Tags: News-Amazon-Prime-JobsInYangon
Amazon မှ သူတို့ရဲ့ ပင်ရင်း website နှင့် app ကို Prime Now အစား အစားထိုးရန် ပြင်ဆင်လျှက်ရှိ
Amazon ဟာ Prime Now ဆိုတဲ့ delivery များအတွက် သီးသန့်ဖွင့်လှစ်ထားတဲ့ သူတို့ရဲ့ app နဲ့ website ကို ပိတ်သိမ်းရန်စီစဉ်လျှက်ရှိပြီး အဆိုပါ delivery များကို ယခုအခါ Amazon ရဲ့ ပင်ရင်း website နှင့် app ပေါ်မှတဆင့် မှာယူနိုင်ရန် စီစဉ်လျှက်ရှိနေပြီး ယခုနှစ်ကုန်ပိုင်းခန့်တွင် အဆိုပါပြောင်းလဲမှုကို ကမ္ဘာတစ်ဝှမ်းရှိ နေရာအသီးသီးတွင် ရရှိနိုင်ရန် ပြင်ဆင်လျှက်ရှိနေကြောင်း Amazon မှ ကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။
ထိုအချိန်မတိုင်မှီတွင်တော့ Amazon ဟာ ယခင်က Amazon Prime တွင် ပြသထားခဲ့တဲ့ သူတို့ရဲ့ third-party လုပ်ငန်းလက်တွဲဖော်များနဲ့ ဒေသခံစတိုးဆိုင်များကို သူတို့ရဲ့ အဓိက app နှင့် website ပေါ်သို့ ပြောင်းရွှေ့လျှက်ရှိနေပါတယ်။ ဒါဟာ Amazon.com နှင့် တွဲဖက် mobile app ကို အရာအားလုံးရရှိနိုင်တဲ့ platform တစ်ခုဖြစ်လာစေရန် တိုးချဲ့မှုများပြုလုပ်ခြင်းလုပ်ဆောင်မှုများရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။
Amazon ဟာ Prime member ဝင်ထားသူများမှ ဝယ်ယူလိုက်တဲ့ အိမ်သုံးပစ္စည်းများ၊ လူသုံးကုန်များ၊ စာအုပ်များနဲ့ ကစားစရာများအထိ အစရှိတဲ့ပစ္စည်းအမျိုးမျိုးကို ပိုမိုမြန်ဆန်တဲ့ delivery ဝန်ဆောင်မှုဖြင့် ၁ နာရီမှ ၂ နာရီအတွင်း ပေးပို့နိုင်စေရန်ရည်ရွယ်၍ Prime Now ကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အစပိုင်းတွင်တော့ ဒီဝန်ဆောင်မှုကို Manhattan နှင့် New York မြို့များအနီးတွင်သာ ရရှိနိုင်ခဲ့သော်လည်း ထိုအချိန်မှစတင်၍ တိုးချဲ့လာခဲ့သည်မှာ ယခုအခါတွင် မြို့ပေါင်း ၅,၀၀၀ ကျော်တွင် ၂ နာရီအတွင်း delivery များကို အခမဲ့ပေးပို့လာနိုင်ပြီဖြစ်ကြောင်း CNBC သတင်းတစ်ပုဒ်တွင် ဖော်ပြထားခဲ့ပါတယ်။
.ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.