Tags: News-Amazon-CEO-Change-JobsInYangon
Amazon ရဲ့ CEO နဲ့ Co-founder တစ်ဦးဖြစ်သူ Jeff Bezos ဟာ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် အနားယူတော့မည်ဖြစ်
Amazon မှ ထုတ်ပြန်ချက်တစ်ရပ်အရ CEO နဲ့ founder Jeff Bezos ဟာ သူ့ရဲ့ရာထူးမှ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် နှုတ်ထွက်သွားရန်ရှိကြောင်းနှင့် Amazon ဘုတ်အဖွဲ့ဝင် executive chair အဖြစ်သာ တာဝန်ပြောင်းလဲထမ်းဆောင်တော့မှာဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ CNBC မှ သတင်းများအရလည်း Amazon Web Services (AWS) ရဲ့ CEO ဖြစ်သူ Andy Jassy ဟာ Bezos ကိုယ်စား Amazon ရဲ့ CEO အဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။
Jeff Bezos ဟာ Amazon ကို ၁၉၉၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Online စာအုပ်စတိုင်းဆိုင်တစ်ခုအဖြစ်မှနေ၍ အစားအသောက်ပို့ဆောင်ရေး၊ နည်းပညာ၊ ရုပ်ရှင်နဲ့ တယ်လီဗေးရှင်း streaming အစီအစဉ်များအပါအဝင် များစွာသော အခန်းကဏ္ဍများအထိ တိုးချဲ့လာနိုင်ခဲ့ပြီး ကြီးမားသော Online လက်လီရောင်းချမှု ကုမ္ပဏီတစ်ခုအဖြစ်သို့ ရောက်ရှိစေခဲ့ပါတယ်။ Amazon ဟာ ၂၀၂၀ ခုနှစ်အတွင်းတွင် Bezos ရဲ့ ခေါင်းဆောင်မှုဖြင့် အမေရိကန်ဒေါ်လာ ၁ ထရီလီယံပမာဏအထိ ဈေးကွက်တန်ဖိုး မြင့်တက်လာခဲ့ပါတယ်။
Jassy ဟာ Amazon ကို 1997 ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး Amazon Web Service ကို ၂၀၀၆ ခုနှစ်က စတင်တည်ထောင်ခဲ့စဉ်ကတည်းက ပါဝင်ဆောင်ရွက်ပေးခဲ့ပြီး များစွာသော cloud computing နဲ့ API ဝန်ဆောင်မှုများဖြစ်တဲ့ Data storage, networking, developer tools အစရှိသည့်ဝန်ဆောင်မှုများကို အသုံးပြုသူများနဲ့ ကုမ္ပဏီများထံသို့ရောင်းချပေးနိုင်ခဲ့ပါတယ်။ AWS ဟာ အောက်တိုဘာလ ၂၀၂၀ ခုနှစ်တွင် Amazon ရဲ့ လည်ပတ်နေသောဝင်ငွေများရဲ့ ၅၂% အထိကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.