Tags: News-AMD-Zen3-Ryzen-JobsInYangon
AMD ရဲ့ Zen 3 Ryzen desktop CPU များ နိုဝင်ဘာ ၅ရက်နေ့တွင် ထွက်ရှိခဲ့
နိုဝင်ဘာ ၅ရက်နေ့တွင်ကျင်းပခဲ့သော AMD Gaming Event 2020 တွင် Team Red မှ သူတို့ရဲ့ Zen 3 powered Ryzen 5xxx စီးရီး CPU များအကြောင်းကို ထုတ်ပြန်ကြေငြာချက်များ ပြုလုပ်ခဲ့ပါတယ်။ ထိုအရာက သူတို့ရဲ့ အတွင်းစည်းစမ်းသပ်မှုရလာဒ်အချို့ကို ထုတ်ဖော်ပြောကြားခဲ့တဲ့ နာရီဝက်သာကြာမြင့်သော ပွဲတစ်ခုမျှသာ ဖြစ်ပါတယ်။
အဆိုပါပွဲအတွင်းတွင် Zen 3 ဟာ unified 8-core complex ကိုအသုံးပြုထားပြီး cluster အတွင်းရှိ core တစ်ခုစီတိုင်းဟာ L3 cache သို့ တိုက်ရိုက်ဝင်ရောက်နိုင်စွမ်းရှိသော နည်းပညာအသစ်တစ်ခုကို ထုတ်ပြန်ကြေငြာ ခဲ့ပါတယ်။ AMD ရဲ့ CTO ဖြစ်သူ Mark Papermaster မှလည်း အဆိုပါ တည်ဆောက်ပုံအသစ်ဟာ Zen 2 နှင့် နှိုင်းယှဉ်လိုက်ပါက instructions per clock cycle (IPC) ဟာ 19% တိုးမြှင့်ရရှိနိုင်မှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
AMD မှ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုများအရမှာတော့ အဆိုပါ CPU အသစ်ဟာ performance, power efficiency, IPC နှင့် single-threaded performance တို့တွင် လက်ရှိဈေးကွက်ရှေ့ဆုံးတွင်ရပ်တည်နေသော AMD နဲ့ Intel တို့ရဲ့ desktop processor များထက် သာလွန်ကောင်းမွန်မှုရှိတယ်ဆိုတာကိုလည်း ပြောကြားသွားခဲ့ပါသေးတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.