ချိတ်ဆွဲရန်စာတန်း: News-Vaccine-Moderna-US-JobsInYangon
အမေရိကန်နိုင်ငံအတွင်း အသုံးပြုရန် နောက်ထပ် COVID ကာကွယ်ဆေးတစ်မျိုးကို FDA မှ ခွင့်ပြုချက်ရရှိခဲ့
ဒီဇင်ဘာလ ၁၈ ရက်နေ့ သောကြာနေ့တွင် အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှ Moderna ဟု အမည်ရသောကုမ္ပဏီတစ်ခုမှ ထုတ်လုပ်လိုက်သော COVID-19 ကာကွယ်ဆေး တစ်မျိုးကို အရေးပေါ်အသုံးပြုခွင့် ထုတ်ပြန်ပေးအပ်ခဲ့ပါတယ်။ ဓါတ်ခွဲခန်းစမ်းသပ်ချက်အဖြေများကို စစ်ဆေးအကဲဖြတ်မှုများပြုလုပ်ခြင်းကို FDA ရဲ့ Vaccines and Related Biological Products Advisory Committee မှ ပြုလုပ်ခဲ့ကြောင်းကိုလည်း arstechina မှ သတင်းများအရ သိရှိခဲ့ရပါတယ်။
အဆိုပါဓါတ်ခွဲစမ်းသပ်ချက်အဖြေများဟာ အရေးပေါ်အသုံးပြုခွင့်ကို ရရှိရန်အတွက် ကြိုတင်စာရင်းပေးသွင်းထားသော လူပေါင်း ၃၀,၀၀၀ ကျော်ခန့်အား စမ်းသပ်ချက်များပြုလုပ်ပြီး တင်ပြနိုင်ခဲ့တဲ့ အတွက် ရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါကာကွယ်ဆေးကို FDA ထံမှ ပထမဦးဆုံးခွင့်ပြုချက်ရရှိခဲ့သော Pfizer နဲ့ BioNTech တို့မှ အသုံးပြုခဲ့တဲ့ တူညီသော RNA နည်းပညာကို အခြေခံထုတ်လုပ်ထားတာဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရပါသေးတယ်။
အမေရိကန်အစိုးရကတော့ Moderna ကာကွယ်ဆေးကို ဓါတ်ခွဲစမ်းသပ်ချက်အဖြေများမထွက်မှီကတည်းကပင် ကြိုတင်၍၀ယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့ပြီး အမေရိကန်နိုင်ငံသားများအနေနဲ့ Moderna ကာကွယ်ဆေးကို ၂၁ ရက်နေ့တွင် စတင်ရရှိနိုင်တော့မှာဖြစ်ပါတယ်။ သို့ပါသော်လည်း အဆိုပါ ကာကွယ်ဆေးကို လူအများစုအတွက် ရရှိနိုင်ဦးမှာတော့မဟုတ်ပဲ ပထမဆုံးထွက်ရှိလာမည့် ကာကွယ်ဆေးများကို ကျန်းမာရေးလုပ်သားများနဲ့ ပြင်းထန်သော COVID-19 ရောဂါဖြစ်ပွားနိုင်ခြေရှိနေတဲ့သူများကို ထိုးနှံပေးသွားမှာဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။