Tags: News-Amazon-Workers-Bonus-Christmas-JobsInYangon
Amazon မှ သူတို့ရဲ့ဝန်ထမ်းများကို Christmas တွင် Bonus များပေးသွားမည်ဟု ကြေငြာခဲ့
ပထမဆုံးအကြိမ်အနေနဲ့ Amazon ရဲ့ အမြတ်ရရှိမှုများဟာ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလျံကျော်ခဲ့သော ယခုနှစ်ရဲ့ နောက်ဆုံး ၃ လတာကာလတွင် Amazon မှ သူတို့ရဲ့ ရှေ့တန်းတွင်အလုပ်လုပ်နေသော ဝန်ထမ်းများကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့်အကုန်အကျခံ၍ “one-time Christmas bonus” ကို ပေးအပ်သွားမှာ ဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
Amazon ရဲ့ Head of Operations တစ်ဦးဖြစ်သူ Dave Clark မှ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ပြောကြားသွားခဲ့သည်မှာ အမေရိကန်နိုင်ငံအတွင်း ဒီဇင်ဘာ ၀၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ နေရာချထားမည့် အချိန်ပြည့်ဝန်ထမ်းများကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၃၀၀ ပေးအပ်သွားမှာဖြစ်ပြီး အချိန်ပိုင်းဝန်ထမ်းများ ကိုတော့ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၅၀ ပေးအပ်သွားမှာဖြစ်ပါတယ်။ UK တွင် အလုပ်လုပ်ကိုင်နေရသော ဝန်ထမ်းများအနေနဲ့လဲ ဗြိတိန်ပေါင်ငွေ ၃၀၀ နှင့် ၁၅၀ အသီးသီး ရရှိသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
Mr Clark မှ ရေးသားချက်အရ “ကမ္ဘာတစ်လွှားရှိ သူတို့ရဲ့ team များအား special bonus များနဲ့ အကျိုးခံစားခွင့်များပေးအပ်ခြင်းဟာ ယခုလုပ်ဆောင်ချက်ကိုပါ ထည့်သွင်းတွက်ချက်လိုက်မည်ဆိုပါက ၂၀၂၀ ခုနှစ်အတွင်းတွင် အမေရိကန်ဒေါ်လာ ၂.၅ ဘီလျံ ကျော်ခန့်ရှိနေပြီဖြစ်တယ်” ဟူ၍ သိရှိရပါတယ်။
ယခုတစ်ခါပေးအပ်သွားမယ့် bonus များဟာ Warehouse ဝန်ထမ်းများ၊ Delivery Driver များ၊ Amazon Flex မှတဆင့် တာဝန်ထမ်းဆောင်နေသော Driver များအတွက် အကြုံးဝင်မှာဖြစ်ပြီး ဒီဇင်ဘာလအတွင်း အနည်းဆုံး နာရီ ၂၀ ခန့် အလုပ်လုပ်ကိုင်ပေးခဲ့ခြင်းရှိဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.