Jobs In Myanmar
Load...

HR လုပ်ဆောင်ချက်များကို အကျိုးအမြတ်များ ဖြစ်ထွန်းလာစေရန် လုပ်ဆောင်ပေးနိုင်မည့်နည်းလမ်း (၉) ချက် (အပိုင်း - ၂)

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-HR-Practices-Profit-JobsInYangon



HR လုပ်ဆောင်ချက်များကို အကျိုးအမြတ်များ ဖြစ်ထွန်းလာစေရန် လုပ်ဆောင်ပေးနိုင်မည့်နည်းလမ်း (၉) ချက် (အပိုင်း - ၂)

 

မနေ့က HR လုပ်ဆောင်ချက်များမှတဆင့် အကျိုးအမြတ်များဖြစ်ထွန်းလာစေရန် လုပ်ဆောင်ပေးနိုင်မည့် နည်းလမ်း (၉) ချက် အနက်မှ နည်းလမ်း (၃) ချက်နှင့် နိဒါန်းကို တင်ဆက်ပေးခဲ့ပါတယ်။ ဒီ ကနေ့မှာတော့ ကျန်ရှိနေသေးတဲ့ နည်းလမ်း (၆) ချက် အကြောင်းကို ဆက်လက်၍ ဆွေးနွေးတင်ပြပေးသွားမှာဖြစ်ပါတယ်။ 

 

၎။ ဝန်ထမ်းများရဲ့ engagement အခြေအနေကို မသိမသာ စစ်တမ်းကောက်ယူပါ။ 

ရုံးခန်းအတွင်းရှိ အရောင်အနေအထားနဲ့ မီးဖိုချောင်တွင်ထားရှိထားသော စားစရာများအပေါ်အမြင်မှစ၍ မန်နေဂျာများနဲ့ ဖြစ်ပေါ်သော အငြင်းပွားမှုများ၊ လေ့ကျင့်သင်ကြားပေးမှုများအပေါ် ထင်မြင်ယူဆချက်များ၊ တစ်ကိုယ်ရည်နဲ့ သက်မွေးမှုလမ်းကြောင်းဆိုင်ရာ တိုးတက်မှုရှိစေဖို့ရာ လိုအပ်ချက်များနှင့် အခြားသော အကြောင်းအရာများအထိ ဝန်ထမ်းများရဲ့ ခံစားချက်များကို လေ့လာပါ။ ဝန်ထမ်းများအနေနဲ့ ပိုမိုမြင့်မားသော engagement နဲ့ စွမ်းဆောင်ရည်တိုးပွားလာနိုင်စေဖို့အတွက် လုပ်ငန်းရှင်များဘက်မှ မှန်းဆနေခြင်း၊ မျှော်လင့်နေခြင်းတို့ကို ပြုလုပ်နေမည့်အစား ဝန်ထမ်းများရဲ့ပြောဆိုချက်များမှတဆင့် သိရှိနားလည်နိုင်ရန် ကြိုးစားပြီး လိုအပ်ချက်များကို ဖြည့်တင်းပေးနိုင်စေဖို့ကို မြန်ဆန်စွာ လုပ်ဆောင်ပေးလိုက်ပါ။ 

 

၅။ ကုမ္ပဏီအတွင်းရှိ ဝန်ထမ်းများအားလုံးမှ တွေ့မြင်နိုင်စေရန်အတွက် HR ကို internal project များအား တင်ထားစေလိုက်ပါ။ 

ပွင့်လင်းမြင်သာမှုရှိခြင်းဟာ ကုမ္ပဏီတွင်းရှိ အရင်းအမြစ်များကို အသုံးချနိုင်စေရန်အတွက် ကုမ္ပဏီများကို ကူညီပေးနိုင်ကာ Risk များပြီး ပို၍ဈေးကြီးသော ပြင်ပမှဌားရမ်းခေါ်ယူမှုပြုရခြင်းများကို လျှော့ချပေးနိုင်ပါတယ်။ 

 

၆။ HR မှ လေ့ကျင့်ပေးမှု (training) များပြုလုပ်ပေးခြင်းကို အားပေးပါ။ 

HR ကို internal hackathon များ ကျင်းပစေခြင်း၊ learning & development training များ ကျင်းပစေခြင်းတို့ကို ပြုလုပ်ရန်အားပေးသင့်သည့်အပြင် ဝန်ထမ်းများကိုလည်း အခြားသော side project များကို စတင်ခွင့်ပေးလိုက်ပါ။ ဒီအရာများက product အသစ်များထွက်ပေါ်လာစေနိုင်ပြီး ဝန်ဆောင်မှုအသစ်များနဲ့ ဝင်ငွေလမ်းကြောင်းအသစ်များကိုလည်း ဖြစ်ပေါ်လာစေနိုင်ပါတယ်။ Google နဲ့ အခြားသောကော်ပိုရေးရှင်းကြီးများတွင် ဒီ approach ကို ကျင့်သုံးလျှက်ရှိနေကြပြီး လွန်စွာအကျိုးအမြတ်ကိုဖြစ်ထွန်းစေခဲ့သော တီထွင်ဖန်တီးမှုများဖြစ်တဲ့ Gmail, Google Maps, Twitter, Slack နဲ့ Groupon တို့ကို ပေါ်ထွန်းလာစေခဲ့ပါတယ်။ 

 

၇။ Internal Mobility Program များကို ဖန်တီးပြုလုပ်ပါ။ 

ဒီအရာများတွင် အလှည့်ကျလုပ်ဆောင်ရမည့် program များ၊ အခြားသော လုပ်ငန်းများသို့ ယာယီရွှေ့ပြောင်းလုပ်ဆောင်စေခြင်းများနဲ့ department များစွာတွင် ပါဝင်ပတ်သက်နေရသော cross-functional role များ ပါဝင်နေပါတယ်။ ဒီအစီအစဉ်များက ပိုမို၍မြန်ဆန်စွာ အတွေးအမြင်များကို ဖလှယ်နိုင်စေမှာဖြစ်ပြီး ပိုမိုကောင်းမွန်သော အရည်အချင်းနှင့် လုပ်ငန်း project တို့ကိုက်ညီမှုရှိစေမှာဖြစ်ကာ ပိုမိုမြင့်မားသော engagement နဲ့ ကြာရှည်သောလုပ်သက်ရှိဝန်ထမ်းများကိုလည်း ပေါ်ထွန်းလာစေနိုင်ပါတယ်။ 

 

၈။ ရုံးတွင်း အချိန်ပိုင်းအလုပ် စီးပွားရေး (internal gig economy) တစ်ခုကို ဖန်တီးပါ။ 

အရည်အချင်းရှိသူများကို ဌားရမ်းခေါ်ယူမှုပြုခြင်းဟုဆိုရာတွင် ကျွမ်းကျင်မှုများရှိနေဖို့အပြင် အလားအလာရှိမှုနှင့် ကုမ္ပဏီနဲ့ကိုက်ညီမှုရှိနေဖို့ဟာလည်း လိုအပ်ပါတယ်။ ပြီးနောက် ညှိနှိုင်းပြောင်းလဲရ လွယ်ကူသော အလုပ်ရာထူးများကို ဖန်တီး၍ အကောင်းဆုံးသောအရည်အချင်းရှိသူများကို မှန်ကန်တဲ့ team များနဲ့ project များတွင် နေရာချထားပေးလိုက်ပါ။ မြင့်မားသော engagement နဲ့ productivity ရှိသော စက်ဝန်းတစ်ခုကိုတည်ဆောက်ပါ။ ပိုမို၍အရည်အချင်းရှိသောသူများကို ဆွဲဆောင်နိုင်စေရန်အတွက် ပိုမိုများပြားသော အတွေးအမြင်များကို ဖလှယ်ခြင်း၊ ပိုမိုမြင့်မားသော အကျိုးအမြတ်များကို ပေးအပ်ခြင်းနဲ့ ပိုမိုကောင်းမွန်သော employee brand တစ်ခုကို တည်ဆောက်ခြင်းတို့ကို လုပ်ဆောင်လိုက်ပါ။ 

 

၉။ HR ကို ပုံမှန် offsite များ ပြုလုပ်ခိုင်းပါ။ 

Offsite များဆိုသည်မှာ မတူသော ဌာနများမှ လူများ (ဝန်ထမ်းများ) ကို တစ်ဦးနဲ့တစ်ဦးမိတ်ဆက်ပေးခြင်းနဲ့ တစ်ဦးချင်းစီရဲ့ အလုပ်တာဝန်များကို ရှင်းပြပေး၍ ထိုသူများအနေနဲ့ ကုမ္ပဏီရဲ့ ကြီးမားသော mission များတွင် မည်သည့်အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်ရသလဲဆိုတာကို ပြသပေးခြင်းနှင့် ကုမ္ပဏီရဲ့ မျှော်မှန်းချက် (vision) များကို ပြန်လည်ဖော်ဆောင်ကာ ရှင်းလင်းပြောကြားပေးခြင်းဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ဝန်ထမ်းများကို ပိုမို၍မြင့်မားသော ရည်ရွယ်ချက်နဲ့ mission တို့ကြောင့် နီးကပ်မှုရှိလာစေမှာဖြစ်ပြီး engagement များ၊ လုပ်ငန်းစွမ်းဆောင်ရည်များကို မြှင့်တင်ပေးနိုင်စေကာ လုပ်သက်များကိုလည်း ပိုမို၍ ကြာရှည်မှု ရှိလာစေနိုင်မှာဖြစ်ပါတယ်။ 

 

အကြီးမားဆုံးသော အပြောင်းအလဲများကို ဖြစ်ပေါ်စေတဲ့ အရာများနဲ့ အကူပစ္စည်းများဟာ သင်ထင်ထားတာထက်ပို၍ အကုန်အကျသက်သာမှုရှိတဲ့အရာများဖြစ်ပါတယ် (သို့) ထိုအရာများဟာ အခမဲ့ ရရှိနိုင်တဲ့ အရာများဖြစ်ပြီး အဆိုပါကောင်းမွန်တဲ့အကျိုးရလာဒ်များကို Professional လုပ်ငန်းရှင်တစ်ဦးမှစ၍ လက်လီရောင်းချသူ Broker တစ်ဦးအထိ ရယူအသုံးချနိုင်စွမ်းရှိနေပါတယ်။ Employee engagement အကြောင်း စစ်တမ်းကောက်ယူခြင်း၊ ရုံးတွင်းပိုင်း ပြောဆိုဆက်ဆံမှုများကို ပြောင်းလဲပေးခြင်းနှင့် employee-driven change ကိုဖြစ်ပေါ်စေမယ့်အရာများဟာ အခမဲ့လုပ်ဆောင်နိုင်တဲ့အရာများဖြစ်ပြီး တစ်ပြားတစ်ချပ်မှ ပေးစရာမလိုတဲ့ လုပ်ဆောင်ချက်များပဲဖြစ်ပါတယ်။ HR များအနေနဲ့ ဝန်ထမ်းများကို ကျွမ်းကျင်မှုများနဲ့ ခေါင်းစဉ်များအလိုက် လမ်းညွှန်ပြသပေးခြင်းနဲ့ လေ့ကျင့်သင်ကြားပေးခြင်းတို့ကိုပြုလုပ်နိုင်ပြီး ပြဿနာဖြေရှင်းခြင်းများ၊ ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်ချမှတ်ခြင်းများနဲ့ သက်မွေးမှုလမ်းကြောင်းများကို ရှင်းလင်းပြောကြားပေးခြင်းတို့ကို ဈေးကြီးတဲ့ software များရဲ့ အကူအညီမပါဝင်ပဲ ပြုလုပ်ပေးနိုင်စွမ်းရှိနေပါတယ်။

စာဖတ်သူတို့အနေနဲ့ HR ကို လိုအပ်မှုမရှိသော function တစ်ခုအနေနဲ့ ရှုမြင်ဖူးခဲ့ပါက ယခုအခါတွင် ပြန်လည်လေ့လာကြည့်သင့်ပါတယ်။ HR ရဲ့ တန်ဖိုးများကို စာဖတ်သူတို့ရဲ့ ကုမ္ပဏီအတွင်းတွင် ထိရောက်မှုရှိစွာ အသုံးချနိုင်ခြင်း မရှိခဲ့ဖူးဆိုရင်တော့ စာဖတ်သူတို့အနေနဲ့ အကောင်းဆုံးသော မဟာမိတ်တစ်ဦးကို ဆုံးရှုံးရနိုင်ခြေရှိနေပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Imedia International (Myanmar) Co., Ltd.

Imedia International (Myanmar) Co., Ltd.

Nilar Group Of Companies

Nilar Group Of Companies

VISION Our Road-map starts with our mission, which is enduring. It declares our purpose as a company and serves as the standard against which we weigh our actions and decisions. • To provide our b...
Show the postings (28)
ACECOOK MYANMAR CO.,LTD.

ACECOOK MYANMAR CO.,LTD.

HANA အသင့်စားရှမ်းခေါက်ဆွဲဟာ ဆီဖြင့်ကြော်ထားခြင်းမဟုတ်သော Non-Fried ဆန်ခေါက်ဆ...
Show the postings (13)
Phyo Pyae Sone Myanmar Co.,Ltd

Phyo Pyae Sone Myanmar Co.,Ltd

With customers at the forefront of our minds,The Company prioritizes for the best of customer service at value price point for our guests with uncompromising quality and facilities.Starting from Distr...
Show the postings (42)
Facilitation Limited

Facilitation Limited

A challenging work space associated with learning opportunityConsulting services for company registration, secretarial services, investment permit and financial services...
Show the postings (3)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS