ချိတ်ဆွဲရန်စာတန်း: Knowledge-Protests-GeorgeFloyd-General-JobsinYangon
George Floyd ရဲ့သေဆုံးမှုအပေါ် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက် Amazon, Target နှင့် Apple တို့ဟာ သူတို့ရဲ့ လက်လီ အရောင်းဆိုင်များကို ပိတ်သိမ်းခဲ့ပါတယ်။
“George Floyd ရဲ့ သေဆုံးမှုကြောင့် ဆန္ဒပြမှုများဖြစ်ပွားနေတဲ့အတွက် Amazon, Target နှင့် Apple တို့ဟာ ပြီးခဲ့တဲ့ အပတ်တုန်းက သူတို့ရဲ့ လုပ်ငန်းလုပ်ဆောင်ရေးစီမံချက်များကို ပြင်ဆင်မှုများပြုလုပ်ခဲ့တယ်” လို့ Bloomberg သတင်း ဌာနမှပြောကြားခဲ့ပါတယ်။
Amazon က သူတို့ဟာ မြို့ကြီးအချို့တွင် လမ်းကြောင်းများကို ပြန်လည်သတ်မှတ်မှုများ၊ ချိန်ညှိမှုများပြုလုပ်လျက်ရှိပြီး သူတို့ရဲ့ အလုပ်သမားများအနေနဲ့လုံခြုံမှုရှိစေရန်အတွက် လုပ်ဆောင်နေပါတယ်။ ချီကာဂိုနှင့် လော့စ်အိန်ဂျလိစ်မြို့များရှိ ယာဉ်မောင်းများကတော့ တနင်္ဂနွေနေ့က ပစ္စည်းများကိုဆက်မပို့ရန်နှင့် အိမ်မှာပဲနေရန် ညွှန်ကြားချက် message များ ကိုရရှိခဲ့ပါတယ်လို့ ၎င်းက Bloomberg သို့ပြောကြားခဲ့ပါတယ်။
Target က Minneapolis မြို့ဧရိယာအတွင်းရှိ သူတို့ရဲ့အရောင်းဆိုင် ၃၂ဆိုင်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ ဆိုင်အချို့ကို လဲ ယာယီပိတ်သိမ်းမှုများကိုပြုလုပ်သွားမယ်လို့သိရှိရပါတယ်။ Apple ကတော့ COVID-19 ကပ်ရောဂါကြောင့် အပတ် ပေါင်းများစွာ ပိတ်ထားရပြီး ပြန်ဖွင့်တာမကြာသေးတဲ့အရောင်းဆိုင်များအပြင်၊ သူတို့ရဲ့ စတိုးဆိုင်များစွာကို တနင်္ဂနွေနေ့က ပိတ်ထားခဲ့ပါတယ်။
Minneapolis မြို့ဟာ ထိုမြို့ရှိ ရဲအရာရှိတစ်ဦးမှ လည်ပင်းကိုဒူးနဲ့ မိနစ်အတော်ကြာကြာထောက်ခံထားရတဲ့အတွက် စိတ်မကောင်းစရာ သေဆုံးသွားတဲ့ George Floyd အတွက်ဆန္ဒပြမှုများ အများဆုံးဖြစ်နေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ၎င်း သေဆုံးမှုကိုဖြစ်ပွားစေခဲ့တဲ့ရဲအရာရှိကိုတော့ အလုပ်မှထုတ်ပယ်ထားကာ ယခုအခါတွင် တတိယဒီဂရီ လူသတ်မှုနှင့် လူသေ စေမှုအတွက် တရားစွဲဆိုမှုပြုထားတယ်လို့လဲ သိရှိရပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိတ်သတ်တို့ကို ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။