ချိတ်ဆွဲရန်စာတန်း: News-Apple-ZeroDay-Fix-JobsInYangon
Apple မှ iOS နဲ့ iPadOS တို့တွင်ရှိသော zero-day vulnerability အားနည်းချက်များကို ပြင်ဆင်နိုင်ရန် update များထုတ်လွှင့်ပေးခဲ့
Apple မှ iOS နဲ့ iPadOS ရှိ Safari နဲ့ အခြားသော browser များနောက်ကွယ်တွင် Apple mobile device များပေါ်၌ အလုပ်လုပ်ပေးလျှက်ရှိသော WebKit – browser rendering engine တွင်ရှိသော zero-day vulnerability အားနည်းချက်များကို ပြင်ဆင်နိုင်ရန်အတွက် March လ ၂၆ ရက်နေ့တွင် update များထုတ်လွှင့်ပေးခဲ့ပါတယ်။
Apple ၏ လုံခြုံရေးအတိုင်အပင်ခံတစ်ဦးမှတော့ “အဆိုပါအားနည်းချက်ကို Hacker များမှအသုံးချနေနိုင်ကြောင်းကိုလည်း Apple မှ သိရှိထားကြောင်း” ပြောကြားသွားခဲ့ပါတယ်။ ဆိုလိုသည်မှာ ထိုအားနည်းချက်ကိုအသုံးပြုပြီး iPhone နဲ့ iPad များကို hack ပြုလုပ်ရန်အတွက် အသုံးပြုနေနိုင်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ device များကို iOS 14.4.2 နဲ့ iPadOS 14.4.2 သို့ update ပြုလုပ်လိုက်ပါက အဆိုပါ အားနည်းချက်ကို ပြင်ဆင်ပေးနိုင်မှာဖြစ်ပါတယ်။
သင့် device ကို Wi-Fi ဖြင့် အင်တာနက်ချိတ်ဆက်၍လည်း update ပြုလုပ်၍ရနိုင်ပါတယ်။ Settings > General > Software Update မှတဆင့် Download and Install ကို ရွေးပေးရုံပဲဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။