Tags: News-Amazon-Cashierless-WholeFoods-JobsInYangon
Amazon မှ Cashierless နည်းပညာဖြင့် တပ်ဆင်ထားသော ပထမဆုံး Whole Foods ဆိုင်အား စတင်ဖွင့်လှစ်
Amazon မှ ငွေကောက်ခံသူမပါဝင်တဲ့ cahsierless Just Walk Out နည်းပညာကို ၎င်းတို့ရဲ့ Whole Foods စတိုးဆိုင်များတွင် ပထမဦးဆုံးအကြိမ် စတင်တပ်ဆင်၍ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့အတွက် အသုံးပြုသူများအနေနဲ့ အဆိုပါဆိုင်အတွင်း ဝယ်ယူရာတွင် Cashier များနှင့် ထိတွေ့ဆက်ဆံမှုပြုလုပ်ရန် မလိုအပ်တော့ပဲ မိမိတို့လိုအပ်သည်များကို ဝယ်ယူ၍ စတိုးဆိုင်မှထွက်ခွာလိုက်ရုံပဲဖြစ်ပါတယ်။
အဆိုပါစတိုးဆိုင်ကို Whole Food စတိုးဆိုင်ကို နှစ် ၂၀ ကျော်ခန့် ဖွင့်လှစ်ထားခဲ့သော Washington DC ရှိ Glover Park ရပ်ကွက်အတွင်းတွင် ဖေဖော်ဝါရီလ ၂၃ ရက် နေ့ကစတင်၍ ပြင်ဆင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ Amazon ဟာ cashierless grocery စတိုးဆိုင်များကို လွန်စွာကြီးမားသော Amazon Go နှင့် Amazon Fresh branded stores များတွင် ကျယ်ပြန့်စွာ သုံးစွဲလျှက်ရှိနေပြီးဖြစ်သော်လည်း ယခုအခါတွင် Whole Foods Store များသို့ အဆိုပါ နည်းပညာကို ပထမဆုံးအကြိမ်အဖြစ် စတင်တပ်ဆင်ခဲ့တာဖြစ်ပါတယ်။
Amazon ဟာ Whole Foods grocery chain ကို ၂၀၁၇ ခုနှစ်တွင် ကန်ဒေါ်လာ ၁၃.၇ ဘီလျံအသုံးပြု၍ ဝယ်ယူခဲ့တာဖြစ်သော်လည်း ယနေ့အချိန်မတိုင်မှီအထိ Amazon နှင့် brand integration ပြုလုပ်ခြင်းဟာ discount ချပေးခြင်းများ၊ Amazon prime subscriber များအား အခမဲ့ delivery ပို့ပေးခြင်း အစရှိတဲ့နည်းလမ်းအနည်းငယ်ခန့်သာရှိခဲ့တာဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.