Tags: News-Google-PlayStore-Malware-JobsInYangon
Google Play Store ဟာ လက်ရှိပြန့်နှံ့လျှက်ရှိနေသော malicious app များရဲ့ ၆၇% အထိအပေါ်တွင် တာဝန်ရှိနေကြောင်း လေ့လာချက်တစ်ရပ်အရ တွေ့ရှိခဲ့ .
အမေရိကန်နိုင်ငံ Antivirus ကုမ္ပဏီတစ်ခုဖြစ်တဲ့ NortonLifeLock နှင့် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ရှိ IMDEA Software Institute တို့ရဲ့ သုသေသနပြုလုပ်ချက်အသစ်တစ်ရပ်အရ Google ရဲ့ Play Store ဟာ malware များပါဝင်နေသော malicious Android app များကိုဖြန့်ဝေရာတွင် အကြီးမားဆုံးတာဝန်ရှိသူတစ်ဦးဖြစ်နေခဲ့ပါ တယ်။ သို့သော်လည်း Play Store ဟာ သင့်အနေနဲ့ သင့်ရဲ့ app များကို download ပြုလုပ်နိုင်မယ့် လုံခြုံစိတ်ချရမှုအရှိဆုံးနေရာများထဲတွင်လည်း တစ်ခုအပါအဝင်ဖြစ်နေပြန်ပါသေးတယ်။
အထက်ပါကုမ္ပဏီ ၂ခုမှ app ပေါင်း ၇.၈ သန်းခန့်အား Android product ပေါင်း ၁၂ သန်းခန့်တွင် install ပြုလုပ်ပြီး ၂၀၁၉ ခုနှစ်က ၄ လအကြာ လေ့လာမှုပြုလုပ်ခဲ့ရာတွင် “၁၀% မှ ၂၄% သော Norton (သို့) Symantec antivirus software များကို ထည့်သွင်းထားသော Andoid device များတွင် adware အပါအဝင် malicious app အနည်းဆုံး တစ်ခုအား သုသေသနပြုလုပ်သူများမှ တွေ့ရှိခဲ့ရပါတယ်။
အဆိုပါလေ့လာမှုအရ ဖော်ထုတ်တွေ့ရှိခဲ့သော malicious app များမှ ၆၇% ခန့်ဟာ အဆိုပါ device များထံသို့ Google Play Store မှတဆင့် ဝင်ရောက်လာခဲ့တာဖြစ်ပြီး များစွာသော malicious app များဟာ အသုံးဝင်သော ဝန်ဆောင်မှုများဖြစ်တဲ့ VPN ကဲ့သို့သော ဝန်ဆောင်မှုများအနေနဲ့ ပုံဖျက်ထားကြပါတယ်။ သို့သော် အဆိုပါ app များတွင် malware များပါဝင်နေပြီး သင့်ရဲ့အချက်အလက်များကိုခိုးယူနိုင်ခြင်း (သို့) သင့်ထံသို့ မလိုလားအပ်သော ကြော်ငြာများစွာကို ပေးပို့နိုင်ခြင်းတို့အား ပြုလုပ်နိုင်စွမ်းရှိနေကြပါတယ်။
သင့်အနေနဲ့ လုံခြုံစိတ်ချမှုရှိစေရန် မည်သို့ပြုလုပ်နိုင်မလဲ? ကျွန်ုပ်တို့အနေနဲ့ သင့်ကိုအကြံပြုလိုတာကတော့ နာမည်ရှိပြီးသား anti-virus app များဖြစ်ကြတဲ့ (Kaspersky, Norton) အစရှိတဲ့ anti-virus များကို install ပြုလုပ်ထားဖို့နဲ့ Google Play Store, Apple App Store တို့ကဲ့သို့သော နာမည်ရပြီးသား platform များပေါ်မှ app များကို download ဆွဲရာတွင်လည်း နာမည်ရှိပြီး၊ လူအများစုမှအသုံးပြုနေကြသော app များဖြစ်ကြတဲ့ Facebook, Instagram သို့ အလားတူ app များကိုသာ download ပြုလုပ်၍အသုံးပြုကြရန်နှင့် သံသယဖြစ်ဖွယ်ကောင်းသော link များ၊ e-mail များ၊ Message များ၊ Video များ အစရှိသည်တို့အား ရှောင်ရှားကြရန် (တစ်စုံတစ်ဦးက သင့်ကို တစ်စုံတစ်ရာသော ဖော်ပြပါအရာများ ပေးပို့လာပါက click နှိပ်ခြင်းမပြုမှီ အရင်စဉ်းစားဖို့ လိုအပ်ပါမယ်) ဟူ၍ အကြံပြုပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.