Tags: Mews-Apple-September-Plan-Rejected-JobsInYangon
စက်တင်ဘာလတွင် ရုံးသို့ပြန်လည်တက်ရောက်ရမည့် အစီအစဉ်ကို Apple ဝန်ထမ်းအဖွဲ့တစ်ခုမှ ကန့်ကွက်ခဲ့
The Verge မှ သတင်းတစ်ပုဒ်အရ Apple CEO Tim Cook ရဲ့ “ဝန်ထမ်းများကို စက်တင်ဘာလတွင် ရုံးသို့ပြန်လည်တက်ရောက်စေမည့် အစီအစဉ်” ကို Apple ဝန်ထမ်းပေါင်း ၈၀ ခန့်မှ ကန့်ကွက်စာရေးသား၍ ကန့်ကွက်ခဲ့ပြီး Tim အနေနဲ့ ထိုသို့ပြုလုပ်မည့်အစီအစဉ်ကို ပြန်လည်စဉ်းစားပေးရန် တောင်းဆိုခဲ့ကြကြောင်း သိရှိခဲ့ရပါတယ်။
ကန့်ကွက်စာရေးသားသူများမှ Apple အား သက်ဆိုင်ရာ Team များမှ မည်သူအနေနဲ့ အိမ်မှတစ်ဆင့်အလုပ်လုပ်နိုင်မည် (သို့) အခြားသောနေရာများမှ အလုပ်လုပ်နိုင်မည်ကိုဆုံးဖြတ်နိုင်ခွင့်ပေးစေလိုနေကြပြီး ခန္ဓာကိုယ်ချို့ယွင်းမှုရှိနေသူများအတွက် အဝေးမှအလုပ်လုပ်စေခြင်းနှင့် အလုပ်ချိန်ညှိနှိုင်းရလွယ်ကူသော အလုပ်ခွင်တစ်ခုဖြစ်လာစေရန်အတွက် “တိကျရှင်းလင်းတဲ့ လုပ်ဆောင်ရန်အစီအစဉ်” တစ်ခုကိုလည်း ဖန်တီးပြုလုပ်သွားဖို့အတွက်တို့အပြင် အခြားသော အချက်များကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
လက်ရှိအခြေအနေမှာတော့ အဆိုပါကန့်ကွက်စာဟာ မည်မျှအထိ ထိရောက်မှုရှိလာမည်ကို သိရှိနိုင်ခြင်းမရှိသေးပါဘူး။ ယခုကန့်ကွက်စာကိုရေးသားခဲ့သည့်အဖွဲ့မှာ လူ ၈၀ သာရှိပြီး သေးငယ်သော်လည်း အဆိုပါကိစ္စဟာ “remote work advocates” ဟုအမည်ရသည့် Apple မှ ဝန်ထမ်းပေါင်း ၂၈၀၀ ကျော်ဖြင့်ဖွဲ့စည်းထားသည့် Slack Channel တစ်ခုမှ အစပြုလာခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။ ဒီအတွက် အဆိုပါကန့်ကွက်စာဟာ Apple ရဲ့ non-retail employee များ စုစုပေါင်း၏ အတော်များပြားလှတဲ့ပမာဏထံမှ အသံများကို ကိုယ်စားပြုနေနိုင်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.