Tags: News-US-CBP-Seized-OnePlusBuds-JobsInYangon
U.S CBP က OnePlus Bud များကို Apple Airpod အတုများဟုယူဆကာ ဖမ်းဆီးခဲ့
The Verge သတင်းစာရဲ့ ဆောင်းပါးတစ်ပုဒ်အရ အမေရိကန် Customs and Border Protection (CBP) အရာရှိ များက အမေရိကန်ဒေါ်လာ 398000 တန်ကြေးရှိသော OnePlus Buds များကို Apple Airpod အတုများဟု ယူဆ ကာ JFK လေဆိပ်တွင် ဖမ်းဆီးမှုတစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။
ဒါဟာ CBP အဖို့တော့ ရီစရာကောင်းပြီး ဆွံ့အသွားစေတဲ့ အခိုက်အတန့်တစ်ခုပါပဲ။ ဒါပေမယ့်လည်း OnePlus Bud များဟာ Apple Airpod များနဲ့ ဆင်တူလွန်းတာကြောင့် ဒါကို ရိုးသားစွာမှားယွင်းခဲ့မှုတစ်ခုလိုပဲဆိုရမှာပါ။ ပါဝင်လာတဲ့ သတင်းဓါတ်ပုံများအရ ဖမ်းဆီးခဲ့တဲ့ ကုန်ပစ္စည်းများဟာ ဗူးပေါ်တွင် ရှင်းရှင်းလင်းလင်းဖော်ပြထားသလိုပဲ OnePlus Bud အစစ်များဖြစ်နေပါတယ်။ ဖမ်းဆီးခဲ့တဲ့ OnePlus Bud ၂၀၀၀ လုံးဟာ အစစ်များဖြစ်သလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့် CBP က Apple emoji လေးနဲ့ “ဒါက [Apple emoji] မဟုတ်ခဲ့ဘူး” ဟူ၍ OnePlus ဘူးခွံများကို ရိုက်ပြထားပြီး tweet လုပ်ခဲ့တာကိုကြည့်ခြင်းအား ဖြင့် ဒါက အရှက်ရစရာ မှားယွင်းမှုတစ်ခုဖြစ်ကြောင်းကို သိရှိနိုင်ပါတယ်။
ဒီ tweet ကိုလည်း OnePlus ရဲ့ official Twitter အကောင့်က “ဟေ့ အဲ့ဒါတွေကိုပြန်ပေး” ဟူ၍ upside down smiley emoji လေးနဲ့ တုန့်ပြန်ခဲ့ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့ကို ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.