Jobs In Myanmar
Load...

9 Types of Bad Employees in Myanmar You Should Never Hire

by www.jobsinyangon.com


Tags: Knowledge-Career-Bad-Employees-JobsinYangon



သင်ဘယ်တော့မှ မဌားရမ်းသင့်သည့် မြန်မာနိုင်ငံရှိ ဆိုးရွားသော ဝန်ထမ်း (၉) မျိုးအကြောင်း 

 

သိုးမည်းများအကြောင်း 

အခြားသောနေရာများကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း ဝန်ထမ်းဆိုးတွေ အတော်များများရှိနေပါ တယ်။ ထိုသူများဟာ အခြားသောဝန်ထမ်းတွေရဲ့ စိတ်အားထက်သန်မှုတွေကိုတိုက်စားဖျက်စီးနိုင်ပြီး စိတ်တိုဖို့ကောင်းကာ အမြဲတမ်းသူတို့ရဲ့လုပ်ဆောင်မှုများအတွက်တာဝန်ယူမှုမရှိကြသူတွေဖြစ်သလို မာန်မာနထောင်လွှားပြီး အခြားသူများရဲ့အလုပ်များကိုလည်း နှေးကွေးစေတဲ့သူများပဲဖြစ်ပါတယ်။ 

ဝန်ထမ်းဆိုးတွေမှာရှိနေတဲ့ ထိုအမူအကျင့်များဟာ စိတ်ပျက်ဖွယ်ကောင်းရုံမျှအခြေအနေမှ အသင်း အဖွဲ့များနဲ့ လုပ်ငန်းဌာနတစ်ရပ်လုံးကိုပါ လုံးဝအနှောင့်အယှက်ဖြစ်စေသည့်အမူအကျင့်များအထိ ရှိနေပါတယ်။ 

သင့်အနေနဲ့အောက်ပါ ပြောကြားသွားမယ့်ဝန်ထမ်းများကဲ့သို့သောသူများကို ခေါ်ယူထားမိတဲ့ အခြေအနေဖြစ်နေရင်တော့ စိတ်မပျက်သွားပါနဲ့။ ကျွန်ုပ်တို့က ထိုသို့သောသူများ သင့်ရဲ့ လုပ်ငန်း/ အဖွဲ့အစည်းအတွင်းသို့ရောက်ရှိနေရင်တောင်မှ ထိုသူတို့ကိုကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းများ ကိုဆွေးနွေးတင်ပြပေးသွားမှာဖြစ်ပါတယ်။ 

အောက်တွင်ဖော်ပြပေးသွားမှာကတော့ သင့်အနေနဲ့ ရှောင်ရှားသင့်သော မြန်မာနိုင်ငံအတွင်း တွေ့ရှိ ရတတ်တဲ့ ဝန်ထမ်းဆိုး (၉) မျိုးရဲ့အကြောင်းနဲ့ သင့်အနေနဲ့ ထိုသို့သောသူများကို သင့်လုပ်ငန်း/အဖွဲ့ အစည်းအတွင်းရှိနေတာကိုတွေ့ရှိရပါက ဘာတွေကိုလုပ်ဆောင်သင့်သလဲဆိုတဲ့ အကြောင်းအရာ များပဲဖြစ်ပါတယ်။ 

 

၁။ ဆုံးဖြတ်ချက်မပြတ်သားသည့်သူများ 

ဒီလိုဝန်ထမ်းများအဖို့တော့ ဆုံးဖြတ်ချက်ချရခြင်းဟာ အချိန်အရမ်းကြာတဲ့လုပ်ငန်းစဉ်တစ်ရပ် ဖြစ် သွားတတ်ပါတယ်။ 

ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့အတွက် ကြိုးစားတဲ့အခါမှာ၊ ၎င်းတို့ဟာ ထိုသို့ဖြစ်ဖို့အတွက် အလွန်အမင်း အချိန်ယူရတတ်ပြီး သူ/ သူမအနေနဲ့ဆုံးဖြတ်ချက်ချမှတ်ပြီးရင်တောင်မှ ထိုဆုံးဖြတ်ချက်အကြောင်း ကို ထပ်ခါတလဲလဲ ပြန်လည်တွေးတောနေတတ်ပါတယ်။ 

သူ/ သူမရဲ့ ဆုံးဖြတ်ချက်မချနိုင်မှုများဟာ ပြဿနာတစ်ရပ်ဖြစ်လာပြီး သူ/ သူမရဲ့ မပြတ်သားမှုတွေ ကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာများကို ၎င်းတို့ကိုတာဝန်ယူစေတဲ့အခါမှာ ထိုသူများဟာ မကျေနပ်ပဲ၊ ပျော်ရွှင်မှုမရှိဖြစ်ကာ စော်ကားခံရတယ်ဟူ၍ ထင်မြင်ယူဆလာတတ်ကြပါတယ်။ 

ထိုသို့ဖြစ်လာသည့်အခါများတွင် ထိုကဲ့သို့သောဝန်ထမ်းများဟာ “ဒါကျွန်တော်/ ကျွန်မရဲ့အပြစ် မဟုတ်ဘူး“ (သို့) “ဒါ ကျွန်တော်မဟုတ်ဘူး“ ဟူသည့်စကားများကိုပြောတတ်ကြပါတယ်။ 

ဘာတွေကိုလုပ်ဆောင်ရမလဲ? 

တိကျသောနောက်ဆုံးထားလုပ်ဆောင်ရမည့်အချိန် (deadline) တစ်ခုကိုသတ်မှတ်ထားဖို့မှာ အရေး ကြီးကာ ထိုအချိန် (deadline) အတွင်းဆုံးဖြတ်ထားသည့် ဆုံးဖြတ်ချက်များဟာ ထိုအတိုင်းသာရှိနေ ဖို့ကို ကြပ်မတ်တောင်းဆိုရပါမယ်။ အကယ်၍ ထိုအချိန် (deadline) တစ်ခုကုန်ဆုံးသည်အထိ ဆုံးဖြတ်ချက်မချမှတ်ရသေးပါက ကုမ္ပဏီအနေနဲ့မူလဆုံးဖြတ်ချက်အတိုင်းသာလုပ်ဆောင်သွားမည် ဖြစ်သည်ကိုလည်း ထပ်လောင်းပြောကြားလိုက်ပါ။ 

ထိုသို့သောဝန်ထမ်းများနဲ့တွေ့ကြုံရပါက အခြားသောနည်းလမ်းများကိုပေးခြင်းသော်၎င်း၊ သူ/ သူမ ရဲ့ ဆုံးဖြတ်ချက်များကို ပြန်လည်စဉ်းစား၊ ပြင်ဆင်တတ်သည့်အကျင့်ကိုသော်၎င်း ခွင့်မပြုလိုက်ပါနဲ့။

 

၂။ အလွန်အမင်းပြိုင်ဆိုင်လိုစိတ်ပြင်းပြနေသူ 

ဒီကဲ့သို့သောဝန်ထမ်းတစ်ဦးအဖို့တော့ အရာရာတိုင်းဟာပြိုင်ဆိုင်မှုများဖြစ်ပြီး သူ/ သူမဟာ အခြေ အနေအလိုက် သူ/သူမ နိုင်သွားသလားဆိုတာနဲ့ ရှုံးနိမ့်သူ (သို့) ရှုံးနိမ့်သူများကို ရှာဖွေဖော်ထုတ်ဖို့ကို သာ အာရုံစိုက်နေတတ်ကြပါတယ်။ 

ထိုသို့ ပြိုင်ဆိုင်လိုစိတ်ပြင်းပြနေသူတစ်ဦးအဖို့ သူ/ သူမတို့ရဲ့ အမြဲတမ်းအနိုင်လိုချင်နေတဲ့စိတ်ဟာ အခြားလုပ်ဖော်ကိုင်ဖက်များရဲ့ စိတ်ခံစားချက်များ (သို့) စိတ်အခြေအနေများကိုထိခိုက်စေတယ်ဆို တာကို သိနေသော်လည်း ထိုသူတို့ဟာ ဒါကိုဂရုစိုက်ကြမှာမဟုတ်ပါဘူး။ 

သူ/ သူမအဖို့တော့ အနိုင်ရဖို့ကသာအရေးကြီးပြီး အသင်းအဖွဲ့နဲ့လုပ်ဆောင်ရခြင်းရဲ့ အရေးကြီးတဲ့ အချက်များကို စိတ်မဝင်စားကြပါဘူး။ 

ကိစ္စရပ်များစွာတွင် ထိုသို့သောဝန်ထမ်းများဟာ သူတို့ရဲ့ အနိုင်လိုချင်စိတ်ကိုဖြည့်ဆည်းနိုင်ဖို့အတွက် အဖွဲ့အစည်း/ လုပ်ငန်း၏ အကျိုးစီးပွားကို ကပြောင်းကပြန်ဖြစ်စေအောင်ပြုလုပ်တတ်ကြပါတယ်။ 

ဘာတွေကိုလုပ်ဆောင်ရမလဲ? 

ထိုသို့သော ပြိုင်ဆိုင်လိုစိတ်ပြင်းထန်သောသူများကိုကိုင်တွယ်ဖြေရှင်းရာတွင် အသင်းအဖွဲ့အလိုက် အောင်မြင်မှုရှိခြင်းဟာ သူ/သူမတစ်ဦးတည်းအောင်မြင်မှုရှိခြင်းထက် ပိုမိုကောင်းမွန်တယ်ဆိုတာကို နားလည်သဘောပေါက်စေဖို့ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ 

ထိုသို့ဖြစ်စေဖို့လုပ်ဆောင်နိုင်မည့်နည်းလမ်းတစ်ခုကတော့ သူ/ သူမအနေနဲ့ အဖွဲ့လိုက် ရည်မှန်းချက် များနှင့် သတ်မှတ်ချက်များရရှိအောင်မြင်စေရန်ကူညီပေးရန်အတွက် ကြိုးပမ်းသည့်အခါများတွင် သူ/ သူမကို အပိုဆုကြေးငွေ (bonus) ပေးဖို့ပဲဖြစ်ပါတယ်။ 

 

၃။ ဒရာမာမင်းသားနဲ့ မင်းသမီး 

ဒရာမာမင်းသား (သို့) မင်းသမီးဆိုတာဟာ ဘယ်လိုအခြေအနေရပ်မျိုးမဆိုတွင် အလွန်အမင်း ဇာတ် နာအောင်ပြုမူ/ ပြောဆိုတတ်သည့်အမူအကျင့်များရှိနေတဲ့သူများကိုဆိုလိုပါတယ်။ သူ/ သူမဟာ ချဲ့ကားထားတဲ့ တုန့်ပြန်ပြုမူချက်များနဲ့ အတွေးအမြင်များရှိနေတတ်ပြီး အလွန်အမင်းစိတ်ခံစားထိ ခိုက်လွယ်သူများဖြစ်ကာ အရာရာတိုင်းကို ကသောင်းကနင်းဖြစ်စေတဲ့ မွေးရာပါစွမ်းရည်တစ်ရပ်ရှိ နေပါတယ်။ 

ထိုသို့သောသူများဟာ အတင်းအဖျင်းပြောဆိုရခြင်းကိုလည်း အလွန်အမင်းဝါသနာထုံတတ်ကြပါ တယ်။ ထိုသို့ဖြစ်စေတဲ့အကြောင်းအရင်းကတော့ ထိုသူများထံတွင် သူတို့ကိုယ်ပိုင်ဘဝများမရှိကြ တဲ့အတွက် သူတို့ဟာ အခြားသူများရဲ့ ဘဝများနဲ့ သူတို့ရဲ့ရှုံးနိမ့်မှုများ၊ သူတို့နှစ်သက်တဲ့အခြားအရာ များအကြောင်းကိုသာ အာရုံစိုက်နေကြလို့ပဲဖြစ်ပါတယ်။ 

ဘာတွေကိုလုပ်ဆောင်ရမလဲ? 

လုပ်ငန်းရှင်တစ်ဦးအနေနဲ့ သင့်လုပ်ငန်းအရ သည်းခံခွင့်လွှတ်ပေး၍မရနိုင်တဲ့ အလွန်အကျူးဖြစ်နေ တဲ့အမူအကျင့်များကို စည်းတစ်ခုသတ်မှတ်ပေးရမှာဖြစ်ပါတယ်။ ထိုစည်းကမ်းများကို ရှင်းလင်းစွာ ပြောဆိုထားပြီး အကန့်အသတ်များကန့်သတ်ဖော်ဆောင်ထားရပါမယ်။ သူ/ သူမအနေနဲ့ ထိုသို့ဆက် လက်၍ပြုလုပ်နေပြီး အစည်းအဝေးပွဲများ၊ တရားဝင်ဆက်ဆံမှုများတွင် အဆင်မပြေဖြစ်စေကာ ဆက်လက်ခေါင်းမာနေဦးမယ်ဆိုရင်တော့ သူ/ သူမကို အလုပ်မှနှုတ်ထွက်ခိုင်းဖို့အတွက် တွန့်ဆုတ် မနေပါနဲ့။ 

 

၎။ လုပ်ငန်းတော်လှန်ရေးသမား 

ဒီဝန်ထမ်းများဟာတော့ စည်းမျဉ်းများကိုချိုးဖောက်ပြီး ပေးအပ်ထားတဲ့လုပ်ပိုင်ခွင့်များကို တလွဲသုံး တတ်ခြင်းကြောင့် ကျော်ကြားပါတယ်။ ထိုသို့သောသူများဟာ အနုတ်လက္ခဏာဆောင်တဲ့အရာများ သာ ပြည့်နေတတ်ကြပါတယ်။ သူ့အနေနဲ့ စည်းမျဉ်းများကိုချိုးဖောက်သော်လည်း အပြစ်ပေးခံရ ခြင်းမှလွတ်ကင်းနိုင်တယ်ဆိုတာမျှကို ပြသနိုင်ဖို့အတွက် သူဟာအစဉ်အမြဲ စည်းကမ်းဖောက်ဖျက် ဖို့ကိုသာ စိတ်အားထက်သန်နေတတ်ပါတယ်။ 

လုပ်ငန်းတော်လှန်ရေးသမားများဟာ နောက်ဆုံးထားဆောင်ရွက်ရမည့်အချိန် (deadline) များကို ဂရုမစိုက်တတ်ကြပါဘူး။ သူ/ သူမရဲ့ဆုံးဖြတ်ချက်များနဲ့ လုပ်ဆောင်ချက်များကြောင့် ဖြစ်ပေါ်လာ နိုင်တဲ့ ရှုပ်ထွေးသွားမှုတွေကို သတိမမူမိကြပဲ အမြဲလိုလို လုပ်ဆောင်တတ်/ ဆုံးဖြတ်ချက်ချတတ် ကြပါတယ်။ 

ဘာတွေကိုလုပ်ဆောင်ရမလဲ? 

ဒီလိုဝန်ထမ်းများဟာ သူ/ သူမတို့တွင် အားနည်းချက်များရှိနေပြီး ဖွဲ့စည်းပုံစည်းမျဉ်းများကို အလေး ဂရုမပြုတတ်တဲ့သူများဖြစ်သော်လည်း လမ်းမှန်ကိုညွှန်ကြားပေးနိုင်ပါက အလွန်အားထားရတဲ့သူ များဖြစ်လာတတ်ပါတယ်။ ဥပမာ - ထိုသို့သောဝန်ထမ်းတစ်ဦးကို စားသုံးသူကိုယ်စားလှယ်တစ်ဦး အနေနဲ့ခန့်အပ်ကာ တာဝန်ပေးလိုက်တဲ့အခါမှာ သူ/ သူမဟာ စားသုံးသူများအနေနဲ့ သူတို့လိုချင်တာ ကိုရရှိစေဖို့အတွက် ကြိုးစားလုပ်ဆောင်ပေးကြမှာဖြစ်ပါတယ်။ 

 

၅။ စကားများတဲ့သူများ 

အက်စကီးမိုးလူမျိုးများကိုတောင် ရေခဲပြန်ရောင်းနိုင်တဲ့သူများရှိနေသလို သင်အမှန်တကယ်ပဲ နားထောင်နေတာလား၊ ကျွဲမြှီးတိုနေပြီလားဆိုတာကိုဂရုမစိုက်ပဲ ဆက်ပြီးစကားပြောနေတတ်တဲ့သူ များလည်းရှိနေပါတယ်။ ဒီကဲ့သို့သောဝန်ထမ်းများဟာ သူတို့ပြောဆိုနေတဲ့အရာများဟာ ဆွေးနွေး နေတဲ့ခေါင်းစဉ်နဲ့ သက်ဆိုင်မှု ရှိ/ မရှိကို စိတ်မဝင်စားကြပါဘူး။ ထိုသူများဟာ သူတို့ပြောကြားလိုက် တဲ့အရာဟာ ပြောသင့်တဲ့အရာလား (သို့) မသင့်လျော်တဲ့အရာလားဆိုတာကိုလည်း စိတ်မဝင်စားကြ ပါဘူး။ 

တစ်ခါတစ်ရံထက်ပိုသောအခြေအနေများတွင် ဒီကဲ့သို့သောဝန်ထမ်းတစ်ဦးဟာ အဖွဲ့အစည်း/ လုပ်ငန်း တစ်ရပ်ကို အများပြည်သူရှေ့ ထွက်ရသည့်ပွဲများတွင် (အထူးသဖြင့် ထိုသူဟာ ကုမ္ပဏီရဲ့ အမျိုးမျိုးသောဆက်စပ်နေသူများနဲ့ ပြောဆိုဆက်ဆံဖို့လိုအပ်သည့်အခန်းကဏ္ဍကို တာဝန်ယူထား ရသည့်အခါများတွင်) အဆင်မပြေသော၊ ကြောင်စီစီနိုင်သောအခြေအနေသို့ရောက်ရှိသွားစေနိုင်ပါ တယ်။ 

ဘာတွေကိုလုပ်ဆောင်ရမလဲ? 

အစည်းအဝေးပွဲများနှင့် ကုမ္ပဏီကိုကိုယ်စားပြုရမည့်ပွဲများတွင် သင့်အနေနဲ့ တွေ့ဆုံမှုတိုင်းအတွက် စီမံမှုများကို ရေးဆွဲထားသင့်ပြီး သူ/ သူမအနေနဲ့ စကားပြောခြင်းကို အချိန်အကန့်အသတ်နဲ့သာလုပ် ဆောင်ဖို့ကိုလည်း သင့်အနေနဲ့ ကြပ်ကြပ်မတ်မတ်တောင်းဆိုထားသင့်ပါတယ်။ 

 

၆။ လူမှုကွန်ယက်အသုံးပြုခြင်းအား စွဲလန်းနေသူ 

လူမှုကွန်ယက်ပေါ်တွင်မယုံနိုင်လောက်အောင်အချိန်တွေဖြုန်းနေတတ်တဲ့ ဝန်ထမ်းများရှိနေပါတယ်။ ကျွန်ုပ်တို့ယခုပြောနေတာဟာ notification များနှင့် message များကို မိနစ်အနည်းငယ်မျှစစ်ဆေးရုံ သာအသုံးပြုတဲ့ဝန်ထမ်းများကိုဆိုလိုတာမဟုတ်ပါဘူး။ 

Comment များရေးသားခြင်း၊ စကားစမြည်ပြောဆိုခြင်းများကို လူမှုကွန်ယက်မီဒီယာပလက်ဖောင်း များပေါ်တွင်အလွန်အမင်းပြုလုပ်နေတတ်တဲ့သူများကိုဆိုလိုတာဖြစ်ပါတယ်။ 

ဒီကဲ့သို့သောဝန်ထမ်းများနှင့်ဆိုပါက သူ/ သူမတို့အနေနဲ့ လူမှုကွန်ယက်များပေါ်တွင်သာအများစုအား ဖြင့် အချိန်ဖြုန်းနေတတ်သည့်အတွက် သူ/ သူမတို့ကိုဌားရမ်းခေါ်ယူထားသည့်လုပ်ငန်းများတွင် များ စွာ ဆုံးရှုံးမှုဖြစ်ပေါ်စေတတ်ပါတယ်။ 

ဘာတွေကိုလုပ်ဆောင်ရမလဲ? 

သင်လုပ်နိုင်တဲ့အရာတစ်ခုကတော့ ဆိုရှယ်မီဒီယာဝက်ဘ်ဆိုဒ်များသို့ဝင်ရောက်ခြင်းကို ကန့်သတ် တားမြစ်ဖို့ပါပဲ။ အခြားသောနည်းအားဖြင့် အကယ်၍ထိုဝန်ထမ်းတစ်ဦးရဲ့ အခန်းကဏ္ဍဟာ မားကတ် တင်းအဖွဲ့အတွင်းရှိနေပါက သင့်အနေနဲ့ လူမှုကွန်ယက်စီမံခန့်ခွဲမှုအတွက် ထိုသူအားတာဝန်ပေးအပ် နိုင်ပါတယ်။ 

လူမှုကွန်ယက်အတွင်းကူးသန်းသွားလာနေတဲ့လိပ်ပြာလေးတစ်ကောင်ဖြစ်နေတဲ့အတွက် သူဟာ သူ့ အနေနဲ့ တစ်နေကုန်အွန်လိုင်းပေါ်မှာရှိနေခြင်းဟာ အကျိုးရှိစေတယ်လို့ထင်မြင်ယူဆနေတာဖြစ်ပြီး သင့်ရဲ့ သုံးစွဲသူများအားလုံးနဲ့ ဆက်ဆံရေးများကိုတည်ဆောက်ပေးနိုင်ပါလိမ့်မယ်။ တစ်ကယ်တန်း တွင် သူနေ့စဉ်နေ့တိုင်းလုပ်ဆောင်နေတဲ့ စကားစမြည်ပြောဆိုမှုများထက် အနည်းငယ်သာပိုပြီးလုပ် ဆောင်ရမှာဖြစ်ကာ ဒီအရာကလူမှုကွန်ယက်များတွင် အခြေခံကျပြီး မရှိမဖြစ်အရေးပါတဲ့ အစိတ် အပိုင်းတစ်ခုလည်းဖြစ်နေပါတယ်။ 

 

၇။ စိတ်တိုဒေါသထွက်လွယ်သူ 

ဒီသို့သောဝန်ထမ်းများဟာ သူ/ သူမတို့ရဲ့နည်းလမ်းအတိုင်းဖြစ်မလာခဲ့ပါက (သို့) အများစုက သူတို့ ရဲ့အတွေးအမြင်များကိုလက်မခံကြတဲ့အခါမျိုးတွင် ဒေါသပေါက်ကွဲတတ်တဲ့သူများဖြစ်ပါတယ်။ သူ/ သူမကိုကိုင်တွယ်ဖြေရှင်းနိုင်ဖို့မှာ မလွယ်ကူပဲ၊ သူတို့ဟာ ဖုန်းပြောစဉ်အတွင်း အော်ပြောခြင်း၊ ဟစ်အော်ခြင်းနှင့် တစ်ခါတစ်ရံတွင် ဆဲဆိုခြင်းတို့ကိုတောင်ပြုလုပ်တတ်တဲ့အကျင့်ရှိနေတတ်ပါ တယ်။ 

အချို့သောအခြေအနေများတွင် သူ/ သူမထံမှ တောင်းပန်မှုကို အချိန်အနည်းငယ်ကြာပြီးနောက် ရရှိ မှာဖြစ်သော်လည်း သူတို့ဟာ အခြားသောဝန်ထမ်းများကို စိတ်မငြိမ်မသက်ဖြစ်စေပြီး မလိုအပ်ပဲ တုန်လှုပ်ကြောက်ရွံ့စေပါတယ်။ 

ဘာတွေကိုလုပ်ဆောင်ရမလဲ? 

လုပ်ငန်းရှင်တစ်ဦးအနေနဲ့ ထိုသို့ဖြစ်ပွားလာတဲ့အခါ သင့်အနေနဲ့ တင်းတင်းကြပ်ကြပ်ကိုင်တွယ်ပြော ဆိုသင့်ပါတယ်။ သူတစ်ယောက်တည်းအော်ဟစ်ပြောဆိုတတ်တာမဟုတ်ဘူးဆိုတာကို အသိပေး လိုက်ပါ။ သင့်အနေနဲ့ ထိုသို့ပြုလုပ်ရန် သင်ပါ လိုက်ပါပြီး အော်ဟစ်စရာမလိုပါဘူး။ ထိုအရာကို စကားတစ်ရပ်အနေနဲ့သာ အသိပေးပြောကြားပေးလိုက်ပါ။

သူ/ သူမရဲ့ ပရော်ဖက်ရှင်နယ်မဆန်တဲ့အမူအရာတွေကိုရပ်တန့်ခိုင်းပါ၊ လိုအပ်ပါက သူ/ သူမအနေနဲ့ ကောင်းမွန်စွာစကားပြောဆိုနိုင်မည့်အချိန်အထိအချိန်ပေးကာ တစ်ယောက်တည်းနေစေလိုက်ပါ။

 

၈။ အချိန်ဆွဲတတ်သူများ  

ဒီသို့သောဝန်ထမ်းများဟာ အမြဲတမ်းအချိန်ဆွဲနေတတ်တဲ့အတွက် deadline များအတွင်းပြည့်မှီ အောင်ဆောင်ရွက်နိုင်ခြင်းမရှိသူများပဲဖြစ်ပါတယ်။ အလုပ်တာဝန်များသူတို့စားပွဲပေါ်သို့ရောက်တာ နဲ့ စတင်လုပ်ဆောင်ဖို့ကိုအာရုံစိုက်ရမည့်အစား သူတို့ဟာနောက်မှလုပ်ဆောင်ရန် အချိန်ရွှေ့တတ်ကြ ပြီး ဒီအတွက်ကြောင့် deadline များကို အဆုံးတွင်ပြည့်မှီအောင်ဆောင်ရွက်နိုင်ခြင်းမရှိ ဖြစ်သွားပါ တော့တယ်။ 

ထိုသူဟာ အမြဲလိုလို သူ့ရဲ့အလုပ်အပေါ် အလေးအနက်မထားတတ်တဲ့စိတ်ထားရှိနေပြီး အခြားသူ များကို သူ့အတွက်ဖုံးဖိပေးနိုင်စေရန်နည်းလမ်းလည်းရှိနေတတ်ပါတယ်။ 

ဒီသို့သောစိတ်ထားရှိနေတဲ့ဝန်ထမ်းများနှင့်ဆိုပါက အဖွဲ့အစည်း/ လုပ်ငန်းများဟာ ကြီးထွားမှုရှိလာ မှာ မဟုတ်သလို နောက်တစ်ဆင့်သို့တက်လှမ်းနိုင်စေမှာလည်းမဟုတ်ပါဘူး။ 

ဘာတွေကိုလုပ်ဆောင်ရမလဲ? 

ထိုသို့သောဝန်ထမ်းများနဲ့တွေ့ဆုံခဲ့ပါက ထိုသူများကို အသေးစိတ်ကအစ စီမံခန့်ခွဲပေးရမှာဖြစ်ပါ တယ်။ နေ့စဉ်နှင့် အပတ်စဉ်စစ်ဆေးမှုများကို ထိုသို့သောဝန်ထမ်းများအပေါ်လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ထိုစစ်ဆေးမှုများကိုလွဲချော်ခဲ့ပါကလည်း ထိုသို့ဖြစ်ပွားခဲ့ပါက ပြစ်ဒါဏ်များရှိနေစေ ဖို့ကိုလည်း သေချာစွာပြုလုပ်ထားရမှာဖြစ်ပါတယ်။ 

သူ/ သူမအနေနဲ့ မလွှဲမရှောင်သာပဲ ဒီစစ်ဆေးမှုကိုလွဲချော်ခဲ့ပြီးနောက် ထိုသို့ဖြစ်ပွားခဲ့ခြင်းကို အသိ ပေးခြင်းမရှိခဲ့ပါကလည်း ပြစ်ဒါဏ်များရှိနေသင့်ပါတယ်။ 

 

၉။ ရွှေဉာဏ်ရှင်များ 

မိမိကိုယ်ကိုအခြားသူများထက် သာလွန်တယ်လို့ယူဆထားတဲ့ဝန်ထမ်းအချို့ရှိပါတယ်။ ထိုသို့သော ဝန်ထမ်းများဟာ သူတို့ရဲ့ယခင်ကအောင်မြင်မှုများအကြောင်းနဲ့ သူတို့ဟာ ပြိုင်ဘက်ကင်းတော်တဲ့သူ များဖြစ်တယ်ဆိုတာကို အမြဲတမ်းကြွားဝါနေတတ်သူများဖြစ်ပါတယ်။ 

ထိုကဲ့သို့သောဝန်ထမ်းများဟာ ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခုရဲ့ ထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများ အပေါ်မှာ သူတို့အနေနဲ့ အကျိုးသက်ရောက်မှုမရှိနိုင်သည့်အခါတွင် ပြဿနာဖြစ်ပွားလာပါတော့ တယ်။ 

ဘာတွေကိုလုပ်ဆောင်ရမလဲ? 

ထိုသို့သောဝန်ထမ်းမျိုးနဲ့ဆိုပါက အတူတကွထိုင်ကာစကားပြောဆိုပြီး သူဟာ အဖွဲ့အစည်းအတွင်း မည့်သို့အံဝင်ခွင်ကျဖြစ်နိုင်မလဲဆိုတာကို နားလည်သဘောပေါက်စေဖို့ပြုလုပ်ပေးရပါမယ်။ ထို့နောက် လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းပရောဂျက်များကို လုပ်ငန်းဆောင်တာများအနေနဲ့ပိုင်း ခြားပြီး သူ/သူမကို ထိုအလုပ်တာဝန်များကိုလုပ်ဆောင်နေတဲ့အဖွဲ့နှင့်အတူ လုပ်ဆောင်ခိုင်းလိုက်ပါ။ 

 

နိဂုံးချုပ်.....

အကယ်၍အထက်ဖော်ပြပါဝန်ထမ်းအမျိုးအစားများကို ဌားရမ်းခေါ်ယူမှုပြုစဉ်ကတည်းက တွေ့ရှိခဲ့ ပါက ထိုသို့သောအရည်အသွေးတွေမရှိတဲ့ အခြားသော candidate များကိုသာ ဌားရမ်းခေါ်ယူခြင်း အားဖြင့် သင်ခေါင်းခဲရခြင်းကိုရှောင်လွှားနိုင်ပါတယ်။ 

အခြားတစ်ဖက်တွင်၊ အကယ်၍ ထိုသူများဟာသင့်ရဲ့အဖွဲ့အစည်းအတွင်းတွင်ရှိနေပြီးသားဖြစ်နေရင် တော့ အထက်ဖော်ပြပါအကြုံပြုချက်များကိုအသုံးချခြင်းအားဖြင့်ထိုကဲ့သို့ဖြစ်နေတဲ့ဝန်ထမ်းတစ်ဦး ရဲ့အခြေအနေများကိုအချိန်ယူပြီးပြင်ဆင်နိုင်ပါတယ်။ 
စာဖတ်သူတို့အနေနဲ့ရော အထက်ပါဖော်ပြသွားခဲ့တဲ့ဝန်ထမ်းအမျိုးအစားများနဲ့ တစ်ခု (သို့) တစ်ခု ထက်ပိုပြီးကိုက်ညီနေတဲ့သူများနဲ့ တွေ့ကြုံခဲ့ရဖူးပါသလား? 

 

ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


SOE MYINT & SONS Stainless Steel Trading Co., Ltd.

SOE MYINT & SONS Stainless Steel Trading Co., Ltd.

AA Medical Products

AA Medical Products

Our headquarters office is in Yangon and we have the branch offices in Mandalay, Myintkyina, Mawlamyine, Taunggyi, Lashio, Magwe, Sittwe, Kalay, Meik, Dawei, Pathein and Nay Pyi Taw.We have over 700 e...
Show the postings (68)
Recyglo Co., Ltd.

Recyglo Co., Ltd.

Vision To become a leading waste management solution platform in Southeast Asia that produces zero waste and zero carbon footprint. Mission To process material in a safe, non-hazardous manner wi...
Show the postings (10)
Sweety Home

Sweety Home

...Sweety Home Industry Co.Ltd established in Mandalay since 1995 is the professional manufacturing and distributing company of spring mattress, polyurethane foam, bedding accessories and modern pr...
Show the postings (31)
United Paints Group (UPG) Co., Ltd.

United Paints Group (UPG) Co., Ltd.

United Paints Group Co.,Ltd. သည် ဝန်ထမ်းများအပေါ် - > ရသင့်ရထိုက်သော ခံစားခွင့်များ၊ ရပိုင်ခ...
Show the postings (12)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS