ချိတ်ဆွဲရန်စာတန်း: News-Apple-VR-Headsets-JobsInYangon
Apple ဟာ သူတို့ရဲ့ပထမဦးဆုံး VR headset ကို ထုတ်လုပ်ရန် ကြိုးပမ်းလျှက်ရှိ
Apple ဟာ သူတို့ရဲ့ ပထမဦးဆုံး VR headset ကို ထုတ်လုပ်သွားဖို့အတွက် ကြိုးပမ်းလျှက်ရှိနေပြီး လက်ရှိရရှိထားတဲ့သတင်းများအရ ပထမဆုံးထုတ်လုပ်သွားဖို့ရှိတဲ့ VR headset များဟာ ပိုမိုဈေးသက်သာပြီး သုံးစွဲရလွယ်ကူတဲ့ AR headset များကို နောက်ထပ်ထုတ်လုပ်မည့်စီးရီးများတွင် ဖန်တီးနိုင်ရန်အတွက် အလွန်တရာဈေးနှုန်းကြီးမြင့်မှုရှိလာနိုင်ကြောင်း သိရှိခဲ့ရပါတယ်။
Bloomberg မှ သတင်းတစ်ပုဒ်အရ - Apple မှ ပထမဦးဆုံးထုတ်လုပ်ဖို့ လုပ်ဆောင်လျှက်ရှိတဲ့ VR headset ဟာ ဂိမ်းကစားခြင်း၊ ဗွီဒီယိုများကြည့်ရှုခြင်းနဲ့ ဆက်သွယ်ရေးတို့အတွက်ရည်ရွယ်တည်ဆောက်ထားတာဖြစ်ပြီး အစောဆုံးအနေနဲ့ ၂၀၂၂ ခုနှစ်ခန့်တွင် ထွက်ရှိလာနိုင်ကြောင်း ပြောကြားထားခဲ့ပါတယ်။ Apple product တွေရဲ့ထုံးစံအတိုင်း ဈေးနှုန်းကတော့ကြီးမြင့်နေမှာဖြစ်သော်လည်း အင်တာနက်ပေါ်တွင် ဒီအရာဟာရေပန်းစားလာဦးမှာဖြစ်တယ်လို့ ကျွန်တော်တို့ကတော့ ထင်မြင်မိပါတယ်။
.အဆိုပါ VR headset ဟာ လက်ရှိပြိုင်ဖက် VR headset များတွင်ပါဝင်သော လုပ်ဆောင်ချက်များစွာပါဝင်လာမည့်အပြင် အချို့သော AR လုပ်ဆောင်ချက်များပါ ပါဝင်လာနိုင်ကြောင်းကိုလည်း ခန့်မှန်းချက်များအရသိရှိရပါတယ်။ Apple ဟာ AR ကို VR နှင့် နှိုင်းစာလျှင် ပိုမို၍ ရေပန်းစားလာနိုင်တဲ့ထုတ်ကုန်တစ်ခုအနေနဲ့ ရှုမြင်ထားတဲ့အတွက် AR လုပ်ဆောင်ချက်များကိုထည့်သွင်းလာခြင်းဟာ စောသေးတယ်လို့တော့ မဆိုနိုင်လှပါဘူး။ အဆိုပါ VR Headset အတွက် တရားဝင်ဝယ်ယူရရှိနိုင်မယ့်ရက်ကိုတော့ ၂၀၂၃ ခုနှစ်အဖြစ် သတ်မှတ်ကြေငြာထားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။