ချိတ်ဆွဲရန်စာတန်း: News-Amazon-Branded-TVs-JobsInYangon
သတင်းများအရ Amazon ဟာ ကိုယ်ပိုင် Amazon တံဆိပ် TV များကို ရောင်းချနိုင်ရန် စီစဉ်လျှက်ရှိ
Insider မှ သတင်းတစ်ပုဒ်အရ Amazon ဟာ ကိုယ်ပိုင် Amazon တံဆိပ်ဖြင့် TV များကို United States တွင် အောက်တိုဘာလမှစတင်၍ရောင်းချသွားရန် စီစဉ်လျှက်ရှိနေတယ်လို့ သိရှိရပါတယ်။ အဆိုပါ TV များတွင် Alexa ပါဝင်လာမှာဖြစ်ပြီး Screen အရွယ်အစားကတော့ ၅၅ လက်မမှ ၇၅ လက်မအထိရှိနိုင်ကာ ၎င်းကို Third-Party များဖြစ်တဲ့ TCL ကဲ့သို့သောကုမ္ပဏီများမှ ဒီဇိုင်းရေးဆွဲခြင်းနှင့် ထုတ်လုပ်ခြင်းတို့ကို တာဝန်ယူပြုလုပ်သွားမှာဖြစ်ပါတယ်။
Amazon ဟာ TV များအတွက် အကျိုးတူပူးပေါင်းမှု Project များစွာကို ပြုလုပ်ခဲ့ဖူးတဲ့အတွေ့အကြုံများစွာလည်း ရှိနေတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ယခင်က BestBuy နဲ့ ပူးပေါင်း၍ Amazon ရဲ့ Fire TV Software အသုံးပြု၍ရနိုင်သော Toshiba နဲ့ Insignia တံဆိပ် TV များကို ရောင်းချမှုပြုလုပ်ခဲ့သလို အိန္ဒိယနိုင်ငံတွင်လည်း AmazonBasics တံဆိပ်ဖြင့် TV များထုတ်လုပ်ခဲ့ပြီး TV နဲ့ ချိတ်ဆက်အသုံးပြုရသော Amazon Fire TV Stick နဲ့ Amazon Fire TV Cube တို့ကိုလည်း ထုတ်လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံများစွာရှိနေပါတယ်။
ဒါပေမယ့် ယခုသတင်းများအရ အကယ်၍ Amazon ဟာ ကိုယ်ပိုင် Amazon တံဆိပ် TV များကို ထုတ်လုပ်ရန် စီစဉ်လျှက်ရှိနေပြီဆိုပါက Amazon ဟာ TV ထုတ်လုပ်ရောင်းချရေးကုမ္ပဏီကြီးများဖြစ်တဲ့ LG နဲ့ Samsung တို့ကို တိုက်ရိုက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ခြေလှမ်းစတင်လာပြီလို့ ယူဆရမှာပဲဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။