by www.jobsinyangon.com
Tags: Knowledge-Employer's-Guide-Job-Advertising-JobsInYangon
လုပ်ငန်းရှင်တစ်ဦးအနေနဲ့ ဝန်ထမ်းခေါ်ယူမှုကြော်ငြာများပြုလုပ်ရာတွင် သတိထားရမည့်အချက်များ
ဒီတစ်ခေါက်ဆောင်းပါးလေးမှာတော့ ကျွန်ုပ်တို့အနေနဲ့ အလုပ်ခေါ်ယူမှုကြော်ငြာများပြုလုပ်၍ ဝန်ထမ်းခေါ်ယူရာတွင် လုပ်သင့်သောအချက်များနှင့် မလုပ်သင့်သောအချက်များကို ဆွေးနွေးတင်ပြပေးသွားမှာပဲဖြစ်ပါတယ်. သင့်အနေနဲ့ external recruitment campaign (သို့) internal recruitment campaign များကိုပြုလုပ်ရာတွင် ဒါမှမဟုတ် ကုမ္ပဏီအား ပြန်လည်နေရာချထားမှုများပြုလုပ်ရာတွင် လစ်လပ်အလုပ်နေရာများကို ခေါ်ယူဖို့လိုအပ်လာမှာဖြစ်ပါတယ်။ ဒီအခါမှာ ယခုဆွေးနွေးသွားမယ့်အကြောင်းအရာများက သင့်အတွက် အထောက်အကူဖြစ်စေဖို့ကိုလည်းမျှော်လင့်ပါတယ်။
အလုပ်ကြော်ငြာစာများတွင် ဘာတွေပါဝင်နေသင့်သလဲ?
သင့်ရဲ့အလုပ်ကြော်ငြာစာ (အလုပ်ခေါ်စာ) တွင် လုပ်ကိုင်ရမည့်အလုပ်တာဝန်၏ အသေးစိတ်အချက်များနဲ့ သင့်အနေနဲ့ candidate ထံတွင်မည်သို့သောစွမ်းဆောင်မှုများရှိနေဖို့လိုအပ်မည်ကို ဖော်ပြပေးရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် -
• ရာထူး
• ကုမ္ပဏီအမည်
• အရည်အချင်းများ/ အတွေ့အကြုံလိုအပ်ချက်များအကြောင်းအသေးစိတ်
• လိုအပ်သောကျွမ်းကျင်မှုများ
• လစာ
• အလုပ်ချိန်များ
• လစ်လပ်အလုပ်နေရာကိုလျှောက်ထားလိုပါက ဆက်သွယ်စုံစမ်းနိုင်မည့် တာဝန်ရှိသူတစ်ဦး
• အလုပ်နေရာအတွက်ခေါ်ယူမှုပြုလုပ်ရာတွင် နောက်ဆုံးထားလျှောက်ထားမှုပြုလုပ်ရမည့်ရက်
• ရည်ညွှန်းစာများလိုအပ်ပါက ထည့်သွင်းဖော်ပြရန်
• သက်ဆိုင်ရာနိုင်ငံအတွင်းအလုပ်လုပ်ကိုင်ခွင့်အထောက်အထား အစရှိသည့်အချက်များကို ထည့်သွင်းဖော်ပြပေးရမှာဖြစ်ပါတယ်။
အလုပ်ခေါ်စာများတွင် ဘယ်အရာများကိုထည့်သွင်းဖော်ပြခြင်းမပြုလုပ်သင့်ဘူးလဲ?
သင့်ရဲ့အလုပ်ခေါ်စာဟာ ညီမျှမှု/ မျှတမှုရှိပြီး တစ်စုံတစ်ခု (သို့) တစ်စုံတစ်ဦးသောဝိသေသလက္ခဏာရှိသူများကို ခွဲခြားဆက်ဆံခြင်းပြုလုပ်တဲ့ပုံစံဖြစ်မနေသင့်ပါဘူး။ ထိုအရာများတွင် -
• အသက်အရွယ်အပိုင်းအခြား
• ခန္ဓာကိုယ်ချွတ်ယွင်းမှု
• လူမျိုး
• ကျား/ မ လိင်ပြောင်းလဲခြင်းနှင့်ဆိုင်သောအရာများ
• အိမ်ထောင်ရှိ/ မရှိနှင့် အခြား လူမှုရေးကိစ္စများ
• ကိုယ်ဝန်ဆောင်ခြင်းနှင့်ပတ်သက်သောအရာများ
• ကိုးကွယ်ရာဘာသာနှင့် ယုံကြည်မှုများ
• ကျား/ မ လိင်ခွဲခြားသတ်မှတ်ချက်များ
• လိင်စိတ်တိမ်းညွှတ်မှုအခြေအနေများ အစရှိသည်တို့ကို ထည့်သွင်းဖော်ပြရန် မသင့်တော်ပါဘူး။
အလုပ်ခေါ်စာများကိုရေးသားရာတွင် အရေးအသားဟာလည်း အခရာကျပါတယ်။ ဥပမာ -
• Gender ကို သတ်မှတ်ဖော်ပြထားခြင်းမရှိတဲ့ ရာထူးအမည်များဖြစ်တဲ့ Barperson, Salesperson, Server (Waitress/ Waiter ဟူ၍သုံးနှုန်းမည့်အစား) အစရှိသည်ဖြင့် သုံးနှုန်းပေးသင့်ပါတယ်။
• လုပ်ငန်းအတွေ့အကြုံရှိဖို့ အမှန်တကယ်လိုအပ်တဲ့အလုပ်နေရာများတွင် သင့်အနေနဲ့တောင်းဆိုလိုက်တဲ့ ၅ နှစ်တာအလုပ်အတွေ့အကြုံရှိဖို့ အမှန်တကယ်လိုအပ်ရဲ့လား? ဒါကမရှိမဖြစ် လိုအပ်လို့လား? အစရှိသည်တို့ကိုထည့်သွင်းစဉ်းစားပြီးနောက် အမှန်တကယ်လိုအပ်မှုမရှိပါက ထိုသို့တောင်းဆိုခြင်းမပြုလုပ်ပါနဲ့။ ထိုသို့တောင်းဆိုချက်များကြောင့် ငယ်ရွယ်သူ applicant များအနေနဲ့ အလုပ်လျှောက်ထားဖို့ကို နောက်တွန့်သွားစေမှာဖြစ်ပြီး သင့်အနေနဲ့လည်းရွေးချယ်နိုင်မယ့် talent pool ဟာ ကျဉ်းမြောင်းသွားမှာပဲဖြစ်ပါတယ်။
• သင့်ရဲ့လုပ်ငန်းဟာ ငယ်ရွယ်သော၊ ပြောင်းလဲမှုများသော၊ အလျှင်အမြန်လုပ်ကိုင်ဖို့လိုအပ်တဲ့ လုပ်ငန်းခွင်အသစ်တစ်ခုဖြစ်ပါသလား? ဒါတွေကို သင့်ထံသို့အလုပ်လျှောက်ထားလာမယ့် candidate များထံမှသွား၍တောင်းဆိုနေမယ်ဆိုရင်တော့ သင်ဟာ ငယ်ရွယ်တဲ့လျှောက်ထားသူများကိုသာ လိုချင်ကြောင်းပြောလိုက်သလိုပါပဲ။
Generalize ဖြစ်ပြီး ခြုံငုံ၍ဖော်ပြထားသောအရေးအသားများကိုရှောင်ကြဉ်ရမှာဖြစ်သလို သင်မလိုချင်တဲ့အရာများကို သင်လိုချင်တဲ့အရာများထက်ပို၍ အသားပေးရေးသားခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ သင့်အနေနဲ့ အလုပ်လျှောက်ထားလာတဲ့သူများကို ကန့်သတ်ချက်များသတ်မှတ်နိုင်ရန်ခြွင်းချက်များရှိပါသလား?
ရှိပါတယ်။ ဒါပေမယ့်ဒီအရာနဲ့ပက်သတ်ပြီး ပြောစရာအချို့ရှိနေပါတယ်။ ဥပမာ - မိန်းကလေးဒုက္ခသယ်စခန်းတစ်ခုမှ အလုပ်အကိုင်ခေါ်ယူမှုပြုလုပ်ရာတွင် မိန်းကလေးများကိုသာ အလုပ်ခေါ်ယူမှုပြုလုပ်ခြင်း။ ဒါကို ကျွန်တော်တို့အနေနဲ့ “Genuine occupational requirement” သို့မဟုတ် မြန်မာဘာသာသို့ဆီလျှော်အောင်ပြန်ဆိုရရင်တော့ “အလုပ်အကိုင်အခြေအနေအရ စစ်မှန်သောလိုအပ်မှု” ဟူ၍ နားလည်သဘောပေါက်နိုင်မှာဖြစ်ပြီး ယခုဥပမာအရကြည့်ရှုလိုက်ပါက ဘာကြောင့် “မိန်းကလေးဒုက္ခသယ်စခန်း” တွင် ယောက်ျားလေးများကို အလုပ်ခန့်အပ်၍မရနိုင်ကြောင်းကို စာဖတ်သူတို့လည်း သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်။
“Genuine occupational requirement” ဟာ လုပ်ငန်းရှင် (သို့) အလုပ်ခေါ်ယူသူမှ နှစ်သက်၍ခေါ်ယူခြင်းမျိုးမဟုတ်ပဲ လုပ်ငန်းသဘောတရားအရ အမှန်တကယ်လိုအပ်ချက်ရှိ၍ ထိုသို့သတ်မှတ်ထားရခြင်းကို ဆိုလိုတာပဲဖြစ်ပြီး ဒီအချက်ကိုလည်း တစ်မူထူခြားတဲ့အခြေအနေမျိုးရှိမှသာ အသုံးချနိုင်မှာဖြစ်ပါတယ်။
ကျွန်တော်/ ကျွန်မတို့ ခေါ်ယူနေတဲ့အလုပ်မှာ ကာယအခြေအနေကောင်းမွန်မှုရှိဖို့ကိုလိုအပ်ပါတယ်။ ဒီအရာကို အသက်အရွယ်အပိုင်းအခြားတစ်ခုအတွင်းမှသူများနဲ့ ကိုယ်ကာယချို့ယွင်းမှုရှိသူများ လျှောက်ထား၍မရနိုင်ကြောင်း အလုပ်ခေါ်စာတွင် ဖော်ပြနိုင်ပါသလား?
မရပါ။ အလုပ်ရဲ့အခြေအနေအမျိုးအစားနှင့် လိုအပ်တဲ့အတွေ့အကြုံကာလ သတ်မှတ်ချက်ကိုသာ ဖော်ပြပေးရပါမယ်။ ဥပမာ - “အမြင့်တွင်အလုပ်လုပ်နိုင်ရမည်”။ ဥပမာအားဖြင့် သင့်အနေနဲ့ တစ်စုံတစ်ယောက်ဟာ ကိုယ်ကာယကျန်းမာကြံ့ခိုင်ဖို့လိုအပ်သည် (သို့) ကိုယ်ကာယကျန်းမာကြံ့ခိုင်ကြောင်းထောက်ခံစာကို တောင်းခံမှုပြုလုပ်ပါက သင်ဟာ ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုမရှိသောအလုပ်လျှောက်ထားသူများကို တစ်ဖက်လှည့်နဲ့နောက်တွန့်သွားစေအောင် ပြုလုပ်လိုက်တာပဲဖြစ်ပြီး ဒီအရာက ခွဲခြားဆက်ဆံမှုပြုလုပ်ရာလည်းကျသွားနိုင်ပါတယ်။
အလုပ်ခေါ်စာတွင် “အင်္ဂလိပ်ဘာသာရပ်ကိုကျွမ်းကျင်စွာပြောဆိုနိုင်စွမ်းရှိဖို့ လိုအပ်သည်” ဟူ၍ ဖော်ပြရေးသားနိုင်ပါသလား?
“အင်္ဂလိပ်ဘာသာရပ်ကို ကျွမ်းကျင်ခြင်း” ဆိုသည်မှာ လွန်စွာရေရာမှုမရှိသောအသုံးအနှုန်းတစ်ခုဖြစ်ပြီး သင်ဟာ အင်္ဂလိပ်စာကို မိခင်ဘာသာစကားကဲ့သို့ ကျွမ်းကျင်သောသူများကိုသာအလိုရှိသည့်အလား အလုပ်လျှောက်ထားသူများကိုထင်ယောင်ထင်မှားဖြစ်သွားစေနိုင်ပါတယ်။
အကယ်၍ သင် recruitment ပြုလုပ်နေတဲ့ အလုပ်နေရာတစ်ခုဟာ အင်္ဂလိပ်စာကျွမ်းကျင်မှုကို အတိုင်းအတာတစ်ခုအထိလိုအပ်မှုရှိပါက၊ ဥပမာ - အရေးအသားအားဖြင့်၊ နှုတ်အားဖြင့် ပြောဆိုဆက်ဆံနိုင်စွမ်းရှိဖို့ လိုအပ်သည်ဆိုပါက ထိုအချက်အတိုင်းကို အလုပ်ခေါ်စာအတွင်း ထည့်သွင်းဖော်ပြနိုင်ပါတယ်။
အချုပ်အားဖြင့်ဆိုရသော် သင့်လုပ်ငန်းခွင်အတွင်းတွင် အမှန်တကယ်လိုအပ်မှုမရှိသော အလုပ်အကိုင်လိုအပ်ချက်များကို ထည့်သွင်းဖော်ပြလိုက်ခြင်းအားဖြင့် သင်ရွေးချယ်နိုင်မည့် talent pool ဟာ ကျဉ်းမြောင်းလာမှာဖြစ်တဲ့အတွက် အမှန်တကယ် လက်တွေ့အသုံးဝင်မည့် အရည်အချင်းများကိုသာ ရေးသားဖော်ပြပြီး အလုပ်ခေါ်ယူမှုများပြုလုပ်သင့်ပါတယ်။
ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Host Link IT Solution
..Wireless Point to Point Connection
Satellite Remote Site Installation and Maintenance
Network Infrastructure Installation
System and Design Implementation
Hardware and Network Installation and M...
Show the postings (9)
VPower Group Holdings Limited
We provide career development and attractive remuneration package and fringe benefits to the right candidates.VPower Group are one of the world's leading large gen-set system integration providers and...
Show the postings (2)
Facilitation Limited
A challenging work space associated with learning opportunityConsulting services for company registration, secretarial services, investment permit and financial services...
Show the postings (3)
Definity Group of Co.,Ltd