Jobs In Myanmar
Load...

Apple ဟာ ဒုတိယအကြိမ် ဥရောပနိုင်ငံအတွင်း ဈေးကွက်ကိုချုပ်ကိုင်လျှက်ရှိတယ်ဆိုတဲ့ စွဲဆိုမှု တွေနဲ့ ရင်ဆိုင်နေရပါတယ်။

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-IT-Technology-Apple-JobsinYangon



Apple ဟာ ဒုတိယအကြိမ် ဥရောပနိုင်ငံအတွင်း ဈေးကွက်ကိုချုပ်ကိုင်လျှက်ရှိတယ်ဆိုတဲ့ စွဲဆိုမှု တွေနဲ့ ရင်ဆိုင်နေရပါတယ်။

လုပ်ငန်းအပြိုင်အဆိုင်များက သူတို့ဟာ App Store ရဲ့ tax တွေကြောင့် အခက်တွေ့နေတယ်ဟူ၍ ပြောကြားခဲ့ပါတယ်။ Apple ဟာသူတို့ရဲ့ ဈေးကွက်အတွင်းလွှမ်းမိုးမှုရှိခြင်းကို အလွန်အကျွံအသုံးချလျှက်ရှိတယ်ဟူသည့် စွပ်စွဲချက်တစ်ရပ်နဲ့ရင်ဆိုင်နေရပါတယ်။ 

လွန်ခဲ့သောမတ်လအတွင်း၊ သူတို့ရဲ့ TV streaming ဝန်ဆောင်မှုများကြောင့် လူသိများတဲ့ ဂျပန်နိုင်ငံ ကနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Rakuten ဟာ Apple မှ အပြိုင်အဆိုင်ရှိမှုကိုပိတ်ပင်လျှက်ရှိနေ တယ်ဟူသည့် စွဲချက်တစ်ခုကို European Commission ကနေတစ်ဆင့်တင်ပြခဲ့တယ်လို့ Financial Times ရဲ့ သတင်းများအရသိရှိရပါတယ်။ 
 

Rakuten ရဲ့ အဆိုပါ complaint ဟာ streaming ကဏ္ဍထက် Apple ရဲ့ e-book လုပ်ငန်းအပေါ် ဦးတည်ထားတာဖြစ်ပါတယ်။ Rakuten ဟာ electronic စာအုပ်များကိုထုတ်ဝေလျှက်ရှိတဲ့ Kobo ဆိုတဲ့ကုမ္ပဏီတစ်ခုကိုလဲ ပိုင်ဆိုင်ပြီး၊ အဆိုပါ app ကို Apple ရဲ့ App Store ပေါ်တွင် တင်ထားပါ တယ်။ 

App Store ပေါ်ရှိ in-app payment များပါဝင်တဲ့ app တိုင်းဟာ Apple ရဲ့ ငွေပေးခြေမှုစနစ်ကို သာအသုံးပြုရပြီး ဒီအရာက ဝယ်ယူမှုတိုင်းအတွက် အခွန်ငွေအနေနဲ့ 30% ကိုပေးဆောင်ရပါတယ်။ Kobo အတွက်တော့ ဒါဟာ သူတို့ရဲ့ free app ကနေရောင်းရမယ့်စာအုပ်တိုင်းအတွက် 30% ကော်မ ရှင်ခကိုပေးဆောင်နေရမှာဖြစ်ပါတယ်လို့ဆိုလိုပါတယ်။ 

Kobo ရဲ့ complaint နဲ့အလားသဏ္ဍန်တူတဲ့ FT ကုမ္ပဏီဟာတော့ သူတို့ရဲ့လုပ်ငန်းဟာ ဒီ Tax ကို ရှောင်နိုင်ဖို့အတွက် သုံးစွဲသူများကိုသူတို့ရဲ့ website ပေါ်သို့သွားပြီးသာ စာအုပ်များဝယ်ယူဖို့အတွက် တိုက်တွန်းခဲ့ရတဲ့အတွက် လုပ်ငန်းအတွင်းနစ်နာမှုများရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါဟာ Amazon နဲ့ လည်းဆင်တူနေပြီး သူတို့ကတော့ အသုံးပြုသူများကို iPhone app ပေါ်မှတဆင့် audiobook များနဲ့ ebook များဝယ်ယူဖို့ကို ခွင့်မပြုထားပဲ သူတို့ရဲ့ website ပေါ်သို့ပို့ပေးလိုက်ပါတယ်။ 

Apple ထံတွင်လည်း Apple Books လို့ခေါ်တဲ့ ebook ဝန်ဆောင်မှုတစ်ခုရှိနေပါတယ်။ Apple Book နဲ့အပြိုင်အဆိုင်တစ်ခုဖြစ်တဲ့ Kobo အပေါ်အခွန်ကောက်ထားတာဟာ တရားမျှတစွာယှဉ်ပြိုင် ခြင်းမရှိဘူးဟု Rakuten မှ ပြောဆိုခဲ့ပါတယ်။ Business Insider မှဆက်သွယ်ခဲ့တဲ့အခါမှာတော့ ဒီအရာနဲ့ပက်သတ်ပြီး တစ်စုံတစ်ရာပြောကြားခြင်းမရှိခဲ့ပါဘူး။ 

ကုမ္ပဏီကြီးများက Apple ရဲ့ App Store ပေါ်ရှိ Tax အကြောင်း ယခုကဲ့သို့ complain ပြုလုပ်ခဲ့ တာဟာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ၂၀၁၉ခုနှစ်၊ မတ်လအတွင်းကလည်း ဥရောပနိုင်ငံ အတွင်းရှိ music streaming company တစ်ခုဖြစ်တဲ့ Spotify ဟာလည်း အလားတူ complain တစ်ခုကိုတင်ခဲ့ပါသေးတယ်။ ၎င်းတွင် Apple ကို ဝင်ရောက်ကစားသူနဲ့ ဒိုင်လူကြီးအဖြစ်ပါဆောင် ရွက်လျက်ရှိပြီး အခြားသော app developer တွေကို ရည်ရွယ်ချက်ရှိရှိ အရေးနိမ့်အောင်ပြုလုပ် နေတယ်ဟူ၍ စွဲချက်တင်ခဲ့ပါသေးတယ်။ “Spotify ဟာလည်း Apple ရဲ့ကိုယ်ပိုင် music streaming ဝန်ဆောင်မှူတစ်ခုဖြစ်တဲ့ Apple Music နဲ့ ယှဉ်ပြိုင်နေရတာဖြစ်ပါတယ်။ ဥရောပ ကော်မရှင်အဖွဲ့ဟာ အဆိုပါ Spotify ရဲ့ complaint နဲ့ ပက်သတ်၍လည်း အဆုံးသတ်ဆုံးဖြတ်ချက် ကို ချမှတ်ခြင်းမပြုလုပ်ရသေးပါဘူး။ 

လွန်ခဲ့သော တင်္နလာနေ့က Apple မှပြောကြားခဲ့တာကတော့ သူတို့ရဲ့ App Store ဟာ developer များအတွက် ခိုင်မာတဲ့စီးပွားရေးစနစ်တစ်ခုကိုပေးအပ်လျှက်ရှိနေပြီး App Store ဟာ ၂၀၁၉ ခုနှစ် အတွင်း ရောင်းချခြင်းနဲ့ ငွေပေးခြေခြင်းတို့အတွက် ဒေါ်လာ ၅၁၉ဘီလျံရရှိအောင်စွမ်းဆောင်နိုင်ခဲ့ တယ်ဟုဆိုပါတယ်။ 

 
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Polymer Company Limited

Polymer Company Limited

Vision - To be the leader in the market. Mission - We will provide best and services available to make a difference. - We will inspire lifestyle of people. - We will treat all individuals (stak...
Show the postings (9)
Sea Rain Co.,Ltd

Sea Rain Co.,Ltd

Shwe Set Kyar Ko Tint Wai Group Of Co.,Ltd

Shwe Set Kyar Ko Tint Wai Group Of Co.,Ltd

Flavours & Fragrances Distribution Company Limited

Flavours & Fragrances Distribution Company Limited

Our company aims to be more marketable and sustainable.Since our company is made up of a family of only a few employees, it is clear that our own skills and hard work are clearly displayed.We are a co...
Show the postings (3)
Talent and Technology Co.,Ltd

Talent and Technology Co.,Ltd

Vision - Access to electricity is fundamental for productive lives. All people in Myanmar should have access to and affordable and reliable electricity supply. Mission - Reduce poverty and imp...
Show the postings (10)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS