ချိတ်ဆွဲရန်စာတန်း: News-Apple-and-Developers-JobsInYangon
Apple က developer ကုမ္ပဏီများနဲ့ ပြသနာများဖြစ်ပွားခဲ့ပြီးနောက် တစ်ချို့အရာများကိုဖြေလျှော့ပေးခဲ့
Apple ရဲ့ iPhone များအတွက် တည်ဆောက်ထားတဲ့ သူတို့ရဲ့ digital storefront (app store) အပေါ် လက်ဝါးကြီးအုပ်ထားသည့်ကိစ္စနှင့်ပတ်သက်သည့် ပြသနာများကိုဖြေရှင်းနိုင်ရန်အတွက် သူတို့ရဲ့ App Store အတွက် စည်းမျဉ်းအသစ်များကို ကြေငြာလိုက်ပြီပဲဖြစ်ပါတယ်။
အဆိုပါစည်းမျဉ်းအသစ်များတွင် game streaming ၀န်ဆောင်မှုများအတွက် အသစ်ထုတ်ပြန်ချက်များ၊ free email app များရဲ့ in-app purchases များအပေါ် ဖြေလျှော့ပေးမှုများနဲ့ Online သင်တန်းများအတွက် စည်းကမ်းချက်အသစ်များလည်း ပါဝင်ပါတယ်။ ထိုအထဲကမှ အထင်ရှားဆုံးတစ်ချက်ကတော့ Google Stadia နဲ့ Microsoft ရဲ့ xCloud ကဲ့သို့သော game streaming ၀န်ဆောင်မှုများကို ယခုအခါ App Store ပေါ်တွင် ခွင့်ပြုပေးလိုက်ခြင်းပဲဖြစ်ပါတယ်။
ဒါပေမယ့်လည်း Apple က ထိုအထဲမှ အနည်းငယ်ကိုသာခွင့်ပြုသွားမှာဖြစ်ပါတယ်။ အဆိုပါ game streaming ၀န်ဆောင်မှုများတွင် ပြသမည့်ဂိမ်းများဟာ “App Store ပေါ်က တိုက်ရိုက် download ပြုလုပ်၍ ရနိုင်မည့် ဂိမ်းများ” ဖြစ်နေဖို့ လိုအပ်ပြီး အသစ်တင်မည့် update တိုင်းကို ကုမ္ပဏီများက သူတို့ရဲ့ user များထံသို့ streaming ထုတ်လွှင့်ပြသခြင်းမပြုမှီတွင် တစ်ခုခြင်းစီတိုင်းကို Apple သို့ စစ်ဆေးနိုင်ဖို့အတွက် တင်ပြပေးရမှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် Microsoft နဲ့ Google တို့ဟာ ဂိမ်းအားလုံးကိုကြည့်ရှုနိုင်မယ့် streaming app ကြီးတစ်ခုကို တည်ဆောက်နိုင်မှာတော့ မဟုတ်ပါဘူး။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့ကို ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။