ချိတ်ဆွဲရန်စာတန်း: News-Alphabet-Google-Loon-JobsInYangon
Alphabet မှ Internet Balloon project တစ်ခုဖြစ်တဲ့ Loon ကို ရပ်တန့်ရန်ကြေငြာချက်ထုတ်ပြန်ခဲ့
Google ရဲ့ ပင်ရင်းကုမ္ပဏီဖြစ်တဲ့ Alphabet ဟာ Internet လှိုင်းများကိုထုတ်လွှင့်ပေးနိုင်မည့် Balloon project တစ်ခုအပေါ် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့ပြီး ကမ္ဘာ့လေထုပြင်ပအလွှာမှနေ၍ အင်တာနက်ချိတ်ဆက်မှုကွန်ယက်များကို ပေးပို့နိုင်စေရန် ရည်ရွယ်ထားခဲ့ပါတယ်။ သို့သော်လည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၂၁ ခုနှစ်မှာတော့ အဆိုပါ project ကို ပိတ်သိမ်းဖို့အတွက် ဆုံးဖြတ်လိုက်ပြီပဲဖြစ်ပါတယ်။
ကုမ္ပဏီမှ အဆိုပါအကြောင်းအရာနဲ့ပတ်သက်၍ ပြောဆိုချက်များအရ ယခင်ကအင်တာနက်ရရှိနိုင်ခြင်းမရှိတဲ့ ဖွဲ့ဖြိုးမှုနှောင့်နှေးသောနိုင်ငံများတွင် လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်း စမတ်ဖုန်းများရဲ့အကူအညီဖြင့် အင်တာနက်ကိုအလွယ်တကူရရှိနိုင်နေပြီဖြစ်တဲ့အတွက် အမြတ်ငွေရရှိဖို့ဟာ ထင်ထားတာထက်ပို၍ ဆုံးရှုံးရနိုင်ခြေများပြားနေတဲ့အတွက် ပိတ်သိမ်းခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
Loom အပါအဝင် ကုမ္ပဏီမှ “အလောင်းအစား” ပြုလုပ်ခဲ့တဲ့ အခြားသောရင်းနှီးမြှုပ်နှံမှုများဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂ ဘီလျံခန့်ကို Operate ပြုလုပ်ရတဲ့ကုန်ကျစရိတ်အဖြစ် ဆုံးရှုံးခဲ့ရတယ်လို့ သိရှိရပြီး လက်ရှိ Loon တွင် လုပ်ကိုင်နေတဲ့ဝန်ထမ်းအများစုကို လျော်ကြေးငွေများနဲ့အတူ တာဝန်မှဖယ်ရှားခြင်းတို့ကို ပြုလုပ်သွားဖို့ရှိနေပြီး အချို့သောဝန်ထမ်းများကိုတော့ X, Google နဲ့ Alphabet တို့တွင် ပြန်လည်၍ အလုပ် offer များပေးအပ်သွားမှာဖြစ်ကြောင်းကိုလည်း ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးမှ ပြောကြားသွားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
အများသူငါတွေရဲ့ CV တွေထဲကနေ အလုပ်ရှင်များစီမှ ဦးစွာရွေးချယ်ဖတ်ရှုခြင်းခံရတဲ့ CVဟာ သေသပ်တိကျမှုနဲ့ အစီအစဉ်တကျရှိစွာ တည်ဆောက်ထားတဲ့CV တစ်ဆောင်ဆိုတာကတော့ ယုံမှားဖွယ်မရှိပါဘူး ။ အဲဒီအတွက် CVတစ်စောင်ကိုရေးသား တည်ဆောက်တော့ မယ်ဆိုရင် အောက်ပါအချက်များကို ဂရုပြုစေလိုပါတယ်။
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။