Jobs In Myanmar
Load...

Apple puts one of their major supplier under probation for using student labor.

by www.jobsinyangon.com


Tags: News-Apple-MajorSupplier-Suspended-JobsInYangon



ကျောင်းသားလုပ်သားများကို အသုံးပြုမှုကြောင့် Apple မှ သူတို့ရဲ့ အဓိက supplier ကုမ္ပဏီတစ်ခုကို စောင့်ကြည့်ကာလ ပြန်လည်သတ်မှတ်ခဲ့ 

 

Bloomberg မှ သတင်းများအရ Apple မှ သူတို့ရဲ့ အဓိက supplier တစ်ဦးဖြစ်သူ Pegatron ဟာ Apple မှချမှတ်ထားသော supplier များတွင်ရှိသင့်သည့် code of conduct (အမူအကျင့်ဆိုင်ရာ စည်းမျဉ်းများ) ကိုချိုးဖောက်လျှက်ရှိပြီး စာရွက်စာတမ်းများတွင်တော့ ထိုအရာကိုဖုံးကွယ်ထားခြင်းနှင့် ကျောင်းသားလုပ်သား များကို အသုံးပြုမှုဆိုင်ရာ စည်းမျဉ်းချိုးဖောက်မှုများ ပြုလုပ်နေတာကို စီစစ်တွေ့ရှိခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ Apple မှလည်း သူတို့ဟာ Pegatron ကို နောက်ထပ် contract အသစ်များ ထပ်မပေးဖို့ ဆုံးဖြတ်လိုက်ပြီဟူ၍ ဆိုခဲ့ပါတယ်။ 

Pegatron ဆိုသည်မှာ Apple ရဲ့ အကြီးမားဆုံး supply chain partner ကုမ္ပဏီတစ်ခုဖြစ်ပြီး iPhone 12 model အသစ်များအပါအဝင်၊ များစွာသော အစိတ်အပိုင်းများကို ထုတ်လုပ်ပေးနေရသော ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ ယခုအခါတွင်တော့ သတင်းများအရ အဆိုပါကုမ္ပဏီကို စောင့်ကြည့်ကာလသတ်မှတ်ထားပြီး အထက်ဖော်ပြပါကိစ္စကို သေသေချာချာဖြေရှင်းမပြီးမချင်း နောက်ထပ်အလုပ်အကိုင်အသစ်များကိုလဲ Apple ထံမှ မျှော်လင့်နိုင်တော့မှာမဟုတ်ပါဘူး။ 

Apple မှ Bloomberg သို့ ပြောဆိုချက်တစ်ရပ်တွင် “ ကျွန်ုပ်တို့ဟာ student work program တိုင်းအတွက် အသေးစိတ်ကျသော ပြန်လည်စစ်ဆေးမှုနှင့် ခွင့်ပြုပေးမှုလုပ်ငန်းစဉ်များကိုထားရှိထားပြီး ဒီအရာက အလုပ်သင် တစ်ဦးအနေနဲ့ သူတို့လုပ်ကိုင်ရတဲ့အလုပ်များဟာ သူတို့ယူထားတဲ့ အဓိကဘာသာရပ်နှင့်ကိုက်ညီမှုရှိစေရန်အတွက် သေချာစေပါတယ်။ ထို့အပြင် အချိန်ပိုဆင်းခြင်း (သို့) ညဆိုင်းဆင်းခြင်းတို့ကိုလည်း ခွင့်ပြုမထားပါဘူး။” “Pegatron ဟာ သူတို့ရဲ့ program တွင် student worker များကို မှားယွင်းစွာဆက်ဆံခဲ့ကြသည့်အပြင် စာရွက်စာတမ်းများကိုလဲ အတုပြုလုပ်ကာ ကျွန်ုပ်တို့ရဲ့ စည်းမျဉ်းများကို ချိုးဖောက်ခဲ့တယ်ဆိုတာကို ဖုံးကွယ်ဖို့ ပြုလုပ်ခဲ့ပါတယ်။ ထိုကိစ္စရပ်များတွင် ကျောင်းသားများကို ညဆိုင်းနှင့် အချိန်ပိုများဆင်းစေခြင်းနှင့် အချို့သောကိစ္စရပ်များတွင် သူတို့ယူထားတဲ့ အဓိကဘာသာရပ်နှင့် ကိုက်ညီမှုမရှိသော အလုပ်များကိုခိုင်းစေခြင်းတို့ပင် ပါဝင်နေပါတယ်” ဟူ၍ ပြောကြားသွားခဲ့ပါတယ်။ 

Pegatron ရဲ့ ပြောကြားချက်တစ်ရပ်တွင်တော့ “မည်သူတစ်ဦးတစ်ယောက်ကမှတိုင်ကြားခဲ့ခြင်းမရှိတဲ့ အဆိုပါကိစ္စရပ်ကိုတွေ့ရှိတဲ့အခါမှာ ကျွန်ုပ်တို့အနေနဲ့ ကျောင်းသားအလုပ်သမ်ားများကို ကုန်ထုတ်လုပ်ရေးကဏ္ဍများမှ ချက်ခြင်းအနားယူစေခဲ့ပြီး ကျွန်ုပ်တို့ရဲ့ customer and third-party expert များနှင့်အတူတကွလုပ်ဆောင်ကာ သူတို့ရဲ့အိမ်များ (သို့) ကျောင်းများသို့ ထိုက်သင့်သော လျော်ကြေးများကိုပေးကာ လိုအပ်သောစောင့်ရှောက်မှုများ၊ ဂရုစိုက်မှုများနဲ့အတူ ပြန်လည်ပို့ဆောင်ပေးစေခဲ့ပါတယ်။” ဟူ၍ ဆိုထားခဲ့ပါတယ်။ သို့သော်လည်း ဒီအခြေအနေမှာတော့ Apple ဟာ သူတို့ပြောကြားလာတဲ့အကြောင်းအရာများကို ယုံနိုင်ဖို့ အတော်လေးခက်ခဲသွားပြီဖြစ်ပါတယ်။ 

 

ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Toyota Aye and Sons Co., Ltd.

Toyota Aye and Sons Co., Ltd.

Our Vision To become the most reliable and respected automotive-dealer group in Myanmar. Our Mission '' To attract and attain customers with high-valued products and services and the most satis...
Show the postings (25)
Mega Marine Frozen Seafood Company Limited

Mega Marine Frozen Seafood Company Limited

.We are exporting fresh water fish, sea water fish to UK, Kuwiat, Dubai, Saudi Arabia, Bangladesh, Pakistan, Taiwan, China Thailand, India and worldwide markets.We are one of the major import and expo...
Show the postings (27)
River King Ayeyar Construction Co., Ltd.

River King Ayeyar Construction Co., Ltd.

Our Vision To develop and maintain an everlasting strong relationship with our client based on trust and the quality of services provided by us. Our Mission To deliver excellence quality in time...
Show the postings (20)
Blue Ribbon Trading Company Limited

Blue Ribbon Trading Company Limited

Our Mission -To provide marketing and distribution services for our principals’ brands through a dictated sales and marking team. -To offer quality health care and personal care products enhancin...
Show the postings (4)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS