Jobs In Myanmar
Load...

Advantages of hiring candidates thru online job portal ( www.jobsinyangon.com) for Employers

by www.jobsinyangon.com


Tags: Knowledge-Recruitment-JobPortal-HR-JobsinYangon



လုပ်ငန်းရှင်များအနေဖြင့် အလုပ်လျှောက်ထားသူများကို Online Job Portalတစ်ခုဖြစ်သည့်(www.jobsinyangon.com)မှတစ်ဆင့်ဌားရမ်းခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

အလုပ်ရှာဖွေရခြင်း၏လုပ်ငန်းစဉ်ကို Job Portal များမှ ပြောင်းလဲပစ်လိုက်ကြပြီးဖြစ်ပါသည်။ ယနေ့ခေတ်တွင် အလုပ်ရှာဖွေသူများမှာ အလုပ်အကိုင်အခွင့်အလမ်းများကို သက်တောင့်သက်သာဖြင့် ရှာဖွေနိုင်ကြပြီဖြစ်ပါသည်။ အလုပ်ရှာဖွေသူများသည် အွန်လိုင်းပေါ်ရှိ အလုပ်အကိုင်များဖော်ပြထားသည့် Website များကိုအသုံးပြုပြီး သူတို့နှင့်ကိုက်ညီသော အလုပ်အကိုင်များကိုရှာဖွေနိုင်ကြပြီဖြစ်ပါသည်။ အင်တာနက်၏အကူအညီဖြင့် Job portal များသည် လူတစ်ယောက်၏ အလုပ်ရှာ‌နိုင်သော စွမ်းရည်နှင့် လုပ်ငန်းများ၏ အလုပ်ခေါ်ဆိုခြင်းလုပ်ငန်းစဉ်ကို လွယ်ကူချောမွေ့စေရန် အထောက်အကူပြုပါသည်။ ရလာဒ်အားဖြင့် ယနေ့ခေတ်တွင် အလုပ်ရှာခြင်းနှင့် အလုပ်ရခြင်းတို့အား ပိုမိုလွယ်ကူ လျှင်မြန်၍ ပိုမိုထိရောက်မှုရှိစေပါသည်။ Job portal များအကြောင်း သင်ပိုပြီးသိရှိလိုပါသလား? အောက်ပါဆောင်းပါးကိုကြည့်ပြီးအံ့အားသင့်ဖွယ်ရာ အောင်မြင်မှုတွေကိုကြည့်ရှုလိုက်ပါ။
Job portal ဟာဘာလဲ?

Job portals, တစ်နည်းအားဖြင့် Career portal များသည် ခေတ်သစ်အလုပ်ခေါ်စာသင်ပုန်းများဖြစ်ပြီး အဆိုပါ Website များတွင် အလုပ်ရှာဖွေနေသူများသည်သူတို့၏အလုပ်လျှောက်လွှာများကို အွန်လိုင်းပေါ်မှတင်နိုင်ပြီး သူတို့နှင့်ကိုက်ညီမယ်ထေင်‌သာအလုပ်များကို လျှောက်ထားနိုင်ပါသည်။ တူညီစွာပင် လုပ်ငန်းများသည်လည်း လျှောက်ထားလာသော အလုပ်လျှောက်လွှာများအားကြည့်ရှုပြီး အလုပ်အတွက်သတ်မှတ်စံနှုန်းနှင့်ပြည့်မှီသောသူများကို ရှာဖွေနိုင်မည်ဖြစ်ပါသည်။ Job portal များသည် လုပ်ငန်းများ၏ အလုပ်ခေါ်စာများကို အလုပ်လျှောက်ထားသူ များနိုင်သမျှ များများဆီသို့ ရောက်ရှိစေရန်အထောက်အကူပြုပါသည်။

Job portal များဟာ ဘယ်လိုအရေးပါသလဲ?

အလုပ်များကို အွန်လိုင်းမှလျှောက်ထားခြင်းဖြင့် ရရှိနိုင်သော အဓိကအားသာချက်များထဲမှတစ်ခုမှာ အဆုံးမရှိသော အလုပ်အကိုင်အခွင့်အလမ်းများဖြစ်ပါသည်။အလုပ်ရှာဖွေသူများသည် ကျယ်ပြန့်သော အလုပ်နေရာလစ်လပ်နေသည့်နေရာများကို Job search engine များမှတစ်ဆင့် လွယ်လွယ်ကူကူနှင့် အေးအေးဆေးဆေးဝင်ရောက်ကြည့်ရှုနိုင်ပြီဖြစ်ပါသည်။ ထို့အပြင် ယနေ့ခေတ် Job Portal အများစုတွင် filter များပါဝင်ပြီး အသုံးပြုသူများမှ filter များအသုံးပြုပြီး မိမိတို့လိုချင်သည့်အလုပ်အကိုင်အခွင့်အလမ်းများကိုသာချုံ့ပြီးရှာဖွေနိုင်ပြီဖြစ်ပါသည်။ အဆိုပါလုပ်ဆောင်ချက်အားအသုံးပြုခြင်းဖြင့်အလုပ်ရှာဖွေသူများကိုတိကျသော အလုပ်အကိုင်များကိုရှာဖွေရန်အတွက် ပိုမိုလွယ်ကူစေရန် အထောက်အကူပြုပါသည်။

ထို့အတူပင် အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး site များသည်လုပ်ငန်းရှင်များ၏ အလုပ်ခေါ်ဆိုမှုလုပ်ငန်းစဉ်အတွက် ပိုမိုမြန်ဆန်စေပါသည်။ အလုပ်လြှောက်လွှာများကိုစီစစ်ရန် အွန်လိုင်းပေါ်ရှိမန်နေဂျာများကို ဌားရမ်းခြင်းက Print ထုတ်ထားသောအလုပ်လျှောက်လွှာများကို မိမိကိုယ်တိုင်ထိုင်ဖတ်နေခြင်းထက် ပိုမိုလွယ်ကူစေပါသည်။ ဒါကြောင့် Job portal များဟာ အလုပ်ရှင်နှင့် အလုပ်သမားတို့ရဲ့ အချိန်နဲ့လုပ်အားများ အလဟသတ်မဖြစ်စေရန်အတွက်ကူညီပေးနေခြင်းဖြစ်ပါတယ်။ သင့်အနေနဲ့ ဒါကိုပိုမိုသိရှိနားလည်စေရန်အတွက် လုပ်ငန်းရှင်များနှင့် အလုပ်ရှာနေသူများမှ Job portal website များကိုအသုံးပြုခြင်းအားဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်း အသေးစိတ် review အားကျွန်ုပ်တို့မှပြုလုပ်ပေးထားပါတယ်။

လုပ်ငန်းရှင်များအနေဖြင့် Job portal များအား အသုံးပြုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

၁။ လွယ်ကူစွာ လုပ်ငန်းအတွက်သင့်တော်သူများကို ရွေးချယ်နိုင်ခြင်း

လုပ်ငန်းရှင်တစ်ဦးအနေဖြင့် သင်၏ရည်ရွယ်ချက်မှာ သင့်ကုမ္ပဏီအား အကောင်းဆုံးသောသူများဖြင့်သာဖွဲ့စည်းချင်မှာဖြစ်ပါတယ်။သင့်ရဲ့ အလုပ်ခေါ်ဆိုခြင်းလုပ်ငန်းစဉ်မှာ Job portal များကိုအသုံးပြုခြင်းအားဖြင့် သင့်အနေဖြင့် အကောင်းဆုံးသင့်တော်သူကို လွယ်လွယ်ကူကူရှာဖွေတွေ့ရှိနိုင်မည်ဖြစ်ပါသည်။ ထိုအရာကိုအသုံးပြုခြင်းဖြင့် သင်လိုအပ်သော စွမ်းဆောင်ရည်၊ အောင်မြင်မှုများနှင့်၊ အတွေ့အကြုံရှိလျှောက်ထားသူများစာရင်းကိုရရှိမည်ဖြစ်ပါသည်။

၂။ လုပ်ငန်း၏အမှတ်တံဆိပ်အား ကြေငြာခြင်း

Job portal များဟာ သင့်လုပ်ငန်းအားပိုမိုကောင်းမွန်တဲ့ ပုံစံတစ်မျိုးဖြင့် မြှင့်တင်ရန်အတွက်အခွင့်အလမ်းများကိုပေးစွမ်းပါတယ်။ 80% သောလုပ်ငန်းရှင်များမှ လုပ်ငန်းအမှတ်တံဆိပ်အားကြေငြာခြင်းဖြင့် ပါရမီရှိသူများကို ဆွဲဆောင်နိုင်သည်ဟု လက်ခံကြသည်။ အလုပ်ရှာဖွေသူများ အလုပ်ရှာရာတွင် ပထမဦးဆုံး သူတို့စစ်ဆေးသည့်အရာသည် သင့်လုပ်ငန်း၏နောက်ခံသမိုင်းကြောင်းဖြစ်ပါသည်။ သူတို့ဟာ သင့်ထံတွင် ဘယ်လိုမျိုးအလုပ်အစဉ်အလာတွေရှိသလဲ၊ ဘယ်လိုမျိုးပတ်ဝန်းကျင်ရှိလဲနှင့် ဘယ်လိုမျိုး လုပ်ငန်းခွင်တွင်းရာထူးတိုးတက်မှုအခြေအနေတွေရှိလဲဆိုတာကိုသိချင်တတ်ကြပါတယ်။ ဒါကြောင့်မို့ career portal များဟာ သင့်လုပ်ငန်းကို အပေါင်းလက္ခဏာဆောင်သော အထင်အမြင်ကိုရစေပါတယ်။

Job portal များတွင် အသုံးပြုရလွယ်ကူသော search filter များရှိပြီး အဆိုပါလုပ်ဆောင်ချက်များကိုအသုံးပြုခြင်းဖြင့် သင့်ရဲ့ အလုပ်ငှားရမ်းမှုလုပ်ငန်းစဉ်အား ပိုမိုလျှင်မြန်စေပါသည်။ အဆိုပါ filter များသည် ကိုက်ညီမှုအရှိဆုံး အလုပ်သမားလောင်းလျာများကို အမြန်ဆုံးရွေးချယ်နိုင်ရန်အတွက်အထောက်အကူပြုပါလိမ့်မည်။ ထို့နည်းတူစွာပင် မှန်ကန်သောလုပ်ငန်းစွမ်းဆောင်ရည်နှင့်အတွေ့အကြုံရှိသောအလုပ်လျှောက်လွှာများကို သင့်ထံသို့အရောက်ပို့ပေးနိုင်ပါလိမ့်မည်။ Filter များ၏အကူအညီဖြင့် သင်သည် ရာနှင့်ချီသောအလုပ်လျှောက်လွှာများကို တစ်ခုခြင်းစီကြည့်ရှုသွားရန်မလိုအပ်တော့ပါ။ အရေးမပါသော အလုပ်လျှောက်လွှာများကို အဆိုပါ filter များမှ ပယ်ထုတ်လိုက်မည်ဖြစ်သောကြောင့် စွမ်းဆောင်ရည်ရှိသော အလုပ်လျှောက်ထားသူများကို မြန်နိုင်သမျှမြန်မြန်ရရှိနိုင်မည်ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုသော job portal များသည် အလုပ်ရှာဖွေသူများတင်မက အလုပ်ရှင်များကိုပါ အကူအညီပေးစွမ်းနိုင်ပါသည်။ အဆိုပါ job portal များသည် ထောင်ပေါင်းများစွာသော အလုပ်လျှောက်သူများကို အသက်သာဆုံး၊ အလွယ်ကူဆုံးဖြင့် အလုပ်ရရှိစေရန်ကူညီပေးနိုင်ခဲ့ပါသည်။ ထို့နည်းတူစွာပင် လုပ်ငန်းများကိုလည်း အကောင်းတကာ့ အကောင်းဆုံး အလုပ်သမားလောင်းလျာများကို ကုန်ကျစားရိတ်အနည်းဆုံးနှင့် အချိန်အတိုဆုံးအတွငိး ကူညီပေးနိုင်ခဲ့ပါသည်။ သင်သည် ယုံကြည်စိတ်ချရသော job portal တစ်ခု အားရှာဖွေနေပါသလား? ဒါဆိုရင်တော့ သင် နေရာမှန်သွားပါပြီ။ နှစ်ပေါင်းများစွာအတွင်း JobsInYangon သည်အလုပ်လျှောက်ထားလာသူရာပေါင်းများစွာကို သူတို့နှစ်သက်သောကုမ္ပဏီများထံတွင်အလုပ်ရရှိစေရန်အတွက် အကူအညီပေးနိုင်ခဲ့ပါသည်။ သင်သည်အလုပ်တစ်ခုခုရှာဖွေနေပါသလား? ကျွန်ုပ်တို့၏ Page ကိုဝင်ရောက်ပြီး အလုပ်ခေါ်စာများကိုရှာဖွေကြည့်ရှုလိုက်ပါ။ ကျွန်ုပ်တို့ရဲ့ Facebook Page အား Like ပြုလုပ်ပေးပြီးေ‌တာ့လည်းနောက်ဆုံးရသတင်းများအားရယူနိုင်ပါတယ်။

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Lan Thit Innovation Co., Ltd

Lan Thit Innovation Co., Ltd

..We, as Lan Thit Innovation Technology, provide services like recruiting, outsourcing and brand marketing to our clients. We also assist the jobseekers in finding the right opportunity for them. We ...
Show the postings (37)
DHL Global Forwarding Myanmar

DHL Global Forwarding Myanmar

Vision: Our Purpose Our Guiding Principle Our Customer PromiseDHL Global Forwarding Myanmar was opened in August 2013 and is providing freight forwarding services, international supply chain servic...
Show the postings (2)
IMYANMARHOUSE CO.,LTD.

IMYANMARHOUSE CO.,LTD.

.We publish monthly property magazines since May 2015 and 13 property related books so far.iMyanmarHouse.com is the market leader of Myanmar Real Estate online platform that connects buyers, real esta...
Show the postings (11)
Honour Friend Co.ltd

Honour Friend Co.ltd

..Honour Friend Co.ltd....
Show the postings (2)
SUPER SEVEN STARS CO., LTD

SUPER SEVEN STARS CO., LTD

We aspire to be the most successful retailer of automobiles by providing the best customer experience in every market we operate.By 2015, Super Seven Stars Co., Ltd is representing Kia, Peugeot, Ssang...
Show the postings (71)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS