ချိတ်ဆွဲရန်စာတန်း: News-Acer-Antimicrobial-Laptops-JobsInYangon
ဘက်တီးရီးယားများကို တိုက်ဖျက်နိုင်သည့်နည်းပညာထည့်သွင်းထားသော laptop နှင့် tablet အသစ်များကို Acer မှ ကြေငြာခဲ့
Acer ရဲ့ “antimicrobial” laptop များထွက်ရှိခဲ့တာ နှစ်အနည်းငယ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုအခါတွင် COVID-19 ကပ်ရောဂါဖြစ်ပွားမှုနှုန်းများကြောင့် ပိုမို၍ သန့်ရှင်းစင်ကြယ်မှုရှိစေရေးကို ဦးစားပေးမှုနှင့် စိတ်ဝင်စားမှုများ မြင့်တက်လာခဲ့ပါတယ်။
အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့တဲ့ next@Acer event တွင် Acer မှ ဘက်တီးရီးယားများကို တိုက်ဖျက်နိုင်သည့် နည်းပညာထည့်သွင်းထားသည့် laptop, two-in-one laptop နှင့် tablet အသစ်များကို ကြေငြာခဲ့ပါတယ်။ အဆိုပါ Antimicrobial နည်းပညာဟာ ရောဂါပိုးမွှားများကို Silver ion နည်းပညာနဲ့ Antimicrobial Corning Gorilla Glass တို့ကို အသုံးပြု၍ နည်းလမ်း (၂) မျိုးဖြင့် တိုက်ဖျက်ပေးနိုင်မှာဖြစ်ပါတယ်။
Silver ion (Ag) များဟာ ဘက်တီးရီးယားများနှင့် ထိတွေ့မှုရှိသည့်အခါ ၎င်းတို့ရဲ့ ကြီးထွားမှုနှုန်းကို သိသိသာသာကိုလျှော့ချပေးနိုင်စွမ်းရှိကြတဲ့အတွက် ပထမနည်းလမ်းအရ Silver ion (Ag) များကို device ရဲ့ နေရာအစုံတွင် apply လုပ်ထားပြီး ကိုယ်ထည်၊ ကီးဘုတ်၊ Display၊ Touchpad၊ Fingerprint Reader နဲ့ အစရှိတဲ့ နေရာတိုင်းနီးပါးခန့်တွင် သုတ်လိမ်းထားမှာပါတယ်။ ဒုတိယနည်းလမ်းအရ ၎င်းတို့ရဲ့ device များတွင် အသုံးပြုထားတဲ့ အထူးပြုလုပ်ထားသော Corning Gorilla Glass တွင်လည်း Silver ion (Ag) များဖြင့် coating ပြုလုပ်ထားသည့်အတွက် လူ့ခန္ဓာကိုယ်အတွက် အကျိုးမဖြစ်စေတဲ့ ဘက်တီးရီးယားများရန်မှ အကာအကွယ်ပေးနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။