Jobs In Myanmar
Load...

၂၀၂၁ ခုနှစ်နှင့် နောက်ပိုင်းကာလများတွင် လုပ်ငန်းခွင်ကို ပုံဖော်ပေးနိုင်မည့် အချက် (၈) ချက် (အပိုင်း - ၂)

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-2021-Trends-That-Will-Shape-Work-JobsInYangon



၂၀၂၁ ခုနှစ်နှင့် နောက်ပိုင်းကာလများတွင် လုပ်ငန်းခွင်ကို ပုံဖော်ပေးနိုင်မည့် အချက် (၈) ချက် (အပိုင်း - ၂)

 

၂၀၂၀ ခုနှစ်ဟာ များစွာသောလုပ်ငန်းအဖွဲ့အစည်းများနှင့် business model များကို ကိုင်လှုပ်နိုင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ လျှင်မြန်စွာပြောင်းလဲလာတဲ့ပတ်ဝန်းကျင်အခြေအနေများနှင့် သဟဇာတဖြစ်စေရန် ဦးစားပေးဆောင်ရွက်ရမည့်အရာများနှင့် ကြိုတင်စီစဉ်မှုများကို ပြုလုပ်လာကြရပါတော့တယ်။ များစွာသော လုပ်ငန်းအဖွဲ့အစည်းများအဖို့ ထိုသို့လုပ်ဆောင်ကြရာတွင် ဝန်ထမ်းများကိုအဝေးမှ အချိန်ပြည့်အလုပ်လုပ်နိုင်စေရန် ထောက်ပံ့ခြင်း၊ ဝန်ထမ်းများ၏ လူမှုဘဝနေထိုင်မှုအခြေအနေကောင်းမွန်လာစေရန် မည်သို့အထောက်အပံ့ပေးခြင်းက အကောင်းဆုံးဖြစ်နိုင်မလဲ ဆိုသည်အားရှာဖွေခြင်း၊ တစ်ချို့တစ်ဝက်ရုံးတက်၍ တစ်ချို့တစ်ဝက် Work From Home ပြုလုပ်ရသော workforce ကို စီမံခန့်ခွဲခြင်းနှင့်အတူ COVID-19 ကာကွယ်ဆေးရရှိ၊ ထိုးနှံနိုင်ရေးအတွက်ဆောင်ရွက်ခြင်းတို့ ပါဝင်နေနိုင်ပါတယ်။ 

ကမ္ဘာ့နိုင်ငံအသီးသီးတွင် မျှော်လင့်ထားသကဲ့သို့ပင် ၂၀၂၁ ခုနှစ်အတွင်း အခြေအနေများတည်ငြိမ်၍ ပုံမှန်အတိုင်း လုပ်ငန်းများပြန်လည်စတင်နိုင်ဖို့ကိုလည်း လုပ်ငန်းရှင်အများစုကမျှော်လင့်နေကြမှာအမှန်ပဲဖြစ်ပါတယ်။ သို့သော်လည်း ယခုနှစ်ဟာ နောက်ထပ်အပြောင်းအလဲများစွာဖြစ်ပေါ်လာနိုင်တဲ့နှစ်တစ်နှစ်ဖြစ်နေတဲ့အတွက် ၂၀၂၁ ခုနှစ်အတွင်း လုပ်ငန်းစီးပွားရေးများကို ပုံဖော်ပေးနိုင်မည့် အခြားအချက် (၈) ချက်အား ကျွန်တော်တို့ www.jobsinyangon.com ကနေ အပိုင်း (၂) ပိုင်းခွဲ၍ တင်ဆက်ပေးလိုက်ပါတယ်။ 


၅။ ညှိနှိုင်းပြောင်းလဲနိုင်မှုများသည် အလုပ်နေရာမှ အလုပ်ချိန်များသို့ ပြောင်းလဲလာနိုင်ပါတယ်။ 

ဝန်ထမ်းများအနေနဲ့ အဝေးမှအလုပ်လုပ်ပေးရခြင်းဟာ ၂၀၂၀ ခုနှစ်အတွင်း အများစုအလုပ်လုပ်ကိုင်နေခဲ့ကြတဲ့ နည်းလမ်းတစ်ခုဖြစ်၍လာခဲ့ပြီး ယခုနှစ်နဲ့ နောက်ပိုင်းမှာလည်း ထိုသို့ပင်ဆက်လက်၍ရှိနေဦးမှာဖြစ်ပါတယ်။ စစ်တမ်းကောက်ယူမှုများတွင် ဖော်ပြထားချက်များအရ သာမန် နာရီ ၄၀ အလုပ်ရက်သတ္တပတ်ထားရှိသော လုပ်ငန်းအဖွဲ့အစည်းများတွင် ဝန်ထမ်းအများစုရဲ့ ၃၆% ကသာလျှင် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားသော သူများအနေဖြင့် ရှိနေပြီး ဝန်ထမ်းများအနေဖြင့် မည်သည့်အချိန်တွင်၊ မည်သည့်နေရာတွင်နှင့် မည်မျှအလုပ်လုပ်လိုသလဲဆိုသည်အား ရွေးချယ်ညှိနှိုင်းခွင့်ပေးထားသော လုပ်ငန်းအဖွဲ့အစည်းများတွင်တော့ ဝန်ထမ်းအများစုရဲ့ ၅၅% ကို လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားသောသူများအနေဖြင့် တွေ့ရှိရပါတယ်။ 2021 ခုနှစ်အတွင်းတွင် ဝန်ထမ်းများရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို သတ်မှတ်ထားတဲ့အလုပ်ချိန်ပမာဏဖြင့်တိုင်းတာခြင်းထက် လုပ်ကိုင်နိုင်သောအစွမ်းအစဖြင့်တိုင်းတာခြင်းကို ပြုလုပ်လာမည့်လုပ်ငန်းများ ပို၍များပြားလာနိုင်တာကိုတွေ့ရှိရမှာပဲဖြစ်ပါတယ်။ 


၆။ ထိပ်ဆုံးမှကုမ္ပဏီကြီးများအနေဖြင့် ဝန်ထမ်းများအတွက် COVID-19 ရောဂါကာကွယ်ဆေးများကို အမြောက်အများ ဝယ်ယူလာနိုင်ပါတယ်။ 

အရည်အချင်းရှိသူများကိုဆွဲဆောင်၍ ထိန်းသိမ်းထားနိုင်ရန်အတွက် အဓိကအချက်တစ်ချက်အဖြင့် အသုံးချနိုင်ရန် လုပ်ငန်းရှင်များဟာ COVID-19 ရောဂါကာကွယ်ဆေးများကို ဝန်ထမ်းများအား အထောက်အပံ့ပေးလာနိုင်ပါတယ်။ လုပ်ငန်းရှင်များက ဝန်ထမ်းများအား COVID-19 ရောဂါကာကွယ်ဆေး အထောက်အပံ့များပေးအပ်လာသည်နှင့်အညီ တစ်ဖက်တွင်လည်း သူတို့ရဲ့ဝန်ထမ်းများအား လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခွင့်မပြုမှီတွင် COVID-19 ရောဂါကာကွယ်ဆေးထိုးနှံထားကြောင်း အထောက်အထားများပြသရန် တစ်ချို့ကုမ္ပဏီများမှ တောင်းခံမှုများ ပြုလုပ်လာနိုင်တဲ့အတွက် အချို့ကုမ္ပဏီများသို့ တရားစွဲဆိုခြင်းများလည်း ရှိလာနိုင်ပါတယ်။ ဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံပေးရမည့်အစား ဝန်ထမ်းများထံမှ ကာကွယ်ဆေးထိုးထားပြီးကြောင်း အထောက်အထားပြန်လည်တောင်းခံနေခြင်းကြောင့် အချို့သောကုမ္ပဏီများရဲ့ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်မှု အစီအစဉ်များတွင် နှောင့်နှေးမှုများလည်း ဖြစ်လာနိုင်ခြေရှိနေပါတယ်။ 


၇။ စိတ်ကျန်းမာရေးအတွက် ဆွေးနွေးခြင်းဟာ သာမန်လုပ်နေကျအလုပ်တစ်ခုကဲ့သို့ ဖြစ်လာပါလိမ့်မယ်။ 

ပြီးခဲ့တဲ့နှစ်များအတွင်း လုပ်ငန်းရှင်များအနေနဲ့ သူတို့ရဲ့ဝန်ထမ်းများကိုအထောက်အပံ့ပေးနိုင်စေရန်အတွက် များစွာသောအကျိုးခံစားခွင့်များကို ပေးအပ်ခဲ့ဖူးကြပါလိမ့်မယ်။ (ဥပမာအားဖြင့် - ကိုယ်ဝန်ဆောင်ခွင့် သက်တမ်းတိုးပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အခြားသောငွေကြေးပိုင်းဆိုင်ရာ ခံစားခွင့်များ)။ ကပ်ရောဂါကာလမတိုင်မှီပြုလုပ်ခဲ့တဲ့ စစ်တမ်းကောက်ယူမှုများအရတွင်ပင် လူမှုဖူလုံရေးစီမံချက်များရဲ့ ဘတ်ဂျက် ၄၅% ဟာ စိတ်ဓါတ်ကျန်းမာကြံ့ခိုင်ရေးအစီအစဉ်များတွင် မြှုပ်နှံထားသည်ကို တွေ့ရှိရမှာဖြစ်ပြီး COVID-19 ကပ်ရောဂါကာလဟာ အဆိုပါစိတ်ဓါတ်ကျန်းမာကြံ့ခိုင်ရေးအစီအစဉ်များရဲ့ တန်ဖိုးကို ပို၍မြင့်တက်လာစေခဲ့တဲ့အတွက် ကုမ္ပဏီများအနေဖြင့် စိတ်ကျန်းမာရေးအကူအညီပေးဆွေးနွေးမှုများကို ဝန်ထမ်းများအတွက် ပေးအပ်လာနိုင်ပါတယ်။ 


၈။ လုပ်ငန်းရှင်များအနေဖြင့် ကျွမ်းကျင်မှုကွာခြားချက်အား ဖြည့်တင်းနိုင်ရန် ပြင်ပမှအရည်အချင်းရှိသူများကို ယာယီဌားရမ်းအသုံးပြုလာနိုင်ခြင်း။ 

လုပ်ငန်းရှင်များဖက်မှ လိုလားတဲ့ကျွမ်းကျင်မှုလိုအပ်ချက်များဟာလည်း လွန်စွာမြင့်တက်လာလျှက်ရှိနေပါတယ်။ စစ်တမ်းကောက်ယူမှုများတွင် ပြသနေတဲ့အချက်အလက်များအရ အလုပ်ခေါ်စာကြော်ငြာများတွင် ကုမ္ပဏီများဟာ ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်လိုက်ပါက ၂၀၂၀ ခုနှစ်တွင် ကျွမ်းကျင်မှုလိုအပ်ချက်အတွက် ရေးသားဖော်ပြထားမှုဟာ ၃၃% အထိ တိုးပွားလာခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ အဆုံးသတ်တွင် လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် လက်ရှိရှိနေတဲ့အလုပ်သမားအင်အားစုအား သူတို့ရဲ့ ပြောင်းလဲလျှက်ရှိနေသောလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် လေ့ကျင့်သင်ကြားမှုများကို လုံလောက်စွာ ပြုလုပ်နိုင်ခြင်းရှိကြမှာမဟုတ်တဲ့အတွက် ကုမ္ပဏီများအနေဖြင့် မသေချာတဲ့အနာဂါတ်အတွက် ကျွမ်းကျင်မှုများကို ပျိုးထောင်သင်ကြားပေးနေမည့်အစား ဌားရမ်းခေါ်ယူမှုများကို ပြုလုပ်လာနိုင်ပါတယ်။ အချို့သောကုမ္ပဏီများအနေနဲ့ကတော့ ဝန်ထမ်းများကို “ယာယီ” ခေါ်ယူဌားရမ်းနိုင်မည့် ကုမ္ပဏီများနှင့် ချိတ်ဆက်၍ သူတို့ရင်ဆိုင်နေရတဲ့ ကျွမ်းကျင်မှုလိုအပ်ချက် ပြဿနာများကို ဖြေရှင်းလာကြနိုင်ပါတယ်။

 

ဒီ article လေးကို ဖတ်ရှုပြီးနောက် စာဖတ်သူများအနေဖြင့် ၂၀၂၁ ခုနှစ်နဲ့ နောက်ပိုင်းကာလများတွင် မည်သို့သော အစီအမံများနှင့် ပြင်ဆင်မှုများကို ပြုလုပ်သွားရနိုင်သလဲဆိုတာအား သိရှိသွားစေဖို့ မျှော်လင့်ပါတယ်။ စာဖတ်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ သက်ဆိုင်ရာလုပ်ငန်းခွင်အသီးသီးသို့ ပြန်လည်ဝင်ရောက်နိုင်ကြစေဖို့ကိုလည်း ကျွန်တော်တို့ www.jobsinyangon.com အဖွဲ့သားများက တောင်းဆုပြုလိုက်ပါတယ်လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက်အသုံးဝင်စေဖို့မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (8)
Supreme Group Of Companies

Supreme Group Of Companies

Our Mission To deliver Professional Services that meet and exceed Clients expectations. To maintain a high level of professional Standing and Integrity that is above reproach. To establish a mutual...
Show the postings (26)
Diebold Nixdorf Myanmar Ltd

Diebold Nixdorf Myanmar Ltd

With a population of nearly 54 million people, Myanmar has huge growth potential in the banking sector as it expands its services outside of Yangon to more rural areas where it is estimated that more ...
Show the postings (4)
Amazing One Trading Co., Ltd.

Amazing One Trading Co., Ltd.

.Elegant in style. Unique in designs. Serviced by professionals. Your most satisfying experience to decorate your home. All at Amazing One....
Show the postings (8)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS