ချိတ်ဆွဲရန်စာတန်း: News-Google-Maps-Feature-JobsInYangon
သင်သိထားသင့်တဲ့ အသုံးဝင်လာနိုင်တဲ့ Google Map လုပ်ဆောင်ချက်တစ်ခု
Google Maps ဟာ သူတို့ရဲ့ timeline feature ကို အဆင့်မြှင့်တင်မှုများပြုလုပ်ခဲ့ပြီး ယခုအခါတွင် သင့်ရဲ့အကြိုက်ဆုံးဓါတ်ပုံများကို ထည့်သွင်းကာ သင်နှစ်သက်ရာနေ့ရက်များကို ပြန်လည်၍နောက်ကြောင်းပြန် ကြည့်ရှုနိုင်တော့မှာပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို ၂၀၁၅ ခုနှစ်ကစတင်၍ထည့်သွင်းပေးခဲ့တာဖြစ်ပြီး Google Map အသုံးပြုသူများအနေနဲ့ သူတို့ရဲ့ ခရီးသွားရာဇဝင်ကိုပြန်လည်၍ကြည့်ရှုနိုင်စေခဲ့ပါတယ်။
Google Photo ရဲ့ နောက်ဆုံးဗားရှင်းနဲ့အတူ ယခုအခါဆိုရင်တော့ Google Map ရဲ့ timeline feature ကို Google Photo တွင်လည်းတွေ့မြင်နိုင်တော့မှာပဲဖြစ်ပါတယ်။ Google Map ကဲ့သို့ပင် အသုံးပြုသူများအနေနဲ့ Google Map ကိုအသုံးပြု၍ တည်နေရာရှာဖွေရာတွင် ကူညီပေးနိုင်ရန် Google မှ သိမ်းဆည်းထားတဲ့ location data ကိုအသုံးပြုကာ သူတို့သွားလာခဲ့တဲ့နေရာများကို ပြန်လည်၍ကြည့်ရှုနိုင်စေတော့မှာဖြစ်သလို Social media များတွင် ပို့စ်တင်ရန်အတွက် ဓါတ်ပုံတစ်ပုံပုံကိုလည်း tag ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။
Google Photo ဟာ သင့် smartphone ပေါ်တွင် location data ကို သိမ်းဆည်းခွင့်ပေးထားပါက သင့်ဖုန်းရဲ့ library အတွင်းရှိ ဓါတ်ပုံများကို ရိုက်ကူးလိုက်တဲ့အချိန်တွင် Google Map တွင်ရှိသော timeline ကဲ့သို့ ပုံစံမျိုးဖြင့် စီစဉ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါမှမဟုတ် သင့်အနေနေဲ့ location data ကို ကိုယ်တိုင်သွားရောက်၍ မှတ်သားပေးနိုင်မှာလည်းဖြစ်သလို ၂ ခုစလုံးအစဉ်မပြေခဲ့ပါကလည်း Google မှ အဆိုပါဓါတ်ပုံကိုဘယ်နေရာတွင် ရိုက်ကူးခဲ့သလဲဆိုတာကို ဓါတ်ပုံအတွင်းရှိ ထင်ရှားတဲ့နေရာများရဲ့အကူအညီဖြင့် AI မှ ဆုံးဖြတ်ပေးနိုင်ပါလိမ့်မယ်။ ဥပမာ - AI ဟာ ပါရီမြို့ရှိ Eiffel Tower ဒါမှမဟုတ် အမေရိကန်ရှိ Empire State Building တို့ကို မှတ်မိသိရှိနိုင်စွမ်းရှိနေပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။