ချိတ်ဆွဲရန်စာတန်း: News-Apple-Google-Banned-Parler
Apple နှင့် Google တို့မှ Social Media app တစ်ခုဖြစ်တဲ့ Parler ကို သူတို့ရဲ့ app store များပေါ်က ဖယ်ရှားခဲ့
New York Times သတင်းများအရ Social Media app တစ်ခုဖြစ်တဲ့ Parler ဟာ အကြမ်းဖက်မှုကိုအားပေးနေတဲ့ content များကို ဖယ်ရှားရန်ပျက်ကွက်ခဲ့တဲ့အတွက် Apple နဲ့ Google တို့ရဲ့ app store နှစ်ခုလုံးထံမှ ဖယ်ရှားခြင်းခံခဲ့ရကြောင်းသိရှိခဲ့ရပါတယ်။
New York Times သို့ပြောကြားခဲ့တဲ့ မှတ်ချက်တွင် Apple မှပြောဆိုခဲ့တာကတော့ - “ကျွန်ုပ်တို့ဟာ အမြဲတမ်း App Store ပေါ်ရှိ app များတွင် မတူကွဲပြားတဲ့အမြင်များကိုထုတ်ဖော်ခြင်းကို အားပေးထားပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့ရဲ့ platform ပေါ်မှာ အကြမ်းဖက်မှုကိုအားပေးတဲ့ကိစ္စများနဲ့ တရားမ၀င်တဲ့အရာများအတွက်နေရာမရှိပါဘူး။” “Parler ဟာ လူအများရဲ့လုံခြံမှုနဲ့ဆိုင်တဲ့ အန္တရာယ်ရှိနိုင်သော ဒီအရာများကို ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းခြင်းမရှိခဲ့တဲ့အတွက် App Store ပေါ်က ဖယ်ရှားခဲ့ပါတယ်” ဟုပြောကြားခဲ့ပါတယ်။
Google မှလည်း အဆိုပါ app ကို Apple မှဖယ်ရှားခြင်းမပြုလုပ်မှီ ၁ ရက်ကပင် တူညီတဲ့အကြောင်းပြချက်ဖြင့် စတင်ဖယ်ရှားခြင်းများပြုလုပ်ခဲ့ပါတယ်။ “ကျွန်ုပ်တို့ဟာ Parler app ပေါ်တွင် အမေရိကန်နိုင်ငံအတွင်း အကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားနေစေရန်အတွက် အားပေးနေတဲ့ post များကို အဆက်မပြတ်တင်နေခြင်းကို တွေ့ရှိခဲ့ရပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ပေါ်လစီစည်းမျဉ်းများအပေါ် အငြင်းပွားမှုများရှိနေဦးမှာဖြစ်ပြီး app များအနေနဲ့ ဒီကဲ့သို့သောအကြမ်းဖက်မှုကိုအားပေးတဲ့ content များကို ချက်ခြင်းဖယ်ရှားပေးဖို့မှာ ခက်ခဲနိုင်တယ်ဆိုတာကိုနားလည်သော်လည်း အဆိုပါ app ကို Google Play ပေါ်ကနေတဆင့် ဖြန့်ဝေပေးနိုင်ဖို့မှာ app များအနေနဲ့ ဆိုးရွားလှတဲ့ content များကို ကိုင်တွယ်နိုင်ရန် ကျယ်ပြန့်တဲ့ ကြီးကြပ်မှု (Moderation) ပြုလုပ်မှုများ ရှိနေဖို့လိုအပ်မှာဖြစ်ပါတယ် ဟုလည်း Google ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးမှ Insider သတင်းဌာနသို့ ပြောကြားသွားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
အများသူငါတွေရဲ့ CV တွေထဲကနေ အလုပ်ရှင်များစီမှ ဦးစွာရွေးချယ်ဖတ်ရှုခြင်းခံရတဲ့ CVဟာ သေသပ်တိကျမှုနဲ့ အစီအစဉ်တကျရှိစွာ တည်ဆောက်ထားတဲ့CV တစ်ဆောင်ဆိုတာကတော့ ယုံမှားဖွယ်မရှိပါဘူး ။ အဲဒီအတွက် CVတစ်စောင်ကိုရေးသား တည်ဆောက်တော့ မယ်ဆိုရင် အောက်ပါအချက်များကို ဂရုပြုစေလိုပါတယ်။
An Iranian man has broken the world record for the number of years spent without bathing.
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။