by www.jobsinyangon.com
Tags: Employee-Knowledge-Sales-HR-JobsinYangon
အရောင်းမန်နေဂျာတစ်ယောက်ဟာ အဖွဲ့အစည်းတစ်ခုရဲ့အောင်မြင်မှုနဲ့ ကျရှုံးမှုမှာ အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်ပါတယ်။ သူဟာ အဖွဲ့အစည်းဝင်ငွေ ရရှိဖို့အတွက် အရောင်းရည်မှန်းချက်တွေကို ပြည့်မီနိုင်ဖို့ကြိုးစားတဲ့နေရာမှာ အခရာကျတဲ့ကဏ္ဍမှာ ပါဝင်တဲ့သူဖြစ်ပါတယ်။
အရောင်းမန်နေဂျာတစ်ယောက်ဟာ အဖွဲ့အစည်းမှာရှိတဲ့သူ့ရဲ့ အခန်းကဏ္ဍကို ရှင်းလင်းတိကျစွာ သိရှိနားလည်ထားရမှာ ဖြစ်ပါတယ်။ သူဟာ လုပ်ငန်းခွင်မှာ သူ့အနေနဲ့ ဘာလုပ်သင့်တယ်၊ဘာလုပ်ရမယ်ဆိုတာကို သိထားသင့်ပါတယ်။
အရောင်းမန်နေဂျာ တစ်ယောက်ရဲ့ အခန်းကဏ္ဍနဲ့ တာဝန်ဝတ္တရားတွေကို နားလည်သဘောပေါက်အောင် လေ့လာကြည့်ကြပါစို့။
- အရောင်းမန်နေဂျာတစ်ယောက်ဟာ ထိရောက်တဲ့ အစီအစဉ်တွေ၊ ကုန်ကျစရိတ် တွေနဲ့ အဖွဲ့အစည်းရဲ့ အရောင်းရည်မှန်းချက်တွေကို ပြည့်မီအောင်ဆောင်ရွက် ဖို့အတွက် တာဝန်ယူရပါတယ်။
- အရောင်းမန်နေဂျာတစ်ယောက်ဟာ တစ်ဦးတည်း ကိုယ့်ခြေကိုယ့်လက် ဆောင်ရွက်လုပ်ကိုင်လို့ မရပါ။ သူ့အနေနဲ့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေ၊ ဦးတည်ချက်တွေကိုပြည့်မြောက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် အဖွဲ့ဝင် အားလုံးက မိမိတို့ရဲ့အကောင်းဆုံးစွမ်းေ
ဆာင်ရည်ကို ပေးဆပ်ကြတဲ့ အရောင်းဆိုင်ရာအဖွဲ့ (Sale Team) ရဲ့ ကူညီထောက်ပံ့ပေးမှုကိုလိုအပ်ပါတယ်။ သူဟာ အရောင်းအမှုဆောင်အဖွဲ့ နဲ့ အရောင်းကိုယ်စားလှယ်တွေပြည့် မြောက်အောင်မြင်အောင် ဆောင်ရွက်ရမယ့် သတ်မှတ်ချက်တွေကို ချမှတ်ပေး သူဖြစ်ပါတယ်။ အရောင်းမန်နေဂျာတစ်ယောက်အနေနဲ့ ဆောင်ရွက်ရမယ့် သတ်မှတ်ချက်တွေဟာ လက်တွေ့ကျပြီး ဖြစ်နိုင်ချေရှိကြောင်း သေချာအောင် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
- မည်သူတစ်ဦးတစ်ယောက်ကိုမှ လုပ်ဆောင်ရမယ့် တာဝန်တွေ အတင်းအကျပ် သတ်မှတ်ပေးလို့မရပါ။ တစ်ဦးချင်းစီရဲ့ အထူးပြုလေ့လာလိုက်စားထားမှုနဲ့ စိတ် ဝင်စားမှုတွေအပေါ်မှာ မူတည်ပြီးတော့သာ လုပ်ဆောင်ရမယ့် တာဝန်တွေခွဲ ဝေသတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ အရောင်းမန်နေဂျာတစ်ယောက်အနေနဲ့ ဘယ်သူက ဘယ်အလုပ်ကို ထိရောက်မှုအရှိဆုံးနည်းလမ်းနဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်တယ်ဆိုတာကို နားလည်ထားရမှာ ဖြစ်ပါတယ်။ ဝန်ထမ်းတစ်ဦး ချင်းစီရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ဖော်ထုတ်ဆောင်ကျဉ်းပေးနိုင်ဖို့ က အရောင်းမန်နေဂျာရဲ့ တာဝန်ဘဲဖြစ်ပါတယ်။
- အရောင်းမန်နေဂျာတစ်ယောက်ဟာ အရောင်းရည်မှန်းချက်တွေ ပြည့်မီဖို့အ တွက် လိုအပ်တဲ့ နည်းလမ်းတွေ၊နည်းဗျူဟာတွေကို ဖန်တီးပါတယ်။ သူဟာ သူ့ရဲ့အဖွဲ့ဝင်တွေရဲ့ ရှေ့လျှောက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်လမ်းကြောင်း ကို သတ်မှတ်ပေးသူဖြစ်ပါတယ်။
- ဝယ်ယူဖို့အလားအလာရှိတဲ့ သုံးစွဲသူတွေကို ရှာဖွေဖော်ထုတ်ပြီး အဖွဲ့အစည်း အတွက် ကုန်ပစ္စည်းအပေါ်မှာစိတ်ဝင်စားမှုပြသထားသူ(Lead) တွေ ဖန်တီးဖော်ထုတ် ပေးနိုင်ဖို့က အရောင်းမန်နေဂျာရဲ့ တာဝန်ဘဲဖြစ်ပါတယ်။ သူ့အနေနဲ့ အဖွဲ့အစည်းအတွက် အခွင့်အလမ်းအသစ်တွေ ဖန်တီးပေးနိုင်ဖို့အတွက် ရှေးရှု့ဆောင်ရွက်သင့်ပါတယ်။
- အရောင်းမန်နေဂျာတစ်ယောက်ဟာ ကုန်ပစ္စည်းအမှတ်တံဆိပ် ကြော်ငြာရေး (Brand Promotion) အတွက်လည်း တာဝန်ရှိပါတယ်။ သူ့ဟာ ကုန်ပစ္စည်းကို သုံးစွဲသူတွေ အကြားမှာ ရေပန်းစားကျော်ကြားလာအောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ နေရာအမှားကြီးမှာ ရှိနေတဲ့ ခေါင်းစီးစာတန်း(ကြော်ငြာဘုတ်) ဟာ အသုံးမဝင်ပါဘူး။ အရောင်းနေရာ(ဆိုင်)(Canopy) တွေကို ဗျူဟာမြောက် နေရာတွေမှာ ထားရှိရမှာဖြစ်ပြီး အကောင်းဆုံးရလာဒ်တွေ ရရှိနိုင်ဖို့အတွက် ကြော်ငြာဆိုင်းဘုတ်တွေကို အရေးပါတဲ့နေရာတွေမှာ ထားရှိကြော်ငြာရမှာ ဖြစ်ပါတယ်။
- အဖွဲ့ဝင်တွေကို စိတ်ခွန်အားတက်ကြွအောင် လှုံ့ဆော်ပေးနိုင်ဖို့က အရောင်းမန်နေဂျာ တစ်ယောက်အတွက် အရေးအကြီးဆုံးတာဝန်တွေထဲက တစ်ခုဘဲ ဖြစ်ပါတယ်။ သူ့အနေနဲ့ သူ့ရဲ့အဖွဲ့ဟာ တူညီတဲ့ရည်မှန်းချက်တစ်ခု တည်းကို ရှေးရှု့လုပ်ဆောင်နေတဲ့ အဖွဲ့တစ်ခုဖြစ်နေအောင် ပြုလုပ်ဖို့လိုအပ်ပါ တယ်။ အရောင်းမန်နေဂျာတစ်ယောက်ဟာ အဖွဲ့ဝင်တွေအကြားမှာ အငြင်းပွါး မှုတွေရှိမနေဘဲ လှိုက်လှဲပျုငှာတဲ့ဆက်ဆံရေးတွေ ရှိနေဖို့အတွက်လည်း သေချာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အကျိုးအမြတ်တွေ ရရှိနိုင်တယ်ဆိုတဲ့ မက်လုံးပေးဆွဲ ဆောင်မှုတွေ၊ ငွေကြေးဆိုင်ရာ အကျိုးအမြတ်တွေ ရရှိနိုင်တယ်ဆိုတာတွေကို ပြောပြပေးပြီး သူတို့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသ ဖို့အတွက် အဖွဲ့ဝင်တွေကို အားပေးသင့်ပါတယ်။ သူတို့ အလုပ်ကောင်းကောင်း လုပ်တဲ့ အခါတိုင်းမှာ အသိအမှတ်ပြုပေးပါ။
- အရောင်းအဖွဲ့အနေနဲ့ လိုချင်တဲ့ရလာဒ်တွေကို ဆောင်ကျဉ်းပေးနိုင်တယ် ဆိုတာကို သေချာအောင်ပြုလုပ်ဖို့ကတော့ အရောင်းမန်နေဂျာရဲ့ တာဝန်ဘဲဖြစ်ပါတယ်။ ကြီးကြပ်ကွပ်ကဲမှုက မဖြစ်မနေလိုအပ်ပါတယ်။ သူတို့ရဲ့ စွမ်းဆောင်ရည် တွေကို မှတ်သားထားပါ။ ဝန်ထမ်းတိုင်းဟာ အဖွဲ့အစည်းကနေ မျှော်လင့်ထားတဲ့အတိုင်း စွမ်းဆောင်နိုင်ကြောင်း သေချာအောင်ပြုလုပ်ပါ။ သူတို့ရဲ့ တစ်ပါတ်စာ သို့ တစ်လစာလုပ်ဆောင်ချက်တွေကို အစီရင်ခံစာတင်ခိုင်းပါ။ စွမ်းဆောင်နိုင်စွမ်းရှိ သူတွေကို ဆက်လက်တွန်းအားပေးနိုင်ရုံသာမကဲ စွမ်းဆောင်ရည်နိမ့်ကျနေသူ တွေကို လည်း စိတ်ရှည်လက်ရှည်နဲ့ အကောင်းဆုံးဂရုစိုက်ပေးရမှာ ဖြစ်ပါတယ်။
- အရောင်းမန်နေဂျာဟာ အဖွဲ့နဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အဓိကဆုံးဖြတ်ချက် တွေကို ချမှတ်သူဖြစ်ပါတယ်။ အရောင်းမန်နေဂျာဟာ အဖွဲ့ဝင်တွေကို အားပေးထောက်ခံသူ ဖြစ်သင့်ပြီး အခက်အခဲတွေကြုံရချိန်တွေမှာ အဖွဲ့ဝင်တွေရဲ့ဘေးမှာ ရှိနေသင့်ပါတယ်။
- အရောင်းမန်နေဂျာတစ်ယောက်ဟာ သူ့ရဲ့ အဖွဲ့ဝင်တွေအတွက် စံပြဥပမာ ဖြစ်သင့်ပါတယ်။ သူဟာ သူ့အဖွဲ့ဝင်တွေ လေးစားအားကျအတုယူရသူတစ် ယောက်ဖြစ်သင့်ပါတယ်။
- အရောင်းမန်နေဂျာတစ်ယောက်ဟာ ရောင်းချခြင်းအတွက်သာမကဘဲ ဈေးဝယ် (အလုပ်အပ်သူ) တွေနဲ့ ပေါင်းသင်းဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ဖို့နဲ့ တိုးတက်အောင် လုပ်ဖို့အတွက်လည်း တာဝန်ယူရပါတယ်။ ဈေးဝယ်(အလုပ်အပ်သူ) များနှင့် ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ စီမံခန့်ခွဲမှုဟာ လည်း အရောင်းမန်နေဂျာတစ်ယောက်ရဲ့ KRA (အဓိကတာဝန်ယူရတဲ့ အစိတ်အပိုင်း) ဖြစ်ပါတယ်။
- အရောင်းမန်နေဂျာတစ်ယောက်ဟာ အနာဂတ်မှာ အကိုးအကား(ရည်ညွှန်း) အဖြစ်အသုံးပြုနိုင်ဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေ၊မှတ်တမ်းတွေကို ထိန်းသိမ်းထားသင့်ပါတယ်။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Global Technology Co., Ltd (Global Net)
Our speciality is providing complete solution and systems that work through the use of our outstanding design, unique client engagement model, procurement, project management, implementation and suppo...
Show the postings (60)
Young Investment Group
.WE ARE WELL ESTABLISH AND WORKING TOGETHER WITH MANY DIFFERENT NATIONALS THAT WILL LET YOU FEEL AS YOUR HOMEOUR COMPANY IS A LEADING INTERNATIONAL PRIVATE COMPANY IN MYANMAR. DOING 9 BIG SECTORS OF B...
Show the postings (20)
International Travel Asia Co., Ltd.