ်ခုပဲဖြစ်ပါတယ်။ သင့်အနေနဲ့ အောင်မြင်စွာရရှိလိုတဲ့အရာတွေကိုသာမက ဒါတွေကိုရယူနိုင်ဖို့အတွက်ဟာ ဘာကြောင့်အရေးကြီးရသလဲဆိုတာကို ချရေးကြည့်လိုက်ပါ။ Motivation များလျော့နည်းလာပြီလို့ ခံစားရတဲ့အခါတိုင်းတွင် ဒီအရာနှစ်ခုစလုံးကို ယခုနှစ်အတွင်း ပုံမှန် အချိန်ကာလအပိုင်းအခြားအလိုက် ဝေဖန်အကဲဖြတ်မှုများ၊ ပြန်လည်စီစဉ်မှုများပြုလုပ်ပေးပါ။
သင့်ဝန်ထမ်းများနဲ့ ပိုမိုရင်းနှီးမှုရှိပြီး တစ်ယောက်အကြောင်းတစ်ယောက် ပိုမိုသိရှိနိုင်ရန်အတွက်လည်း သူတို့ရဲ့ တစ်ကိုယ်ရည်ရည်မှန်းချက်ပန်းတိုင်များအကြောင်းကို မေးမြန်းကြည့်ပါ။ ဒီနှစ်အတွင်းမှာ သူတို့ဟာ အားကစားပြိုင်ပွဲဝင်ဖို့ရှိနေလား? ဒါမှမဟုတ် တရားထိုင်ဖို့ (သို့) အိမ်၊ ပိုင်ဆိုင်မှုများဝယ်ယူရန် ကြိုသွင်းငွေချဖို့အတွက် ငွေစုနေသလား? မေးမြန်းကြည့်ပေးပါ။ ဝန်ထမ်းများအနေနဲ့ သင်ဟာ personal ရော professional goal များကိုရော အားပေးကူညီဖို့အသင့်ရှိနေတယ်ဆိုတာကို အသိပေးထားခြင်းဟာ သူတို့ကိုအလုပ်လုပ်ကိုင်ဖို့အတွက် စိတ်အားတက်ကြွမှုရှိလာစေမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်ုပ်တို့ဟာ ၂၀၂၁ ခုနှစ်အတွင်း ဆက်လက်၍ work from home ပြုလုပ်နေရတဲ့ အချိန်မှာ ဒါဟာအရေးပိုကြီးလှပါတယ်။
ရည်မှန်းချက်ပန်းတိုင်များကို သတ်မှတ်ရန်အတွက် ကျွန်ုပ်တို့အကြိုက်ဆုံးနည်းလမ်းတစ်ခုကတော့ Objective and Key Results (OKRs) ကို အသုံးပြုခြင်းပဲဖြစ်ပါတယ်။ ကုမ္ပဏီကြီးများဖြစ်ကြတဲ့ Google နဲ့ Netflix တို့ဟာလည်း အားကောင်းပြီးထိရောက်မှုရှိတဲ့ ဒီနည်းဗျူဟာများကြောင့် များစွာသောအောင်မြင်မှုများကို ရရှိနေတာကိုတွေ့နိုင်မှာဖြစ်တဲ့အတွက် ဒီအရာကိုအသုံးပြုပြီး နှစ်သစ်မှာ အလုပ်များကိုလျှင်လျှင်မြန်မြန်ပဲစတင်နိုင်စေရန်အတွက် အကြံပေးလိုပါတယ်။ အစပိုင်းမှာ OKRs ကို အသုံးပြုရခြင်းဟာ ရှုပ်ထွေးမှုများရှိတယ်လို့ထင်ရနိုင်ပေမယ့်လည်း ဆက်လက်ပြီး ရေရှည်အသုံးပြုကြည့်ပါက ဒီအရာဟာ သင့်ရဲ့ team ကို ပြောင်းလဲပေးနိုင်စွမ်းရှိတဲ့ လွန်စွာအားကောင်းပြီးထိရောက်မှုရှိသော goal-setting framework တစ်ခုဖြစ်တာကို သိရှိလာပါလိမ့်မယ်။
သင့်ရဲ့ ယခင်ကအလုပ်လုပ်တဲ့ပုံစံအဟောင်းတွေကို လွှတ်ချလိုက်ပါ။
ပုံမှန်လုပ်နေကျအတိုင်းလုပ်ဆောင်နေခြင်းကို ခဏလောက်ရပ်တန့်ပြီး လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်စေမယ့် နည်းလမ်းများကို စမ်းသပ်ဖို့အချိန်ဟာ ယခုအချိန်ပဲဖြစ်ပါတယ်။ ယခင်လုပ်နေကျပုံစံအဟောင်းတွေနဲ့ ယခင်က priority အဟောင်းတွေကို ဆက်လက်ဆုပ်ကိုင်ထားနေဦးမယ်ဆိုရင် သင့်ရဲ့ team ကို သိသိသာသာကို နှေးကွေးလာစေမှာပဲဖြစ်ပါတယ်။ သင့်ရဲ့ team အနေနဲ့ သူတို့ရဲ့ယခင်ကလုပ်ဆောင်ချက်များကို ပြန်လည်၍ဆန်းစစ်ကြည့်ကြပါစေ။
“သင်တို့ရဲ့ အလုပ်အပေါ်ထားရှိတဲ့ စိတ်ပိုင်းဖြတ်မှု၊ ဆုံးဖြတ်မှုများကို ပြန်လည်၍ မေးခွန်းထုတ်ပါ။” Havard Business Review အတွက်ရေးသားခဲ့သော ဆောင်းပါးတစ်ပုဒ်တွင် management နဲ့ဆိုင်သော ကိစ္စရပ်များကို လမ်းညွှန်ပြသနေတဲ့ Elizabeth Grace Saunders ကတော့ ဒီအတိုင်းပဲရေးသားထားပါတယ်။ “များစွာသော လုပ်ငန်းခွင်ပတ်ဝန်းကျင်များတွင် လုပ်စရာကိစ္စများနဲ့ လုပ်ငန်းပရောဂျက်များဟာ တောင်ပုံယာပုံဖြစ်နေပြီး တိကျပြတ်သားတဲ့ ဦးစားပေးလုပ်ဆောင်ရမယ့်စာရင်း (သို့) အချိန်လုံလောက်မှုအခြေအနေလည်း ရှိမနေပါဘူး။ နှစ်သစ်တစ်ခုရဲ့အစဟာ အရာအားလုံးကိုရှင်းလင်းပြီး သင်တို့အနေနဲ့ ဘာတွေကိုလုပ်ဆောင်နေသလဲဆိုတာနဲ့ ဘာကြောင့် ဒါတွေကိုလုပ်ဆောင်နေတာလဲဆိုတာကိုပြန်လည်အကဲဖြတ်သုံးသပ်ဖို့ အချိန်ကောင်းတစ်ခုပဲဖြစ်ပါတယ်။”
သင့်ရဲ့ team ကို အချို့သော အလုပ်လုပ်ရမည့်ပုံစံအသစ် (working style) များကို အတူတကွစဉ်းစားကြဖို့ ပြောကြားပါ။ အများနဲ့အတူတကွလုပ်ဆောင်ရခြင်းဟာ စွမ်းအားကြီးလှပြီး အကယ်၍လူအများစုက အမူအကျင့်တစ်ခုကိုစတင်လိုက်ပြီဆိုတာနဲ့ ဒီအရာဟာတည်မြဲဖို့ ပိုမိုသေချာမှုရှိစေမှာဖြစ်ပါတယ်။ စတင်လုပ်ဆောင်ထားသင့်တဲ့ ရေပန်းစားတဲ့အမူအကျင့်အချို့ကိုလည်း စာဖတ်သူများလေ့လာနိုင်စေရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။
e-mail များနဲ့ message များကို စစ်ဆေးဖို့အချိန်သတ်မှတ်ထားခြင်း - သင့်အနေနဲ့ e-mail တစ်စောင် (သို့) message တစ်စောင်ကိုဖတ်ရှုပြီးနောက် ပြန်လည်၍အလုပ်လုပ်ဖို့အရှိန်ယူရတာမျိုးကို ကြုံတွေ့ဖူးပါသလား? University of California ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်အပေါ် လေ့လာမှုတစ်ခုအရ ဝန်ထမ်းတစ်ဦးအနေနဲ့ စိတ်အာရုံပျံ့လွင့်မှုဖြစ်ပွားပြီးနောက်တွင် လက်ရှိလုပ်ဆောင်နေတဲ့အလုပ်တစ်ခုအပေါ် ပြန်လည်၍အာရုံစုစည်းမှုရရှိနိုင်ရန်အတွက် ၂၃ မိနစ်ခန့် ကြာမြင့်တတ်ပါတယ်။
အဆိုပါလေ့လာမှုတွင်တွေ့ရှိချက်များအရ မကြာခဏ ကြားဖြတ်ခိုင်းစေခံရတဲ့သူများဟာ ပိုမိုမြင့်မားတဲ့ workload, စိတ်ဖိစီးမှုများနဲ့ အချိန်မှီပြီးမြောက်ဖို့အတွက် ဖိအားများကိုလည်း ခံစားရလေ့ရှိတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါတွေကိုသင့်အနေနဲ့ ဘယ်လိုပြန်လည်တည့်မတ်ပေးနိုင်မလဲ? သင့်ရဲ့ e-mail များကို စစ်ဆေးဖို့ အချိန်တစ်ခုကို ကြိုးစားသတ်မှတ်ကြည့်ပါ။ ဥပမာ - မနက် ၉း၀၀၊ နေ့လည် ၂း၀၀ နဲ့ ညနေ ၅း၀၀ အချိန်များ၊ ပြီးရင်တော့ အလားတူသတ်မှတ်ထားတဲ့အချိန်များမှာပဲ instant messaging app များကိုလည်း စစ်ဆေးပေးပြီး ကျန်အချိန်များမှာတော့ အလုပ်ကိုသာ အာရုံစိုက်၍ လုပ်ကိုင်ကြရမှာဖြစ်ပါတယ်။
ပုံမှန်အနားယူချိန်များကို သတ်မှတ်ရေးဆွဲခြင်း - နေ့တစ်နေ့အတွင်းမှာ သင့်ရဲ့ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို ပုံမှန်အနားပေးခြင်းအားဖြင့် ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးနိုင်ပြီး အမြဲတန်းလန်းဆန်းတက်ကြွနေစေမှာ ဖြစ်ပါတယ်။ လေ့လာသူများရဲ့အဆိုအရ အကောင်းဆုံးအာရုံစူးစိုက်မှုကိုရရှိစေနိုင်တဲ့အချိန်ဟာ တစ်နာရီခန့်သာရှိတဲ့အတွက် - အတိအကျပြောရမည်ဆိုပါက ၅၂ မိနစ်ခန့်အလုပ်လုပ်ပြီး ၁၇ မိနစ်ခန့် အနားယူပေးသင့်ပါတယ်။ ဒါ့အပြင် လက်ရှိမှာရေပန်းစားနေတဲ့ Pomodoro နည်းစနစ်ဟုခေါ်တဲ့ နည်းစနစ်တစ်ခုလည်း ရှိပါသေးတယ်။ ဒါကတော့ ဝန်ထမ်းများအနေနဲ့ ၂၅ မိနစ်ခန့်အလုပ်လုပ်ပြီးနောက် ၅ မိနစ်ခန့် ခေတ္တအနားယူပေးတဲ့ စနစ်တစ်ခုပဲဖြစ်ပါတယ်။ သင့်ရဲ့အားလပ်ချိန်မှာ ဘာတွေကိုလုပ်ကြမလဲ ဆိုတာကလည်း အရေးကြီးပါတယ်။ Socialmedia များ၊ ဖုန်းများကို ကြည့်ရှုခြင်းအားရှောင်ရှားပြီး ထိုအစား အညောင်းဆန့်ခြင်း၊ ရေတစ်ခွက်လောက်ထသောက်ခြင်း (သို့) ခေတ္တခဏ လမ်းလျှောက်ပေးခြင်းတို့ကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
အမူအကျင့်တစ်ခုကို စတင်တည်ဆောက်ရာမှာ ပျမ်းမျှအားဖြင့် အကျင့်ရစေဖို့အတွက် ၆၆ ရက်ခန့် ပုံမှန်ပြုလုပ်ပေးနေရမှာဖြစ်ပြီး ထိရောက်မှုများဟာ ချက်ခြင်းရှိလာမှာမဟုတ်သော်လည်း ဆက်လက်၍ ကျင့်ကြံသွားကြဖို့အတွက်လည်း သတိထားရပါမယ်။
လစဉ် “စိတ်အခြေအနေစစ်ဆေးခြင်း” ကိုပြုလုပ်ပေးခြင်း - နှစ်သစ်တစ်နှစ်ကို စတင်ရခြင်းကြောင့် စိတ်လှုပ်ရှားတက်ကြွမှုများ ပြန်လည်ငြိမ်သက်သွားတဲ့အခါမှာ သင့်အနေနဲ့ ဆက်လက်ပြီး လန်းဆန်းတက်ကြွမှုများရှိနေစေဖို့အတွက်ကိုလည်း မိမိကိုယ်ကို အမြဲတမ်းဆန်းစစ်နေရပါမယ်။ Executive Coach တစ်ဦးဖြစ်တဲ့ Amanda Blessing ရဲ့ ပြောကြားချက်တစ်ရပ်အရ ဝန်ထမ်းများအနေနဲ့ မိမိတို့ကိုယ်ကို အောက်ပါမေးခွန်း (၃) ခုအား မေးမြန်းကြည့်သင့်ပါတယ်။
- ငါ့ရဲ့ ယုံကြည်မှုတွေနဲ့ ဘက်လိုက်မှုတွေက ငါ့ကိုတားဆီးပိတ်ပင်နေသလား?
- ငါ့ရဲ့ mindset ဟာ တစ်ကယ်ပဲ ကြိုတင်လုပ်ကိုင်တတ်လေ့ရှိပြီး အကောင်းဖက်ကိုဆောင်တဲ့ mindset တစ်ခု ဖြစ်ရဲ့လား?
- ငါဟာ ကိစ္စရပ်တိုင်းကို “ငါလုပ်နိုင်တယ်ဆိုတဲ့အမြင်နဲ့” ကြည့်ရှုလေ့ရှိပြီး ငါ့ရဲ့သက်မွေးမှုလုပ်ငန်းကို စိတ်လှုပ်ရှားတက်ကြွဖွယ်ကောင်းတဲ့ နေရာတစ်ခုအဖြစ် မြင်ရဲ့လား?
သင့်ကိုယ်သင် အထက်ပါဖော်ပြပေးခဲ့တဲ့မေးခွန်းတွေကို ပြန်လည်မေးကြည့်ခြင်းအားဖြင့် အလုပ်အပေါ် သင့်ရဲ့စိတ်အားထက်သန်တက်ကြွမှုများကို ရေရှည်တည်တံ့စေမှာဖြစ်ပြီး ပိုမိုကောင်းမွန်ပျော်ရွှင်သော ဝန်ထမ်းတစ်ဦးအဖြစ်သို့ မိမိကိုယ်ကိုပြောင်းလဲနိုင်ရန်အတွက် စိတ်အားထက်သန်တက်ကြွမှု ရှိလာစေမှာပဲဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ဒီလောက်နဲ့ပဲနိဂုံးချုပ်လိုက်ပါတယ်။ မနက်ဖြန်မှာဆက်လက်၍ အပိုင်း (၂) ကို တင်ဆက်ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုပေးကြပါဦးခင်ဗျာ။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အကျိုးရှိစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Facilitation Limited
A challenging work space associated with learning opportunityConsulting services for company registration, secretarial services, investment permit and financial services...
Show the postings (3)
Myanmar Marketing Research & Development, Ltd. (MMRD)
What we do: We help businesses and organizations to connect with their audience through print and digital directories (yellow pages), and to better understand their environment through Research Servic...
Show the postings (15)
EPCM Myanmar Co., Ltd.
.We seek to be the leading customer oriented Construction , Mechanical and Electrical Equipment & services for our Professionalism, Quality, Cost Efficiency and Timely Delivery.
.To provide the highe...
Show the postings (11)