Jobs In Myanmar
Load...

 A.I.’s Threat to White-Collar Jobs

by www.jobsinyangon.com


Tags: Knowledge-AI-Replacement-Workers-JobsinYangon



ပညာတတ်လုပ်သားတွေအပေါ် A.I ရဲ့ ခြိမ်းခြောက်လာနိုင်မှု

A.I ဟာ အလုပ်ကြမ်းသမားတွေ၊ ပုံစံတစ်ခုတည်းကို ထပ်ခါတလဲလဲလုပ်ဆောင်ရတဲ့အလုပ်တွေ၊ manual လုပ်ဆောင်ရတဲ့အလုပ်တွေကိုပြုလုပ်ရတဲ့ အလုပ်သမားတွေကိုအစားထိုးလာနိုင်တာကို ကျွန်ုပ်တို့အားလုံး သိရှိ ပြီးသားဖြစ်မယ်လို့ယူဆပါတယ်။ ယခုအခါ New York Times ရဲ့ သတင်းတစ်ပုဒ်အရ ပညာတတ်လုပ်သားများ ပါ A.I နဲ့ အစားထိုးလာနိုင်မယ့် စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ 

Brookings Institution မှ ပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ရပ်ဟာ A.I နဲ့ အစားထိုးလာနိုင်ဖွယ်ရာရှိတဲ့ သက်မွေးမှု လုပ်ငန်းများကို Job Description များနဲ့ A.I technology အသစ်များရဲ့ patent description များကို နှိုင်းယှဉ် တိုင်းတာမှုတစ်ရပ်ကို Stanford တက္ကသိုလ်မှ သုတေသီတစ်ဦးဖြစ်သူ Michael Webb မှ ဖန်တီးခဲ့တဲ့နည်းလမ်း အရ ပြုလုပ်ခဲ့ရာမှာ A.I ဟာ လခကောင်းမွန်စွာရနေတဲ့ မန်နေဂျာများ၊ supervisor များနဲ့ လေ့လာအကဲဖြတ်သူ (analyst) များအပါအဝင် နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်သူများရဲ့ အနာဂါတ်အလုပ်ဘဝအခြေအနေများအပေါ် သိသာထင်ရှားစွာအကျိုးသက်ရောက်မှုရှိလာစေနိုင်နေတာကို တွေ့ရှိခဲ့ပါတယ်။ 

အံ့အားသင့်ဖွယ်ရာလေ့လာတွေ့ရှိမှုတစ်ရပ်ကတော့ ဘွဲ့ရပညာတတ်များဟာ အတန်းပညာသာရှိသူများထက် ၅ဆခန့်ပိုပြီး A.I တွေနဲ့အစားထိုးခံရနိုင်ခြေရှိနေတဲ့အချက်ပဲဖြစ်ပါတယ်။ များစွာသော တွက်ချက်မှု၊ နည်းပညာနဲ့ လုပ်ငန်းကဏ္ဍများတွင် (ဥပမာ - လျှပ်စစ်ဓါတ်ပေါင်းဖိုတစ်ခုကိုစွမ်းအင်ထုတ်လုပ်မှုအမြင့်ဆုံးရအောင်ထိရောက် စွာစီမံခန့်ခွဲရာတွင် (သို့) ကြော်ငြာ campaign တစ်ခုကိုကြီးကြပ်ဆောင်ရွက်ပြီး cost per click ကို အနည်းဆုံး ဖြစ်အောင်လျှော့ချရန် အစရှိတဲ့နေရာများဟာ A.I တို့အတော်ဆုံးနေရာများဖြစ်တဲ့အတွက် အစားထိုးခံရနိုင်ဖွယ် များရှိနေတယ်လို့ Brooking မှ စီနီယာတစ်ဦးဖြစ်ပြီး၊ ထိုလေ့လာမှုကိုရေးသားခဲ့သူများထဲမှ တစ်ဦးဖြစ်သူ Mark Muro မှ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ 

ယခင်က အလားတူလေ့လာမှုများပြုလုပ်ခဲ့ရာမှာ A.I နဲ့ စက်ရုပ်နည်းပညာများကို အတူတကွလေ့လာခဲ့တာဖြစ် သော်လည်း သူတို့ကို သီးခြားစီလေ့လာလိုက်တဲ့အခါမှာ စီစဉ်မှုများ၊ ကြိုတင်ခန့်မှန်းမှုများနဲ့ အခြားသော အရာ များကိုပြုလုပ်နိုင်တဲ့ A.I ဟာ ပညာတတ်လုပ်သားများရဲ့လုပ်ငန်းကဏ္ဍများကို အစားထိုးလာနိုင်ဖွယ်ရာရှိလာ သည်မှာ အံ့အားသင့်ဖွယ်ရာတစ်ခုတော့ မဟုတ်ပါဘူး။ 

သို့သော်လည်း ဝန်ထမ်းများအနေနဲ့ စိတ်ပူစရာတော့ မလိုသေးပါဘူး။ Carl Benedikt Frey ဆိုတဲ့ Oxford University က နည်းပညာနဲ့ အလုပ်ခန့်အပ်ခြင်းကဏ္ဍများတွင်ကျွမ်းကျင်သူ စီးပွားရေးပညာရှင်တစ်ဦးကတော့ A.I ဟာ အထက်ပါအလုပ်များကိုလုပ်ကိုင်နေတဲ့သူများကို အစားထိုးနိုင်ဖို့ထက် သူတို့အနေနဲ့ပိုမိုကောင်းမွန်စွာ လုပ်ကိုင်နိုင်စေဖို့အတွက် အထောက်အကူဖြစ်လာနိုင်စေပါတယ်” ဟူ၍ ပြောဆိုခဲ့ပါတယ်။ နောက်ပြီး Mr. Muro ကလည်း ဒီအလုပ်သမားများဟာ ကုမ္ပဏီများက မကြာခဏရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ခဲ့တဲ့သူများဖြစ်နေ နိုင်ပြီး သူတို့ရဲ့ ဘဝရှေ့ရေးအတွက် ဆွေးနွေးညှိနှိုင်းပေးမှုတွေရှိလာနိုင်တာကိုလည်း ထောက်ပြပေးခဲ့ပါသေး တယ်။ Mr. Muro က ထပ်မံပြောဆိုခဲ့တာကတော့ သူဟာ ပညာတတ်လုပ်သားများထက် အလုပ်ကြမ်းသမား များဟာ A.I ကြောင့် နေ့စားအလုပ်များနဲ့ ပုဒ်ပြတ်အလုပ်များနဲ့သာရှင်သန်နေရမယ့်ဘဝဖြစ်သွားမှာကို ပိုမို၍ စိတ်ပူနေတယ်ဟူ၍ ပြောဆိုခဲ့ပါတယ်။ 

 

ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိတ်သတ်တို့ကို ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


KM Terminal and Logistics Limited

KM Terminal and Logistics Limited

VISION To be the leading Asia based logistics service provider. MISSION With our home base in Asia and a strong focus on China, we deliver the best logistics solutions to make our customers succe...
Show the postings (10)
Sea Rain Co.,Ltd

Sea Rain Co.,Ltd

Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (50)
EPCM Myanmar Co., Ltd.

EPCM Myanmar Co., Ltd.

.We seek to be the leading customer oriented Construction , Mechanical and Electrical Equipment & services for our Professionalism, Quality, Cost Efficiency and Timely Delivery. .To provide the highe...
Show the postings (11)
Imedia International (Myanmar) Co., Ltd.

Imedia International (Myanmar) Co., Ltd.


Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS