Jobs In Myanmar
Load...

SME လုပ်ငန်းများအတွင်း လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးစေနိုင်မည့် အချက် (၈) ချက်

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-SMEs-Productivity-Tips-JobsInYangon



SME လုပ်ငန်းများအတွင်း လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးစေနိုင်မည့် အချက် (၈) ချက်  

 

အသေးစားနှင့်အလတ်စား SME စီးပွားရေးလုပ်ငန်းများအတွက် ၎င်းတို့ရဲ့ဝန်ထမ်းများဟာ အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ သင့်ရဲ့ဝန်ထမ်းများဟာ ပျော်ရွှင်မှုရှိနေလေလေ လုပ်ငန်းစွမ်းဆောင်ရည်များဟာလည်း ပိုမိုမြင့်မားလာမှာဖြစ်ပြီး ဒီအချက်ဟာ သင့်ရဲ့လုပ်ငန်းတွင် တိုးတက်မှုများရှိလာစေရန်အတွက် အဓိကအရေးကြီးတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ 

အမူအကျင့်များနှင့် လုပ်ငန်းခွင်အစဉ်အလာများတွင် သေးငယ်သောပြောင်းလဲမှုများကို ပြုလုပ်ပေးလိုက်ရုံမျှဖြင့် မိမိတို့လုပ်ငန်းရဲ့ လုပ်ငန်းစွမ်းဆောင်ရည်နှင့် လုပ်ငန်းဆောင်ရွက်ချက်များရဲ့ ထိရောက်မှုရှိခြင်းကို သိသိသာသာမြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါက ပိုမိုတိုတောင်းသောအချိန်ကာလအတွင်း အရည်အသွေးပြည့်မှီတဲ့ အလုပ်များကို ပိုမိုပြီးမြောက်အောင် ဆောင်ရွက်လာစေနိုင်မှာဖြစ်ပြီး မလိုလားအပ်တဲ့အလုပ်များအတွက် အချိန်များအလဟသဖြစ်စေခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။ 

အောက်ပါအချက်များကတော့ သင့်ရဲ့ဝန်ထမ်းများထံမှ အကောင်းဆုံးအရည်အသွေးများကို ထုတ်ဖော်အသုံးချနိုင်ပြီး လုပ်ငန်းစွမ်းဆောင်ရည်ကို အမြင့်မားဆုံးနေရာတွင် ဆက်လက်ထိန်းသိမ်းထားနိုင်ကြစေရန်အတွက် လိုက်နာလုပ်ဆောင်သင့်တဲ့ အချက်များပဲဖြစ်ပါတယ် - 

 

၁။ လုပ်ငန်းလုပ်ဆောင်ချက်များကို ထိရောက်စွာ စီမံခန့်ခွဲမှုပြုလုပ်ပါ။ 

လက်ရှိတွင် သင့်ရဲ့လုပ်ငန်းလည်ပတ်နေပုံကို ပြန်လည်စဉ်းစားတွေးတောကြည့်ပါ။ နောက်ပြီး သင်တို့ရဲ့လုပ်ငန်းလည်ပတ်ပုံကို ပြောင်းလဲပစ်ဖို့လိုအပ်နေပါက ထိုသို့ အပြောင်းအလဲများပြုလုပ်ဖို့ကို နှောင့်နှေးမနေပါနဲ့။ ရေတိုလုပ်ကိုင်ရမည့်အလုပ်များ၊ ရေရှည်လုပ်ကိုင်ရမည့်အလုပ်များကိုလည်း စာရင်းများပြုစု၍ အရေးကြီးတဲ့အလုပ်များကို ဦးစားပေး၍လုပ်ဆောင်နိုင်ရန် စီမံခန့်ခွဲမှုများကိုပြုလုပ်ပေးပါ။ 

ဝန်ထမ်းများအနေနဲ့ သူတို့ရဲ့တစ်နေ့တာလုပ်ဆောင်ရမည့်အလုပ်များကို ပိုမို၍မြန်ဆန်စွာပြီးမြောက်မှုရှိစေနိုင်ရန် ပြုလုပ်ပေးနိုင်မည့် နည်းလမ်းများကို အမြဲတမ်းကြံဆနေပါ။ ဝန်ထမ်းများတစ်ဦးချင်းစီအတွက် အစီအစဉ်များပြုလုပ်ပေး၍ အရေးကြီးသည့်အလုပ်များကို အချိန်မှီပြီးမြောက်စေရန်မှာကြားခြင်းနှင့် ထိရောက်မှုရှိရှိအလုပ်များကို လုပ်ကိုင်တတ်လာစေရန်အတွက် လိုအပ်သောသင်တန်းပို့ချမှုများနှင့် သင်ကြားပြသမှုများပြုလုပ်ပေးဖို့အတွက်ကိုလည်း အချိန်တစ်ခုစီမံထားလိုက်ပါ။ 

 

၂။ လုပ်ငန်းတာဝန်များခွဲဝေသတ်မှတ်ပါ။ 

လုပ်ငန်းတာဝန်များကို ခွဲဝေသတ်မှတ်လိုက်ခြင်းအားဖြင့် ဝန်ထမ်းများအနေနဲ့ မိမိတို့ကိုယ်တိုင်လုပ်ကိုင်ရမည့်အလုပ်များအပေါ် ပိုမို၍ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာကြမှာဖြစ်သလို ဝန်ထမ်းများရဲ့ စိတ်ဓါတ်ခွန်အားနှင့် အလုပ်အပေါ်စိတ်ကျေနပ်မှုရှိခြင်းတို့ကို မြှင့်တင်ပေးနိုင်မှာလည်းဖြစ်ပါတယ်။ အရည်အချင်းပြည့်မှီတဲ့ဝန်ထမ်းများကို ထိုက်သင့်တဲ့ တာဝန်ဝတ္တရားများနှင့် လုပ်ပိုင်ခွင့်များကို ပေးအပ်ထားခြင်းအားဖြင့် အဆိုပါတာဝန်ဝတ္တရားများကို အပြည့်အဝလုပ်ကိုင်နိုင်လိမ့်မယ်လို့ သင့်ဘက်က သူတို့အပေါ်ယုံကြည်မှုအပြည့်အဝထားရှိထားတယ်ဆိုတာကို ဖော်ပြနိုင်မှာဖြစ်တဲ့အတွက် ရလာဒ်အနေနဲ့ ထိုသူတို့ရဲ့ အလုပ်အပေါ်အလေးထားမှုနဲ့ သင့်အပေါ်ယုံကြည်လေးစားခြင်းတို့ကို ပြန်လည်ရရှိလာနိုင်ပါတယ်။ 

အကယ်၍ သင်အုပ်ချုပ်နေတဲ့ဝန်ထမ်းများအတွက် ကျွမ်းကျင်မှုအသစ်များသင်ယူနိုင်ရန်နဲ့ ခေါင်းဆောင်မှုစွမ်းရည်များကိုရရှိလာကြစေရန် သင့်ဘက်ကအခွင့်အလမ်းများကို ပေးအပ်ထားလျှက်ရှိတယ်ဆိုပါက ဒါဟာ သင့်ကုမ္ပဏီအတွက် အလားအလာကောင်းတဲ့ ဝန်ထမ်းများကို ဆွဲဆောင်နိုင်စေမယ့်အချက်တစ်ခုဖြစ်ပြီး အရည်အချင်းရှိတဲ့ဝန်ထမ်းများကို အလွယ်တကူရရှိလာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဝန်ထမ်းများအတွက်လည်း ဒီလိုအခွင့်အလမ်းများဟာ သူတို့ရဲ့ဘဝတက်လမ်းအတွက် အထောက်အကူဖြစ်စေနိုင်တဲ့အတွက် နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိစေတဲ့ လုပ်ဆောင်ချက်တစ်ခုပဲဖြစ်ပါတယ်။ 

 

၃။ အာရုံစူးစိုက်မှုကိုပျက်ပြားစေတဲ့အရာများကို လျှော့ချပါ။ 

Social media များဟာ လုပ်ငန်းစွမ်းဆောင်ရည်အပေါ် ကြီးစွာသောအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ သို့သော် . . . ဒီအချက်ဟာ “ရုံးချိန်အတွင်း ဖုန်းမသုံးရ” ဆိုတဲ့စည်းမျဉ်းကိုထုတ်လိုက်ဖို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ထိုအစား ဝန်ထမ်းများအနေနဲ့ အလုပ်လုပ်နေချိန်အတွင်းတွင် စိတ်ပါဝင်စားမှုရှိစွာနှင့် လေးလေးနက်နက်အလုပ်လုပ်ကိုင်နိုင်ကြစေရန်နှင့် သူတို့အတွက်လည်း အနေအထိုင်ကြပ်တည်းမှုမရှိစေနိုင်မယ့် နှစ်ဦးနှစ်ဖက်စလုံးအတွက် အဆင်ပြေစေနိုင်မယ့် စည်းမျဉ်းစည်းကမ်းများကို စဉ်းစား၍သတ်မှတ်ပေးသင့်ပါတယ်။ 

ဥပမာ - လုပ်စရာရှိတဲ့အလုပ်ကိစ္စများကို လုပ်ကိုင်နေစဉ်အတွင်း တယ်လီဖုန်းကြည့်ရှုခြင်းများကို မပြုလုပ်ဖို့တောင်းဆိုနိုင်ပြီး တစ်ဖက်ကလည်း လုပ်စရာအလုပ်များမရှိတဲ့အချိန်တွင် တယ်လီဖုန်းများကြည့်ရှုခြင်းကို ခွင့်ပြုပေးနိုင်ပါတယ်။ 

 

၎။ သင့်တင့်လျှောက်ပတ်တဲ့ အကူပစ္စည်းများနှင့် equipment များကို ပေးအပ်ထားရှိခြင်း 

ဝန်ထမ်းများအတွက် သင့်တော်တဲ့အကူပစ္စည်းများနဲ့ equipment များကို ပေးအပ်ထားနိုင်ဖို့ဟာ အရေးကြီးလှပါတယ်။ ဒါမှသာလျှင် သူတို့အနေနဲ့ လုပ်စရာရှိတဲ့အလုပ်များကို အချိန်မှီပြီးမြောက်အောင် ဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်။ မြန်ဆန်တဲ့ Printer တစ်ခုမရှိတဲ့အတွက် လုပ်စရာရှိတဲ့ ကိစ္စများကို ဆောင်ရွက်နိုင်ရန်အတွက် စာရွက်စာတမ်းများ Print ထုတ်ထားခြင်းတို့ ထိုင်စောင့်နေရခြင်းကဲ့သို့သော အခြေအနေများဟာ အချိန်များကိုအလဟသဖြစ်စေနိုင်ပါတယ်။ 

နောက်ဆုံးပေါ်၊ အရည်အသွေးမြင့်၊ ဈေးအလွန်တရာကြီးမြင့်တဲ့ ရုံးသုံးကိရိယာများနဲ့ tool များ equipment များကို ဝယ်ယူ၍ အသုံးပြုထားဖို့လည်း မလိုအပ်ပါဘူး။ ဒါပေမယ့် ဈေးနှုန်းအသင့်အတင့်ဖြင့် သင့်တော်ကောင်းမွန်တဲ့ tool များနဲ့ equipment များကိုတော့ ဝယ်ယူအသုံးပြုထားပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဒါဟာ သင့်ဝန်ထမ်းများရဲ့ လုပ်ငန်းဆောင်ရွက်ချက်များကို ပိုမိုလျှင်မြန်ချောမွေ့မှုရှိလာစေသည်သာမက သင့်လုပ်ငန်းအပေါ် ဝန်ထမ်းများရဲ့ထင်မြင်ယူဆချက်များကိုလည်း ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။  

 

၅။ လုပ်ငန်းခွင်အတွင်းရှိ နေထိုင်မှုအခြေအနေများ တိုးတက်မှုရှိလာစေရန် လုပ်ဆောင်ပေးခြင်း 

အလုပ်လုပ်ကိုင်ရန်အတွက် အကောင်းဆုံးအခန်းအပူချိန်ဟာ ၂၀ - ၂၁ ဒီဂရီ စင်တီဂရိတ်အတွင်း ရှိနေရမှာဖြစ်ပါတယ်။ အလွန်ပူအိုက်လွန်းခြင်း၊ အေးလွန်းခြင်းတို့ဖြစ်နေတဲ့ ပတ်ဝန်းကျင်အခြေအနေများဟာ စိတ်အာရုံစူးစိုက်မှုကို ပျက်ပြားစေနိုင်ပါတယ်။ ဒါကြောင့် အပူပေးမှုစနစ်များနှင့် လေအေးပေးမှုစနစ်များဟာ ကောင်းမွန်စွာအလုပ်လုပ်မှုရှိနေကြစေရန်အတွက် လိုအပ်တဲ့စစ်ဆေးမှုများကို ပြုလုပ်ထားပေးသင့်ပါတယ်။ 

 

၆။ လိုအပ်တဲ့ကူညီထောက်ပံ့မှုများကိုပေး၍ ယုတ္တိရှိတဲ့ရည်မှန်းချက်ပန်းတိုင်များကို သတ်မှတ်ထားရှိခြင်း 

စီမံခန့်ခွဲသူများထံတွင် အတွေ့များလေ့ရှိတဲ့ ပြဿနာတစ်ခုကတော့ သူတို့အုပ်ချုပ်နေတဲ့ဝန်ထမ်းများ ကောင်းမွန်စွာစွမ်းဆောင်နိုင်ခြင်းရှိ/မရှိကို သေချာစွာသိရှိနိုင်စွမ်းမရှိကြခြင်းပဲဖြစ်ပါတယ်။ 

Supervisor များနဲ့ ဝန်ထမ်းများအား ရှင်းလင်းတိကျတဲ့လမ်းညွှန်ချက်များကို ပေးအပ်၍ မိမိတို့ (လုပ်ငန်းရှင်) ဖက်မှ ပြန်လည်မျှော်လင့်ထားတဲ့အချက်များကို ရှင်းလင်းစွာထုတ်ဖော်ပြောဆိုပါ။ ယုတ္တိရှိတဲ့ ရည်မှန်းချက်ပန်းတိုင်များကို သတ်မှတ်၍ ထိုရည်မှန်းချက်များအတိုင်း ပြီးမြောက်နိုင်စေရန် လိုအပ်တဲ့ထောက်ပံ့ကူညီမှုများကိုပြုလုပ်ပါ။ ဒီကဲ့သို့ပြုလုပ်ပေးခြင်းအားဖြင့် ပိုမိုရှင်းလင်းတိကျတဲ့ ဦးစားပေးဆောင်ရွက်စရာများနဲ့ ပန်းတိုင်များရှိနေမှာဖြစ်တဲ့အတွက် ဝန်ထမ်းများရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကို ပိုမိုမြင့်မားလာစေမှာပဲဖြစ်ပါတယ်။ 

 

၇။ အပြုသဘောဆောင်တဲ့ ပြုပြင်ပေးမှုများကို ပြုလုပ်ပါ 

အားပေးကူညီခြင်း၊ စိတ်အားတက်စေမည့်စကားများပြောဆိုခြင်းနှင့် ဆုပေးခြင်းများကို မကြာမကြာပြုလုပ်ပေးပါ။ ဝန်ထမ်းများကို သူတို့ရဲ့အလုပ်လုပ်ပုံဟာ ကောင်းမွန်မှုရှိကြောင်း ပြောဆိုပေးပြီး လိုအပ်ချက်များရှိလာခဲ့ပါကလည်း အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြမှုများကို ပြုလုပ်ပါ။ ဒါ့အပြင်ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့တဲ့ လုပ်ငန်းကိစ္စများအတွက် သီးသန့်ဆုချမှုများကိုပြုလုပ်ပါ။ ဆုချမှုများဟုဆိုရာတွင် ငွေရေးကြေးရေးအရဆုချမှုများသီးသန့်ကို ဆိုလိုတာမဟုတ်ပဲ အားလပ်ရက်များခွင့်ပြုပေးခြင်း၊ မုန့်ဝယ်ကျွေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်ခြင်းတို့ကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။ 

ဒါ့အပြင် ဝန်ထမ်းတစ်ယောက်ရဲ့ကောင်းမွန်စွာဆောင်ရွက်နိုင်မှုကို အခြားသောဝန်ထမ်းများလည်း သိရှိနိုင်စေရန် ပြောပြပေးခြင်းအားဖြင့် အလုပ်ကိုကောင်းမွန်စွာဆောင်ရွက်နိုင်သည့်အခါတွင် စိတ်ကျေနပ်မှုရရှိလာစေမှာဖြစ်ပြီး အခြားဝန်ထမ်းများဟာလည်း စိတ်အားတက်ကြွမှုများဖြစ်ပေါ်လာစေပြီး မိမိတို့ရဲ့လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုတိုးတက်လာစေရန်အတွက် ပို၍ပို၍ ကြိုးစားအားထုတ်မှုများရှိလာမှာဖြစ်ပါတယ်။ 

 

၈။ ဝန်ထမ်းများအနေနဲ့ အလုပ်အပေါ် စိတ်ကျေနပ်ပျော်ရွှင်မှုရှိလာစေရန်ပြုလုပ်ပေးခြင်း

စိတ်ဖိစီးမှုများရှိနေတဲ့လုပ်ငန်းခွင်တစ်ခုဟာ ရလာဒ်ကောင်းများကို ဆောင်ကြဉ်းပေးနိုင်မှာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုများပြားလှတဲ့ ပတ်ဝန်းကျင်တစ်ခုအတွင်း ရေရှည်အလုပ်လုပ်နေရတဲ့ဝန်ထမ်းများဟာ လုပ်ငန်းစွမ်းဆောင်ရည်များကျဆင်းလာပြီး အလုပ်လုပ်ရတာစိတ်မပါဖြစ်ခြင်းနှင့် ရုံးမတက်ပဲပျက်ကွက်မှုနှုန်းဟာလည်း ပိုမို၍တိုးပွားလာကြတာကို လေ့လာချက်များအရ သိရှိနိုင်ပါတယ်။ ဝန်ထမ်းများအနေနဲ့ မိမိတို့အလုပ်လုပ်နေရတဲ့ လုပ်ငန်းခွင်အပေါ် စိတ်ကျေနပ်ပျော်ရွှင်မှုရှိနေဖို့ဟာ အရေးကြီးလှတဲ့အတွက် ဝန်ထမ်းများကို သူတို့ရဲ့လုပ်ဆောင်ချက်များအား ကုမ္ပဏီကအသိအမှတ်ပြုကြောင်း၊ အလေးထားမှုရှိပြီး ဝန်ထမ်းတစ်ဦးချင်းစီအား တန်ဖိုးထားကြောင်း ဖော်ပြပေးရမှာဖြစ်ပြီး ဒီအချက်ကိုများသောအားဖြင့် ကုမ္ပဏီများကမေ့လျော့နေတတ်ကြပါတယ်။ ဒါဟာ မိမိတို့ရဲ့ ရှိပြီးသား Business model များကို ပိုမိုအောင်မြင်မှုရှိလာစေရန်အတွက် ကုန်ကျစားရိတ်မရှိပဲပြုလုပ်ပေးနိုင်တဲ့အချက်တစ်ခုဖြစ်တဲ့အတွက် လိုက်နာကျင့်သုံးပေးဖို့ဟာ အလွန်ပဲအရေးကြီးလှပါတယ်။ 

 

အကယ်၍ စာဖတ်သူတို့အနေနဲ့ မိမိတို့ရဲ့ SME လုပ်ငန်းများအတွင်း အထက်ဖော်ပြပါအချက်များထဲမှ အချို့ (သို့) အားလုံးကို ထုတ်ယူအသုံးချပေးနိုင်ခဲ့မယ်ဆိုပါက ယခုထက်ပိုမိုကောင်းမွန်တဲ့ ရလာဒ်များကို ရရှိပိုင်ဆိုင်လာမှာဖြစ်ပါတယ်လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေခင်ဗျာ။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


One Cloud Co., Ltd.

One Cloud Co., Ltd.

Make us your reliable vendor and have a greatest contribution from us. With our expertise and track record, you can be assured of receiving quality infrastructure and services. Network Infrastructure...
Show the postings (1)
Blue Ribbon Trading Company Limited

Blue Ribbon Trading Company Limited

Our Mission -To provide marketing and distribution services for our principals’ brands through a dictated sales and marking team. -To offer quality health care and personal care products enhancin...
Show the postings (4)
Min Zar Ni Group of Companies

Min Zar Ni Group of Companies

The group engaed in Sourcing, Processing and Marketing all varieties of fresh Frozen Seafood to the international markets. The first pioneer plant was established in 1995 in Yangon and at the present ...
Show the postings (2)
Power Light Co.,Ltd

Power Light Co.,Ltd

...Power Light was incorporated with the vision of providing customers with highest quality lighting products and consultation services at best cost efficient solution in Myanmar. In order to be the l...
Show the postings (15)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS