ချိတ်ဆွဲရန်စာတန်း: News-Amazon-MGM-Acquisition-JobsInYangon
Metro-Goldwyn-Mayer ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီအား Amazon မှ ဝယ်ယူမည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်
Amazon ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ MGM (Metro-Goldwyn-Mayer) အား ကန်ဒေါ်လာ ၈.၄၅ ဘီလျံဖြင့် ဝယ်ယူသွားမှာဖြစ်ကြောင်းကို ယခုနှစ် မေလ ၂၆ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်လိုက်ပြီပဲဖြစ်ပါတယ်။ Amazon ရဲ့ ပြောဆိုချက်အရ “MGM ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းဟာ TV show များနှင့် အစီအစဉ်များကို ထုတ်လုပ်ရန် အဓိကရည်ရွယ်ဖွဲ့စည်းထားတဲ့ Amazon Studios ရဲ့ လုပ်ဆောင်ချက်များကို ကောင်းစွာအထောက်အကူဖြစ်စေနိုင်ပါတယ်။”
MGM ကို ဝယ်ယူလိုက်ခြင်းက သူတို့ရဲ့ Prime Video streaming ဝန်ဆောင်မှုသို့ များစွာသော ရုပ်ရှင်များကို ထည့်သွင်းလာစေနိုင်မှာဖြစ်ပြီး Amazon ဟာ “MGM ရဲ့ heritage နှင့် catalog ရုပ်ရှင်များကို ထိန်းသိမ်းနိုင်ဖို့ရာတွင် ကူညီသွားမှာဖြစ်ပြီး သုံးစွဲသူများအနေနဲ့လည်း လက်ရှိထွက်ရှိပြီးသား ရုပ်ရှင်များကို ပိုမိုလွယ်ကူစွာ ရယူနိုင်စေရန်အတွက် ပြုလုပ်ပေးသွားမှာဖြစ်ကြောင်း” ပြောကြားခဲ့ပါသေးတယ်။
ဒီ ဝယ်ယူမှုဟာ Whole Foods ကို ၂၀၁၇ ခုနှစ်က ကန်ဒေါ်လာ ၁၃.၇ ဘီလျံဖြင့် ဝယ်ယူခဲ့မှုအပြီးတွင် Amazon ရဲ့ ဒုတိယအကြီးမားဆုံး ဝယ်ယူမှုတစ်ခုဖြစ်လာနိုင်ပါတယ်။ ယခုအခါစောင့်ဆိုင်းနေရဆဲဖြစ်တဲ့ အဆိုပါဝယ်ယူမှုဟာ “ကန်ဒေါ်လာ ၆.၅ ဘီလျံနှင့် ညီမျှသောတန်ကြေးရှိနေပြီး Amazon ရဲ့ ပြောကြားချက်အရ MGM တွင် လက်ရှိတင်ရှိနေတဲ့ ကြွေးမှီများကိုပါ ထည့်ပေါင်းကြည့်လိုက်ပါက စုစုပေါင်း ကန်ဒေါ်လာ ၈.၄၅ ဘီလျံခန့်ရှိမှာဖြစ်ပါတယ်။”
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။